-
နေ့လည် ၁ နာရီ အချိန်အခါသမယမှာ အိမ်မှာ အနားယူရင်း ဝိပဿနာတရား လက်တွေ့ အားထုတ်နေကြတဲ့ မိဘ၊ အဘိုးအဘွား ဥပါသကာ၊ ဥပါသိကာများ ခင်ဗျာ… တနင်္ဂနွေနေ့လို ပိတ်ရက်မျိုမှာ အိမ်မှာ သားသမီးတွေ၊ မြေးတွေ စုံစုံလင်လင် ရှိတတ်တဲ့ အချိန်အခါ ဖြစ်ပါတယ်။ မြေးလေးတွေ ပြေးလွှားဆော့ကစားနေတာ၊ သားသမီးတွေ စကားပြော ရယ်မောနေကြတာကို ကြည့်ပြီး မိဘ၊ အဘိုးအဘွားတွေရဲ့ ရင်ထဲမှာ ကြည်နူးချမ်းမြေ့တဲ့စိတ်၊ သာယာကျေနပ်တဲ့စိတ်တွေ အလိုလို ဖြစ်ပေါ်လာတတ်ပါတယ်။ သာမန်အားဖြင့် ကြည့်ရင် ဒါဟာ မိသားစုရဲ့ နွေးထွေးမှု၊ မေတ္တာတရားလို့ ထင်ရပေမယ့်၊ တကယ့် အရှိတရားကို ဉာဏ်နဲ့ သေချာ ကြည့်မယ်ဆိုရင်တော့ အဲဒီ သာယာကျေနပ်မှု နောက်ကွယ်မှာ သိမ်မွေ့တဲ့ “လောဘစိတ်” (တွယ်တာမှု) က…
-
အတိတ်က အမှားတွေအတွက် နောင်တရနေတာ၊ အနာဂတ်အတွက် ကြောက်ရွံ့နေတာတွေဟာ တကယ်တော့ ငါဆိုတာရှိတယ်၊ အတိတ်ဆိုတာ လက်ရှိမှာ ရှိနေတယ်လို့ ကြောင်တောင်ကန်း ယူဆထားတဲ့ မောဟ ကြောင့်သာ ဖြစ်နေတာပါ။ တနည်းအားဖြင့် တရားတွေရဲ့ အကြောင်းအကျိုး ဖြစ်စဉ် သဘောတွေကို သေချာ မမြင်လို့ပါပဲ။ အဲဒီအချိန်တုန်းက အကြောင်းတိုက်ဆိုင်လို့ အဲဒီလို အကျိုးတရား ဖြစ်ပေါ်ခဲ့တာပါ။ အခုလဲ မရှိတော့သလို “ငါ” ဆိုတဲ့ ပုဂ္ဂိုလ်က ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ အမှန်တရားကို မသိတဲ့ မောဟ ဆိုတဲ့ ကိလေသာ အပါအဝင် ဆယ်ပါးကြောင့်သာ ဆင်းရဲဒုက္ခတွေ ဖြစ်ခဲ့ရတာပါ။ “ငါ” မရှိဘူးလို့ ရှင်းရှင်းလင်းလင်း သိလိုက်တာနဲ့ ကြောက်စိတ်၊ အပြစ်ရှိစိတ်တွေက ငါ့ကြောက်စိတ်၊ ငါ့အပြစ်ရှိစိတ်တွေ မဟုတ်တော့ဘူးဆိုတာကို နားလည်ပြီး လိုက်ပါ။ ငါမရှိတဲ့နော်…
-
ဒီလို မခွဲခြားတော့ပဲ ရုပ်တွေအကုန်လုံးကို စုပေါင်းပြီး ရုပ်ဆိုတဲ့ အမည်အောက်မှာ လက်ခံပြီဆိုရင် ပရမတ် ရုပ်ဆိုတာကို သဘောပေါက် သိမြင်ခြင်းပါပဲ။ ပရမတ် ရုပ်ဆိုတာကို သိဖို့အတွက် ထူးခြားပြီး အာရုံစိုက်နေစရာ မလိုပါဘူး။ ရုပ်တရားဟာ ရှင်းပါတယ်။ ဒီလို ရှင်းလင်းသွားပြီဆိုရင် ရုပ်တရားနဲ့ပါတ်သက်ပြီး ခေါင်းကနာတယ် ခြေကနာတယ် ဆိုတာတွေ ပြောဖို့မရှိတော့ပဲ ရုပ်တရား ဖောက်ပြန်နေတယ်လို့ပဲ သဘောပေါက်လိုက်နိုင်ပါပြီ။ ရုပ်နဲ့ ပါတ်သက်ပြီး သိဖို့ကတော့ ရုပ်ရဲ့ လက္ခဏာဟာ ဖောက်ပြန် ပျက်စီးတဲ့ လက္ခဏာ ရှိတယ် ဆိုတာပါပဲ။ သိပ္ပံနည်းအရလဲ လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ဆဲလ်တွေဟာ အမြဲတမ်းဖောက်ပြန် ပျက်စီးပြီး အသစ်တွေ အစားထိုးနေတာပါပဲ။ ဒီရုပ်ခန္ဓာကြီးမှာ ပြောခဲ့တဲ့အတိုင်း မြင်အပ်သောရုပ်၊ မမြင်အပ်သောရုပ်၊ ထိပါး၍ရသောရုပ်၊ ထိပါး၍မရသော ရုပ်ဆိုတာတွေ အမျိုးမျိုး…
-
တရားအားထုတ်သူများအနေနဲ့ ရုပ်နာမ် ပရမတ္ထတရားကို ဆင်ခြင်ရမှာ ဖြစ်တဲ့အတွက် အောက်ပါစကားများကို မပြောအပ်လို့ ရှေးပညာရှိများက ဆိုထားပါတယ်။ ကျနော်တရားအားထုတ်စဉ်မှာလဲ လိုက်နာခဲ့ပြီး အကျိုးရခဲ့ပါတယ်။ မိတ်ဆွေများအနေနဲ့လဲ တရားအားထုတ်တော့မယ် လို့ ဆုံးဖြတ်ထားရင် အဲဒါတွေကို ရှောင်ခြင်းအားဖြင့် အကျိုးများမယ်လို့ ပြောချင်ပါတယ်။ ❝ တရားအားထုတ်သူများ မပြောအပ်သောစကား (၃၂) မျိုး ❞ ၁။ မင်းနှင့် ပတ်သက်သော စကား။ ၂။ ခိုးသူနှင့် ပတ်သက်သော စကား။ ၃။ အမတ်နှင့် ပတ်သက်သော စကား။ ၄။ စစ်သည် စစ်သားများနှင့် ပတ်သက်သော စကား။ ၅။ ဘေးရန်အန္တရာယ်နှင့် ပတ်သက်သော စကား။ ၆။ စစ်ထိုး စစ်တိုက်ပွဲနှင့် ပတ်သက်သော စကား။ ၇။ ထမင်း စားဖွယ်နှင့်…
-
ရဟန်းတော်များအတွက် မနက်ခင်း ဆွမ်းခံကြွခြင်းဆိုတာ ဝမ်းရေးအတွက် သက်သက်မဟုတ်ဘဲ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတဲ့ ဒွါရတွေကနေ ပြင်ပအာရုံတွေ အများဆုံး ဝင်ရောက်လာတဲ့ အချိန်ဖြစ်လို့ စိတ္တာနုပဿနာ အားထုတ်ဖို့ အကောင်းဆုံး အချိန်အခါ ဖြစ်ပါတယ်။ ကျောင်းသင်္ခမ်းရဲ့ တိတ်ဆိတ်မှုကနေ လမ်းမထက်က ဆူညံလှုပ်ရှားမှုတွေဆီကို ကူးပြောင်းသွားတဲ့အခါ မိမိရဲ့ စိတ်အစဉ် ဘယ်လို ပြောင်းလဲသွားသလဲ ဆိုတာကို လက်တွေ့ လေ့လာရမယ့် အလုပ်ခွင်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ မြင်သမျှ ကြားသမျှ အာရုံများအပေါ် ဝိဉာဏ်ကို လေ့လာခြင်း လမ်းမထက်မှာ သပိတ်ပိုက်ပြီး ကြွလှမ်းနေစဉ် မျက်စိက အမျိုးမျိုးသော အဆင်းတွေကို မြင်ပါလိမ့်မယ်၊ နားကလည်း ကားသံ၊ လူသံ အစရှိတဲ့ အသံမျိုးစုံကို ကြားပါလိမ့်မယ်။ အဲဒီအခါမှာ အာရုံနောက်ကို…
-
ပြောချင်တာလေး တခုရှိပါတယ်။ ကျနော့်အနေနဲ့ တရားကို ဆင်ခြင်ပြီး စာရေးတဲ့အခါမှာ စာဖတ်သူများမှာ အကျိုးရှိတာလေးတွေ ရှိပါတယ်။ အဲဒီအခါမှာ ကျနော့်ကို ကျေးဇူးတင်တယ်၊ စာကောင်းကောင်းလေးတွေ ထွက်တယ်လို့ ပြောပေမယ့် တကယ်တမ်းမှာတော့ တရားတော်တွေက မြတ်စွာဘုရား လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်ပြီးမှ ရလာတဲ့ တရားတော်တွေ ဖြစ်ပါတယ်။ ကျနော်ရေးသမျှ တရားတော်တွေ အားလုံးရဲ့ မူလ ပိုင်ရှင် အစစ်အမှန်သည် မြတ်စွာဘုရားသာ ဖြစ်ပါတယ်။ သာသနာတွင်းမို့သာ မိတ်ဆွေတို့ ဒီလိုတရားတွေ ကြားနာခွင့်ရတာ ဖြစ်တဲ့အတွက် ကျနော့်ကို ကျေးဇူးမတင်ပါနဲ့။ သာသနာတွင်းဖြစ်နေတာကို ကျေးဇူးတင်ပါ (မရှိတော့ပြီ ဖြစ်သော တရားတော်များကို ခန္ဓာနဲ့ သယ်ဆောင်လာသော အရိယာရဟန်းတော်များ အစဉ်အဆက် နဲ့)။ တရားတော်တွေရဲ့ ပိုင်ရှင် အစစ်အမှန် ဖြစ်တဲ့ မြတ်စွာဘုရားကိုသာ ကျေးဇူးတင်ကြပါ။…
-
နေ့လည် ၁ နာရီ အချိန်အခါသမယမှာ အိမ်မှာ အနားယူရင်း ဝိပဿနာတရား လက်တွေ့ အားထုတ်နေကြတဲ့ မိဘ၊ အဘိုးအဘွား ဥပါသကာ၊ ဥပါသိကာများ အားလုံးအတွက် ဒီနေ့ လက်တွေ့ အသုံးချရမယ့် စိတ္တာနုပဿနာ ရှုကွက်တစ်ခုကို တင်ပြပေးပါမယ်။ အိမ်မှာနေရင်း ဝိပဿနာအလုပ်ကို လုပ်တဲ့အခါ၊ ကျွန်တော်တို့ဟာ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုတွေ (ရုပ်တရား) ကိုပဲ ဖြစ်ဖြစ်၊ ဝမ်းနည်းတာ၊ ပျော်တာ (စေတသိက်တရား) တွေကိုပဲ ဖြစ်ဖြစ် ရှုမှတ်လေ့ ရှိကြပါတယ်။ ဒါတွေဟာ အခြေခံအားဖြင့် အရှုခံ အာရုံတွေပါပဲ။ ဒါပေမဲ့ ဒီနေ့ ဆွေးနွေးမှာကတော့ အဲဒီ အရှုခံ အာရုံတွေကို “သိနေတဲ့ သိစိတ် (ဝိဉာဏ်)” ကိုယ်တိုင် ဘယ်လိုဖြစ်ပြီး ဘယ်လိုပျက်စီး ချုပ်ငြိမ်းသွားသလဲ ဆိုတာကို ဉာဏ်နဲ့…
-
ဝိပဿနာ အားထုတ်တယ်ဆိုတာ ကိုယ့်စိတ်ကြိုက် အတင်းဖန်တီးယူတာ မဟုတ်ပါဘူး။ အကြောင်းအကျိုး ဖြစ်စဉ်တွေပဲ ဆိုတာကို နားလည်အောင် ဝင်မစွက်ဖက်ဘဲ ကြည့်တာပါ။ အသံတစ်ခု ကြားလို့ စိတ်တိုသွားတယ် ဆိုပါစို့။ အသံနဲ့ နားအကြည်ဓာတ် တိုက်မိတာက အကြောင်း၊ ကြားသိတဲ့ ဝိဉာဏ်လေး ပေါ်လာတာက အကျိုးပါ။ အဲဒီနောက်မှာ မကျေနပ်တဲ့ သဘောလေး ဆက်ဖြစ်လာတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးမှာ “ငါ” က ဝင်ပြီး “ငါ ဒေါသထွက်တယ်” လို့ သိမ်းပိုက်စရာ မလိုပါဘူး။ ဒေါသထွက်ရင် ထွက်မှန်းသိလိုက်ပါ။ အတင်းပြန်ဖျောက်ဖို့ မကြိုးစားပါနဲ့။ သူ က ပြောတာလဲမဟုတ်ဘူး၊ သူဆိုပြီးသတ်မှတ်ထားတဲ့ ရုပ်နာမ်မှာရှိတဲ့ ကိလေသာက ပြောတာ။ ကိုယ်ခံစားရတာလဲမဟုတ်ဘူး၊ ကိုယ်ဆိုပြီးသတ်မှတ်ထားတဲ့ ရုပ်နာမ်မှာရှိတဲ့ ကိလေသာက ခံစားမှုဆိုတာကို ဖြစ်စေတာ။ သူငါဆိုတာ သတ်မှတ်ချက်သာဖြစ်တယ်…
-
ကျနော်တို့ဟာ ငယ်စဉ်ကတည်းက စနစ်တွေနဲ့ပါတ်သက်ပြီး သင်ယူရတာတွေ ရှိပါတယ်။ စနစ်ပေါင်းစုံအကြောင်းကို သင်ယူခဲ့ပေမယ့် စနစ်တွေအပေါ်မှာ ခြုံငုံသုံးသပ်နိုင်စွမ်းတော့ မရှိကြတာ များပါတယ်။ ကျနော့်အတွက်ကတော့ ကျန်ခဲ့တဲ့ ရက်ပိုင်းအထိကို ခြုံငုံမသုံးသပ်နိုင်ခဲ့ပါဘူး။ ငွေကြေးဆိုတဲ့ စနစ်အောက်မှာ ကျနော်တို့ဟာ လောဘရဲ့ ဖုံးလွှမ်းမှု ဖြစ်ပြီး ငွေကြေးကို ကျော်ပြီး မကြည့်နိုင်ကြပါဘူး။ တကယ်တော့ စနစ်တွေ ဆိုတာဟာ လူသားတွေရဲ့ ကြံစည်မှုတွေက ဖြစ်လာတာ ဖြစ်ပြီး လူသားတွေရဲ့ ကြံစည်မှုဆိုတာဟာ တကယ်တော့ ဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာပါပဲ။ ဒိဋ္ဌိ ဆိုတာကတော့ ငါသူ ရှိတယ် အတ္တ ရှိတယ် ဆိုတဲ့ အယူဖြစ်ပြီး ဝီစိကိစ္ဆာကတော့ ဟိုဟာလုပ်ရင်ကောင်းမလား၊ ဒီဟာ လုပ်ရင်ကောင်းမလား ဆိုတဲ့ သို့လော သို့လော ဖြစ်စဉ်တွေပါပဲ။ ဒီဖြစ်စဉ်တွေပေါ်ကနေပြီး (တခါတလေမှာလဲ…
-
“ပိဋကတ်တော် (သုတ်၊ ဝိနည်း၊ အဘိဓမ္မာ) ပါဠိတော်ရင်းတွေမှာ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးကို ခိုးသား ငါးရာ ဝိုင်းရိုက်တဲ့ ဇာတ်လမ်း အပြည့်အစုံ မပါရှိပါဘူး။ ရှာမတွေ့တာ အမှန်ပါပဲ။ ဒီဇာတ်လမ်း အသေးစိတ်ကို ပါဠိတော်ရင်းတွေမှာ မတွေ့ရဘဲ အဋ္ဌကထာ ကျမ်းတွေမှာသာ အကျယ်တဝင့် ဖွင့်ဆို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ အဓိက တွေ့နိုင်တဲ့ ကျမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် – ၁။ ဓမ္မပဒ အဋ္ဌကထာ ဒဏ္ဍဝဂ် တွင်ပါရှိသော မဟာမောဂ္ဂလ္လာနတ္ထေရ ဝတ္ထု ၌ အကျယ်တဝင့် ဖော်ပြထားပါတယ်။ တိတ္ထိတွေက သူတို့ရဲ့ လာဘ်လာဘတွေ ဆုတ်ယုတ်လာလို့ ခိုးသား ငါးရာ ကို ငှားရမ်းပြီး ကာဠသိလာ ကျောက်ဖျာမှာ တရားအားထုတ်နေတဲ့ အရှင်မောဂ္ဂလာန်ကို လုပ်ကြံခိုင်းတဲ့ အကြောင်း၊ အတိတ်ဘဝက…









