တရားအားထုတ်သူများအနေနဲ့ ရုပ်နာမ် ပရမတ္ထတရားကို ဆင်ခြင်ရမှာ ဖြစ်တဲ့အတွက် အောက်ပါစကားများကို မပြောအပ်လို့ ရှေးပညာရှိများက ဆိုထားပါတယ်။ ကျနော်တရားအားထုတ်စဉ်မှာလဲ လိုက်နာခဲ့ပြီး အကျိုးရခဲ့ပါတယ်။

မိတ်ဆွေများအနေနဲ့လဲ တရားအားထုတ်တော့မယ် လို့ ဆုံးဖြတ်ထားရင် အဲဒါတွေကို ရှောင်ခြင်းအားဖြင့် အကျိုးများမယ်လို့ ပြောချင်ပါတယ်။

❝ တရားအားထုတ်သူများ မပြောအပ်သောစကား (၃၂) မျိုး ❞

၁။ မင်းနှင့် ပတ်သက်သော စကား။

၂။ ခိုးသူနှင့် ပတ်သက်သော စကား။

၃။ အမတ်နှင့် ပတ်သက်သော စကား။

၄။ စစ်သည် စစ်သားများနှင့် ပတ်သက်သော စကား။

၅။ ဘေးရန်အန္တရာယ်နှင့် ပတ်သက်သော စကား။

၆။ စစ်ထိုး စစ်တိုက်ပွဲနှင့် ပတ်သက်သော စကား။

၇။ ထမင်း စားဖွယ်နှင့် ပတ်သက်သော စကား။

၈။ အဖျော်ယမကာနှင့် ပတ်သက်သော စကား။

၉။ အဝတ်အရုံ အခြုံအခင်းနှင့် ပတ်သက်သော စကား။

၁၀။ ယာဉ်အမျိုးမျိုးနှင့် ပတ်သက်သော စကား။

၁၁။ အိပ်ရာ နေရာနှင့် ပတ်သက်သော စကား။

၁၂။ ပန်းအမျိုးမျိုးနှင့် ပတ်သက်သော စကား။

၁၃။ နံ့သာအမျိုးမျိုးနှင့် ပတ်သက်သော စကား။

၁၄။ ဆွေမျိုးများနှင့် ပတ်သက်သော စကား။

၁၅။ ရွာနှင့် ပတ်သက်သော စကား။

၁၆။ နိဂုံးနှင့် ပတ်သက်သော စကား။

၁၇။ မြို့နှင့် ပတ်သက်သော စကား။

၁၈။ ဇနပုဒ်နှင့် ပတ်သက်သော စကား။

၁၉။ မိန်းမနှင့် ပတ်သက်သော စကား။

၂၀။ ယောက်ျားနှင့် ပတ်သက်သော စကား။

၂၁။ ရဲရင့်သူနှင့် ပတ်သက်သော စကား။

၂၂။ လမ်းကောင်း, မကောင်းနှင့် ပတ်သက်သော စကား။

၂၃။ ရေဆိပ် အိုးထိန်း, ကျွန်မနှင့် ပတ်သက်သော စကား။

၂၄။ သေပြီးသူတို့နှင့် ပတ်သက်သော စကား။

၂၅။ ဆိုခဲ့ပြီးသော စကားများမှတစ်ပါး အကြောင်းစုံ စကား။

၂၆။ လောကစကား, သမုဒ္ဒရာနှင့် ပတ်သက်သော စကား။

၂၇။ ကြီးပွားခြင်းနှင့် ပတ်သက်သော စကား။

၂၈။ ဆုတ်ယုတ်ခြင်းနှင့် ပတ်သက်သော စကား။

၂၉။ ပြတ်ကြောင်းနှင့် ပတ်သက်သော စကား။

၃၀။ ဆက်ကြောင်းနှင့် ပတ်သက်သော စကား။

၃၁။ ကာမချမ်းသာနှင့် ပတ်သက်သော စကား။

၃၂။ ကိုယ်ညှဉ်းဆဲခြင်းနှင့် ပတ်သက်သော စကား။

ဤကား တရားအားထုတ်သည့် ယောဂီများ

မပြောအပ်သော စကား (၃၂) မျိုးတည်း။

(အဋ္ဌကထာ)


Leave a Reply

Your email address will not be published. Required fields are marked *