ကိုယ်တရားအားထုတ်တဲ့ ခရီးစဥ်ကို ပြန်စဥ်းစားကြည့်တော့ အခက်ခဲဆုံးအပင်ပန်းဆုံးနဲ့ အချိန်အကြာဆုံး ဖြစ်ခဲ့တဲ့နေရာဟာ ပညတ်နဲ့ ပရမတ်ကို ခွဲခြားပြီး မြင်ဖို့ကိစ္စပါပဲ။ ပညတ်ဆိုတာဟာ သမုတိ အမှန် လို့လဲ ပြောလို့ ရပါတယ်။ အစစအရာရာ နာမည်တွေ တပ်ပြီး နာမည်တွေပေါ်ကနေ ဖြစ်လာတဲ့ တရားတွေပေါ့။ ပညတ်အမြင်နဲ့ အမှန်တရားဖြစ်တဲ့ သစ္စာလေးပါးကို ဘယ်လိုမှ မဆိုက်နိုင်ပါဘူး။ အတိုပြောရရင်တော့ ပညတ်တွေကို အားလုံး စွန့်ပစ်လိုက်ပြီး အရာအားလုံးကို ပရမတ်တရားတွေအနေနဲ့ မြင်ကြည့်ဖို့ပါ။ အဲလိုမြင်ကြည့်ပြီးမှ ပရမတ်တရားတွေပေါ်မှာ သုံးသပ်ရပါတယ်။ ဒါမှသာလျှင် တရားအားထုတ်ရာမှာ ခရီးရောက်ပါမယ်။ ပညတ်တွေကို ပယ်ပစ်လိုက်မယ် ဆိုတာဟာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စပါ။ ပညတ်တွေကို ပယ်ပြီး အားလုံးဟာ စိတ် စေတသိတ် ရုပ် နိဗ္ဗာန်ဆိုတဲ့ ပရမတ် တရားတွေသာလို့…
နည်းနည်းရှင်းပြရရင် ကျနော်က စာနှစ်မျိုး ရေးနေပါတယ်။ တမျိုးက ဝိပဿနာ နဲ့ ပါတ်သက်တဲ့ ကိစ္စပါ။ နောက်တချက်ကတော့ သာသနာ နဲ့ ပါတ်သက်တဲ့ ကိစ္စပါ။ ကတယ်တော့ သံသရာက လွတ်ကြောင်း ဝိပဿနာ အလုပ်ကို လုပ်စေချင်လှပါတယ်။ အချိန်ပေးရတာ မှန်ပေမယ့် လူတယောက်ဟာ ဘဝမှာ အနှစ် ၅၀-၆၀ လောက် နေတယ် ဆိုရင် လောကနဲ့ပါတ်သက်တဲ့ အတွေးအခေါ်တခုထက် ပိုတဲ့ လောကရဲ့ အဖြေ၊ လောကရဲ့ အမှန်တရား ကို ရှာဖို့အတွက် ကိုယ့်အသက်ရဲ့ ဆယ်ပုံပုံ တပုံ ဖြစ်တဲ့ ငါး နှစ်လောက်တော့ သုံးသင့်ပါတယ်။ လူငယ်တွေအတွက်ဆို ငါးနှစ်လောက်ရင်းနှီးပြီး ရေရှည်ကောင်းဖို့အတွက် အကျိုးများစေမှာမို့ အသက် ၁၂ နှစ်လောက်ကနေ ၁၇ လောက်ထိ ကို…
အပိုင်းတစ်မှာ လူသားပဓါနဝါဒ စွဲကိုင်လာပုံတွေကို ပြောထားပါတယ်။ ဒါပေမယ့် အကျိုးများလှတဲ့ ကိစ္စမဟုတ်လို့ ပြန်မဖတ်လဲ ရပါတယ်။ အပိုင်းတစ်မှာပါတဲ့ စာတချို့ကိုတော့ သိစေချင်လို့ ဆက်စပ်ပြောရမှာမို့ အနည်းငယ် ပြန်လည်ဖော်ပြပါရစေ။ “လောကကြီးမှာ လူသားတစ်ယောက် ဖြစ်ပြီဆိုရင် လူသားရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချပြီး အမှန်တရား ရှာဖွေခြင်း၊ လူသားရဲ့ စွမ်းအားမှတပါး ဘာကိုမှ ယုံကြည်ကိုးကွယ်ခြင်း မရှိတဲ့ ဝါဒကို လူသားပဓါနဝါဒ၊ ဖြစ်တည်မှု ပဓါန ဝါဒလို့ခေါ်ပါတယ်။” “……………” “လူသားကသာ အဓိက လူသားကသာ ဘာသာကို ရွေးရမယ်။ လူရဲ့ ဆင်ခြင်တုံတရားကသာ အဓိက မိရိုးဖလာ ကိုးကွယ်မှုသည် သဘာဝမကျ ဆိုပြီး ကိုယ့်ဟာကိုယ် ဘာသာမဲ့ အဖြစ် သတ်မှတ်ပါတယ်။ ဘာသာတွေအပေါ် အတွေးအခေါ်တွေအဖြစ်မြင်ပြီး ဘာသာအတွေးအခေါ်တွေ မှန်သမျှဟာ…
သစ္စာလေးပါး ဆိုတာဟာ ဒုက္ခသစ္စာ (ဆင်းရဲခြင်း အမှန်)၊ သမုဒယသစ္စာ (စွဲလမ်းကြောင်းအမှန်)၊ မဂ္ဂသစ္စာ (လွတ်မြောက်ကြောင်း အမှန်)၊ နိရောဓ သစ္စာ (လွတ်မြောက်ရာ အမှန်) လို့ ပြောရပါမယ်။ ဒီသစ္စာလေးပါး မှာမှ ဒုက္ခသစ္စာ ဆိုတာဟာ ပိုင်းခြား သိရမယ့် တရားပါ။ သမုဒယ သစ္စာက ပါယ်ရမယ့် တရားပါ၊ မဂ္ဂသစ္စာကတော့ ပွားများရမယ့် တရားပါ။ နိရောဓသစ္စာကတော့ မျက်မှောက်ပြုရမယ့် တရားပဲ ဖြစ်ပါတယ်။ ဒုက္ခသစ္စာကို ပိုင်းခြားသိတယ် ဆိုတာကတော့ ဘာကြောင့် ခန္ဓာငါးပါးက ဒုက္ခလို့ ပြောတာလဲ ဆိုတာ သိဖို့ လိုပါတယ်။ အဲဒါနဲ့ ပါတ်သက်ပြီး ဓမ္မစကြာမှာ ဟောထားတာကတော့ ပဋိသန္ဓေတည်နေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်းဆင်းရဲ၏၊ သေရခြင်းသည်လည်းဆင်းရဲ၏၊ မချစ်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊…
ပထမ မဂ်ဟာ အနတ္တကို အဆုံးထိ မြင်ရတယ်လို့ ပြောစကားရှိပါတယ်။ တကယ်လဲ အနတ္တကို အဆုံးထိ မြင်တာပါပဲ။ အဲလို အနတ္တကို အဆုံးထိ မြင်မှလဲ ငါကြိုးစားတယ်၊ ငါရတယ် ဆိုတာမရှိတော့ပဲ သူရဲ့ ဦးတည်ချက်ဟာ နိဗ္ဗာန်သာ ဖြစ်သွားတာပါ။ ပထမ မဂ် သမားအနေနဲ့ နေရာ ရာထူး ဆိုတာမျိုးတွေဟာ သူနဲ့ မဆိုင်တဲ့ ကိစ္စတွေပါပဲ။ စကြဝတေးမင်းစည်းစိမ် ကိုတောင် မမက်မှတော့ သူ့မှာ မက်စရာ မရှိပါဘူး။ အကုသိုလ် ကုသိုလ် နဲ့ ပါတ်သက်ပြီးလဲ မှားမှားယွင်းယွင်း မပြောပါဘူး။ အနတ္တကို ဘယ်လို အဆုံးထိ မြင်ရလဲ ဆိုတော့ ကျနော့် အတွေ့အကြုံအရ ဘယ်နေရာမှာ ဘာကို ငါ ငါ့ဥစ္စာလို့ ထင်နေလဲ ဆိုတာကို…
တကယ်တော့ ပထမ မဂ်က မခက်ပါဘူး။ သူ့ အဆင့်အတိုင်း သေချာ လုပ်သွားရင် ရကို ရပါတယ်။ ဉာဏ်ထက် တဲ့သူဆိုရင် ခုနှစ်ရက်၊ ဉာဏ်အလယ်အလတ်ဆို ခုနှစ်လ၊ ဉာဏ်နုံရင် ခုနှစ်နှစ်လို့ ပြောထားပါတယ်။ ကျနော့် အတွက်တော့ ၆ နှစ်လောက် ကြိုးစားရပါတယ်။ ၆ နှစ်လုံး တခြားအလုပ် မလုပ်ဘဲ တရားနာတာ တရား အားထုတ် တာ တမျိုးတည်းလုပ်ခဲ့တာပါ။ အဲဒီတော့ လုပ်မယ် ဆိုရင် လုပ်လို့ရပါတယ်။ အရမ်း အထူး အဆန်းကြီး မဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် သတ္တဝါ (အတ္တ) ဆိုတာက ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဘယ်လိုမှလဲ ရှိလို့မရပါဘူး။ အဓိပ္ပါယ်လဲ မရှိပါဘူး။ အဲဒါကို မသိပဲ ငါ သူ ယူ…
ကျနော့်ဘဝရဲ့ ဇာတ်လမ်းကို ပြန်ပြောပြရမယ်ဆိုရင် ကလေးဘဝ သူငယ်တန်း မတိုင်ခင် အရွယ်ကတည်းက စတင်ခဲ့တဲ့ စာဖတ်ခြင်း ဝါသနာကနေ အစပြုရပါလိမ့်မယ်။ ကျနော်ဟာ စာအုပ်တွေကြားမှာ ကြီးပြင်းခဲ့သူပါ။ ကိုးတန်းအရွယ်အထိ စာပေါင်းစုံ ဖတ်ရှုခြင်းဟာ ကျနော့်ရဲ့ အကြီးမားဆုံး ဝါသနာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၅ ခုနှစ်၊ ဆယ်တန်းနှစ်ကို ရောက်တဲ့အခါမှာတော့ ကျနော့်ဘဝရဲ့ ပထမဆုံး အလှည့်အပြောင်းကြီး တစ်ခုကို စတင် ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအချိန်က ကျနော့်အဖေဟာ နိုင်ငံခြား သွားပြီး သင်္ဘောပေါ်မှာ အလုပ်လုပ်နေရတဲ့ အချိန်ဖြစ်လို့ အိမ်မှာ ကျနော်ဟာ လုံးဝကို လွတ်လပ်နေခဲ့ပါတယ်။ ဒီလွတ်လပ်မှုကပဲ ကျနော့်ကို အပျော်အပါးလမ်းကြောင်းပေါ် တွန်းတင်ပေးခဲ့ပါတယ်။ ဆယ်တန်းတစ်နှစ်လုံး စာမလုပ်ဖြစ်တော့ဘဲ ကျောင်းမှာ သင်တာတွေလည်း ဝါးတားတားသာ ဖြစ်နေခဲ့ပါတယ်။ အိမ်ကနေ ကျူရှင်လခတွေ…
ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ ဓမ္မအနှစ်သာရကို အကျဉ်းချုံးပြီး ဖော်ပြရလျှင် “ယေ ဓမ္မာ ဟေတုပ္ပဘဝါ (အကြောင်းတရားကြောင့်သာလျှင် အကျိုးတရားတို့ ဖြစ်ပေါ်လာရသည်)” ဆိုသည့် ဒေသနာတော်ပင် ဖြစ်ပါသည်။ လောကကြီး တစ်ခုလုံးနှင့် လောက၏အလွန်တရားများကို ဉာဏ်ဖြင့် ခြုံငုံကြည့်လိုက်လျှင် အားလုံးဟာ “တရား (ဓမ္မ)” တွေချည်း သက်သက်သာ ဖြစ်နေသည်ကို တွေ့ရပါမည်။ လောကဆိုသည်မှာ အမြဲတမ်း ဖောက်ပြန်ပျက်စီးနေတတ်သည့်၊ ဖြစ်ပေါ်လာပြီးလျှင် ချုပ်ငြိမ်းသွားတတ်သည့် သဘောရှိသောကြောင့် “လောက (ပျက်စီးတတ်သော သဘော)” ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ဤလောကကြီးထဲတွင် အဘယ်ကြောင့် ဤသို့ အဆက်မပြတ် ဖြစ်ပျက်နေရသနည်းဟု မေးလျှင်၊ လောက၌ ရှိသမျှ အရာခပ်သိမ်းသည် အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရသော အကျိုးတရား (သင်္ခါရတရား) များ ဖြစ်နေသောကြောင့်ပင် ဖြစ်ပါသည်။ သင်္ခါရတရား…
မိတ်ဆွေရေ… သံသရာမှာ ခင်ဗျားတို့ ကျနော်တို့ ဆိုတဲ့ အမြင်တွေနဲ့ ကြုံခဲ့ဖူးတာလဲ အခါခါပေါ့။ မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းဘဝ နိုချိုတိုက်ကျွေး အမေဘဝ ရှာဖွေကျွေးမွေး ဖခင်ဘဝ ပါရမီဖြည့်ဖက် ဇနီးမယား လင်ယောက်ျား ဘဝ တအူထုံဆင်း ညီရင်းအစ်ကို ဘဝ အကောက်ကြံကြ ရန်သူဘဝ ဘဝပေါင်းများစွာမှာ အမည်သမုတ် နာမရုပ်အမျိုးမျိုးနဲ့ ကြုံခဲ့ရသမျှ များလှပြီပေါ့ ချစ်ကြမုန်းကြ ဝကို မဝနိုင်ခဲ့ကြဘူး။ ခုတော့ဖြင့်လေ ခင်ဗျားဆိုတာလဲ မရှိ ကျွန်တော်ဆိုတာလဲမရှိ အမှန်တရားက ပျက်ပျက်ထင်ထင် အတ္တဆိုတာ တကယ်မရှိ ကြောင်တောင်ကန်းတဲ့ သဘော မောဟဆိုတဲ့ တရား ယုတ်မာထားတာလို့ ခွဲခြားမြင်စေလိုက်မှတော့ ချစ်ခြင်းမုန်းခြင်း အားလုံးခဝါချ တကယ်တော့ အစကတည်းက ရှိမှ မရှိကြတာပဲလေ။ အနိုင်ယူလိုလဲယူ အနိုင်ပိုင်းသွားတယ်လို့ ခံစားချင်လဲ…
ရဟန်းတော်များအတွက် ပရိယတ္တိစာပေကျမ်းဂန်များကို လေ့လာဆည်းပူးခြင်းဟာ နေ့စဉ်မလွဲမသွေ ပြုလုပ်ရမယ့် ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း ဒီလို စာပေလေ့လာတဲ့အခါမှာ အလွန်သိမ်မွေ့ပြီး အမှတ်တမဲ့ ဝင်ရောက်လာတတ်တဲ့ အန္တရာယ်ကြီးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ခက်ခဲတဲ့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတွေကို သဘောပေါက်သွားတဲ့အခါ၊ ဒါမှမဟုတ် တခြားသူတွေထက် မိမိက ပိုသိနေတယ်လို့ ခံစားရတဲ့အခါမျိုးမှာ ခေါင်းထောင်ထလာတတ်တဲ့ “ငါသိတယ်”၊ “ငါတတ်တယ်” ဆိုတဲ့ “မာနစိတ်” ပဲ ဖြစ်ပါတယ်။ စာပေနောက်မှ ကပ်ပါလာသော မာနယှဉ်သည့် ဝိဉာဏ်ကို ဖမ်းယူခြင်း စာဖတ်နေရင်း၊ စာချနေရင်း သဘောတရားတစ်ခုကို ထိုးထွင်းနားလည်သွားတဲ့အခါ ချက်ချင်းဆိုသလို စိတ်ထဲမှာ ကျေနပ်မှုနဲ့အတူ ဂုဏ်ယူတဲ့စိတ်လေး ဖျတ်ကနဲ ပေါ်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ စာရဲ့ အဓိပ္ပါယ်နောက်ကိုပဲ ဆက်ပြီး မျောပါမသွားဘဲ၊ မိမိသန္တာန်မှာ အသစ်ဖြစ်ပေါ်လာတဲ့…