Category: သောတာပန် နှင့် ပါတ်သက်၍


  • သောတာပန် မဖြစ်လျှင် အရင်းရှုံးသည်

    ဘာသာမဲ့ ဖြစ်ခဲ့ဖူးသူ သဒ္ဓါတရား သုညမှ စခဲ့သူအတွက် ဗုဒ္ဓဘာသာဝင် အများစုသည် သဒ္ဓါတရား အားနည်း လွန်းတယ်လို့ ပြောတာဟာ လွန်တယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်ပြောချင်တဲ့ သဒ္ဓါတရား ဆိုတာဟာ လှူတာ တန်းတာကို ပြောတာ မဟုတ်ပါဘူး။ မြတ်စွာဘုရား ဟောခဲ့တဲ့ တရားတော် အပေါ်မှာ ယုံကြည်မှု ဆိုတဲ့ သဒ္ဓါတရား အားနည်း လွန်းတာကို ပြောတာပါ။ မြတ်စွာဘုရားက ဆွမ်းခံက အပြန် ခြေဆေးတဲ့ အချိန်တိုင်းမှာ ဒုလ္လဘတရား ဆိုတာကို ဟောလေ့ရှိပါတယ်။ လူဖြစ်ရတာသည် အင်မတန်ရခဲသည် ဆိုတာကို အကြိမ်များစွာ ဟောထားခဲ့ပါတယ်။ အဲလိုပဲ ပုထုဇဉ်တွေ သေတဲ့အခါမှာ ဝိနိပါတိက ဘေးလို့ ခေါ်တဲ့ အပါယ်လေးပါးကို ပရမ်းပတာ ကျရောက်တဲ့ ဘေးသင့်ပြီး…

  • နိဗ္ဗာန်တွင် ကြံတွေးမှု သိမှု မရှိ

    နိဗ္ဗာန်ကို မရောက်သေး၊ မျက်မှောက်မပြုရသေးသူမှာ သံသယ ဝီစိကိစ္ဆာ ဆိုတာ အကုန်မစင်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပထမ မဂ် မကျမခြင်း သင်္ခါရ နယ်မှာသာ ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဝိသင်္ခါရ နယ်သည် ပုထုဇဉ်အတွက် သို့လော သို့လော ဖြစ်စရာ နယ်ပယ် ဖြစ်နေခြင်းကြောင့် ပုထုဇဉ်သည် ဝီစိကိစ္ဆာ မကုန်ခြင်း ဖြစ်ပါတယ်။ ပထမ မဂ် ကျတဲ့အခါမှာတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုက်သော အချိန်တွင် ခန္ဓာတွင် သင်္ခါရ၊ ဝိသင်္ခါရ နှင့် ပါတ်သက်ပြီး အမြင်ရှင်းလင်းသွားတာ ဖြစ်တဲ့အတွက် သို့လော သို့လော ဆိုတာ မရှိတော့ပါဘူး။ တရားအားထုတ်တဲ့ သူများအနေနဲ့ တရားက မခက်ဘူး ဆိုတာကို သိဖို့လိုသလို တရားရဖို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်ဖို့…

  • သောတာပန်သည် လူစွမ်းကောင်းမဟုတ်

    သောတာပန် ဆိုတာဟာ အမြင်မှန်သွားခြင်းပါ။ အတ္တ ဆိုတဲ့ အမြင်နဲ့ ဘဝတစ်ခုလုံး ရှင်သန်လာရာကနေ အတ္တ ဆိုတာဟာ လုံးဝကို မရှိတဲ့သဘော၊ ဖြစ်ကို မဖြစ်နိုင်တဲ့ သဘော၊ ဒါကြောင့် လောကမှာရော လောကအလွန် မှာပါ အတ္တ ဆိုတာ လုံးဝ မရှိပဲ ကြံစည်မှုအမှားကြောင့် ဖြစ်နေတဲ့ မှားယွင်းတဲ့ အမြင်သာ ဖြစ်တယ် ဆိုတာကို သေသေချာချာ တိတိကျကျ အမြင်ရှင်းစွာနဲ့ သဘောပေါက်သွားခြင်းပါ။ ဒီလို သဘောပေါက်သွားဖို့ အတွက် ဆိုတာကလဲ မြတ်စွာဘုရား မှတပါး အားလုံးဟာ တရားနာခြင်း၊ နှလုံးသွင်းမှန်ခြင်း တို့ကနေ သဘောပေါက် သိမြင် သွားကြတာပါ။ ကိလေသာ ထူပြောတဲ့ သူအတွက်တော့ ပိုပြီး တရားနာရ ပိုပြီး လေ့လာရ ပိုပြီး ကျင့်ကြံ…

  • ဘာသာရေး အယူသီးမှုများကို ကျော်လွန်ခြင်း- ကမ္ဘာ့စံနှုန်း၊ မဂ္ဂင်အကျင့်နှင့် သောတာပန်တို့၏ လွတ်လပ်သော ကိုယ်ကျင့်တရား

    လူ့အဖွဲ့အစည်းများတွင် ကိုယ်ကျင့်တရားကို သတ်မှတ်ရာ၌ ဘာသာရေး အယူသီးမှု (Dogma) များထက် လက်တွေ့ကျသော ကမ္ဘာ့ယဉ်ကျေးမှု စံနှုန်းများက ပိုမို အရေးပါလာပါသည်။ တင်းကျပ်သော စည်းမျဉ်းများဖြင့် အတင်းအကျပ် ပုံသွင်းခြင်းထက် ယုတ္တိဗေဒနှင့် အကြောင်းအကျိုး ဆက်စပ်မှုကို အခြေခံ၍ လူသားတစ်ဦး၏ တန်ဖိုးကို တိုင်းတာခြင်းသည် ပိုမို ဓမ္မဓိဋ္ဌာန်ကျလှသည်။ ထိုရှုထောင့်မှ လေ့လာခြင်း ပြုလုပ်ပါက သောတာပန် ပုဂ္ဂိုလ်တစ်ဦး၏ စိတ်နေသဘောထားနှင့် လုပ်ရပ်များသည် လောကအတွက် အပြစ်ဆိုဖွယ်ရာ မရှိသော အနေအထားတွင် ခိုင်မာစွာ တည်ရှိနေပါသည်။ ဒီနေရာတွင် ဗဟုသုတ အနေနှင့် သိထားသင့်သည်မှာ ဒုစရိုက် ဆယ်ပါးတွင် သုရာမေရယျ မပါဆိုသည်ပင် ဖြစ်ပါသည်။ ပိဋကတ်တော်လာ အထောက်အထားများနှင့် သောတာပန်၏ သဘာဝ သောတာပန် ပုဂ္ဂိုလ်တို့၏ သဘာဝကို နားလည်ရန်…

  • ကမ္မဝဋ်မှ လွတ်ခြင်း

    ကမ္မဝဋ်ကနေ လွတ်တယ် ဆိုတာဟာ အကျိုးပေးစရာ ကံတွေ ကုန်ခမ်းသွားတာကို ဆိုလိုပါတယ်။ ဒီကိစ္စကို ဆွေးနွေးတဲ့ နေရာမှာ နားလည်မှု နည်းနည်းလေး လွဲသွားရင် “နိယတမိစ္ဆာဒိဋ္ဌိ” ဆိုတဲ့ အယူမှားကြီး ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် အင်မတန် သတိထားပြီး ရေးရပါတယ်။ နိယတမိစ္ဆာဒိဋ္ဌိ ဆိုတာဟာ အပြစ် အင်မတန် ကြီးမားတဲ့ ဒိဋ္ဌိ (အယူမှား) ပါ။ ပဉ္စာနန္တရိယကံ (အမေကိုသတ်ခြင်း၊ အဖေကိုသတ်ခြင်း စသည့် အပြစ်ကြီးများ) တောင်မှ ကမ္ဘာပျက်ရင် ဆက်ခံရလေ့ မရှိတော့ပါဘူး။ ဒါပေမယ့် နိယတမိစ္ဆာဒိဋ္ဌိ ကတော့ ကမ္ဘာပျက်တောင် ကမ္ဘာပြောင်းပြီး ဆက်ခံရပါသေးတယ်။ အဲဒီတော့ ဒီစာကို ကိုယ်ပိုင်ဉာဏ်၊ ရိုးသားမှု၊ ပညာဉာဏ် အများကြီးနဲ့ စဉ်းစား ဖတ်ရှုဖို့ လိုပါတယ်။ နိယတမိစ္ဆာဒိဋ္ဌိ (၃)…

  • သောတာပတ္တိမဂ်ခရီး (ဉာဏ်အမြင် တစ်ဆင့်ပြီးတစ်ဆင့် ရင့်သန်လာပုံ)

    ဝိပဿနာ ခရီးစဉ်မှာ ဉာဏ်အမြင်တွေ တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လို ပြောင်းလဲ တိုးတက်သွားသလဲ ဆိုတာကို အဆင့်လိုက် ခွဲခြားပြီး ရှင်းပြချင်ပါတယ်။ ၁။ ပထမအဆင့် – ပုထုဇဉ် တွေးခေါ်မှု ပထမ စတင်တဲ့ အချိန်မှာတော့ ပုထုဇဉ် သဘာဝအတိုင်း “ငါ ကောင်းတာ လုပ်တယ်၊ ငါ ဆိုးတာ လုပ်တယ်” ဆိုတဲ့ အယူအဆတွေ ရှိနေဆဲပါ။ ကောင်းတာ လုပ်မိရင် ‘ကောင်းကျိုး ပေးတော့မှာပဲ’ ဆိုပြီး ဝမ်းသာတယ်။ မကောင်းတာ လုပ်မိရင် ‘မကောင်းကျိုး ပေးတော့မှာပဲ’ ဆိုပြီး ပူပန်တယ်။ အခြားသူတွေကို ကြည့်တဲ့ အခါမှာလည်း ကောင်းတာလုပ်တဲ့ သူကို ‘လူကောင်း’ ဆိုပြီး ချစ်ခင် တွယ်တာတယ်။ မကောင်းတာ လုပ်တဲ့သူကို ‘လူဆိုး’ ဆိုပြီး…

  • အရိယာ ဟာသပေါ့ဗျာ။ အရိယာတွေကတော့ နားလည်ပြီး ရယ်နိုင်မှာပေါ့။

    ဒီလိုပါ။ ကျနော် ပထမ မဂ် ကျတဲ့အခါကျတော့ အတ္တဆိုတာကို နားကိုမလည်ဘူးဆိုတာမျိုးဖြစ်သွားခဲ့တာ။ ကိုယ့်စိတ်ကို ရှုနေကြဆိုတော့ အရင် အတ္တဖြစ်တဲ့ နေရာမှာ အလွတ်ကြီးဖြစ်သွားတာ။ မဂ် ကျတဲ့ ပုံကတော့ ကျနော်လဲ ဆောင်းပါးတပုဒ်နဲ့ ပြန်ပြောပြီးသားပါပဲ။ ဒါပေမယ့် အကြောင်းသင့်လို့ နည်းနည်းပြောရင်တော့ သင်္ခါရုပေက္ခာဉာဏ်ကနေပြီး အတ္တလုံးဝစင်သွားတဲ့အခါ အနတ္တ နဲ့ အနိစ္စ မို့ ဒုက္ခပဲ ဘာမှ တွယ်တာစရာမရှိဘူးဆိုတာကို လုံးဝ စင်ကြယ်စွာ မြင်သွားပြီး သမုဒယသစ္စာ တဏှာ သေသွားတာပေါ့။ အဲဒီမှာ ဒုက္ခသစ္စာ ရပ်ပြီး နိဗ္ဗာန်မြင်၊ ပြီးတဲ့နောက် ဖိုလ်မှာ နိဗ္ဗာန်ကို ခံစားပေါ့။ ပြီးတော့ ကိလေသာကို ပြန်ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာမှာ ခုနက ပြောသလို အတ္တဖြစ်နေကျနေရာမှာ အတ္တက မဖြစ်တော့တာ။ အတ္တဘာလဲ…

  • တရားနာခြင်းနှင့် နှလုံးသွင်းမှန်မှုဖြင့် သောတာပန်ဆီသို့ တက်လှမ်းခြင်း

    သံသရာဝဋ်ဆင်းရဲမှ အပြီးတိုင် လွတ်မြောက်လိုသော ယောဂီသူတော်စင်များအတွက် သောတာပန် အရိယာအဖြစ်သို့ ရောက်ရှိရန် မရှိမဖြစ် လိုအပ်သော အဓိက အင်္ဂါရပ် နှစ်ပါး ရှိပါသည်။ ထိုအရာများမှာ မှန်ကန်သော အရိယာတရားကို နာကြားခြင်း နှင့် ထိုတရားအပေါ်၌ နှလုံးသွင်း မှန်ကန်ခြင်း တို့ပင် ဖြစ်ပါသည်။ စာရေးသူ အနေဖြင့် စာဖတ်သူများထံသို့ အရိယာသူတော်ကောင်းတို့၏ လမ်းစဉ်နှင့်အညီ တိကျမှန်ကန်သော အချက်အလက်များ၊ တရားစကားများ ဖြစ်စေရန် အပြည့်အဝ တာဝန်ယူ ရေးသားပေးမည် ဖြစ်ပါသည်။ ဓမ္မမိတ်ဆွေတို့ ဖက်ကလည်း မိမိတို့၏ ခန္ဓာဉာဏ်ရောက် နှလုံးသွင်းမှန်ကန်မှုကို တာဝန်ယူ ကြိုးပမ်းပေးမည် ဆိုပါက “သောတာပန်” ဟူသော ပန်းတိုင်သည် လှမ်းမမီနိုင်သော အရာ လုံးဝ မဟုတ်ကြောင်းကို လက်တွေ့ သိမြင်လာပါလိမ့်မည်။ ထိုသို့ လက်တွေ့…

  • သောတာပန်နှင့် အဘဗ္ဗဝဂ်လာ ကန့်သတ်ချက်များကို ယုတ္တိဗေဒနည်းဖြင့် လေ့လာခြင်း

    ဗုဒ္ဓဘာသာ စာပေများတွင် သောတာပန်ပုဂ္ဂိုလ်တစ်ဦး၏ အကျင့်သီလနှင့် ပါတ်သက်၍ ဆွေးနွေးငြင်းခုံမှုများစွာ ရှိတတ်ပါသည်။ အထူးသဖြင့် “သောတာပန်သည် ငါးပါးသီလကို လုံးဝ မကျိုးမပေါက်တော့ဘူး၊ အသက်နှင့်လဲ၍ စောင့်ထိန်းသည်” ဟူသော အဆိုအမိန့်များကို မကြာခဏ ကြားရတတ်ပါသည်။ ဤကိစ္စကို အစွဲအလမ်းကင်းကင်းဖြင့် ယုတ္တိဗေဒနည်းကျကျ လေ့လာကြည့်မည်ဆိုလျှင် ဘုရားရှင် တိုက်ရိုက်ဟောကြားခဲ့သော ပါဠိတော် အထောက်အထားများကို အဓိကထား ကြည့်ရှုရမည် ဖြစ်ပါသည်။ တိကျသေချာသော ပါဠိတော် အထောက်အထား သောတာပန်ပုဂ္ဂိုလ် လုံးဝ မပြုလုပ်နိုင်တော့သော ကိစ္စရပ်များနှင့် ပါတ်သက်၍ အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်ပါဠိတော်၊ ၉-အဘဗ္ဗဝဂ် တွင် မြတ်စွာဘုရားရှင် အတိအလင်း ဟောကြားထားချက် ရှိပါသည်။ ထိုသုတ်တော်အရ သောတာပန် (ဒိဋ္ဌိသမ္ပန္နပုဂ္ဂိုလ်) သည် အောက်ပါ အချက် ၆ ချက်ကို လုံးဝ (လုံးဝ)…

  • ရတနာသုတ်လာ သောတာပန်တို့၏ ဂုဏ်ရည်များ

    ရတနာသုတ်တော်တွင် သံဃာ့ရတနာ၏ ဂုဏ်ကျေးဇူးများကို ဖော်ပြရာ၌ သောတာပန် အရိယာပုဂ္ဂိုလ်တို့၏ ထူးခြားသော ဂုဏ်ရည်များကို အောက်ပါအတိုင်း အတိအလင်း ပြဆိုထားပါသည်။ သံယောဇဉ် (၃) ပါးကို အကြွင်းမဲ့ ပယ်စွန့်နိုင်ခြင်း: သောတာပတ္တိမဂ်ဉာဏ်ကို ရရှိသည်နှင့် တပြိုင်နက် သက္ကာယဒိဋ္ဌိ (ကိုယ်ခန္ဓာအပေါ် ငါ၊ ငါ့ဟာဟု အစွဲအလမ်းထားမှု)၊ ဝိစိကိစ္ဆာ (ရတနာသုံးပါးနှင့် ကံ၊ ကံ၏အကျိုးအပေါ် ယုံမှားသံသယဖြစ်မှု)၊ သီလဗ္ဗတပရာမာသ (မှားယွင်းသော အကျင့်သီလများကို မှန်ကန်သော လမ်းစဉ်ဟု ဆုပ်ကိုင်ထားမှု) ဟူသော တရားသုံးပါးကို အပြီးတိုင် ပယ်စွန့်နိုင်ပါသည်။ အပါယ်လေးပါးမှ အပြီးတိုင် လွတ်မြောက်ခြင်း: ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ် ဟူသော ဆင်းရဲဒုက္ခကြီးမားသည့် အပါယ်လေးပါးသို့ ထပ်မံကျရောက်ခြင်းမှ လုံးဝ လွတ်ကင်းပြီး ဖြစ်ပါသည်။ ကြီးလေးသော အပြစ်…