Category: လူမှုဘဝ နှင့် ဝိပဿနာ


  • စောင့်ကြည့်ခြင်း အတတ်ပညာ

    ဝိပဿနာ ကျင့်တယ်ဆိုတာ စိတ်ညစ်နေတာကို အတင်းပျောက်အောင် လုပ်တာ မဟုတ်ပါဘူး။ စိတ်ညစ်စရာ ပေါ်လာရင် “ဪ.. မနှစ်မြို့တဲ့ ခံစားချက်လေး ပေါ်လာပါလား” လို့ ဝင်မစွက်ဖက်ဘဲ ကြည့်တာပါ။ ဒေါသထွက်ရင်လည်း ထွက်မှန်း သိလိုက်ပါ။ ဒါပေမဲ့ အဲဒီဒေါသထဲကို “ငါ” ဆိုပြီး ဝင်မပါလိုက်ပါနဲ့။ ခံစားချက်တစ်ခု ပေါ်လာတယ်၊ ခဏနေတော့ အရှိန်ကုန်ပြီး ပြန်ပျောက်သွားတယ်။ ဒီသဘာဝကို ဘေးကနေ ပွဲကြည့်ပရိသတ်လို ခပ်ခွာခွာလေး ကြည့်တတ်ပြီဆိုရင် ဘယ်အရာမှ မမြဲဘူးဆိုတာကိုသိနေတဲ့ ဝိဉာဏ်လေးက ရှင်းလင်းလာပါလိမ့်မယ်။ ဒီကမှ ဘာမှ မမြဲတာတွေက စက်ဆုပ်စရာ အသုံးမကျတာတွေ (ဒုက္ခတွေ) ပဲဆိုတာကို ထပ်ပြီးနားလည်လာပါလိမ့်မယ်။ စာဖတ်ပြီး သိတာထက် အခုလို ကိုယ်တိုင် မြင်အောင် ကြည့်တာကသာ တကယ့် လွတ်မြောက်မှုကို ပေးတာပါ။ ခံစားချက်တစ်ခု…

  • ခံစားချက်များရဲ့ အနတ္တသဘော

    “ငါ စိတ်မညစ်ချင်ဘူး” လို့ တားထားလို့ မရသလို၊ “အမြဲတမ်း ပျော်နေချင်တယ်” လို့လည်း ဆုပ်ကိုင်ထားလို့ မရပါဘူး။ ခံစားချက်တွေဟာ သူ့အကြောင်းနဲ့သူ ပေါ်လာပြီး ပျောက်သွားတာပါ။ ဒါဟာ အနတ္တသဘောပါပဲ။ ဒါပေမဲ့ “အနတ္တ” ဆိုတာဟာ အကြောင်းအကျိုးဆက်စပ် ဖြစ်ပျက်နေမှုတွေပဲ ရှိတယ်။ အဲလို ဖြစ်ပျက်နေမှုထဲမှာ ငါဆိုတဲ့ အတ္တဆိုတာ မပါဘူး၊ ငါဆိုတဲ့ အတ္တဆိုတာ မရှိဘူး။ ငါဆိုတဲ့ ခံစားချက်ကိုယ်တိုင်ကိုက အကြောင်းအကျိုးတွေထဲက ဖြစ်စဉ်တခုပဲဆိုတာကို နားလည်အောင်လုပ်ရတာပါ။ ဒါကြောင့် အရာရာမှာ အကြောင်းနဲ့အကျိုးကို မှန်ကန်စွာသုံးသပ်ပြီး မိမိတို့လိုရာကို ရစေဖို့ အကြောင်းတရားပြုရပါမယ်။ ဒါပေမယ့် ရလာတဲ့ အကျိုးတရားနဲ့ အဲဒီအပေါ်မှာ ဖြစ်ပေါ်လာမယ့် ခံစားချက်တွေကိုတော့ “ငါ့အလိုကျ အတိအကျ ဖြစ်ရမယ်” လို့ သွားမချုပ်ကိုင်ပါနဲ့။ ငါဆိုတာကို ဆုပ်ကိုင်လိုက်တာနဲ့…

  • ခံစားချက်ကို ငါလုပ်ခြင်း

    မနက်ခင်းမှာ စိတ်ကြည်လင်နေရင် “ငါ ပျော်တယ်” လို့ ထင်တယ်။ ညနေပိုင်း အလုပ်တွေရှုပ်ပြီး ပင်ပန်းလာရင် “ငါ စိတ်ညစ်တယ်” လို့ သတ်မှတ်လိုက်ပြန်တယ်။ တကယ်တော့ ပျော်ခြင်း၊ စိတ်ညစ်ခြင်း ဆိုတဲ့ ခံစားချက် (ဝေဒနာ) တွေဟာ အာရုံနဲ့ ထိတွေ့လို့ ပေါ်လာတဲ့ သဘောတရား သက်သက်ပါ။ အဲဒီ ခံစားချက်တွေအပေါ်မှာ “ငါ” လို့ သွားကပ်လိုက်တာက သက္ကာယဒိဋ္ဌိ (အမြင်မှား) ပါပဲ။ သောတာပန်ဖြစ်ဖို့ဆိုတာ အဲဒီလို ခံစားချက်တိုင်းကို ကိုယ်ပိုင်အဖြစ် သိမ်းပိုက်နေတဲ့ အကျင့်ဟောင်းကြီးကို ဖြုတ်ချတာပါ။ အရှိတရားကို အရှိတိုင်း သိဖို့ပဲ လိုပါတယ်။ ဝမ်းနည်းစရာကြုံရင် ဝမ်းနည်းတဲ့ သဘောလေး ပေါ်လာတယ်လို့ပဲ မြင်အောင် ကြည့်ပါ။ “ငါ ဝမ်းနည်းတယ်” လို့ ယူလိုက်တာနဲ့ ဒုက္ခက…

  • အမြင်မှား ပြုတ်ကျသွားတဲ့ အခိုက်အတန့်

    သောတာပန်ဖြစ်တယ်ဆိုတာ ထူးခြားတဲ့ တန်ခိုးတွေ ရသွားတာ မဟုတ်ပါဘူး။ တစ်သက်လုံး ခိုင်မာတယ်လို့ ထင်ထားတဲ့ “ငါ” ဆိုတဲ့ အမြင်မှားလေး ပြုတ်ကျသွားတာပါ။ အနိစ္စနဲ့ အနတ္တကို လက်တွေ့ မြင်လာတဲ့အခါ ဘာကိုမှ အတင်းကာရော ဆုပ်ကိုင်စရာ မလိုတော့ဘူးဆိုတာ ဘာကမှ လိုချင်စရာမရှိတာကို ရှင်းရှင်းလင်းလင်း သိသွားပါတယ်။ လူ၊ ရဟန်း အရိယာတတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးဟာ ဒီလို အရှိတရားကို ရိုးရိုးရှင်းရှင်း စောင့်ကြည့်ခြင်းကနေပဲ စတင်ပါတယ်။ စာထဲက အသိထက်၊ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ သိတဲ့ အသိကသာ တကယ့်ကို အေးချမ်းမှုကို ပေးတာပါ။ ဒီနေ့အတွက် အမေး- အရာရာဟာ ယာယီပဲလို့ သိလိုက်ရတဲ့အခါ ဘဝကြီးက ဘယ်လောက်တောင် ပေါ့ပါးသွားသလဲ?

  • ဒုက္ခကို သိမ်းပိုက်ခြင်း

    စိတ်ညစ်စရာတွေ၊ အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ ဝိပဿနာ အားထုတ်သူတွေအနေနဲ့ ချက်ချင်း တုံ့ပြန်မပစ်ပါနဲ့။”ငါ စိတ်ညစ်နေပြီ” လို့ ယူလိုက်တာနဲ့ အဲဒီဒုက္ခက ခေါင်းပေါ် ရောက်လာပါတယ်။ တကယ်တော့ စိတ်ညစ်တယ်ဆိုတာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ ခံစားချက် သက်သက်ပါ။ “ငါ” မဟုတ်ပါဘူး။ အဲဒီခံစားချက်လေးကို ပိုင်ရှင်မပါဘဲ ဘေးကနေ ခွာပြီး ကြည့်လိုက်ပါ။ အရှိန်ကုန်ရင် သူ့ဘာသာသူ ပျက်ကျသွားတာကို မြင်ရပါလိမ့်မယ်။ ငါမပိုင်တဲ့အရာကို ငါ့ဟာလုပ်ပြီး ပူလောင်မနေပါနဲ့။ဒီနေ့အတွက် အမေး- ဝင်လာတဲ့ ခံစားချက်တွေကို အိမ်ရှင်နေရာကနေ ဧည့်သည်လို သဘောထားပြီး နှုတ်ဆက်ကြည့်ပါလား?

  • အနတ္တကို မှန်ကန်စွာ လက်တွေ့သုံးခြင်

    “အနတ္တ” ဆိုတာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒကို ရှောင်ကြဉ်ရပါမယ်။ အနတ္တကို သိလို့ ဘာအလုပ်မှ မလုပ်ဘဲ ထိုင်နေရမှာ မဟုတ်ပါဘူး။လောကီမှာဖြစ်စေ၊ လောကုတ်မှာဖြစ်စေ အဓိပတိတရားလေးပါး (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ) နဲ့ ပြည့်စုံရင် မိမိလိုတာ ပြည့်ပါတယ်။ ဒီ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ တို့က ကိုယ်မဟုတ်ဘူးဆိုတာကို သိလျှက်နဲ့ပဲ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို ဒီတရားတွေ အသုံးချပြီး အကောင်းဆုံး ကြိုးစားလုပ်ဆောင်ရပါမယ်။ ဒါပေမဲ့ ထွက်လာမယ့် ရလဒ်ကိုတော့ “ငါ့အလိုကျ အတိအကျ ဖြစ်ရမယ်” ဆိုပြီး သွားမချုပ်ကိုင်တော့တာကို ဆိုလိုတာပါ။ ကြိုးစားမှုက ကိုယ့်အလုပ်၊ ဖြစ်ပေါ်လာမှုက သဘာဝရဲ့ အလုပ်ပါ။ဒီနေ့အတွက် အမေး- အလုပ်ကို အကောင်းဆုံးလုပ်ပြီး…

  • ပိုင်ရှင်မရှိတဲ့ ဖြစ်စဉ်များ

    လမ်းလျှောက်တဲ့အခါ “ငါ လျှောက်နေတယ်” လို့ ထင်တတ်ကြတယ်။ ထမင်းစားရင်လည်း “ငါ စားနေတယ်” လို့ ယူဆကြပြန်တယ်။ တကယ်တော့ စိတ်ကြောင့် ရုပ်ဖြစ်ပြီး ရုပ်တရားက စိတ်နဲ့ အကြောင်းအကျိုးအနေနဲ့ ရွေ့လျားနေတာပါ။ အဲဒီမှာ “ငါ” ဆိုတဲ့ သက္ကာယဒိဋ္ဌိက နေရာတိုင်းမှာ ဝင်ဝင်ပြီး ပိုင်ရှင်လုပ်နေတာပါ။ ဒီပိုင်ရှင်လုပ်ချင်တဲ့ စိတ်လေးကို ခွာပြီး လှုပ်ရှားမှု သက်သက်ကိုပဲ မြင်အောင် ကြည့်ပါ။ ရုပ်နာမ်တွေက သူ့သဘောသူဆောင်ပြီး အလုပ်လုပ်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါ အနတ္တကို မျက်မြင်ကိုယ်တွေ့ စတင် မြင်လာတာပါပဲ။ ဒီနေ့အတွက် အမေး- ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေထဲမှာ “ငါ” မပါဘဲ သက်သက်လေး ခံစားကြည့်လို့ ရပါသလား?

  • မမြဲဘူးဆိုတာ စာသားသက်သက် မဟုတ်ပါ

    “အနိစ္စ” ဆိုတာ ပါးစပ်က ရွတ်နေဖို့ မဟုတ်ပါဘူး။ လက်တွေ့ ကိုယ့်ခန္ဓာမှာ ဖြစ်ပြီး ပျက်သွားတာကို မျက်စိနဲ့ မြင်သလို ဉာဏ်နဲ့ မြင်ဖို့ပါ။အသံတစ်ခု ကြားလိုက်တယ်၊ ပြီးတော့ အဲဒီအသံလေး ပျောက်သွားတယ်။ နာကျင်မှုတစ်ခု ပေါ်လာတယ်၊ ခဏနေတော့ ပုံစံပြောင်းသွားတယ်။ အဲဒီလို ပေါ်လာပြီး ပျောက်ကွယ်သွားတဲ့ သဘောလေးတွေကို တစ်ရက်တာလုံး သတိထားကြည့်ပါ။ ကိုယ်က “မြဲပါစေ” လို့ ဆုတောင်းနေလည်း သူတို့ကတော့ ပျက်သွားမှာပါပဲ။ ဘာတစ်ခုမှ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားလို့ မရဘူးဆိုတာကို လက်တွေ့ သိလာပါလိမ့်မယ်။ဒီနေ့အတွက် အမေး- အခုလေးတင် ဖြစ်သွားတဲ့ ခံစားချက်လေး၊ အခု ဘယ်ရောက်သွားပြီလဲ?

  • ဝိပဿနာ အားထုတ်နေကြတဲ့ ယောဂီတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုကတော့ တရားထိုင်ခုံပေါ်က အချိန်နဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ လူမှုဘဝကြားက ကွာဟချက်ပါပဲ။ ရိပ်သာမှာ၊ ဒါမှမဟုတ် အိမ်က ဘုရားစင်ရှေ့မှာ တရားထိုင်နေတုန်းကတော့ စိတ်က ငြိမ်နေတယ်။ ဒါပေမဲ့ အပြင်ထွက်ပြီး လူတွေနဲ့ ဆက်ဆံလိုက်တာနဲ့၊ အလုပ်ခွင်ထဲ ရောက်သွားတာနဲ့ အဆင်မပြေမှုတွေ၊ တိုက်ခိုက်မှုတွေ၊ ဝေဖန်မှုတွေနဲ့ ကြုံလာရတော့တာပါပဲ။ ဒီလို ကြုံလာတဲ့အခါ ပုထုဇဉ်တွေရဲ့ သဘာဝက အပြင်လောကကြီးကိုပဲ လိုက်ပြီး ပြင်ချင်ကြတယ်။ “သူ ဒီလို မပြောသင့်ဘူး၊ ဒီအလုပ်ကို ဒီလို မလုပ်သင့်ဘူး၊ အခြေအနေတွေက ဒီလို မဖြစ်သင့်ဘူး” ဆိုပြီး ကိုယ့်စိတ်ကြိုက်ဖြစ်အောင် အပြင်ကို အတင်း လိုက်ကွပ်ကဲဖို့ ကြိုးစားကြတယ်။ တကယ်တော့ လောကကြီးဆိုတာ ဘယ်တော့မှ ပြင်လို့…

  • အရှိတရားကို ရင်ဆိုင်ခြင်း

    ဝိပဿနာ အားထုတ်သူတွေအတွက် အရေးကြီးဆုံးက ကိုယ့်မှာ ဖြစ်ပေါ်နေတဲ့ အရှိတရားကို ရဲရဲဝံ့ဝံ့ လက်ခံရဲဖို့ပါ။ တရားအားထုတ်တယ်ဆိုတာ ငြိမ်းချမ်းမှုကို အတင်း ဖန်တီးယူနေတာ မဟုတ်ပါဘူး။ဆူညံနေရင် ဆူညံနေမှန်း သိလိုက်တာ၊ ပူလောင်နေရင် ပူလောင်နေမှန်း အရှိကို အရှိအတိုင်း လက်ခံလိုက်တာကမှ အမြင်မှန်ပါ။ “ငါ” က ဝင်ပြီး ဒီအခြေအနေကြီးကို ပြုပြင်ချင်နေတဲ့ စိတ်ကို လွှတ်ချလိုက်တဲ့အခါ သဘာဝတရားက သူ့အလုပ်သူ လုပ်သွားပါလိမ့်မယ်။ ဘာကိုမှ အတင်း မတွန်းလှန်ပါနဲ့။ ဖြစ်ပေါ်လာသမျှဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာချည်းပါပဲ။ဒီနေ့အတွက် အမေး- ဖြစ်ပေါ်လာသမျှကို ပြုပြင်မနေဘဲ အသာလေး စောင့်ကြည့်ပေးဖို့ အဆင်သင့်ပဲလား?