ဝိပဿနာ အားထုတ်တယ်ဆိုတာ ကိုယ့်စိတ်ကြိုက် အတင်းဖန်တီးယူတာ မဟုတ်ပါဘူး။ အကြောင်းအကျိုး ဖြစ်စဉ်တွေပဲ ဆိုတာကို နားလည်အောင် ဝင်မစွက်ဖက်ဘဲ ကြည့်တာပါ။

အသံတစ်ခု ကြားလို့ စိတ်တိုသွားတယ် ဆိုပါစို့။ အသံနဲ့ နားအကြည်ဓာတ် တိုက်မိတာက အကြောင်း၊ ကြားသိတဲ့ ဝိဉာဏ်လေး ပေါ်လာတာက အကျိုးပါ။ အဲဒီနောက်မှာ မကျေနပ်တဲ့ သဘောလေး ဆက်ဖြစ်လာတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးမှာ “ငါ” က ဝင်ပြီး “ငါ ဒေါသထွက်တယ်” လို့ သိမ်းပိုက်စရာ မလိုပါဘူး။

ဒေါသထွက်ရင် ထွက်မှန်းသိလိုက်ပါ။ အတင်းပြန်ဖျောက်ဖို့ မကြိုးစားပါနဲ့။ သူ က ပြောတာလဲမဟုတ်ဘူး၊ သူဆိုပြီးသတ်မှတ်ထားတဲ့ ရုပ်နာမ်မှာရှိတဲ့ ကိလေသာက ပြောတာ။ ကိုယ်ခံစားရတာလဲမဟုတ်ဘူး၊ ကိုယ်ဆိုပြီးသတ်မှတ်ထားတဲ့ ရုပ်နာမ်မှာရှိတဲ့ ကိလေသာက ခံစားမှုဆိုတာကို ဖြစ်စေတာ။ သူငါဆိုတာ သတ်မှတ်ချက်သာဖြစ်တယ် တကယ့်အရှိတရားမဟုတ်ဘူး။ အရာအားလုံးဟာ အကြာင်း အကျိုးလည်ပါတ်နေတယ်။ မမြဲတဲ့သဘောရှိတဲ့ အတွက် အရာရာ ဟာ သူ့အကြောင်းကုန်ရင် သူ့ဘာသာ ပြန်ပျက်သွားတာကို မျက်မြင်ကိုယ်တွေ့ စောင့်ကြည့်ပါ။ အဲဒီလို ခွာကြည့်နိုင်တာက တကယ့် လွတ်မြောက်မှုပါ။

ဖြစ်ပေါ်လာသမျှကို ငါ့ဟာလို့ မသတ်မှတ်ဘဲ ဘေးကနေ သက်သက်လေး စောင့်ကြည့်လို့ ရပါသလား?


Leave a Reply

Your email address will not be published. Required fields are marked *