• ခေါင်းစဉ်မရှိ

    သူ့ခေါင်းပေါ်နင်းမှ ထိန်လို့လင်းရမယ်ဆိုရင် ဘယ်တော့မှမလင်း ထင်းတောင်မထင်းချင်ဘူးရယ် တိတ်တိတ်လေးနေ ဖျော့ဖျော့လေးလင်း ပြုံးရုံလောက်လေးပဲထင်းတော့မယ် တင်းစရာတွေလဲ မလိုတော့ဘူးပေါ့ သွားနေတဲ့ခရီး တယောက်တည်းမနီးချင်ဘူး သွားကြမလားဟေ့ တူတူ ကျွန်တော် တခုတော့မြင်လိုက်သပေါ့ လူဖြစ်ရတဲ့တန်ဖိုး တန်ခိုးကြီးဖို့မဟုတ် ကြားရရင် အံ့စရာ အဆုံးသတ်က တန်ဖိုး နောက်ထပ်မတိုးဖို့ဆိုပဲ သွားသူသွား လာသူလာ နေသူမရှိ မငြိစေနဲ့ တဲ့… April 8 2017

  • စောင့်ကြည့်ခြင်း အတတ်ပညာ

    ဝိပဿနာ ကျင့်တယ်ဆိုတာ စိတ်ညစ်နေတာကို အတင်းပျောက်အောင် လုပ်တာ မဟုတ်ပါဘူး။ စိတ်ညစ်စရာ ပေါ်လာရင် “ဪ.. မနှစ်မြို့တဲ့ ခံစားချက်လေး ပေါ်လာပါလား” လို့ ဝင်မစွက်ဖက်ဘဲ ကြည့်တာပါ။ ဒေါသထွက်ရင်လည်း ထွက်မှန်း သိလိုက်ပါ။ ဒါပေမဲ့ အဲဒီဒေါသထဲကို “ငါ” ဆိုပြီး ဝင်မပါလိုက်ပါနဲ့။ ခံစားချက်တစ်ခု ပေါ်လာတယ်၊ ခဏနေတော့ အရှိန်ကုန်ပြီး ပြန်ပျောက်သွားတယ်။ ဒီသဘာဝကို ဘေးကနေ ပွဲကြည့်ပရိသတ်လို ခပ်ခွာခွာလေး ကြည့်တတ်ပြီဆိုရင် ဘယ်အရာမှ မမြဲဘူးဆိုတာကိုသိနေတဲ့ ဝိဉာဏ်လေးက ရှင်းလင်းလာပါလိမ့်မယ်။ ဒီကမှ ဘာမှ မမြဲတာတွေက စက်ဆုပ်စရာ အသုံးမကျတာတွေ (ဒုက္ခတွေ) ပဲဆိုတာကို ထပ်ပြီးနားလည်လာပါလိမ့်မယ်။ စာဖတ်ပြီး သိတာထက် အခုလို ကိုယ်တိုင် မြင်အောင် ကြည့်တာကသာ တကယ့် လွတ်မြောက်မှုကို ပေးတာပါ။ ခံစားချက်တစ်ခု…

  • နောက်ဘဝ၊ ဘဝတဏှာ နှင့် ဝိဘဝတဏှာ (ရှင်းလင်းချက်)

    “ရှေ့ဘဝ၊ နောက်ဘဝနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား မဖြေခဲ့ဘူး” ဆိုတဲ့ စာတချို့ကို ဖတ်ဖူးကြမယ် ထင်ပါတယ်။ ပုဏ္ဏားတစ်ယောက်က “သတ္တဝါသေရင် နောက်ဘဝ ထပ်ဖြစ်သေးသလား” စသဖြင့် မေးတဲ့အခါ မြတ်စွာဘုရားက ဘယ်အယူအဆကိုမှ လက်မခံဘဲ ဆိတ်ဆိတ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဏ္ဏားက “သတ္တဝါ” ဆိုတဲ့ အသုံးအနှုန်းနဲ့ မေးထားလို့ပါ။ တကယ်တမ်း မရှိတဲ့ ‘သတ္တဝါ’ ကို အတည်ပြုပြီး မေးနေတာဖြစ်လို့ မဖြေခဲ့တာပါ။ အဓိက ရည်ရွယ်ချက်ကတော့ အဲဒီပုဏ္ဏားကို အယူမှားကနေ လွတ်မြောက်ပြီး တရားရစေချင်လို့ပဲ ဖြစ်ပါတယ်။ ကျနော် ငယ်ငယ်တုန်းကတော့ အဲဒီစာကို ဖတ်ပြီး သိပ်သဘောမကျဘဲ အားမလိုအားမရ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ လူတွေ နားလည်ထားကြတဲ့ “ဘဝ” ဆိုတဲ့ အထင်အမြင်နဲ့ ပတ်သက်ပြီး ကျနော်…

  • သာသနာ နှင့် အတိမ် အနက် (၂)

    ရှေ့တစ်ပိုင်းမှာ သာသနာတော်ရဲ့ အတိမ်အနက်နဲ့ ပတ်သက်ပြီး “ဂန္ထဓုရ” ဆိုတဲ့ စာပေသင်ကြားခြင်းဟာ သံသရာလည်ကြောင်း အလုပ်သာဖြစ်ပြီး၊ အရိယာဖြစ်အောင် အားထုတ်တဲ့ “ဝိပဿနာဓုရ” သာလျှင် သံသရာလွတ်ကြောင်း တကယ့်အလုပ် ဖြစ်တယ်ဆိုတာကို တင်ပြခဲ့ပြီးပါပြီ။ အခု ဆက်လက်ပြီး သာသနာတော်မှာ အင်မတန် အရေးကြီးလှတဲ့ “သံဃာရတနာ” ဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးချင်ပါတယ်။ သံဃာရတနာ၏ အဓိပ္ပာယ် အစစ်အမှန် သာသနာတော်မှာ သံဃာ့ဂုဏ်တော် ကိုးပါး (သုပ္ပဋိပန္နော စသည်) ရှိပါတယ်။ ဒီဂုဏ်တော် ကိုးပါးနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များမှသာ “သံဃာရတနာ” အဖြစ် ထိုက်တန်ပါတယ်။ မြတ်စွာဘုရားရှင် တိုက်ရိုက်ဟောကြားခဲ့တဲ့ ပါဠိတော်တွေမှာ “အဋ္ဌပုရိသ ပုဂ္ဂလာ” (အရိယာပုဂ္ဂိုလ် ရှစ်ယောက်) ဆိုပြီး အတိအလင်း သတ်မှတ်ထားပါတယ်။ အဲဒါကတော့ သောတာပတ္တိမဂ်ဂုဏ်၊ ဖိုလ်ဂုဏ်ကနေ…

  • သားမြေးများအပေါ် ပူပန်နေသော အတွေးဇာတ်လမ်းကို ဖြတ်၍ ပစ္စုပ္ပန် “ဝိဉာဏ်” ကိုသာ ရှုမှတ်ခြင်း

    နေ့လည် ၁ နာရီ အချိန်အခါသမယမှာ အိမ်မှာ အနားယူရင်း ဝိပဿနာတရား လက်တွေ့ အားထုတ်နေကြတဲ့ မိဘ၊ အဘိုးအဘွား ဥပါသကာ၊ ဥပါသိကာများ အားလုံးအတွက် ဒီနေ့ လက်တွေ့ အသုံးချရမယ့် စိတ္တာနုပဿနာ ရှုကွက်တစ်ခုကို တင်ပြပေးပါမယ်။ အသက်အရွယ် ရလာပြီး အိမ်မှာ နားနားနေနေ နေရတဲ့အခါ ခန္ဓာကိုယ်က ငြိမ်သက်နေပေမယ့် စိတ်ကတော့ လုံးဝ မငြိမ်သက်ပါဘူး။ အထူးသဖြင့် အပြင်မှာ အလုပ်သွားလုပ်နေတဲ့ သားသမီးတွေ၊ ကျောင်းသွားနေတဲ့ မြေးတွေဆီကို စိတ်က အမြဲတမ်း ရောက်နေတတ်ပါတယ်။ “ငါ့သားလေး အလုပ်ထဲမှာ အဆင်မှ ပြေရဲ့လား၊ ငါ့သမီးလေး လမ်းသွားလမ်းလာ အန္တရာယ်ကင်းရဲ့လား၊ ငါ့မြေးလေး ကျောင်းမှာ ဘာတွေများ လုပ်နေမလဲ” ဆိုပြီး မပြတ်တမ်း တွေးတော ပူပန်နေတတ်ကြပါတယ်။ ဒီလို…

  • ခံစားချက်များရဲ့ အနတ္တသဘော

    “ငါ စိတ်မညစ်ချင်ဘူး” လို့ တားထားလို့ မရသလို၊ “အမြဲတမ်း ပျော်နေချင်တယ်” လို့လည်း ဆုပ်ကိုင်ထားလို့ မရပါဘူး။ ခံစားချက်တွေဟာ သူ့အကြောင်းနဲ့သူ ပေါ်လာပြီး ပျောက်သွားတာပါ။ ဒါဟာ အနတ္တသဘောပါပဲ။ ဒါပေမဲ့ “အနတ္တ” ဆိုတာဟာ အကြောင်းအကျိုးဆက်စပ် ဖြစ်ပျက်နေမှုတွေပဲ ရှိတယ်။ အဲလို ဖြစ်ပျက်နေမှုထဲမှာ ငါဆိုတဲ့ အတ္တဆိုတာ မပါဘူး၊ ငါဆိုတဲ့ အတ္တဆိုတာ မရှိဘူး။ ငါဆိုတဲ့ ခံစားချက်ကိုယ်တိုင်ကိုက အကြောင်းအကျိုးတွေထဲက ဖြစ်စဉ်တခုပဲဆိုတာကို နားလည်အောင်လုပ်ရတာပါ။ ဒါကြောင့် အရာရာမှာ အကြောင်းနဲ့အကျိုးကို မှန်ကန်စွာသုံးသပ်ပြီး မိမိတို့လိုရာကို ရစေဖို့ အကြောင်းတရားပြုရပါမယ်။ ဒါပေမယ့် ရလာတဲ့ အကျိုးတရားနဲ့ အဲဒီအပေါ်မှာ ဖြစ်ပေါ်လာမယ့် ခံစားချက်တွေကိုတော့ “ငါ့အလိုကျ အတိအကျ ဖြစ်ရမယ်” လို့ သွားမချုပ်ကိုင်ပါနဲ့။ ငါဆိုတာကို ဆုပ်ကိုင်လိုက်တာနဲ့…

  • ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ကို ကျော်ဖြတ်ခြင်း

    ဘဝဇာတ်လမ်းများနှင့် အပိုဒုက္ခ လူတွေဟာ ကာမတဏှာ၊ ဘဝတဏှာတွေကြောင့် “ဘဝဇာတ်လမ်း” ဆိုတာတွေကို အလွန် စိတ်ဝင်စားတတ်ကြပါတယ်။ တကယ်တမ်း ဉာဏ်နဲ့ကြည့်ရင် ဘဝဇာတ်လမ်းဆိုတာ တကယ်မရှိပါဘူး။ ရုပ်နဲ့ နာမ် အပြန်အလှန် (အညမည) ဖြစ်ပျက်နေတဲ့ အစဉ်တန်းကြီး သက်သက်သာ ရှိပါတယ်။ ဒီရုပ်နာမ် ဖြစ်ပျက်မှုမှာ “ငါ၊ သူ” ဆိုတာ မရှိတဲ့အတွက်၊ “ငါ့ဘဝ၊ သူ့ဘဝ” ဆိုတာမျိုး မဟုတ်ဘဲ၊ သူ့သဘောသူဆောင်ပြီး ဗရမ်းပတာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးမှာ တညီတညွတ်တည်း တွေဝေမှု ‘မောဟ’ တွေ ဖုံးလွှမ်းနေကြတော့ “သူက ဘယ်လိုလူ၊ ငါက ဘယ်လိုလူ” စသဖြင့် ဘဝဇာတ်ကြောင်း ဆိုတာတွေကို လက်ခံထားကြပါတယ်။ ပကတိ အရှိတရားကတော့ ပုဂ္ဂိုလ်သတ္တဝါ လုံးဝမရှိတဲ့…

  • သေခြင်းတရား မျက်မှောက်၌

    သေခြင်းတရား ဆိုတာဟာ လူတိုင်း၊ သတ္တဝါတိုင်း မလွဲမသွေ ကြုံကြရမယ့် အရာပဲ ဖြစ်ပါတယ်။ လူတွေဟာ အသက်ရှင်နေစဉ်အချိန်မှာ ဘယ်တော့မှ မသေတော့မယ့်အတိုင်း စီးပွားရှာကြပေမယ့် သေခြင်းတရားရဲ့ မျက်မှောက်မှာတော့ ဘာမှ မကွာခြားတာကို သတိထားမိကြမှာ ဖြစ်ပါတယ်။ လူတွေဟာ ဂုဏ်တွေ ဒြပ်တွေ ငွေကြေးချမ်းသာမှုတွေ အောင်မြင်မှုတွေ အပေါ်မှာ အားလုံးဟာ အလေးအနက် ထား အဆင့်အတန်းတွေ ခွဲခြားကြပေမယ့် တကယ်တော့ ဘာမှ မကွာခြားကြတာကို သေခြင်းတရားနဲ့ ကြုံရတဲ့ အခါမှသာ သတိထားမိကြတာပါ။ ဒီနေရာမှာ လူမိုက်၊ သာမန်လူ နဲ့ လူတော်ဆိုတာ ရှိပါတယ်။ လူတော်ဆိုတာ ကတော့ သူတပါး အမှားကိုမြင်ပြီး သံဝေဂ ရတတ်သူ ဖြစ်ပါတယ်။ တနည်းအားဖြင့် သူတပါး သေခြင်းတရား နဲ့ ကြုံတာကို…

  • အာရုံဆိုသည်မှာ ရုပ်နှင့်နာမ်ကို ပေါင်းစပ်၍ ပေးထားသည့် ပညတ်သာ

    ဦးမောင်မောင်ရဲ့ အယူမှားနဲ့ပါတ်သက်ပြီး အဖြေတခုရှိပါတယ်။ ဦးမောင်မောင် အယူက အာရုံကို အရိပ်လို့ ယူပါလို့ ပြောကြတယ်။ အာရုံ အရိပ်ကို အကောင်ထင်လို့ ပြသနာ တက်တာလို့ ပြောကြတယ်။ ဒါပေမယ့် အဲဒီထဲမှာ ပါနေတဲ့ အာရုံ ဆိုတဲ့ စကားက ပညတ် ဖြစ်နေပါတယ်။ တရားအားထုတ်တဲ့အခါမှာ ပညတ်ကို မရှုရပဲ ပရမတ်ကို ရှုမှ ရပါတယ်။ အဲဒါကြောင့် ဦးမောင်မောင် သာဝကတွေက တရားမရနိုင်ဖြစ်ကြတာပါ။ ဘာကြောင့် အာရုံဆိုတဲ့ စကားက ပညတ်ဖြစ်နေလဲ ဆိုတာကို ရှင်းပြပါ့မယ်။ အာရုံ ဆိုတာက အဆင်း (ရုပ်)၊ အသံ(ရုပ်)၊ အနံ့ (ရုပ်)၊ အရသာ (ရုပ်)၊ အထိအတွေ့ (ရုပ်) နဲ့ ကြံတွေးစရာ (နာမ်) ဖြစ်နေလို့ပါပဲ။ အဲဒီတော့…

  • သာသနာ နှင့် အတိမ် အနက် (၁)

    လောကမှာ အတိမ် ဆိုတာ ရှိသလို၊ အနက် ဆိုတာလည်း ရှိပါတယ်။ အတိမ်ဆိုတာကတော့ အပေါ်ယံ အရေးမကြီးတဲ့ အရာတွေကို ဆိုလိုတာဖြစ်ပြီး၊ အနက် ဆိုတာကတော့ အနှစ်သာရပါတဲ့ အလွန်အရေးကြီးတဲ့ အရာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘယ်အရာဟာ ဘယ်လောက် အရေးကြီးသလဲ ဆိုတာကို ခွဲခြားနားလည်ခြင်းကိုပဲ အတိမ်အနက်ကို နားလည်တယ်လို့ သုံးနှုန်းလေ့ရှိပါတယ်။ ယနေ့ သာသနာတော်မှာ ကျနော်တို့ဟာ အင်မတန် အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ တစ်လမ်းကတော့ ဝိနည်းသိက္ခာပုဒ်တွေကို အပေါ်ယံ စောင့်ထိန်းပြီး ရဟန္တာအသွင် ဆောင်နေပေမယ့်၊ တကယ့်လက်တွေ့မှာ အရိယာပုဂ္ဂိုလ် မရှိသလောက် ရှားပါးနေတဲ့ “အသွင်သာသနာ” လမ်းကြောင်းပါ။ နောက်တစ်လမ်းကတော့ သာသနာ့ဝန်ထမ်း ရဟန်းတော်အားလုံးရဲ့ ၉၉.၉၉ ရာခိုင်နှုန်းဟာ တကယ့်ကို အရိယာပုဂ္ဂိုလ်တွေ ဖြစ်လာကြမယ့် “အနှစ်သာရ…