• အပြစ်တင်စိတ်နဲ့ ကြောက်ရွံ့မှုကို ဖယ်ရှားခြင်း

    ကျွန်တော်တို့မှာ “ငါ” ဆိုတဲ့ အစွဲရှိနေသရွေ့ အတိတ်က အမှားတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတတ်ကြတယ်။ “ငါ ဒီလို မလုပ်ခဲ့သင့်ဘူး” ဆိုပြီးတော့ပေါ့။ တကယ်တော့ အဲဒီအချိန်က အကြောင်းတိုက်ဆိုင်မှုတွေကြောင့် အဲဒီလို ဖြစ်ခဲ့ရတာပါ။ အဲဒီတုန်းက “ငါ” ကော အခုရှိသေးလို့လား။ အခု နောင်တရနေတဲ့ “ငါ” ကကော နောက် ၅ မိနစ်နေရင် ရှိဦးမှာလား။ ဖြစ်ပြီးသမျှဟာ အကြောင်းအကျိုးတွေအရ ဖြစ်သင့်လို့ ဖြစ်ခဲ့တာပါ။ အကြောင်းတရားတွေကြောင့် ဖြစ်လာတဲ့ အကျိုးတရားတွေပေါ်မှာ ဘယ်သူ့ကိုမှ အပြစ်တင်နေစရာ မလိုပါဘူး။ ကြောက်စရာလည်း မလိုပါဘူး။ အမှန်ကို မြင်တဲ့စိတ်မှာ နောင်တနဲ့ ကြောက်ရွံ့မှုအတွက် နေရာမရှိတော့ဘူး။

  • ပဋိစ္စသမုပါဒ် နှင့် ဆင်ခြင်ခြင်း

    ပဋိစ္စသမုပါဒ် ဆိုတာကတော့ ခန္ဓာဖြစ်စဉ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီ တရားအားထုတ် တဲ့ အပိုင်းမှာတော့ ပဋိစ္စသမုပါဒ် ထဲက ပစ္စုပ္ပန် ဖြစ်ပျက်ကိုပဲ အဓိက ထားပြီး တရားအားထုတ်တဲ့ နေရာမှာ အသုံးတည့်အောင် ပြောပြမှာ ဖြစ်ပါတယ်။ ပဋိစ္စသမုပါဒ်ထဲက ပစ္စုပ္ပန်ကို ကြည့်မယ် ဆိုရင် ဝိဉာဏ်ကြောင့် နာမရူပဖြစ်၊ နာမရူပ ကြောင့် သဠာယတနရှိ၊ သဠာယတနကြောင့် ဖဿ ဖြစ်၊ ဖဿကြောင့် ဝေဒနာ ဖြစ်၊ ဝေဒနာကြောင့် တဏှာမာန ဒိဋ္ဌိ ဖြစ်၊ တဏှာမာနဒိဋ္ဌိကြောင့် ဥပါဒါန် ဖြစ်၊ ဥပါဒါန်ကြောင့် ကမ္မဘဝ (ကာယကံ စေတနာ၊ ဝစီကံစေတနာ၊ မနောကံ စေတနာ) ဖြစ် ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့က…

  • ၂၂ – ဇန်နဝါရီ (အပိုင်း ၂)

    ဦးမောင်မောင်။ အဲ့တော့ ဒီနေ့ဆိုလို့ရှိရင် ဆရာပြောတဲ့ဥစ္စာ သဘောထဲမှာ ကျွန်တော်တို့က ဉာဏ်က အဓိကဆိုတော့ နာမ်ကိုပဲ များများရှုပေးရမယ်။ ကျနော်။ ။ဟုတ်ကဲ့။ ဦးမောင်မောင်။ ။အဲ့လိုအောက်မှာကျမ်းပြင်မှာ ထိုင်ရှုတဲ့အခါကျရင် ခုနခြေထောက်က ဝေဒနာပေါ်တယ်။ ပြီးရင် ကိုယ်ကြီးက ပူလာတယ်။ ချွေးတွေထွက်လာတယ် အဲ့တော့ အဲ့ဒါတွေကိုကျတော့ ငါ့ဆရာ ငါ့ကိုပြောထားတာ ဒါကြီးက ရုပ်ရဲ့ ဖောက်ပြန်မှုတွေပဲ။ ဒါ့ကိုတော့ သိတယ်။ ရုပ်ကအမြဲဖောက်ပြန်တယ် ဒါပေမဲ့ အဲ့ဒါကို သွားပြီးတော့ ဟိုအရင်တုန်းက ဟိုတခြားမှတ်ထားတာတွေရှိတော့လေ အဲ့ဒီ ဝေဒနာဆိုလို့ရှိရင် အဲ့ဝေဒနာအဆုံး ထိလိုက် ကြည့်လိုက် ဆိုတာ အဲ့ဒါကြီးကစိတ်ထဲမှာ အရင်တုန်းကစွဲနေခဲ့တာ အခုတော့မစွဲတော့ဘူး။ အဲ့လိုမျိုး ပေါ်လာလို့ရှိရင် မှတ်မနေတော့ဘူး တစ်ချိန်မှာပျောက်မှာတွေ ပျောက်တာတွေ ဒါငါ့အလုပ်မဟုတ်၊ ငါ့အလုပ်က နာမ်။ မင်းဖြစ်ပျက်ကိုပဲငါလိုက်ရှုရမယ်အဲ့လိုပေါ့။ ရုပ်ကိုမှတ်မနေဘူး။…

  • ၂၂ – ဇန်နဝါရီ (အပိုင်း ၁)

    ကျနော်။ ။ ဦးမောင်မောင် ပြောပါဦး ဦးမောင်မောင်။ ။ အသံကြားလိုက်တယ်ဆိုတဲ့ ထိုင်နေရင်း အသံကြားလိုက်တယ် အဲ့အသံကိုလည်း ကြားလိုက်တယ် ဆိုတဲ့နေရာမှာပဲ ထပ်ပြီးတော့ ဒါကားလား ဘာကားလဲ တွေမလုပ်တော့ဘူး ကြားစိတ်တွေ ဖြစ်တယ် ဖြစ်သွားတယ် သူသိတဲ့အချိန်ကြတော့ကိုယ်ကဒါဖြစ်သွားပြီ။ နောက်ဆုံးကိုဝင်လေထွက်လေ တွေရှု့တာတောင်မှ အရင်တုန်းကတော့ထင်တာကလေ ရှူလိုက်တဲ့ဟာဖြစ်တာ ပြန်ထုတ်လိုက်တာ ပျက်တာအဲ့လိုမျိုး ထင်တာအမှန်မှာတော့ မဟုတ်ဘူး အမှန်ကရှူတဲ့အချိန်မှာပဲ ရှူနေလို့မှတ်ဖြစ်တယ်ပျက်တယ် ဖြစ်တယ် ပျက်တယ်ဖြစ်နေရမှာ။ ကျနော်။ ။ ဟုတ်တယ်။ ဦးမောင်မောင်။ ပြန်ထုတ်လိုက်တဲ့အချိန်မှာလည်း ဖြစ်တယ် ပျက်တယ်။ ဖြစ်တယ် ပျက်တယ် နောက်ဆရာပြောတဲ့ စကားခေါင်းထဲမှာလည်းရှိတယ်။ ရှူချင်တဲ့စိတ်။ ရှူထုတ်ချင်တဲ့စိတ် အဲဒါလေးကိုလည်း ကိုယ်ကပြန်ပြီးတော့ လေရှူထုတ်ချင်တဲ့စိတ် တစ်ခုခုမှတ်နေရင်းနဲ့ ဥပမာခြေထောက်ဘက်ကို စိတ် ၀ရောက်သွားတယ် ဆိုလို့ရှိရင် ခြေထောက်လေးက နည်းနည်းလေးမာ…

  • လက်တွေ့ ကြည့်နည်း

    တရားအားထုတ်တယ်ဆိုတာ မျက်စိမှိတ်ပြီး တစ်နေရာရာကို ရောက်သွားဖို့ ကြိုးစားတာမဟုတ်ပါဘူး။ အခု ဖြစ်နေတာကို အခု သိနေဖို့ပါပဲ။ ဖုန်းသုံးနေရင် သုံးနေမှန်းသိပါ၊ လမ်းလျှောက်နေရင် လျှောက်နေမှန်းသိပါ။ အတွေးတစ်ခု ဝင်လာရင် “အတွေးပေါ်လာပြီ” လို့ သိလိုက်ရုံပါပဲ။ အဲဒီအတွေးကို လိုက်မတွေးနဲ့၊ ဖြတ်လည်းမပစ်နဲ့။ ကြည့်နေရင်းနဲ့ပဲ အဲဒီအတွေးဟာ အလိုလို ပျောက်သွားတာကို တွေ့ပါလိမ့်မယ်။ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတဲ့ အရာတွေထဲမှာ “ငါ” ဆိုတာ ဘယ်နားမှာ ပါသလဲလို့ ရှာကြည့်ပါ။ သိနေရုံသက်သက်ကပဲ လွတ်မြောက်မှုရဲ့ အစပါ။

  • အချိန်သီးသန့်ပေး၍ ဖြစ်ပျက်ရှုမှတ်ခြင်း

    ရှေ့မှာ ဖြစ်ပျက်မြင်မှု အကြောင်းကို ရောက်တဲ့အထိ ရေးခဲ့ပြီးပါပြီ။ ဒါဆိုရင်တော့ မိတ်ဆွေ အနေနဲ့ ဒေါသစိတ် ဖြစ်တဲ့အချိန်မှာ ဒေါသစိတ်ကလေးရဲ့ ဖြစ်မှု ပျက်မှုကို သတိထား အာရုံစိုက်ပြီး၊ ဖြစ်သည် ပျက်သည် အမှန်ဖြစ်ကြောင်း ဆင်ခြင်ဖို့ နဲ့ ဖြစ်မှု ပျက်မှု တကယ်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချဖို့ အတွက် ကြိုးစားမှု ပြီးနေပါပြီ။ ဒါကိုပဲ ထပ်ခါ ထပ်ခါ လုပ်ပါ။ ဒေါသစိတ်ကို သတိထားမိပြီ ဆိုရင် ဖြစ်မှု ပျက်မှုကို ရှုနိုင်ပြီ ဆိုရင် လောဘစိတ် ကို ပါ ဖြစ်မှု ပျက်မှု ကိုပါ ဆက်ရှုပါ၊ လောဘစိတ်ကိုပါ ပိုင်နိုင်စွာ သိလာပြီ ဆိုရင်တော့ တခါ တလေမှာ ငါရှုမှတ်နေတယ်၊ ဒီစိတ်ကမြဲတယ် ဆိုပြီး…

  • နေ့စဉ်ဘဝထဲက အနတ္တ

    “ငါ စိတ်ညစ်နေတယ်” လို့ ပြောမယ့်အစား “စိတ်ညစ်တဲ့ ခံစားချက်လေး ဖြစ်နေတယ်” လို့ တစ်ချက်လောက် ပြောင်းစဉ်းစားကြည့်ပါ။ တကယ်တော့ စိတ်ညစ်တာက သူ့အကြောင်းနဲ့သူ ဖြစ်တာပါ။ မိတ်ဆွေက ဖြစ်ခိုင်းလို့ ဖြစ်တာမဟုတ်သလို၊ မဖြစ်နဲ့လို့ တားလို့လည်း မရပါဘူး။ ကိုယ်မပိုင်တဲ့အရာကို “ငါ” လို့ သွားစွဲထားတော့ ပူလောင်ရတာပေါ့။ နေ့စဉ်ဘဝမှာ ကြုံသမျှ အာရုံတွေကို “ငါ့ဟာ” မဟုတ်ဘဲ “သူ့သဘောသူဆောင်နေတဲ့ ဖြစ်စဉ်” လို့ မြင်ကြည့်ပါ။ ဇာတ်ညွှန်းမရှိတဲ့ ပြဇာတ်တစ်ခုကို ထိုင်ကြည့်နေသလိုမျိုးပေါ့။ ဘာမှ ပိုင်ဆိုင်မထားတာကို သိရင် ဘာမှ ဆုံးရှုံးစရာ မရှိတော့ပါဘူး။

  • ဖြစ်ပျက် မြင်ရန် အားထုတ်ခြင်း

    ဒီအပိုင်းမှာတော့ ဥဒယဗ္ဗယဉာဏ် ကနေစပြီး ပြောပြမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဖြစ်ပျက် မြင်တဲ့ဉာဏ် ဆိုပါစို့။ ဒီအပိုင်းမှာ အလျဉ်းသင့်လို့ ပြောရရင် ကျနော့်စာဖတ် ပရိတ်သတ်များထဲမှာ အနတ္တနဲ့ ပါတ်သက်လို့ ကျနော် ရှင်းပြလွန်းလို့ ဉာဏ်ရှင်းပေမယ့် အနိစ္စနဲ့ ပါတ်သက်ပြီး ရှေ့မရောက်တဲ့ သူတွေလဲ ရှိပါတယ်။ အဲဒီတော့ အဲလို မိတ်ဆွေများအတွက် ကျနော် ဖြစ်ပျက် မြင်တဲ့ ဉာဏ်နဲ့ပါတ်သက်လို့ နောက်ပိုင်းမှာ အရေးများမယ်လို့ ပြောချင်ပါတယ်။ ကျနော့်အနေနဲ့က စာရေးတယ် ဆိုရာမှာ အဓိက ဦးတည်ချက်က ကျနော် မသေခင်မှာ သာသနာအတွက် ရေးဖို့ လိုအပ်တာတွေ ရေးသွားမယ် ဆိုတဲ့ စိတ်ကူးနဲ့ ရေးနေခြင်း ဖြစ်ပါတယ်။ အနတ္တနဲ့ပါတ်သက်လို့ ရှင်းပြတာ အတော်နည်းနေတယ်၊ ကျနော်ကိုယ်တိုင်ကလဲ အနတ္တကို ရှင်းလင်းအောင်…

  • အမြင်မှားခြင်း

    ကျွန်တော်တို့ တစ်သက်လုံး ဒုက္ခရောက်နေတာဟာ လူဆိုးမို့လို့မဟုတ်ပါဘူး၊ အမြင်မှားနေလို့ပါ။ အရာရာကို “ငါ” လို့ သတ်မှတ်လိုက်တဲ့အခါ “ငါ့အတွက်” ဆိုတဲ့ လောဘနဲ့ “ငါ့ကို” ဆိုတဲ့ ဒေါသက အလိုလို ပါလာတော့တာပဲ။ သောတာပန်ဖြစ်တယ်ဆိုတာ တစ်ခုခုကို ရယူလိုက်တာမဟုတ်ဘဲ အစွဲတစ်ခုကို စွန့်လွှတ်လိုက်တာပါ။ “ငါ” ဆိုတဲ့ ခိုင်မြဲတဲ့ အနှစ်သာရ ရှိတယ်လို့ ထင်နေတဲ့ အစွဲကြီး ပြုတ်သွားတာကို ဆိုလိုတာပါ။ အရှိကို အရှိအတိုင်း မမြင်သေးသရွေ့ ဘယ်လောက်ပဲ ကောင်းတာတွေလုပ်လုပ် အခြေခံ အမှားကြီးပေါ်မှာပဲ ရပ်တည်နေရသလိုပါပဲ။ ဒါကြောင့် အလုပ်တွေ အများကြီး လုပ်နေတာထက် အမြင်မှန်ဖို့က ပိုအရေးကြီးပါတယ်။ အမှန်တရားဟာ ယုံကြည်ရမယ့်အရာမဟုတ်ဘူး၊ သိရမယ့်အရာပါ။

  • တရားအားထုတ်ခြင်းမှ တပါး အခြားနည်းလမ်းမရှိ

    လောက ဆိုတာသည် ဖြစ်တတ် ပျက်တတ်တဲ့အတွက် လောကလို့ ခေါ်ခြင်း ဖြစ်ပါတယ်။ လောကရဲ့ သဘာဝသည် ဖြစ်ခြင်း ပျက်ခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် မြတ်စွာဘုရားနဲ့ သိကြား ပြောတဲ့ စကားအတိုင်း ပါပဲ။ လူတွေ သတ္တဝါတွေဟာ မိမိကိုယ် မိမိ ကျန်းမာစေကြောင်း ချမ်းသာစေကြောင်း အမြဲပဲ မေတ္တာပို့ကြ ပါတယ်။ ဒါပေမယ့်လည်း တောင်းဆုမပြည့်ဝကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အနှစ်ချုပ်လိုက်ရင် ပပဉ္စ တရားတွေ ဖြစ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိ ကြောင့်ပါပဲ။ လောကမှာ ဘယ်သောအခါမှ တည်မြဲတဲ့ အေးချမ်းမှု စိတ်နှလုံးသာယာမှု ဆိုတာ မရှိပါဘူး။ ဖြစ်သမျှဟာ ပျက်တာချည်းပါပဲ။ ကျနော်တို့က ဗုဒ္ဓဘာသာ နိုင်ငံမှာနေတယ်၊ ဗုဒ္ဓသာသနာရဲ့ အဆုံးအမအောက်မှာ ရှိနေပါလျှက်နဲ့ ဒုက္ခတွေ…