စကားမစပ်ပြောရရင် ဗုဒ္ဓဘာသာဟာ ပညာအားကြီးလွန်းလို့ ယခုခေတ်မှာ တရားရအောင်ဟောဖို့ ခက်ပါတယ်။ မြတ်စွာဘုရားလက်ထက်တော်ဆိုတာကတော့ အကုန်လုံးလိုလိုက တောထွက် တရားကျင့်နေကြတဲ့ခေတ်ပါ။ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာရော လူတွေဟာ ဘဝဟာ အဓိပ္ပါယ်ရှိရမယ် ဘာဖြစ်လိမ့်မယ်ဆိုတာနဲ့ ပါတ်သက်ပြီး အကြီးအကျယ်စိတ်ဝင်စားကြပြီး ရှာဖွေကြတဲ့ခေတ်ပါ။ အနောက်တိုင်းမှာသာ ကလေးတွေလို ဖြစ်နေပြီး အရှေ့တိုင်းမှာတော့ အယူဝါဒပေါင်းစုံနဲ့ အရမ်းစူးစမ်းကြတဲ့ခေတ်ပါ။ အဲဒီခေတ်ကိုအခြေခံထားတဲ့ စာအုပ်တချို့ဖတ်ရင် သူတို့ခေတ်ရဲ့ သဘောကို ဆဝါးမိပါလိမ့်မယ်။ ကျနော်ကတော့ အဖုံးမပါတော့တဲ့ စာအုပ်တအုပ်ထဲမှာ အဲဒီခေတ်ဝန်းကျင်မှာ ရှိနေတဲ့ ပညာရှိသူတော်စင်နှစ်ယောက် တိုင်းပြည်ကိစ္စဝင်ပါကြတာကိုဖတ်ဖူးတယ်။ အတော်ဖတ်လို့ကောင်းတဲ့ စာအုပ်၊ စာအုပ်နာမည် မမှတ်မိတော့ဘူး။ ထားပါတော့ ပြောချင်တာက ဘုရားလက်ထက်က လူတွေဟာ minimalism ရသမျှနဲ့ လုံလောက်အောင် စီမံကြပုံပေါ်ပါတယ်။ အောက်ခြေလူတန်းစားအများစုကိုဆိုလိုတာပါ။ ထားပါတော့ ပြောချင်တာက အဲဒီခေတ်၊ ပညာတတ်အသိုင်းအဝိုင်းကတော့ အများအားဖြင့်…
ဗုဒ္ဓဆိုတာဟာ သိသူလို့ အဓိပ္ပါယ်ရပါတယ်။ မြတ်စွာဘုရား သာသနာဟာ ကြည်ညိုဖို့ ကောင်းပါတယ်။ သဗ္ဗညုတ ဉာဏ်တော်ရဲ့ အစွမ်းဆိုလဲ ဟုတ်ပါတယ်။ ဝိနည်းဆိုရင်လဲ ရှင်သာရိပုတ္တရာက သာသနာ ရှည်ကြာရေး အတွက် ဘာလုပ်ရမလဲ ဆိုတော့ မြတ်စွာဘုရားက ဝိနည်း ပညတ်ရမယ့် အကြောင်း ပြောပါတယ်။ အဲဒီတော့ ရှင်သာရိပုတ္တရာက ဝိနည်း ပညတ်တော်မူပါဆိုတော့ ကျူးလွန်သူ ရှိမှပဲ ပညတ်ရမယ့် အကြောင်း ဟောတော်မူ တယ်။ မြတ်စွာဘုရား ဆိုတာသည် တခွန်းတည်းနဲ့ အမှန်ပြောတတ်သူပါ။ မိရိုးဖလာ ဗုဒ္ဓဘာသာ တချို့က မြတ်စွာဘုရားက သူတို့ကို တန်ခိုးနဲ့ ကယ်မလား မျှော်လင့်နေကြသူတွေ ရှိတယ်။ စိတ်ပျက်စရာ ပုထုဇဉ် ဘဝ တွေပါ။ ထေရဝါဒ ဗုဒ္ဓသာသနာ ကို သန့်စင်အောင် မျှော်လင့်ချက်…
၁။ လောကသည် မြဲသလော။ ၂။ လောကသည် မမြဲသလော။ ၃။ လောကသည် အဆုံးအစ ရှိသလော။ ၄။ လောကသည် အဆုံးအစ မရှိ (အနန္တ) လော။ လောကသည် မြဲသလား ဆိုတဲ့ ကိစ္စမှာ လောက ဆိုတာ သတ္တလောက၊ ဩကာသ လောက၊ သင်္ခါရ လောက ဆိုပြီး သုံးမျိုးရှိပါတယ်။ အဲဒါကို ခွဲခြားမမေးတာက မေးသူရဲ့ ပထမ အမှားပါပဲ။ (ဒါကမဖြေရခြင်း ပထမအချက်) အဲဒီတော့ သတ္တလောက လို့ ပြောမယ် ဆိုရင် တကယ်တော့ သတ္တလောက ဆိုတာက မရှိပါဘူး။ ရုပ်နာမ် သင်္ခါရတရားတွေ ဖြစ်ပျက်နေတာမို့ သင်္ခါရလောကပဲ ရှိပါတယ်။ ဒါပေမယ့် သတ္တလောက ဆိုတာကို ပါယ်လိုက်ရင်လဲ သမုတိ…
သံသရာဝဋ်ဆင်းရဲမှ အပြီးတိုင် လွတ်မြောက်ရေးဟူသော အရိယာအဖြစ်သို့ ရောက်ရှိရန် ရည်မှန်းချက်ဖြင့် တရားအားထုတ်နေကြသော ရဟန်းတော်များအတွက် မိမိခန္ဓာကိုယ်ပေါ်၌ အမှန်တကယ် ဖြစ်ပျက်နေသော သဘောတရားများကို လက်တွေ့ လေ့လာကြည့်ရှုခြင်းသည် တစ်ခုတည်းသော လမ်းစဉ်ဖြစ်ပါသည်။ ထိုသို့ လေ့လာရာတွင် ခန္ဓာကိုယ်၏ “ဖောက်ပြန်ပျက်စီးနေသော” (ရုပ်တရား) များကို မျက်ခြည်မပြတ် စောင့်ကြည့်နေရန်မှာ လွန်စွာ အရေးကြီးလှပါသည်။ အဘယ်ကြောင့် ဤမျှ အရေးကြီးရသနည်းဆိုသည့် အကြောင်းရင်းများကို အောက်ပါအတိုင်း ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်ပါသည်။ ၁။ သက္ကာယဒိဋ္ဌိ (အတ္တအစွဲ) ကို တိုက်ရိုက် ဖြိုခွင်းနိုင်ခြင်း သံသရာတစ်လျှောက်လုံးတွင် လူသားများသည် မိမိတို့၏ ခန္ဓာကိုယ်ကြီးကို “ငါ၏ ကိုယ်၊ ငါ၏ ခြေလက်၊ ငါ၏ အဆင်းသဏ္ဌာန်” ဟု အခိုင်အမာ မှားယွင်းစွာ ယူဆထားခဲ့ကြပါသည်။ ဤသည်မှာ…
ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်ဘဝတွေထဲမှာ တစ်ခါတစ်လေ စိတ်ပင်ပန်းစရာတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတာတွေနဲ့ ယောက်ယက်ခတ်နေတဲ့ ဝေဒနာတွေ ကြုံရတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ “ငါ”၊ “ငါ့ဟာ” ဆိုတဲ့ မှားယွင်းစွာ ကောက်ချက်ချမှု အတ္တအစွဲတွေကို ခဏဖယ်ပြီး၊ မျက်စိ နား စတဲ့ တံခါးပေါက်တွေကနေ အာရုံတွေနဲ့ တိုက်မိတိုင်း ပေါ်လာတဲ့ ဝိဉာဏ် (သိစိတ်) လေးတွေရဲ့ ဖြစ်ပျက်နေတဲ့ သဘာဝ၊ ဘယ်ဟာမှ ငါမဟုတ်တာကြောင့် ငါဆိုတာမရှိတဲ့ သဘာဝကို အရှိကိုအရှိတိုင်း လေ့လာကြည့်လိုက်ရင် စိတ်ထဲမှာ အလိုလို ပေါ့ပါးသွားတာကို ခံစားရပါလိမ့်မယ်။ အရာရာကို “ငါ့ကြောင့်” ဒါမှမဟုတ် “သူ့ကြောင့်” လို့ တစ်ဖက်သတ် အပြစ်မတင်မိတော့ဘဲ ပကတိ အရှိတရားကို ယုတ္တိဗေဒကျကျ နားလည် လက်ခံနိုင်လာတာဟာ စိတ်ငြိမ်းချမ်းမှုရဲ့ အစပဲ ဖြစ်ပါတယ်။ ဒီစာမျက်နှာမှာ…
“ငါ ဆိုတာမရှိဘူးဆိုရင် ဘယ်သူက နိဗ္ဗာန်ရောက်သွားတာလဲ” ဆိုတဲ့ မေးခွန်းဟာ ဝိပဿနာ အားထုတ်သူတွေကြားမှာ အမြဲကြုံရတတ်တဲ့ မေးခွန်းတစ်ခုပါ။ ဒီမေးခွန်းကို ၁ + ၁ = ၂ ဆိုတဲ့ သင်္ချာညီမျှခြင်း (Equation) နဲ့ ရှင်းပြချင်ပါတယ်။ ဒီအကြောင်းအရာကို စာဖတ်သူတိုင်း ရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူ နားလည်နိုင်အောင် အောက်ပါအတိုင်း အဆင့်လိုက် ခွဲခြား တင်ပြပေးလိုက်ပါတယ်။ ညီမျှခြင်းရဲ့ အစိတ်အပိုင်းများကို လေ့လာခြင်း ပထမ ၁ (ဒုက္ခသစ္စာ) – ဒါဟာ အမြဲတမ်းဖြစ်ပေါ်ပျက်စီးနေတဲ့ ရုပ်တရားနဲ့ နာမ်တရား (ရုပ်နာမ်) တွေပဲ ဖြစ်ပါတယ်။ ဒုတိယ ၁ (သမုဒယသစ္စာ) – ဒါဟာ ရုပ်နာမ်တွေအပေါ် တွယ်တာကပ်ငြိနေတဲ့ တဏှာ (နာမ်တရား) ဖြစ်ပါတယ်။ +…
လောကကြီးထဲမှာ မှီတင်းနေထိုင်ကြတဲ့ လူသားတွေ၊ ရဟန်းသံဃာတွေကို ကြည့်လိုက်ရင် အပြင်ပန်း အသွင်အပြင်အားဖြင့်တော့ အားလုံးဟာ တူညီတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေနဲ့ပဲ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းနဲ့ အရှိတရားကို သိမြင်တဲ့ ဉာဏ်အဆင့်မှာတော့ ပုထုဇဉ်နဲ့ အရိယာ ဆိုပြီး ကြီးမားတဲ့ ကွာခြားချက်ကြီး ရှိနေပါတယ်။ ဒီကွာခြားချက်ကို တန်ခိုးပြာဋိဟာတွေ၊ ထူးခြားတဲ့ အလင်းရောင်တွေနဲ့ တိုင်းတာလို့ မရပါဘူး။ ခန္ဓာကိုယ်နဲ့ စိတ်အစဉ်မှာ အစဉ်မပြတ် ဖြစ်ပေါ်နေတဲ့ နာမ်ရုပ်ဖြစ်စဉ်တွေအပေါ် တုံ့ပြန်ပုံကို ကြည့်ပြီး သဘာဝကျကျ ရှင်းရှင်းလင်းလင်း ခွဲခြား သိမြင်နိုင်ပါတယ်။ သိစိတ် (ဝိဉာဏ်) အပေါ် တုံ့ပြန်ပုံ ကွာခြားခြင်း ပုထုဇဉ်နဲ့ အရိယာတို့ရဲ့ အဓိက အကျဆုံး ကွာခြားချက်ဟာ အာရုံတစ်ခုခုနဲ့ တိုက်မိတဲ့အခါ ပေါ်လာတဲ့…
ကျနော့်အနေနဲ့ ကလေးတယောက် ဒီ အဋ္ဌကထာကို ဖြေပြီး ချီးမြှောက်ခြင်းခံရတာနဲ့ပါတ်သက်တဲ့ အမြင်ကို ပြောရရင်တော့ အဲဒါက လူတယောက်ကို ဦးနှောက်ဆေးလိုက်ပြီး ဦးနှောက်အဆေးအခံနိုင်ဆုံးလူကို ဆုချတာပါပဲ။ လူတယောက်ကို ပူနေတဲ့ ထောပတ်အိုးနဲ့ လောင်းရင် သူ့ဟာသူ မေတ္တာမက လို့ ဘာပဲ ရှိရှိ အပူလောင်မှာပါပဲ။ ဒါဟာ ရုပ်ရဲ့ ပထဝီ နဲ့ တေဇော ရဲ့ သဘောပါ။ ဒီသဘောတွေကို ကိုယ့်အလိုကျ စီမံလို့မရဘူးဆိုတာ မြတ်စွာဘုရားဟောတဲ့ အနတ္တတရားပါ။ ဒီတော့ မေတ္တာထားလိုက်လို့ မေတ္တာထားနိုင်လို့ ရုပ်ရဲ့သဘောက အပူခံနိုင်တဲ့ စီလီကွန်ရုပ် အဖြစ်ကို ပြောင်းမသွားပါဘူး။ သီရိမာက ဥတ္တရာကို ဆီပူနဲ့လောင်းချတာ ဥတ္တရာ ဘာမှမဖြစ်ဘူးဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ အဓိပ္ပါယ်လဲ မရှိပါဘူး။ ဒါကိုပဲ မေတ္တာတရားထားနိုင်ရင် ဖြစ်တယ်လို့…
ကျနော်တို့ နိုင်ငံဟာ သာသနာထွန်းကားတယ်ဆိုတဲ့ သဘောနဲ့ ကိုယ့်ဟာကိုယ် ဂုဏ်ယူနေကြသူ များပါတယ်။ ဘုန်းကြီး အရေအတွက် များတာကို၊ ဘုန်းကြီးတွေအတွက် ရုပ်ဝတ္ထုပစ္စည်း တိုးတက်တာကို၊ ဘုန်းကြီးတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်လာတာကိုပဲ “သာသနာ တိုးတက်တယ်” လို့ ထင်နေကြတာက အများစုပါ။ ဘုရားနဲ့ စေတီ အရေအတွက်ကလည်း တစ်နိုင်ငံလုံး အပြည့်ဆိုတော့၊ အမှတ်တမဲ့ ကြည့်လိုက်ရင် နတ်ပြည်တက်မယ့် နိုင်ငံလိုလိုပါပဲ။ ဒါပေမယ့် ‘သာသနာ’ ဆိုတာ တကယ်တော့ အဆုံးအမပဲ ဖြစ်ပါတယ်။ သံသရာဆိုတာက အပြောင်းအပြောင်း အပြန်ပြန် အပါယ်မှာပဲ ကျင်လည်ရတာများတယ်၊ လူပြည် နတ်ပြည်ဆိုတာကလဲ ခဏတာ အနားရယုံပါပဲ၊ ပြီးရင် အပါယ်ပဲ ပြန်ကျကြဦးမှာ ဒါကြောင့် မဂ္ဂင်ရှစ်ပါးဆိုတဲ့ လွတ်လမ်းနဲ့ ကြုံတုန်းမှာ သံသရာက လွတ်အောင် လုပ်ပါ…
သာသနာနဲ့ ပတ်သက်ပြီး ပြောရရင် ပထမဆုံး အချက်က “သာသနာဆိုတာဟာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ဖြစ်ပြီး အဆုံးအမတွေဟာ အပြစ်ကင်းစင်တယ်” ဆိုတာပါပဲ။ သံသရာမှာ တန်ဖိုးအကြီးဆုံးသော၊ လောကသုံးပါးရဲ့ အဖြေဖြစ်သော၊ လောကသုံးပါးမှ လွတ်မြောက်ရာဖြစ်သော၊ သန္တိသုခဖြစ်တဲ့ နိဗ္ဗာန်ကို ညွှန်ပြနိုင်သော တရားတွေဖြစ်တဲ့ ‘သာသနာ’ ဆိုတာဟာ အားလုံးထက် အရေးကြီးပါတယ်။ အခုလက်ရှိမှာ မြတ်စွာဘုရားရဲ့ သាသနာ မဟုတ်တော့ဘဲ ပုထုဇဉ်ဘုန်းကြီးတွေရဲ့ သာသနာ ဖြစ်နေတာကို သဘောပေါက် နားလည်ဖို့ လိုပါတယ်။ ပုထုဇဉ် ဘုန်းကြီးတွေ မြတ်စွာဘုရား တရားတွေကို ထင်သလို ဟောနေတာတွေ၊ ထင်သလို ပြောနေတာတွေ၊ ထင်သလို နေထိုင်တာတွေ… ဒါတွေအားလုံးကို ခြုံကြည့်လိုက်ရင် သာသနာဟာ လုံးဝကို ပျက်စီးပြီး သံသရာက လွတ်လမ်းကို မညွှန်ပြနိုင်တဲ့ အခြေအနေကို…