ဟိုတနေ့က တယောက်က မေးလို့ပါ။ ကျနော်နဲ့ပါတ်သက်ပြီး သောတာပန် မဟုတ်ပဲ သောတာပန်လို့ ပြောထားတယ်။ သောတာပန် ဖြစ်ပြီးမှ သူရာမေယျရ ကျိုးတဲ့အတွက် သောတာပန် မဟုတ်နိုင်ဘူး စသဖြင့် ပြောနေတာတွေ ဆဲဆိုနေတာတွေအတွက် စိတ်မဆိုးဘူးလားလို့ မေးတဲ့အခါကျတော့ စိတ်မဆိုးပါဘူး ဆိုတာလောက်ပဲ ပြောဖြစ်တယ်။ဒါကို မြင်သာအောင် နည်းနည်းပြောပြချင်တာပါ။ လူတယောက်က အလုပ်တွေ ဘာတွေ ကြိုးစားပြီး နှစ်နဲ့ချီ လုပ်တဲ့အခါကျတော့ လုပ်ခတွေ အများကြီးရသွားတယ်။ ဆိုကြပါစို ဒေါ်လာ ဆယ်သန်း ပဲ ဆိုပါစို့။ အဲဒီမှာ သူက နောက်သူနဲ့ အလုပ်လုပ်ရမယ့် သူဋ္ဌေးတွေကို ရည်ရွယ်ပြီး သူ့မှာ ဒေါ်လာ ဆယ်သန်းရှိတယ်လို့ ပြောလိုက်တယ်။ အဲဒီလိုပြောတာက လူအများကြားမှာ ပြောလိုက်တာ ဖြစ်တဲ့အခါကျတော့ ဆင်းရဲသား ဒေါ်လာဆယ်သန်းရဖို့လဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အငုံစိတ်ရှိတဲ့သူတွေ ဒေါ်လာဆယ်သန်းရဖို့လဲ မကြိုးစားချင်တဲ့သူတွေ အားမစိုက်ချင်တဲ့သူတွေက ဒါဟာ မဖြစ်နိုင်ဘူး။ သူဝတ်ထားတဲ့အဝတ်က စုတ်ပြတ်သတ်နေတာပဲ။ သူက ကားလဲ ဝယ်မစီးနိုင်ဘူး။ အစရှိသဖြင့်ပေါ့လေ ဝိုင်းပြီးပြောကြတယ်။ မင်းလို အဝတ်အစားနဲ့ ကောင်မျိုးက ဒေါ်လာဆယ်သန်းရှိတာ မဖြစ်နိုင်ဘူး မင်းက လူလိမ်ဖြစ်ရမယ် အစရှိသဖြင့် ပြောကြတယ် ဆိုပါစို့။ ဒါပေမယ့် ကိုယ့်အိမ်မှာ သို့မဟုတ် ဘဏ်ထဲမှာ ကိုယ့် ချွေးနည်းစာနဲ့ ရိုးရိုးသားသားရှာပြီး ဒေါ်လာဆယ်သန်းရှိနေတဲ့သူ သူလိုပဲ ရှိကြတဲ့ သူဋ္ဌေးတွေ တနေ့နေ့မှာ အလုပ်တွေ လုပ်ဖို့ စဉ်းစားနေတဲ့သူအတွက်က သူတို့ပြောတာတွေ သူတို့က လူလိမ်လို့ စွပ်စွဲနေတာကို ဘယ်လို ခံစားရမယ်ထင်လဲ။ စိတ်တော့ ညစ်တာပေါ့။ ကိုယ်နဲ့ အဆင့်အတန်းမတူတဲ့သူတွေက ကိုယ့်ကို လူလိမ်လို့ပြောကြတာကို စိတ်တော့ ညစ်တာပေါ့။ နားလဲ ညီးတာပေါ့။ ဒါပေမယ့် ပိုက်ဆံက ဘဏ်ထဲမှာ အိမ်ထဲမှာရှိနေတာလေ။ အဲဒီပိုက်ဆံတွေကို ကိုယ်လဲ သုံးနေရတာလေ။ အဲဒီတော့ သူတို့ ပြောသမျှ စွပ်စွဲသမျှ က ကိုယ့်အတွက် ရယ်စရာတွေ ဖြစ်နေတာပေါ့။ သောတာပန် အစစ်ကို သောတာပန်မဟုတ်ဘူးလို့ စွပ်စွဲတဲ့အခါမှာ သောတာပန် အစစ်ရဲ့ ခံစားချက်ကလဲ အဲလိုပါပဲ။ ကိုယ့်ရဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဲ့ အကျိုးအဖြစ် လက်ရှိမှာလဲ အေးငြိမ်းမှု စိတ်ချမ်းသာမှုကို ခံစားနေရတယ်။ အရာအားလုံးက သင်္ခါရဆိုတာသိလို့ ဘာမှလဲ စိတ်ပူပင်စရာမရှိတဲ့ဘဝမို့ အေးချမ်းပါတယ်။ သောတာပန်မှာ ရှိတဲ့ ရွှေအိုးဆိုတာ အဲဒါပါပဲ။ ငွေကြေးတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် စိတ်ချမ်းသာမှုတွေက အလိုရှိတိုင်း ထုတ်သုံးလို့ရနေတယ်။မြတ်စွာဘုရားကိုလဲ တရားကို မြင်လို့ ဘုရားကို မြင်တယ်ဆိုတဲ့သဘောနဲ့ ဖူးရတယ်။ တရားတော်တွေကိုဖတ်လဲ အရသာတွေ သိနေတယ်။ အဲဒီတော့ သူဋ္ဌေးဖြစ်အောင် တကယ်လုပ်မယ့် လူတွေကို ကလျာဏမိတ္တကောင်းအဖြစ် ကူညီရင်း၊ လမ်းဘေးကနေ ထိုင်ဆဲနေတဲ့ တောင်းစားသူများကို သနားရုံအပြင် စိတ်ဆိုးစရာမှ မရှိတာ။ သူတို့ဘဝက ဒီလိုပဲလေ။ ပိုက်ဆံသွားပေးလဲ ဉာဏ်မရှိတော့ မဟုတ်တာတွေလုပ်ရင်း ကုန်သွားမှာပဲလေ။ ဒီတော့ ဥပေက္ခာပြုထားလိုက်တာပေါ့။ တရားနဲ့ပဲ ပျော်မွေ့နေလိုက်တာပေါ့။အဟောသုခံ (ချမ်းသာလေစွ)


Leave a Reply