• လိမ်ဝံ့သော သူ မလုပ်ဝံ့သော အကုသိုလ် မရှိ

    “လိမ်ဝံ့သော သူ မလုပ်ဝံ့သော အကုသိုလ် မရှိ”ဆိုတာ ခြေဆေး ရေအင်တုံ၊ ရေကြွင်းရေကျန် အနည်းငယ်၊ တိုက်ပွဲဝင် မင်းစီးဆင်နဲ့ ဆင်းစီး သရဲကို ဥပမာ ပေးပြီး ရှင် ရာဟုလာရဲ့ အမ္ဗလဌိက ကျောင်းမှာ မြတ်စွာဘုရားရှင် မိန့်ကြားခဲ့တဲ့ သြဝါဒ အနှစ်ချုပ် တစ်ခုပဲ ဖြစ်ပါတယ်။မုသားစကား ပြောသူရဲ့ ကိုယ့်ကျင့်တရား ဆိုတာ ခြေဆေး ရေအင်တုံထဲက ရေကြွင်းရေကျန် အနည်းငယ်လို နည်းနည်းပဲ ရှိတယ်။ ရေအင်တုံထဲက ရေကို စွန့်ပစ်လိုက် သလို သူ့ရဲ့ ကိုယ်ကျင့် တရားကလည်း စွန့်ပစ်ပြီး ဖြစ်နေမယ်။ ဒီအတိုင်းပဲ မှောက်လိုက်တဲ့ ရေအင်တုံလို သူ့ရဲ့ ကိုယ်ကျင့် တရားဟာ မှောက်လျက်သားပဲ ဖြစ်နေမယ်။ ဒီလို မှောက်ပြီး တဖန် ပြန်လှန်ချိန်…

  • ရဟန်းဘဝ၏ နေဝင်ချိန် နှင့် တကယ့်အလုပ်

    လောကကြီးမှာ ဘယ်အရာမှ ထာဝရ မမြဲပါဘူး။ နေမင်းကြီးဟာ မနက်ခင်းမှာ ထွန်းလင်းတောက်ပစွာ ထွက်ပေါ်လာပေမယ့်၊ ညနေချမ်းရောက်ရင်တော့ မှေးမှိန်ငြိမ်းသက်ပြီး နေဝင်သွားရစမြဲပါ။ ဤသဘာဝတရားအတိုင်းပါပဲ၊ လူသားတိုင်းရဲ့ ဘဝဟာလည်း မွေးဖွားခြင်းဆိုတဲ့ အစကနေ သေဆုံးခြင်းဆိုတဲ့ အဆုံးသတ်ဆီကို မလွဲမသွေ ဦးတည်ရွေ့လျားနေကြရပါတယ်။ သင်္ကန်းဝတ်ရုံထားတဲ့ ရဟန်းတော်များရဲ့ ဘဝဟာလည်း ဤဓမ္မတာတရားကနေ ကင်းလွတ်ခွင့် မရှိပါဘူး။ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာတော့ “ရဟန်းဘဝ၏ နေဝင်ချိန်” လို့ ခေါ်ဆိုရမယ့်၊ စုတိစိတ် ကျတော့မယ့်၊ သေဆုံးခြင်းနဲ့ ရင်ဆိုင်ရမယ့် အချိန်ကာလဟာ ဆိုက်ရောက်လာမှာ ဧကန်မလွဲပါပဲ။အဲဒီလို ဘဝရဲ့ နောက်ဆုံးအချိန်၊ သေအံ့ဆဲဆဲ ကာလမှာ ရဟန်းတော်တစ်ပါးအနေနဲ့ မိမိဖြတ်သန်းခဲ့တဲ့ ရဟန်းဘဝတစ်လျှောက်လုံးကို ပြန်လည် စုံစမ်းဆင်ခြင်မိတဲ့အခါ၊ ဘယ်လို ခံစားချက်မျိုးတွေ ပေါ်ပေါက်လာမလဲ ဆိုတာဟာ အင်မတန်မှ အရေးကြီးလှပါတယ်။ ဤဆောင်းပါးဟာ…

  • စိတ်ကူးယဉ်နေသောစိတ် (သညာ) နှင့် အရှိကိုသိသောစိတ် (ဝိဉာဏ်) အကြား ပြတ်သားစွာ ဉာဏ်သွင်းခြင်း

    မိတ်ဆွေ… ဝိပဿနာ တရားအားထုတ်ရာမှာ ယောဂီအများစု အခက်ဲဆုံး ရင်ဆိုင်ရတဲ့ ပြဿနာကတော့ “အတွေး” တွေပါပဲ။ တရားထိုင်ခုံပေါ် ရောက်တာနဲ့ စိတ်က ပစ္စုပ္ပန်မှာ မရှိတော့ဘဲ လွန်ခဲ့တဲ့ အတိတ်က ကိစ္စတွေကို ပြန်တွေးပြီး ပူပန်နေတတ်တယ်။ ဒါမှမဟုတ် မရောက်သေးတဲ့ အနာဂတ်အတွက် လှမ်းပြီး မျှော်လင့်၊ ကြောက်ရွံ့နေတတ်တယ်။ဒီလို အတိတ်၊ အနာဂတ်တွေကို ပြေးလွှားနေတဲ့ စိတ်ကို သေချာ ဓာတ်ခွဲကြည့်မယ်ဆိုရင် အဓိက အလုပ်လုပ်နေတာဟာ “သညာ” လို့ခေါ်တဲ့ မှတ်သားတတ်တဲ့ သဘောတရားပါပဲ။ အဲဒီ သညာရဲ့ လှည့်စားမှုနောက်ကို မပါဘဲ၊ ပစ္စုပ္ပန် တည့်တည့်မှာ လက်တွေ့ ဖြစ်ပေါ်နေတဲ့ အရှိတရားကိုသာ သိနေတဲ့ စိတ်ကတော့ “ဝိဉာဏ်” (သိစိတ်) ဖြစ်ပါတယ်။ဒီဆောင်းပါးမှာ ဇာတ်လမ်းတွေ ဖန်တီးနေတဲ့ “သညာ” နဲ့၊…

  • ဒုက္ခကို သိမ်းပိုက်ခြင်း

    စိတ်ညစ်စရာတွေ၊ အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ ဝိပဿနာ အားထုတ်သူတွေအနေနဲ့ ချက်ချင်း တုံ့ပြန်မပစ်ပါနဲ့။”ငါ စိတ်ညစ်နေပြီ” လို့ ယူလိုက်တာနဲ့ အဲဒီဒုက္ခက ခေါင်းပေါ် ရောက်လာပါတယ်။ တကယ်တော့ စိတ်ညစ်တယ်ဆိုတာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ ခံစားချက် သက်သက်ပါ။ “ငါ” မဟုတ်ပါဘူး။ အဲဒီခံစားချက်လေးကို ပိုင်ရှင်မပါဘဲ ဘေးကနေ ခွာပြီး ကြည့်လိုက်ပါ။ အရှိန်ကုန်ရင် သူ့ဘာသာသူ ပျက်ကျသွားတာကို မြင်ရပါလိမ့်မယ်။ ငါမပိုင်တဲ့အရာကို ငါ့ဟာလုပ်ပြီး ပူလောင်မနေပါနဲ့။ဒီနေ့အတွက် အမေး- ဝင်လာတဲ့ ခံစားချက်တွေကို အိမ်ရှင်နေရာကနေ ဧည့်သည်လို သဘောထားပြီး နှုတ်ဆက်ကြည့်ပါလား?

  • မောဟ (သို့မဟုတ်) ကြောင်တောင်ကန်းနေသော အမှောင်ထု

    “မောဟ” ဆိုတာ အရှိကို အရှိအတိုင်း မမြင်နိုင်အောင် ဖုံးကွယ်ထားတတ်တဲ့ သဘောတရားပါ။ ရိုးရိုးလေး ပြောရရင်တော့ မျက်စိဖွင့်လျက်သားနဲ့ အမှန်ကို မမြင်ရတဲ့ “ကြောင်တောင်ကန်း” ရောဂါဆိုးကြီးပါပဲ။ ရုပ်နာမ်တွေရဲ့ တကယ့် အစစ်အမှန် အရှိတရားကို မောဟက ဘယ်လို ဖုံးကွယ်ထားသလဲ ဆိုတာ ကြည့်ရအောင်။၁။ အနိစ္စကို “နိစ္စ (မြဲတယ်)” ဟု ထင်အောင် လှည့်စားခြင်းရုပ်နာမ်ရဲ့ သဘာဝအမှန်ဟာ “အနိစ္စ” ပါ။ အမြဲတမ်း ဖြစ်ပြီး ပျက်နေပါတယ်။ ဒါပေမယ့် မောဟက “စောစောက ရုပ်နာမ်နဲ့ အခု ရုပ်နာမ် အတူတူပဲ၊ ငါပဲ၊ ခိုင်မြဲတယ်” လို့ ထင်အောင် ဖုံးကွယ်ထားပါတယ်။ဥပမာ- အခု ဒီစာကို ဖတ်နေတဲ့ အချိန်လေးမှာတင် မျက်စိနဲ့ စာလုံးတွေ ထိတိုက်မိလို့ (ဒွါရ…

  • စရိုက် ဝါသနာ

    စရိုက် ဝါသနာ ဆိုတာကို နားလည်ဖို့ဆိုတာက ဘုရားအရာလို့ ထင်မိပါတယ်။ ကျနော်အတွက်က ဘာသာမဲ့ဘဝက လာတယ်၊ ဘာကိုမှ မယုံကြည်တဲ့ အခြေအနေ ကနေလာခဲ့တာမို့ အစစ အရာရာကို စမ်းစစ်ပါတယ်။ ဒီအတိုင်းယုံလိုက်တယ်ဆိုတာ မရှိပါဘူး။ အဲဒီတော့ တရားအားထုတ်တဲ့အခါမှာလဲ အကြိမ်ကြိမ်စမ်းစစ်ခဲ့ပါတယ်။ ဒါပေမယ့် မှတ်မှတ်ရရ ပထမဆုံး ကျနော် တရားနဲ့ပါတ်သက်ပြီး ဒူးထောက်လိုက်ရတာကတော့ အဘိဓမ္မ ဓမ္မသင်္ဂဏီပါ။ အဲဒီမှာ ရုပ်ကို ခွဲခြားပြထားတဲ့ ပုံနဲ့ပါတ်သက်ပြီးတွေ့လိုက်တဲ့အခါမှာတော့ ကျနော် တရားတော်ပေါ်မှာ ဒူးထောက်သွားခဲ့ပါတယ်။ သိပ္ပံပညာရဲ့ ရုပ်နဲ့ပါတ်သက်တဲ့အစွမ်းကို အထင်ကြီးခဲ့တဲ့ ကျနော်ဟာ မြင်အပ်သောရုပ် မမြင်အပ်သောရုပ်ကစပြီး ရုပ်ကို တမျိုးကနေ ဆယ့်တစ်မျိုးထိ ခွဲပြီးပြတဲ့ အဘိဓမ္မ ဓမ္မသင်္ဂဏီကို ဖတ်ပြီးတဲ့အချိန်မှာတော့ အဆင့်အတန်းမြင့်လွန်းတယ် ဒါဟာ ဘုရားပဲ ဖြစ်ရမယ်လို့ စပြီးယုံကြည်ခဲ့ပါတယ်။ အဲဒီအချိန်က…

  • အချိန်နှောင်းမသွားခင် လှည့်ပြန်ခဲ့ပါ

    လောကကြီးမှာ အဖိုးတန်ဆုံးအရာက အချိန်ပါပဲ။ ကုန်လွန်သွားတဲ့ အချိန်တွေကို ဘယ်လိုမှ ပြန်လည် ဝယ်ယူလို့ မရနိုင်ပါဘူး။ အထူးသဖြင့် သာသနာတော်ကြီးနဲ့ ကြုံကြိုက်နေရတဲ့ အချိန်၊ လူ့ဘဝကို ရရှိထားတဲ့ အချိန်၊ တရားအားထုတ်နိုင်စွမ်း ရှိနေသေးတဲ့ အချိန်တွေဟာ တစ်စက္ကန့်လေးမှ အလဟသ မဖြုန်းတီးသင့်တဲ့ အဖိုးတန် ရတနာတွေပါ။ ဒါပေမယ့် ယနေ့ခေတ် သာသနာတော်ရဲ့ ပကတိ အခြေအနေကို အေးအေးသက်သာ၊ တည်တည်ငြိမ်ငြိမ်နဲ့ ဉာဏ်သက်ဝင်ပြီး ကြည့်လိုက်တဲ့အခါမှာတော့ ကျနော်တို့ အားလုံးအတွက် ရင်လေးစရာ၊ သံဝေဂရစရာ အခြေအနေ တစ်ရပ်ကို တွေ့မြင်လာရပါတယ်။ အဲဒါကတော့ သာသနာကို ဦးဆောင်နေကြတဲ့ ရဟန်းတော်များ အများစု (အားလုံးလိုလို) ဟာ တကယ့် လွတ်မြောက်ရေး လမ်းစဉ်ကနေ သွေဖည်ပြီး၊ မူလပန်းတိုင်နဲ့ အလှမ်းဝေးရာကို လျှောက်လှမ်းနေကြခြင်းပဲ ဖြစ်ပါတယ်။ဒီလို…

  • ရှုမှတ်နေသော “သိစိတ်” (ဝိဉာဏ်) ကိုယ်တိုင် ပြန်လည်ချုပ်ငြိမ်းသွားပုံကို စောင့်ကြည့်ခြင်း

    မိတ်ဆွေ… ဝိပဿနာအားထုတ်တဲ့ နေရာမှာ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုတွေကို ရှုမှတ်ရာကနေ၊ စိတ်ကိုရှုမှတ်တဲ့ စိတ္တာနုပဿနာကို ကူးပြောင်းလာတဲ့အခါ ယောဂီတော်တော်များများဟာ အလွန်သိမ်မွေ့တဲ့ ထောင်ချောက်တစ်ခုထဲကို ကျသွားတတ်ပါတယ်။ အဲဒါကတော့ အရှုခံ အာရုံတွေကိုတော့ ဖြစ်ပျက်မြင်ပါရဲ့၊ ဒါပေမဲ့ အဲဒီလို လိုက်ရှုနေတဲ့၊ သိနေတဲ့ ရှုဉာဏ်ကိုကျတော့ “ငါ ရှုနေတယ်၊ ငါ သိနေတယ်” ဆိုပြီး “ရှုမှတ်နေတဲ့ ငါ” ဆိုတဲ့ အစွဲကြီးနဲ့ ပိတ်မိသွားတတ်တာပါပဲ။ဒီစာမျက်နှာရဲ့ ရည်ရွယ်ချက်ဟာ စိတ်သက်သာရာရစေမယ့် အားပေးစကားတွေ ပြောဖို့ မဟုတ်ပါဘူး။ “အရှိကို အရှိအတိုင်း မြင်ဖို့” ဆိုတဲ့ အကြောင်းအရာ တစ်ခုတည်းကိုသာ ဆွေးနွေးမှာပါ။ ဒါကြောင့် ဒီဆောင်းပါးမှာ “ရှုနေတဲ့ ငါ” ဆိုတာ တကယ်မရှိဘဲ၊ စိတ်တွေ ဖြစ်ပြီး ပျက်နေတာကလွဲပြီး ဘာမှမရှိဘူး ဆိုတဲ့…

  • အနတ္တကို မှန်ကန်စွာ လက်တွေ့သုံးခြင်

    “အနတ္တ” ဆိုတာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒကို ရှောင်ကြဉ်ရပါမယ်။ အနတ္တကို သိလို့ ဘာအလုပ်မှ မလုပ်ဘဲ ထိုင်နေရမှာ မဟုတ်ပါဘူး။လောကီမှာဖြစ်စေ၊ လောကုတ်မှာဖြစ်စေ အဓိပတိတရားလေးပါး (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ) နဲ့ ပြည့်စုံရင် မိမိလိုတာ ပြည့်ပါတယ်။ ဒီ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ တို့က ကိုယ်မဟုတ်ဘူးဆိုတာကို သိလျှက်နဲ့ပဲ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို ဒီတရားတွေ အသုံးချပြီး အကောင်းဆုံး ကြိုးစားလုပ်ဆောင်ရပါမယ်။ ဒါပေမဲ့ ထွက်လာမယ့် ရလဒ်ကိုတော့ “ငါ့အလိုကျ အတိအကျ ဖြစ်ရမယ်” ဆိုပြီး သွားမချုပ်ကိုင်တော့တာကို ဆိုလိုတာပါ။ ကြိုးစားမှုက ကိုယ့်အလုပ်၊ ဖြစ်ပေါ်လာမှုက သဘာဝရဲ့ အလုပ်ပါ။ဒီနေ့အတွက် အမေး- အလုပ်ကို အကောင်းဆုံးလုပ်ပြီး…

  • သဗ္ဗေ ဓမ္မာ အနတ္တာ (၂) – အရာရာသည် သဘောတရားမျှသာ

    “အလုံးစုံသော ဓမ္မ (တရား) တို့သည် အနတ္တ ဖြစ်သည်” ဆိုတဲ့ စကားဟာ ဗုဒ္ဓအဆုံးအမရဲ့ အနှစ်သာရ အပြည့်ဝဆုံး စကားရပ်ကြီး ဖြစ်ပါတယ်။လက္ခဏာရေးသုံးပါးကို ကြည့်ရင်-သဗ္ဗေ သင်္ခါရာ အနိစ္စာ: အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ ပြုပြင်ထားသော တရား (သင်္ခါရ) မှန်သမျှဟာ မမြဲဘူး (ပျက်စီးတယ်)။သဗ္ဗေ သင်္ခါရာ ဒုက္ခာ: အဲဒီ သင်္ခါရတရား မှန်သမျှဟာ စက်ဆုပ်စရာ အသုံးမကျတဲ့ ဆင်းရဲဒုက္ခ သက်သက်ပဲ လို့ ဟောပါတယ်။ဒီနှစ်ပါးမှာတင် “ငါ၊ သူ၊ ပုဂ္ဂိုလ်၊ သတ္တဝါ ဆိုတာ မရှိဘူး။ အသက်ဇီဝ မရှိဘူး။ ရုပ်နဲ့ နာမ် သင်္ခါရ တရားတွေ သက်သက်သာ” ဆိုတဲ့ အဓိပ္ပာယ် အပြည့်အဝ ပါဝင်ပြီးသားပါ။ဒါပေမယ့် တတိယ လက္ခဏာဖြစ်တဲ့ “သဗ္ဗေ…