“အနတ္တ” ဆိုတာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒကို ရှောင်ကြဉ်ရပါမယ်။ အနတ္တကို သိလို့ ဘာအလုပ်မှ မလုပ်ဘဲ ထိုင်နေရမှာ မဟုတ်ပါဘူး။လောကီမှာဖြစ်စေ၊ လောကုတ်မှာဖြစ်စေ အဓိပတိတရားလေးပါး (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ) နဲ့ ပြည့်စုံရင် မိမိလိုတာ ပြည့်ပါတယ်။ ဒီ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ တို့က ကိုယ်မဟုတ်ဘူးဆိုတာကို သိလျှက်နဲ့ပဲ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို ဒီတရားတွေ အသုံးချပြီး အကောင်းဆုံး ကြိုးစားလုပ်ဆောင်ရပါမယ်။ ဒါပေမဲ့ ထွက်လာမယ့် ရလဒ်ကိုတော့ “ငါ့အလိုကျ အတိအကျ ဖြစ်ရမယ်” ဆိုပြီး သွားမချုပ်ကိုင်တော့တာကို ဆိုလိုတာပါ။ ကြိုးစားမှုက ကိုယ့်အလုပ်၊ ဖြစ်ပေါ်လာမှုက သဘာဝရဲ့ အလုပ်ပါ။ဒီနေ့အတွက် အမေး- အလုပ်ကို အကောင်းဆုံးလုပ်ပြီး ရလဒ်အပေါ် ပူပန်မှုကိုတော့ လွှတ်ချထားနိုင်ပြီလား?


Leave a Reply

Your email address will not be published. Required fields are marked *