ဦးမောင်မောင်ရဲ့ အယူမှားနဲ့ပါတ်သက်ပြီး အဖြေတခုရှိပါတယ်။ ဦးမောင်မောင် အယူက အာရုံကို အရိပ်လို့ ယူပါလို့ ပြောကြတယ်။ အာရုံ အရိပ်ကို အကောင်ထင်လို့ ပြသနာ တက်တာလို့ ပြောကြတယ်။

ဒါပေမယ့် အဲဒီထဲမှာ ပါနေတဲ့ အာရုံ ဆိုတဲ့ စကားက ပညတ် ဖြစ်နေပါတယ်။ တရားအားထုတ်တဲ့အခါမှာ ပညတ်ကို မရှုရပဲ ပရမတ်ကို ရှုမှ ရပါတယ်။ အဲဒါကြောင့် ဦးမောင်မောင် သာဝကတွေက တရားမရနိုင်ဖြစ်ကြတာပါ။

ဘာကြောင့် အာရုံဆိုတဲ့ စကားက ပညတ်ဖြစ်နေလဲ ဆိုတာကို ရှင်းပြပါ့မယ်။ အာရုံ ဆိုတာက အဆင်း (ရုပ်)၊ အသံ(ရုပ်)၊ အနံ့ (ရုပ်)၊ အရသာ (ရုပ်)၊ အထိအတွေ့ (ရုပ်) နဲ့ ကြံတွေးစရာ (နာမ်) ဖြစ်နေလို့ပါပဲ။ အဲဒီတော့ အာရုံဆိုတဲ့ စကားလုံးဟာ ရုပ် ရော နာမ်ရော ကို တပေါင်းတည်းလုပ်ပြီး ပညတ်တတ်ထားတဲ့ စကားဖြစ်နေတဲ့အတွက် အာရုံ ဆိုတာကို အခြေခံပြီးရှုသမျှဟာ ရုပ်ကို ရှုနေမှန်းမသိ နာမ်ကိုရှုနေမှန်းမသိ ဖြစ်နေကြတဲ့အတွက် တရားရှေ့မတက်နိုင်ကြတာ ဖြစ်ပါတယ်။

တကယ်တော့ တရားရှုတဲ့အခါမှာ သင်္ခါရလောကထဲက ပရမတ္ထတရားတွေ ဖြစ်တဲ့ ရုပ် သို့မဟုတ် စိတ် သို့မဟုတ် စေတသိတ် တမျိုးမျိုးကို ရှုရပါတယ်။ ဒါမှသာ ရုပ်ကိုရှုရင် ရုပ်ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ၊ နာမ် ဖြစ်တဲ့ စိတ်ကိုရှုရင် စိတ်ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ။ စေတသိတ်ကို ရှုရင်တော့ ဝေဒနာ ကိုရှုရင် ဝေဒနာရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ။ သညာ နဲ့ သင်္ခါရ ကိုရှုရင်လဲ သူတို့ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာကို မြင်ရတာပါ။

အဲဒီတော့ ပရမတ်တရားတွေဖြစ်တဲ့ ရုပ်၊ စိတ်၊ စေတသိတ် ကြိုက်ရာ တခုခုကို ရွေးပြီးရှုဖို့လိုပါတယ်။ နှစ်မျိုးစလုံးကို ပေါင်းထားတဲ့ အာရုံဆိုတဲ့ စကားကို ရှုနေရင်တော့ အဲဒီစကားရဲ့ အဓိပ္ပါယ်ထဲမှာကိုက ရုပ်ရောနာမ်ရော ပါနေတာ ဖြစ်တဲ့အတွက် ရုပ်နာမ် ကိုရောရှုနေသလိုဖြစ်ပြီး ရှေ့ကိုတက်နိုင်မှာ မဟုတ်ပါဘူး။

ဒီတော့ ဒီထက်ပိုပြီး လိုက်ရရင် အာရုံ အရိပ် လို့ဆိုတဲ့စကားက ရုပ်နဲ့နာမ်ဟာ အရိပ်ဆိုတဲ့ ဦးမောင်မောင်ရဲ့ အယူမှားနဲ့ပါတ်သက်ပြီး အဖြေတခုရှိပါတယ်။ ဦးမောင်မောင် အယူက အာရုံကို အရိပ်လို့ ယူပါလို့ ပြောကြတယ်။ အာရုံ အရိပ်ကို အကောင်ထင်လို့ ပြသနာ တက်တာလို့ ပြောကြတယ်။ အဲဒီတော့ အဲဒီနေရာမှာ ရုပ်နဲ့နာမ် နှစ်ခုပေါင်းဟာ အကောင်မဟုတ်ဘူးဆိုတာက ရုပ်နာမ်မို့ သတ္တဝါမဟုတ်ဘူးဆိုတာနဲ့ ကိုက်ညီပါတယ်။ အဲဒီတော့ ဒါက မမှားပါဘူး။ ဒါပေမယ့် ရှုတဲ့အခါမှာ ရုပ်ဟာ ဖောက်ပြန်ပျက်စီးတယ်လို့ ရှုရပြီး၊ နာမ်က ဖြစ်ပျက်နေတယ်လို့ ရှုရပါတယ် (အနိစ္စ)၊ ရုပ်ဟာ စက်ဆုပ်စရာအသုံးမကျတာသာ ဖြစ်တယ်။ ဝေဒနာဟာ စက်ဆုပ်စရာ အသုံးမကျတာသာဖြစ်တယ်၊ သညာဟာ စက်ဆုပ်စရာအသုံးမကျတာသာဖြစ်တယ်၊ ဝိဉာဏ်က စက်ဆုပ်စရာအသုံးမကျတာသာဖြစ်တယ်၊ သင်္ခါရသည် စက်ဆုပ်စရာအသုံးမကျတာဖြစ်သည် (ဒုက္ခ)။ ရုပ်သည် အကောင်မဟုတ် (သတ္တဝါမဟုတ်, ငါမဟုတ်)၊ ဝိဉာဏ်သည် အကောင်မဟုတ်(သတ္တဝါမဟုတ်, ငါမဟုတ်)၊ ဝေဒနာသည် အကောင်မဟုတ် (သတ္တဝါမဟုတ်, ငါမဟုတ်)၊ သညာသည် အကောင်မဟုတ် (သတ္တဝါမဟုတ်, ငါမဟုတ်)၊ သင်္ခါရသည် အကောင်မဟုတ်(သတ္တဝါမဟုတ်, ငါမဟုတ်) (အနတ္တ) ဆိုပြီး ခွဲရှုရပါတယ်။ အဲဒါကို ပေါင်းပြီးရှုနေလို့မရပါဘူး။ အဲဒါက အဓိက ပြသနာပါ။ အမှန်တရား နည်းနည်းပါနေတော့ ကိလေသာက နည်းနည်းတော့ သက်သာမှုရပါတယ်။ ဒါကြောင့်လဲ ဦးမောင်မောင် နောက်လိုက်တွေက အကျိုးကျေးဇူးနည်းနည်းရတာပါ။ ဒါပေမယ့် အကျိုးကျေးဇူးအပြည့်ရဖို့ ရုပ်သို့မဟုတ် ဝေဒနာ သို့မဟုတ် ဝိဉာဏ် သို့မဟုတ် သညာ သို့မဟုတ် သင်္ခါရ တခုခုကို ရှုရပါမယ်။ ရောပြီးရှုလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ရုပ်ဟာ ဖောက်ပြန်ပျက်စီးတဲ့သဘောရှိပြီး မမြဲတာဖြစ်ပြီး၊ စိတ်ဟာ ဖြစ်ပြီးပျက်တဲ့သဘောရှိလို့ မမြဲတာ ဖြစ်ပါတယ်။ အဲလိုကွာနေတဲ့အတွက် ရောရှုလို့မရတာပါ။

ဒါပေမယ့် အဲဒီထဲမှာ ပါနေတဲ့ အာရုံ ဆိုတဲ့ စကားက ပညတ် ဖြစ်နေပါတယ်။ တရားအားထုတ်တဲ့အခါမှာ ပညတ်ကို မရှုရပဲ ပရမတ်ကို ရှုမှ ရပါတယ်။ အဲဒါကြောင့် ဦးမောင်မောင် သာဝကတွေက တရားမရနိုင်ဖြစ်ကြတာပါ။

ဘာကြောင့် အာရုံဆိုတဲ့ စကားက ပညတ်ဖြစ်နေလဲ ဆိုတာကို ရှင်းပြပါ့မယ်။ အာရုံ ဆိုတာက အဆင်း (ရုပ်)၊ အသံ(ရုပ်)၊ အနံ့ (ရုပ်)၊ အရသာ (ရုပ်)၊ အထိအတွေ့ (ရုပ်) နဲ့ ကြံတွေးစရာ (နာမ်) ဖြစ်နေလို့ပါပဲ။ အဲဒီတော့ အာရုံဆိုတဲ့ စကားလုံးဟာ ရုပ် ရော နာမ်ရော ကို တပေါင်းတည်းလုပ်ပြီး ပညတ်တတ်ထားတဲ့ စကားဖြစ်နေတဲ့အတွက် အာရုံ ဆိုတာကို အခြေခံပြီးရှုသမျှဟာ ရုပ်ကို ရှုနေမှန်းမသိ နာမ်ကိုရှုနေမှန်းမသိ ဖြစ်နေကြတဲ့အတွက် တရားရှေ့မတက်နိုင်ကြတာ ဖြစ်ပါတယ်။

တကယ်တော့ တရားရှုတဲ့အခါမှာ သင်္ခါရလောကထဲက ပရမတ္ထတရားတွေ ဖြစ်တဲ့ ရုပ် သို့မဟုတ် စိတ် သို့မဟုတ် စေတသိတ် တမျိုးမျိုးကို ရှုရပါတယ်။ ဒါမှသာ ရုပ်ကိုရှုရင် ရုပ်ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ၊ နာမ် ဖြစ်တဲ့ စိတ်ကိုရှုရင် စိတ်ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ။ စေတသိတ်ကို ရှုရင်တော့ ဝေဒနာ ကိုရှုရင် ဝေဒနာရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ။ သညာ နဲ့ သင်္ခါရ ကိုရှုရင်လဲ သူတို့ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာကို မြင်ရတာပါ။

အဲဒီတော့ ပရမတ်တရားတွေဖြစ်တဲ့ ရုပ်၊ စိတ်၊ စေတသိတ် ကြိုက်ရာ တခုခုကို ရွေးပြီးရှုဖို့လိုပါတယ်။ နှစ်မျိုးစလုံးကို ပေါင်းထားတဲ့ အာရုံဆိုတဲ့ စကားကို ရှုနေရင်တော့ အဲဒီစကားရဲ့ အဓိပ္ပါယ်ထဲမှာကိုက ရုပ်ရောနာမ်ရော ပါနေတာ ဖြစ်တဲ့အတွက် ရုပ်နာမ် ကိုရောရှုနေသလိုဖြစ်ပြီး ရှေ့ကိုတက်နိုင်မှာ မဟုတ်ပါဘူး။

ဒီတော့ ဒါကို ဒီထက်ပိုပြီး လိုက်ရရင်တော့ အာရုံ အရိပ်ဆိုတဲ့ စကားက ရုပ် နဲ့ နာမ်ဟာ အရိပ်လို့ ဆိုလိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါက ဘယ်ကလာတာလဲ ဆိုတော့ ရုပ် နာမ် ဟာ အဖြစ်တရား၊ နိဗ္ဗာန်သာလျှင် အရှိတရား ဆိုတဲ့ အယူအဆက လာတာဖြစ်ပါတယ်။ ဒီအယူအဆက အထူးအဆန်းတော့ မဟုတ်ပါဘူး။ လူသိများတဲ့အယူအဆပါ။ အဲဒီစကားကို ဘာကြောင့် တချို့က လက်ခံကြလဲ ဆိုတော့ နာမ်ဟာ ဖြစ်ပြီးပျက်နေတာ ဖြစ်တဲ့အတွက် အဖြစ်တရားသာဖြစ်တယ် အရှိတရားမဟုတ်ဘူးဆိုတဲ့ စကားက လာတာပါ။ အဲဒီမှာ ရှိတဲ့ ပြသနာက နာမ်က ဖြစ်ပျက်နေတာ မှန်ပေမယ့် ရုပ်က ဖောက်ပြန်ပျက်စီးနေတယ် ဆိုတာပါပဲ။ ဖောက်ပြန်ပျက်စီးမှုဆိုတာက ဖောက်ပြန် ပျက်စီးစရာ ရှိလို့သာ ဖောက်ပြန်ပျက်စီးတာ ဖြစ်တာကြောင့် နာမ်ကို အဖြစ်တရားလို့ ဆိုတာကို မငြင်းလို၊ မထောက်ခံလိုပေမယ့်။ ရုပ်ကို အဖြစ်တရားလို့ ပြောတာကတော့ မှားပါတယ်။ ရုပ်က အရှိတရားပါ။ အက်တမ်ဆိုတာတကယ်ရှိတာပါ။ အက်တမ်ဆိုတာ အဖြစ်တရားမဟုတ် အရှိတရားပါ။ ဒါကြောင့် အက်တမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်တွေ အကုန်လုံးက အရှိတရားပါ။ သူရဲ့သဘာဝက ဖောက်ပြန်ပျက်စီးနေတယ်လို့ပဲ ပြောနိုင်ပါတယ်။

ဒီတော့ ပြန်ကောက်ရရင် အာရုံ ဟာအရိပ်ပဲ အဖြစ်တရားပဲ ဆိုတဲ့စကားဟာ ရုပ်ရောနာမ်ရောကို အဖြစ်တရားလို့ပြောတာဖြစ်ပြီး ရုပ်ဟာ အဖြစ်တရာမဟုတ် အရှိတရားဖြစ်တဲ့အတွက် မှားနေပါတယ်။

ဦးမောင်မောင်ရဲ့ အယူကိုလိုက်နေသူတွေထဲမှာ ဉာဏ်ပညာရှိသူတွေ ဉာဏ်ပညာကြီးသူတွေရှိတယ်လို့ နားလည်ထားပါတယ်။ ဒါကြောင့် ကျနော်ပြောတာကို သေသေချာချာ စမ်းစစ်တတ်မယ်လို့ ယုံကြည်ပါတယ်။ ရွေးချယ်မှုက မိတ်ဆွေတို့ရဲ့သဘောပါ။ ဒါပေမယ့် ကျနော့်ဖက်ကတော့ အမှားအမှန်ကို စမ်းစစ်ပြတာကိုလက်ခံမယ်လို့ ယုံကြည်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *