“ငါ စိတ်မညစ်ချင်ဘူး” လို့ တားထားလို့ မရသလို၊ “အမြဲတမ်း ပျော်နေချင်တယ်” လို့လည်း ဆုပ်ကိုင်ထားလို့ မရပါဘူး။ ခံစားချက်တွေဟာ သူ့အကြောင်းနဲ့သူ ပေါ်လာပြီး ပျောက်သွားတာပါ။ ဒါဟာ အနတ္တသဘောပါပဲ။

ဒါပေမဲ့ “အနတ္တ” ဆိုတာဟာ အကြောင်းအကျိုးဆက်စပ် ဖြစ်ပျက်နေမှုတွေပဲ ရှိတယ်။ အဲလို ဖြစ်ပျက်နေမှုထဲမှာ ငါဆိုတဲ့ အတ္တဆိုတာ မပါဘူး၊ ငါဆိုတဲ့ အတ္တဆိုတာ မရှိဘူး။ ငါဆိုတဲ့ ခံစားချက်ကိုယ်တိုင်ကိုက အကြောင်းအကျိုးတွေထဲက ဖြစ်စဉ်တခုပဲဆိုတာကို နားလည်အောင်လုပ်ရတာပါ။

ဒါကြောင့် အရာရာမှာ အကြောင်းနဲ့အကျိုးကို မှန်ကန်စွာသုံးသပ်ပြီး မိမိတို့လိုရာကို ရစေဖို့ အကြောင်းတရားပြုရပါမယ်။ ဒါပေမယ့် ရလာတဲ့ အကျိုးတရားနဲ့ အဲဒီအပေါ်မှာ ဖြစ်ပေါ်လာမယ့် ခံစားချက်တွေကိုတော့ “ငါ့အလိုကျ အတိအကျ ဖြစ်ရမယ်” လို့ သွားမချုပ်ကိုင်ပါနဲ့။ ငါဆိုတာကို ဆုပ်ကိုင်လိုက်တာနဲ့ ပူလောင်မှုတွေက တန်းစီပြီး ဝင်လာတာပါပဲ။

အလုပ်ကို အကောင်းဆုံးကြိုးစားရင်းနဲ့ ပေါ်လာတဲ့ ခံစားချက်တွေကို လွတ်လွတ်လပ်လပ် စီးဆင်းခွင့် ပေးထားလိုက်ရင် မကောင်းဘူးလား?


Leave a Reply

Your email address will not be published. Required fields are marked *