ကျွန်တော်တို့ လူ့ဘောင်လောကမှာ “ဘာသာရေး” (Religion) နဲ့ “လွတ်မြောက်ရေး” (Liberation) ဆိုတဲ့ စကားလုံး နှစ်လုံးကို ရောထွေးနေတတ်ကြတယ်။ အထူးသဖြင့် ကျွန်တော်တို့လို ရိုးရာဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီနှစ်ခုရဲ့ ခြားနားချက်ကို သေချာ မကွဲပြားကြပါဘူး။ မကွဲပြားတဲ့အတွက် ဘာဖြစ်သလဲဆိုတော့ ဆေးရုံသွားပြီး ဆေးမကုဘဲ ဆေးရုံတက်လက်မှတ်လေး ကိုင်ပြီး ပြန်လာသလို ဖြစ်နေကြတယ်။ကျွန်တော် ဒီစာကို ရေးတဲ့ ရည်ရွယ်ချက်က ဝေဖန်ဖို့ သက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဦးနှောက်တွေကို ဆေးကြောဖို့ (Brainwash လုပ်ဖို့) လည်း မဟုတ်ပါဘူး။ ကိုယ်လျှောက်နေတဲ့ လမ်းက ဘယ်ကို ဦးတည်နေသလဲ ဆိုတာကို ပြန်ပြီး သတိကပ်စေချင်လို့ပါ။ဘာသာရေး (Religion) ဆိုတာ ဘာလဲဘာသာရေးဆိုတာ ယဉ်ကျေးမှု တစ်ခုပါ။ လူရိုင်းဘဝကနေ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း…
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အများစုရဲ့ ခေါင်းထဲမှာ စွဲနေတဲ့ အယူအဆတစ်ခု ရှိတယ်။ “သာသနာပြုတယ်” ဆိုရင် ဘုရားတည်မယ်၊ ကျောင်းဆောက်မယ်၊ ရွှေသင်္ကန်းကပ်မယ်၊ ထီးတော်တင်မယ်… ဒါဆိုရင် သာသနာပြုတာပဲလို့ သတ်မှတ်ထားကြတယ်။ ဒါတွေက မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ကုသိုလ်ရလား ဆိုတော့ ရပါတယ်။ ဒါပေမဲ့ ဒါတွေလုပ်ရုံနဲ့ “သာသနာ” ဆိုတဲ့ အနှစ်သာရကို ရပြီလား၊ သာသနာပြုရာ ရောက်ပြီလားဆိုတာကိုတော့ ခွဲခြမ်းစိတ်ဖြာပြီး တွေးကြည့်ဖို့ လိုပါလိမ့်မယ်။သာသနာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကိုက “အဆုံးအမ” (Instruction) ပါ။ ဘယ်သူ့ရဲ့ အဆုံးအမလဲဆိုတော့ သဗ္ဗညုတဉာဏ်ရှင် မြတ်စွာဘုရားရဲ့ အဆုံးအမပါ။ ဘုရားရှင်က ဘာကို ဆုံးမခဲ့တာလဲ။ “ကျောက်ခဲတွေ၊ အုတ်ခဲတွေကို စုပုံပြီး ငါ့ကို ကိုးကွယ်ကြလော့” လို့ ဆုံးမခဲ့တာလား။ လုံးဝ မဟုတ်ပါဘူး။…
မိတ်ဆွေ… မြန်မာနိုင်ငံက ဘုန်းကြီးလောကမှာ ခေတ်အဆက်ဆက် ပြောစမှတ်ပြုလာတဲ့ စကားတစ်ခွန်း ရှိတယ်။ ကြားဖူးကြမှာပါ။ “စာမတတ်ရင် တောထွက်” တဲ့။ဒီစကားရဲ့ အဓိပ္ပာယ်က ဘာလဲ။ စာပေပရိယတ္တိ (စာသင်သားဘဝ) မှာ မအောင်မြင်တော့ဘူး၊ ဉာဏ်မမီတော့ဘူး၊ စာမလိုက်နိုင်တော့ဘူး ဆိုမှ… “တော” လို့ခေါ်တဲ့ တရားအားထုတ်ရာ ရိပ်သာတွေ၊ တောရိပ်တောင်ရိပ်တွေကို သွားရမယ်လို့ ဆိုလိုတာပါ။ တစ်နည်းအားဖြင့် ပြောရရင်… “တရားအားထုတ်တယ် ဆိုတာ အရည်အချင်းညံ့တဲ့ ကိုယ်တော်တွေ၊ စာမတတ်တဲ့ ကိုယ်တော်တွေအတွက် အမှိုက်ပုံနေရာ” လို့ သတ်မှတ်လိုက်တာပါပဲ။ဒါဟာ သာမန်ကာလျှံကာ ပြောတဲ့ စကားလို့ ထင်ရပေမယ့်၊ တကယ်တမ်း တွေးကြည့်ရင် သာသနာတစ်ခုလုံးကို အဆိပ်ခတ်နေတဲ့ အင်မတန် ကြောက်စရာကောင်းတဲ့ “မိစ္ဆာအယူအဆ” တစ်ခု ဖြစ်နေပါတယ်။၁။ စာသင်တိုက်လား၊ မာနစက်ရုံလားဒီနေ့ခေတ် စာသင်တိုက်ကြီးတွေကို လေ့လာကြည့်ပါ။…
လောကတွင် “ဂုဏ်ဆိုသည်မှာ ပုထုဇဉ်တို့၏ ဥစ္စာ” ဟူသော စကားရှိပါသည်။ ပုထုဇဉ်တို့သည် မိမိတို့ ရရှိထားသော ဘွဲ့ထူး၊ ဂုဏ်ထူး၊ ရာထူးဌာနန္တရများကို အနှစ်သာရရှိလှသည်ဟု မှတ်ထင်ကာ ဖက်တွယ်ထားတတ်ကြသဖြင့် ထိုဂုဏ်များကြောင့်ပင် ပူလောင်မှုများ ကြုံတွေ့ကြရပါသည်။အရိယာနှင့် ဂုဏ်၏ ကွာခြားချက်အရိယာသူတော်ကောင်းတို့သည် ခန္ဓာကိုယ်၌ ဖြစ်ပေါ်သမျှသော သဘောတရားတို့သည် ဖြစ်ပြီးလျှင် ပျက်စီးသွားသော “သင်္ခါရတရား” များသာဖြစ်ကြောင်း ခန္ဓာသိဖြင့် ပိုင်းခြားသိမြင်ထားသူများ ဖြစ်ကြသည်။ ထို့ကြောင့် –အရိယာတို့သည် ဂုဏ်အကြီးအငယ်၊ အနိမ့်အမြင့်ကို တွက်ချက်ခြင်း မရှိပါ။လောကဝေါဟာရအရ ပုထုဇဉ်တို့ စိတ်မသက်မသာ မဖြစ်စေရန် ဉာဏ်ဖြင့် ဆင်ခြင်၍ ပြောဆိုဆက်ဆံခြင်းမှတစ်ပါး၊ မိမိကိုယ်တိုင်ကမူ ထိုဂုဏ်များအပေါ် တွယ်တာမှု လုံးဝမရှိပါ။ဤသို့ ဂုဏ်ကို အရှိတရားအဖြစ် မယူဆဘဲ လွတ်ကင်းအောင် နေထိုင်နိုင်ခြင်းကြောင့်ပင် အရိယာတို့သည် အစဉ်အမြဲ အေးချမ်းနေကြခြင်း ဖြစ်ပါသည်။ရဟန်းလောကနှင့်…