လမ်းလျှောက်တဲ့အခါ “ငါ လျှောက်နေတယ်” လို့ ထင်တတ်ကြတယ်။ ထမင်းစားရင်လည်း “ငါ စားနေတယ်” လို့ ယူဆကြပြန်တယ်။
တကယ်တော့ စိတ်ကြောင့် ရုပ်ဖြစ်ပြီး ရုပ်တရားက စိတ်နဲ့ အကြောင်းအကျိုးအနေနဲ့ ရွေ့လျားနေတာပါ။ အဲဒီမှာ “ငါ” ဆိုတဲ့ သက္ကာယဒိဋ္ဌိက နေရာတိုင်းမှာ ဝင်ဝင်ပြီး ပိုင်ရှင်လုပ်နေတာပါ။ ဒီပိုင်ရှင်လုပ်ချင်တဲ့ စိတ်လေးကို ခွာပြီး လှုပ်ရှားမှု သက်သက်ကိုပဲ မြင်အောင် ကြည့်ပါ။ ရုပ်နာမ်တွေက သူ့သဘောသူဆောင်ပြီး အလုပ်လုပ်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါ အနတ္တကို မျက်မြင်ကိုယ်တွေ့ စတင် မြင်လာတာပါပဲ။
ဒီနေ့အတွက် အမေး- ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေထဲမှာ “ငါ” မပါဘဲ သက်သက်လေး ခံစားကြည့်လို့ ရပါသလား?


Leave a Reply