ရဟန်းဘောင်သို့ ဝင်ရောက်လာခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန် (ဝဋ္ဋဒုက္ခတော မောစနတ္ထာယ) သာ ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် တကယ်တမ်း အလိုရှိဆုံးသော ရဟန်းဘဝဆိုသည်မှာ စာအုပ်စာပေများ ကြားထဲတွင်သာ တစ်သက်တာ အချိန်ကုန်လွန်သွားခြင်းမျိုး မဟုတ်ဘဲ၊ သံသရာမှ လွတ်မြောက်ရေးအတွက် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်ကို လက်တွေ့ ကျင့်ကြံအားထုတ်သော ဝိပဿနာဓုရကို ဆိုလိုခြင်း ဖြစ်ပါသည်။ သာသနာတော်၏ အရသာနှင့် မြတ်ဗုဒ္ဓ၏ အလိုဆန္ဒ မြတ်စွာဘုရားရှင်က စူဠဝဂ်ပါဠိတော်၊ ဥပေါသထက္ခန္ဓကတွင် “သမုဒ္ဒရာရေသည် ငန်သော အရသာ တစ်မျိုးတည်းသာ ရှိသကဲ့သို့၊ ငါဘုရား၏ သာသနာတော်သည်လည်း လွတ်မြောက်ခြင်း (ဝိမုတ္တိရသ) အရသာ တစ်မျိုးတည်းသာ ရှိသည်” ဟု အတိအလင်း ဟောကြားတော်မူခဲ့ပါသည်။ ဤအချက်ကို ကြည့်လျှင် မြတ်စွာဘုရားရှင်၏ တစ်ခုတည်းသော အလိုဆန္ဒမှာ…
ဒီတစ်ပတ်လုံး ခံစားချက်တွေအပေါ်မှာ “ငါ” လို့ အထင်မှားနေတာတွေကို လေ့လာခဲ့ကြတယ်။ သောတာပန် ဖြစ်တယ်ဆိုတာ ခံစားချက်တွေ လုံးဝ မရှိတော့တာကို ပြောတာ မဟုတ်ပါဘူး။ ခံစားချက်တွေပေါ်မှာ “ငါ့ခံစားချက်” လို့ ဆုပ်ကိုင်ထားတဲ့ အမြင်မှားလေး ပြုတ်ကျသွားတာပါ။ အဲဒီလို အရှိတရားကို မှန်မှန်ကန်ကန် မြင်သွားတဲ့အခါ ဘဝက အလိုလို ငြိမ်းချမ်းသွားပါတယ်။ ဒီပိတ်ရက်မှာ ဘာကိုမှ အတင်းမပြုပြင်ဘဲ၊ ကိုယ့်ဆီ ဝင်လာတဲ့ ခံစားချက်လေးတွေကို အေးအေးဆေးဆေး သိရုံလေးပဲ သိနေပေးလိုက်ပါ။ ဖြစ်ပြီးပျက်နေတဲ့ သဘောသာရှိတယ်ဆိုတာကို သတိထား ဟုတ်မဟုတ် စစ်ဆေးပြီး၊ လက်ခံနားလည်လိုက်ပါ။ အရာရာကို ငါဆိုတာမရှိဘူးဆိုတာကို ဆင်ခြင်ရင်း၊ ငါ့အလိုကျ မဖြစ်စေချင်တော့တဲ့အခါ စိတ်က ဘယ်လောက်တောင် ပေါ့ပါးသွားသလဲ ဆိုတာ သတိထားမိပါသလား?
အတိတ်က ကိုယ်လုပ်ခဲ့တဲ့ အမှားတွေအတွက် နောင်တရပြီး ပူလောင်နေတတ်ကြတယ်။ ရှေ့ရေးအတွက်လည်း ကြိုပြီး ကြောက်ရွံ့နေတတ်ကြတယ်။ တကယ်တော့ အဲဒီတုန်းက ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ အမှန်တရားကို မသိတဲ့ မောဟကြောင့် အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေချည်းပါပဲ။ “ငါ” က တမင် ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ “သူ”ကလဲ တမင်ဖန်တီးခဲ့တာမဟုတ်ပါဘူး။ ငါသူဆိုတာ မရှိတဲ့အတွက် ငါ နဲ့ သူ ဆိုတဲ့ ရုပ်နာမ်ဖြစ်စဉ်တွေမှာရှိနေတဲ့ စိတ်အညစ်အကြေး ကိလေသာတွေ ကြောင့်ဖြစ်ခဲ့ရတာပါ။ အရာရာဟာ အကြောင်းအကျိုး ဆက်စပ်မှုတွေသာ ဖြစ်ပါတယ်။ ဖြစ်ပြီးသွားတဲ့ ခံစားချက်အဟောင်းတွေကို ပြန်ဆွဲထုတ်ပြီး “ငါ အပြစ်ရှိတယ်” လို့ ဝန်ထုပ်ဝန်ပိုး ထမ်းနေစရာ မလိုတော့ပါဘူး။ မိမိကိုယ်မိမိခွင့်လွှတ်ပါ။ အဲလိုပဲ တပါးသူကိုလဲ…
“ရှေ့ဘဝ၊ နောက်ဘဝနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား မဖြေခဲ့ဘူး” ဆိုတဲ့ စာတချို့ကို ဖတ်ဖူးကြမယ် ထင်ပါတယ်။ ပုဏ္ဏားတစ်ယောက်က “သတ္တဝါသေရင် နောက်ဘဝ ထပ်ဖြစ်သေးသလား” စသဖြင့် မေးတဲ့အခါ မြတ်စွာဘုရားက ဘယ်အယူအဆကိုမှ လက်မခံဘဲ ဆိတ်ဆိတ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဏ္ဏားက “သတ္တဝါ” ဆိုတဲ့ အသုံးအနှုန်းနဲ့ မေးထားလို့ပါ။ တကယ်တမ်း မရှိတဲ့ ‘သတ္တဝါ’ ကို အတည်ပြုပြီး မေးနေတာဖြစ်လို့ မဖြေခဲ့တာပါ။ အဓိက ရည်ရွယ်ချက်ကတော့ အဲဒီပုဏ္ဏားကို အယူမှားကနေ လွတ်မြောက်ပြီး တရားရစေချင်လို့ပဲ ဖြစ်ပါတယ်။ ကျနော် ငယ်ငယ်တုန်းကတော့ အဲဒီစာကို ဖတ်ပြီး သိပ်သဘောမကျဘဲ အားမလိုအားမရ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ လူတွေ နားလည်ထားကြတဲ့ “ဘဝ” ဆိုတဲ့ အထင်အမြင်နဲ့ ပတ်သက်ပြီး ကျနော်…
ပိတ်ရက် မနက်ခင်းမှာ ပူပူနွေးနွေး ကော်ဖီလေး တစ်ခွက်သောက်ရင်း သက်တောင့်သက်သာ ဖြစ်နေတဲ့ အချိန်လေးပါ။ ဒီလိုအချိန်မှာ “ငါ သောက်နေတယ်၊ ငါ အနားရနေတယ်၊ ငါ ပေါ့ပါးနေတယ်” ဆိုပြီး အဲဒီခံစားချက်ပေါ်မှာ အလိုလို ပိုင်ရှင် ဝင်လုပ်မိတတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီ အေးချမ်းပေါ့ပါးတဲ့ အခိုက်အတန့်လေးကို သတိလေးကပ်ပြီး တည့်တည့် စောင့်ကြည့်လိုက်ပါ။ တကယ်တမ်း အလုပ်လုပ်သွားတာက ကော်ဖီရဲ့ အရသာကို သိလိုက်တဲ့ သိစိတ် (ဝိဉာဏ်) ကလေးရယ်၊ ပေါ့ပါးတယ်လို့ ခံစားလိုက်ရတဲ့ နာမ်တရားလေးရယ်ပဲ ဖြစ်ပါတယ်။ အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်လာတယ်။ ပြီးရင် သူ့သဘာဝအတိုင်း ပြန်ပျက်သွားတယ်။ ဒီဖြစ်စဉ်ကြီး တစ်ခုလုံးမှာ “ငါ” ဆိုတဲ့ ပိုင်ရှင် လုံးဝ မရှိပါဘူး။ ကောင်းတဲ့ ခံစားချက်ကို “ငါ” လို့…
တရားအားထုတ်တယ်ဆိုတာ အတင်းအဓမ္မ တစ်ခုခုကို ဖန်တီးယူနေတာ မဟုတ်ပါဘူး။ ပေါ်လာသမျှကို ဝင်မစွက်ဖက်ဘဲ ကြည့်နေတတ်တဲ့ အလေ့အကျင့်ကို လုပ်တာပါ။ အတွေးဝင်လာရင်လည်း မတားနဲ့၊ နာကျင်လာရင်လည်း အတင်း မဖျောက်နဲ့။ သူတို့ဟာ အနိစ္စသဘောအရ ပေါ်လာပြီးရင် သူတို့ဖာသာ ပျက်သွားမယ့် အရာတွေချည်းပါပဲ။ ဘေးကနေ ပွဲကြည့်ပရိသတ်လို အေးအေးဆေးဆေး စောင့်ကြည့်နေတတ်ဖို့ပဲ လိုပါတယ်။ ကြားထဲက ဝင်မပါလေလေ၊ မမြဲဘူးဆိုတဲ့ အမှန်တရားကို ပိုမြင်လေလေပါပဲ။ဒီနေ့အတွက် အမေး- အရာရာကို ပြုပြင်ချင်နေတဲ့ စိတ်ကို ခဏလောက် အနားပေးထားလိုက်ရင် မကောင်းဘူးလား?
ဝိပဿနာ အားထုတ်သူတွေအတွက် နေ့စဉ်ဘဝမှာ “အနတ္တ” ကို သိဖို့ အရမ်းအရေးကြီးပါတယ်။ ဒီနေရာမှာ “အနတ္တ” ဆိုတာဟာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒကို ရှောင်ကြဉ်ရပါမယ်။ အနတ္တကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲ ထိုင်နေရမှာ မဟုတ်ပါဘူး။ လောကီကိစ္စတွေမှာ အဓိပတိတရားလေးပါး (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ) နဲ့ ပြည့်စုံရင် မိမိလိုတာ ပြည့်တယ် ဆိုတာကို လက်ခံပြီး အကောင်းဆုံး ကြိုးစားရပါမယ်။ ဒါပေမဲ့ အလုပ်ကိုသာ အကောင်းဆုံး လုပ်ပြီး၊ ရလဒ်ကိုတော့ “ငါ့အလိုကျ အတိအကျ ဖြစ်ရမယ်” လို့ သွားမချုပ်ကိုင်တာကမှ အနတ္တကို လက်တွေ့ကျင့်သုံးတာပါ။ အကြောင်းတရားကို ကိုယ်ကဖန်တီးပြီး၊ အကျိုးတရားကို သူ့သဘောသူဆောင် ထွက်လာခွင့် ပေးလိုက်တာပါ။ အဲဒီလို နေတတ်ရင်…
ကျနော်တို့ မြန်မာလူမျိုး အများစုရဲ့ စိတ်ထဲမှာ အမြစ်တွယ်နေတဲ့ အကြီးမားဆုံး အမှားတစ်ခု ရှိတယ်။ အဲဒါကတော့ “ကံ” (Karma) ကို ဖန်ဆင်းရှင် (God) တစ်ပါးလို သဘောထားပြီး အရာရာကို ကံအပေါ် ပုံချချင်တဲ့ စိတ်ပါပဲ။ “ကံပါရင် ဖြစ်လာမှာပေါ့လေ”“ကံ မပါလို့ မအောင်မြင်တာပါ”“အတိတ်ကံ မကောင်းခဲ့လို့ ဒီဘဝ ဒီလိုဖြစ်ရတာပါ” ဒီလို စကားတွေဟာ နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ စကားတွေပါ။ တကယ်တော့ ဒီလို တွေးခေါ်မှုဟာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ အကြောင်းအကျိုး (Cause and Effect) သဘောတရားကို လွဲမှားစွာ ကောက်ယူထားတာ ဖြစ်သလို၊ လက်တွေ့ဘဝမှာရော၊ လွတ်မြောက်ရေး လမ်းစဉ်မှာပါ လူတွေကို ပျင်းရိသွားစေတဲ့၊ တာဝန်မဲ့သွားစေတဲ့ အဆိပ်အတောက် တစ်ခုလည်း ဖြစ်ပါတယ်။ ကံ…
စနေနေ့ ရုံးပိတ်ရက် အားလပ်ချိန်လေးမှာ ကျနော်တို့ ဘဝတွေ သံသရာထဲကနေ လွတ်မြောက်ဖို့အတွက် အဓိက အဟန့်အတားဖြစ်နေတဲ့ အယူမှား၊ အမြင်မှား (ဒိဋ္ဌိ) သုံးမျိုးအကြောင်းကို ဆွေးနွေးတင်ပြချင်ပါတယ်။ ကျနော် ရေးတဲ့စာတွေရဲ့ မဟာဗျူဟာကတော့ လူ၊ ရဟန်း အရိယာတွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပဲ ဖြစ်ပါတယ်။ သောတာပန် ခရီးသည်တွေအဖို့ ပထမဆုံးနဲ့ အရေးအကြီးဆုံး ဖြတ်ကျော်ရမယ့် တံခါးဟာ ဒီအမြင်မှားတွေကို ဖယ်ရှားနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ နဲ့ ဥစ္ဆေဒဒိဋ္ဌိ ဆိုတဲ့ ဒိဋ္ဌိကြီး သုံးခုအကြောင်းကို ပညတ်၊ ပရမတ် ခွဲခြားပြီး ရှင်းလင်းတင်ပြသွားပါမယ်။၁။ သက္ကာယဒိဋ္ဌိ (ငါဟု စွဲလမ်းသောအယူ)ပထမဆုံးအနေနဲ့ သက္ကာယဒိဋ္ဌိ အကြောင်းကို ကြည့်ရအောင်။ သက္ကာယဒိဋ္ဌိ ဆိုတာကတော့ ကျနော်တို့…
သိခြင်းတွေရဲ့အဆုံးသတ်ကြည်ညိုခြင်းတွေရဲ့ နှလုံးသားမြင့်မြတ်တယ် ဆိုရမှာတောင်ဘာသာဗေဒက မမှီလောကဆိုတာကို ငြင်းပါယ်သွားပြီးအကောင်းဆုံးပါဆိုတဲ့ အသံလောကမှာ ဟိန်းဟိန်းညံနေတဲ့အချိန်မဟာဂရုဏာက မိန့်တော်မူတယ်လောကအလွန်ဟာ သန္တိသုခတဲ့ဝိသင်္ခါရတဲ့ အသင်္ခတတဲ့အရှင်ဘုရားရယ် မရှိတဲ့သညာနဲ့တရားကို မြင်မိလေတော့အသွေးအသားတွေ အကုန်လုံးနဲ့လွမ်းမိတာ လှူချင်မိတာမရှောင်နိုင်သေးလို့ပါ ဘုရား…တပည့်တော်လေ ခြေရာတော်နောက်လိုက်ခဲ့ပါမယ်လို့ပဲ လျှောက်ပါရစေတော့။ ။