-
“ပရမတ္ထ အနတ္တ” – ဒီစကားလေးကတော့ ကျွန်တော့်ရဲ့ ဓမ္မမိတ်ဆွေ၊ ဆရာသမားတစ်ဦးက ဆုံးမခဲ့တဲ့ စကားပါ။ သူက ကျွန်တော့်ထက် အသက် ၂၀ နီးပါး ငယ်ပေမယ့်၊ တရားအတူ ဆွေးနွေးအားထုတ်ရင်းကနေ သူက ဆရာကောင်းနဲ့ တွေ့ပြီး ပုထုဇဉ်ဘဝကို ဖြတ်ကျော်ကာ အရိယာအနွယ်ဝင် ဖြစ်သွားခဲ့ပါတယ်။ သူ အဆင်ပြေသွားတဲ့ အတွေ့အကြုံတွေကို ပြောပြတဲ့အထဲမှာ ကျွန်တော့်အတွက် အရေးအကြီးဆုံး ဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကတော့ “ရှုဉာဏ်ကိုပါ ပြန်ရှုဖို့” ဆိုတဲ့ အချက်ပါပဲ။ လူတွေဟာ လိုချင်တပ်မက်မှု (တဏှာ) အပေါ်မှာ “ငါ လိုချင်တယ်” လို့ အစွဲ (ဒိဋ္ဌိ) ကပ်တတ်သလိုပဲ၊ တရားရှုမှတ်နေတဲ့ အချိန်မှာလည်း “ငါ သိနေပြီ၊ ငါ့ဉာဏ်တွေ တက်လာပြီ” ဆိုပြီး ‘ရှုဉာဏ်’ အပေါ်မှာလည်း…
-
လောကမှာ “ကျေးဇူးတရား” ဆိုတာနဲ့ ပတ်သက်လာရင် မြတ်စွာဘုရားရဲ့ မူလကျေးဇူးတော်နဲ့ သာသနာတွင်းက ရဟန်းတွေရဲ့ ကျေးဇူးဆိုတာကို ကွဲကွဲပြားပြား နားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။ ၁။ ဘုရားရှင်၏ ကြီးမားလှသော ရင်းနှီးမြှုပ်နှံမှု မြတ်စွာဘုရားရှင်ဆိုတာ လွန်ခဲ့တဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းက သာမန် ပုထုဇဉ် ယောက်ျားကောင်း တစ်ယောက်ပါပဲ။ အဲဒီအချိန်က ပွင့်တော်မူတဲ့ ဘုရားရှင်လက်ထက်မှာ သူဟာ ဉာဏ်ပညာ အရမ်းထက်မြက်ပြီး ခန္ဓာရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားတွေကို အလွယ်တကူ ထိုးထွင်းသိမြင်နိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် “ငါတစ်ယောက်တည်း လွတ်မြောက်သွားတာထက်၊ သတ္တဝါတွေကိုပါ သံသရာတစ်ဖက်ကမ်းကို ခေါ်ဆောင်သွားမယ်” ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒ၊ မလျှော့သော ဝီရိယ တို့နဲ့ ဘုရားဆုကို ပန်ခဲ့ပါတယ်။ နောက်ဆုံးဘဝကို ရောက်တဲ့အခါမှာလည်း…
-
“ဒိဋ္ဌိ” ဆိုတာ အယူအဆ (View) ကို ခေါ်တာပါ။ သမ္မာဒိဋ္ဌိ ဆိုရင် မှန်ကန်တဲ့အယူ၊ မိစ္ဆာဒိဋ္ဌိ ဆိုရင် မှားယွင်းတဲ့အယူပေါ့။ ဒါပေမဲ့ ကျနော်တို့ တရားအားထုတ်တဲ့ နေရာမှာ အဓိက တိုက်ထုတ်ရမယ့် “ဒိဋ္ဌိ” ဆိုတာကတော့ “ငါ၊ သူ၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အသက်လိပ်ပြာ” လို့ အခိုင်အမာ ယုံကြည်စွဲလမ်းနေတဲ့ “သက္ကာယဒိဋ္ဌိ” (အမြင်မှား) ကို အဓိက ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအမြင်မှားကြီး ရှိနေသရွေ့ “ငါ လိုချင်တယ်” ဆိုတဲ့ ကာမတဏှာ၊ “ငါ ဖြစ်ချင်တယ်” ဆိုတဲ့ ဘဝတဏှာ တွေက သံသရာထဲကနေ မထွက်နိုင်အောင် ချည်နှောင်ထားမှာပါ။ ဒုက္ခတွေ အရမ်းများလာတဲ့ အခါကျရင်လည်း “သေရင် ပြီးတာပဲ၊…
-
ဒီတစ်ပတ်လုံး မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကနေ ဝင်လာတဲ့ အာရုံတွေအပေါ်မှာ ဘယ်လို မှန်မှန်ကန်ကန် ရှုမြင်ရမလဲ ဆိုတာကို လေ့လာခဲ့ကြတယ်။ တရားဆိုတာ မျက်စိမှိတ်ပြီး အေးချမ်းတဲ့ နေရာမှာ ထိုင်နေမှ ရတာမဟုတ်ပါဘူး။ နေ့စဉ် ကြုံတွေ့နေရတဲ့ အာရုံတွေအပေါ်မှာ ငါဆိုတဲ့ အစွဲမပါဘဲ အရှိကို အရှိအတိုင်း ဖြတ်သန်းသွားနိုင်တာဟာ တကယ့် လွတ်မြောက်မှုပါပဲ။ လူ၊ ရဟန်း အရိယာတတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးဟာ ဒီလို ရိုးရှင်းတဲ့ အရှိတရားကို မြင်အောင် ကြည့်ခြင်းကနေ စတင်ရတာပါ။ ဒီပိတ်ရက်မှာတော့ အတင်းအဓမ္မ ဘာမှ မလုပ်ပါနဲ့။ ပတ်ဝန်းကျင်က အသံတွေ၊ မြင်ကွင်းတွေကို သက်တောင့်သက်သာလေးနဲ့ အသိသက်သက်လေးနဲ့သာ ခံစားကြည့်လိုက်ပါ။ ဒီနေ့အတွက် အမေး – အာရုံတွေ ဝင်လာတိုင်း…
-
အခုခေတ်မှာ “ဘာသာရေးမှိုင်း” ဆိုတဲ့ စကားလုံးကို တော်တော်များများ သုံးလာကြပါတယ်။ “ဘာသာတရား မှန်သမျှဟာ လူတွေကို မှိုင်းသွင်းထားတာ၊ အလိမ်အညာ ‘ဂျင်း’ တွေချည်းပဲ” လို့ ယူဆပြီး ဘာသာတရားတွေကနေ ရုန်းထွက်ဖို့၊ အစွဲအလမ်းတွေ အကုန်စွန့်ဖို့ ကြိုးစားလာကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ “ဗုဒ္ဓဘာသာကတော့ အမှန်ပါ၊ တခြားဘာသာတွေကတော့ အယူမှားတွေ၊ ဂျင်းတွေပါ” လို့ သွားပြောရင် တဖက်သတ်ဆန်တယ်လို့ပဲ အမြင်ခံရမှာပါ။ ဒါကြောင့် ဘာသာမဲ့၊ Freethinker၊ အစွန်းရောက် လစ်ဘရယ် တစ်ယောက်ဘဝနဲ့ ဘာသာတရားတွေကို ဘယ်လို လေ့လာဆန်းစစ်ခဲ့သလဲ ဆိုတာကို အတွေ့အကြုံအရ မျှဝေချင်ပါတယ်။ Freethinker တစ်ယောက်၏ ဘာသာတရားများအပေါ် အမြင် Freethinker (လွတ်လပ်စွာ တွေးခေါ်သူ) ဆိုတာ ဘာသာရေး အယူဝါဒ မှန်သမျှကို ဘေးဖယ်ထားသူတွေပါ။…
-
သာသနာ ဆိုတာဟာ တကယ်တော့ သံသရာက လွတ်ကြောင်းကို အားထုတ်ဖို့ ဆုံးမထားတာ ဖြစ်တဲ့အတွက် သာသနာမှာ ပါဝင်တဲ့ ဘိက္ခု (ရဟန်း)၊ ဥပါသကာ၊ ဥပါသိကာ တို့ကို မိတ်ဆွေတို့ မြင်ဖူးနေတဲ့ တရားအားထုတ် တဲ့ ရိပ်သာ သဘောမျိုး မြင်ကြည့်လို့ရပါတယ်။ တရားရိပ်သာ တခုမှာ ဝေယျာဝစ္စ လုပ်ကြတဲ့ လူတွေ ရှိပါတယ်။ အလှူရှင်တွေ ရှိပါတယ်။ တရားလာအားထုတ် ကြတဲ့ ယောဂီတွေ ရှိပါတယ်။ တရားပြဆရာတွေ ရှိပါတယ်။ အဲဒီတော့ ဒါကို သာသနာနဲ့ နှိုင်းယှဉ်ကြည့် လိုက်မယ် ဆိုရင်၊ သာသနာမှာ ဘိက္ခု(ရဟန်း) ဆိုတာဟာ တရားအားထုတ်မယ်ဆိုပြီး ရိပ်သာ ဝင်လာတဲ့ ယောဂီ ပါ။ ဝိနည်းဆိုတာက ယောဂီ စည်းကမ်းပါ။ တရားပြဆရာဆိုတာကတော့ အရိယာ…
-
တရားအားထုတ်တဲ့အခါမှာ အများအားဖြင့် အနိစ္စ (မမြဲခြင်း) လက္ခဏာကို အဓိကထားပြီး ရှုခိုင်းလေ့ရှိပါတယ်။ အနိစ္စကို တကယ်မြင်ရင် ဒုက္ခ (ဆင်းရဲခြင်း) နဲ့ အနတ္တ (ကိုယ်မဟုတ်ခြင်း) ကိုပါ တဆက်တည်း မြင်နိုင်လို့ပါပဲ။ ဆရာတော်ကြီးတွေကလည်း ဖြစ်ပျက် (ဖြစ်ခြင်း၊ ပျက်ခြင်း) ကို မြင်အောင်ကြည့်ပါ၊ အပျက်ကို မြင်အောင်ကြည့်ပါလို့ အကြိမ်ကြိမ် ဟောကြားလေ့ရှိပါတယ်။ ရုပ်နာမ်ကွဲတဲ့ဉာဏ် (နာမရူပပရိစ္ဆေဒဉာဏ်) နဲ့ ကြောင်းကျိုးသိမ်းဆည်းသိတဲ့ဉာဏ် (ပစ္စယပရိဂ္ဂဟဉာဏ်) ရပြီဆိုရင် ဖြစ်ပျက်ကို စရှုရတော့တာပါပဲ။ ဖြစ်ပျက်ရှုတယ်ဆိုတာ တကယ်တော့ အပျက်ကိုမြင်ပြီး “မမြဲပါလား” လို့ အနိစ္စလို့ သမ္မာဒိဋ္ဌိ (အမြင်မှန်) နဲ့ သမ္မာသင်္ကပ္ပ (အကြံမှန်) ဖြစ်အောင် အားထုတ်တာပါ။ ကြိုးစားအားထုတ်မှု (သမ္မာဝါယမ)၊ သတိကပ်မှု (သမ္မာသတိ) နဲ့ တည်ကြည်မှု (သမ္မာသမာဓိ)…
-
ကျွန်တော်တို့ဟာ မနေ့က အမြင်မကြည်ခဲ့တဲ့ သူတစ်ယောက်ရဲ့ မျက်နှာကို ပြန်တွေးပြီး ဒီနေ့အထိ ဒေါသထွက်နေတတ်ကြတယ်။ မနက်ဖြန် ဘာတွေ ကြုံရမလဲဆိုပြီး ကြိုတွေး ကြောက်နေတတ်ကြတယ်။ တကယ်တော့ အဲဒီတုန်းက ဖြစ်ခဲ့တဲ့ မြင်ခြင်း၊ ကြားခြင်း၊ ထိတွေ့ခြင်းတွေဟာ အဲဒီအချိန်မှာတင် ချုပ်ငြိမ်းပြီး သွားပါပြီ။ ဆင်းရဲဒုက္ခဆိုတာ အမှန်တရားကို မသိတဲ့ အဝိဇ္ဇာကြောင့်သာ အသေကောင်ကို ပိုက်ပြီး ဆက်လောင်ကျွမ်းနေတာပါ။ လွန်သွားတဲ့ အာရုံတွေမှာ “ငါ” မရှိတော့သလို၊ မရောက်သေးတဲ့ အနာဂတ်အတွက်လည်း “ငါ” ဆိုတာ တကယ် မရှိပါဘူး။ ဖြစ်ရပ်တိုင်းဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာပြီး ပျက်သွားတဲ့ ဖြစ်စဉ်တွေချည်းပါပဲ။ အဲဒီလို နားလည်လိုက်ရင် ကြောက်စရာလည်း မရှိတော့ဘူး၊ နောင်တရပြီး ဝန်ထုတ်ဝန်ပိုး ထမ်းထားစရာလည်း မလိုတော့ပါဘူး။ ဒီနေ့အတွက် အမေး –…
-
အပိုင်း (၁) မှာ တရားအားထုတ်ခြင်းရဲ့ အခြေခံ သဘောတရားတွေကို လောကဝေါဟာရ (ပညတ်) တွေနဲ့ ရောနှော ရှင်းပြခဲ့ပါတယ်။ ဒီအပိုင်း (၂) မှာတော့ “တရားအားထုတ်တယ်ဆိုတာ တကယ်တမ်း ဘာဖြစ်သွားတာလဲ” ဆိုတာကို ဒိဋ္ဌိ အတော်အသင့် ပြုတ်ပြီးသား၊ ပရမတ်အမြင်ကို နားလည်ပြီးသား ယောဂီတွေအတွက် အရှိတရားသက်သက် (ပရမတ်) အမြင်နဲ့ သီးသန့် ရှင်းပြပါမယ်။ လောက နှင့် လောကအလွန် “လောက” ဆိုတာ ဖြစ်တတ်၊ ပျက်တတ်လို့ လောကလို့ ခေါ်တာပါ။ လောက (ဖြစ်ပျက်နေသောအရာ) နဲ့ လောကအလွန် (ဖြစ်ပျက်ခြင်း ကင်းသောအရာ) ဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်။ အဲဒီ နှစ်မျိုးစလုံးမှာ “တရား” (သဘာဝတရား) တွေချည်းသာ ရှိပါတယ်။ လောက (သင်္ခါရလောက):…
-
ဗုဒ္ဓအဆုံးအမဆိုတာ အင်မတန် လက်တွေ့ကျပါတယ်။ မျက်စိမှိတ် ယုံကြည်ရတဲ့၊ မမြင်ရတာတွေကို ခန့်မှန်းကြည်ညိုနေရတဲ့ အလကားပေး ယုံကြည်မှုမျိုး မဟုတ်ပါဘူး။ အရာရာကို အကြောင်းအကျိုးနဲ့ မေးခွန်းထုတ်ခွင့်၊ စမ်းသပ်ခွင့် ရှိပါတယ်။ မြတ်စွာဘုရားဟာ “တခွန်းတည်းနှင့် အမြဲမှန်သော စကားကိုသာ ဆိုလေ့ရှိတယ်” ဆိုတဲ့ ဂုဏ်တော်နဲ့အညီ၊ သဗ္ဗညုတဉာဏ်တော်အစွမ်းနဲ့ သတ္တဝါတွေ သံသရာက လွတ်မြောက်ရေးကိုသာ အဓိကထား လမ်းညွှန်ခဲ့တာပါ။ ဒီနေရာမှာ အမြစ်တွယ်နေတဲ့ အယူအမှားတချို့ကို အရင်ရှင်းလင်းဖို့ လိုပါတယ်။ သာသနာ ၂၅၀၀ ပါ၊ ၅၀၀၀ ပါ ဆိုတဲ့ သက်တမ်းသတ်မှတ်ချက်တွေဟာ ဘုရားဟော လုံးဝ မဟုတ်ပါဘူး။ အလားတူပဲ “ဆုတ်ကပ်” ဆိုတဲ့ စကားလုံးဟာလည်း ပါဠိတော်မှာ မရှိပါဘူး။ ဖြစ်ကပ် နဲ့ ပျက်ကပ်သာ ရှိပါတယ်။ ပျက်ကပ်ဖြစ်နေရင် ဖြစ်ကပ်ဖြစ်အောင်…








![တရားအားထုတ်တယ်ဆိုတာ – အပိုင်း (၂) [ပရမတ်အမြင်သက်သက်]](https://htetaungwriter.com/wp-content/uploads/2026/04/649444038_1476909207331096_4127983687756971494_n.jpg)
