-
နာမရူပ ပရိစ္ဆေဒ ဉာဏ်လို့ခေါ်တဲ့ ရုပ်နာမ်ကို ပိုင်းခြားသိသော ဉာဏ် ရပြီးတဲ့အခါမှာ ဆက်ပြီးကြိုးစား ရမှာကတော့ အကြောင်းအကျိုးကို သိမ်းဆည်းသိသော ဉာဏ်လို့ခေါ်ပါတယ်။ ကျနော်တို့က တရားအားထုတ် တဲ့အခါမှာ အရေးကြီးဆုံး ကတော့ သက္ကော ဥဇူ စ သုဟုဇူ စ ဆိုတဲ့အတိုင်း ရိုးသားဖို့ အထူးရိုးသား ဖို့ပါပဲ။ ဆိုလို တာက ရုပ်နာမ်နဲ့ ပါတ်သက်လို့ ကိုယ်ဘယ်နေရာမှာ စိတ်မရှင်းဘူးလဲ ဆိုတာကို ကိုယ်တိုင် အရိုးသားဆုံး စစ်ဆေးဖို့လိုပါတယ်။ အနတ္တ ဆိုတဲ့အတိုင်း န အတ္တ၊ အတ္တဆိုတာမရှိ၊ တနည်းအားဖြင့် ကိုယ်လို့ ငါလို့ သိထားတဲ့ ကိစ္စဟာ အမှားကြီး ဖြစ်တယ် ဆိုတာကို နားလည်အောင် ကြိုးစားရပါတယ်။ အနိစ္စ ဒုက္ခ အနတ္တ ကိုသိသော…
-
မနက်က ခင်ဗျား စိတ်ဆိုးခဲ့တာတွေ ရှိမယ်။ နေ့ခင်းက ခင်ဗျား ပျော်ရွှင်ခဲ့တာတွေ ရှိမယ်။ ညနေက ခင်ဗျား ပင်ပန်းခဲ့တာတွေ ရှိမယ်။အခု ည ၈ နာရီ ထိုးပါပြီ။ ပြန်မေးကြည့်ပါ။ အဲဒီ အဖြစ်အပျက်တွေ အခု ဘယ်မှာလဲ…။ အကုန်လုံး ပျောက်ကွယ်သွားပါပြီ။ ပြန်ရှာလို့ မရတော့ပါဘူး။ဒါပေမယ့် ပုထုဇဉ်သဘာဝက ပျောက်သွားတဲ့ အရာတွေကို “အတိတ်” ဆိုပြီး ပြန်ပုံဖော်၊ ပြန်တွေးပြီး သာယာလိုက်၊ နာကြည်းလိုက် ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ဒါဟာ “မရှိတော့တဲ့အရာ” ကို အရှိလုပ်ပြီး ပူလောင်နေတာပါ။ဝိပဿနာအမြင်နဲ့ ကြည့်မယ်ဆိုရင်… ဒီနေ့တစ်နေ့လုံး ဖြစ်ခဲ့သမျှ အရာအားလုံးဟာ “ဖြစ်ပြီး” တာနဲ့ တန်း “ပျက်” သွားခဲ့ပါပြီ။ မနက်က စိတ် မနက်မှာ ချုပ်ခဲ့ပြီ။ နေ့ခင်းက…
-
လူဆိုတာ “ရယူပိုင်ဆိုင်ဖို့” ရှင်သန်ကြသူတွေပါ။ ဥစ္စာ၊ ရာထူး၊ ဂုဏ်တွေကို စုဆောင်းကြတယ်။ ဒါက လူ့သဘာဝပါ။ရဟန်းဆိုတာကတော့ “စွန့်လွှတ်ဖို့” ရှင်သန်ရမယ့်သူတွေပါ။ အိမ်ရာ၊ ဆွေမျိုး၊ ဂုဏ်ဒြပ် အားလုံးကို စွန့်ခွာခဲ့သူတွေပါ။ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက… ယနေ့ခေတ် ရဟန်းလောကဟာ လူတွေလိုချင်တဲ့ “ဂုဏ်” (ဘွဲ့ထူး၊ ဂုဏ်ထူး၊ ကျောင်းတိုက်) တွေကိုပဲ လိုက်လံစုဆောင်းနေကြတာ တွေ့ရပါတယ်။လူလိုချင်တာကို ရဟန်းက လိုက်ရှာနေရင် သံသရာက ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ပါဘူး။ရဟန်းစစ်ရင်… “ဂုဏ်” ကို မရှာပါနဲ့၊ “လွတ်မြောက်မှု” ကိုပဲ ရှာပါ။
-
ဒီညနေ… ခင်ဗျားကို အမှန်တရားတစ်ခု ပြောပြချင်တယ်။ နည်းနည်းတော့ တုန်လှုပ်စရာ ကောင်းလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား သတ္တိရှိမယ်ဆိုရင် ဆက်ဖတ်ကြည့်ပါ။ခင်ဗျား အခု ဘယ်သူ့ကို အချစ်ဆုံးလဲ။ ခင်ဗျားရဲ့ သားသမီးလား၊ ဇနီးမယားလား၊ မိဘလား။ မဟုတ်ပါဘူး။ ခင်ဗျား အချစ်ဆုံးက “ခင်ဗျားကိုယ် ခင်ဗျား” ပါပဲ။မနက်မိုးလင်းတာနဲ့ “ငါ ဘာစားမလဲ၊ ငါ ဘာဝတ်မလဲ၊ ငါ ဘယ်လိုနေမလဲ” ဆိုပြီး ကိုယ့်အတွက်ပဲ အရင်ဆုံး စဉ်းစားကြတာ မဟုတ်လား။ “ငါ” ဆိုတဲ့ အကောင်အထည်ကြီး ရှိနေတယ်လို့ ခင်ဗျား တထစ်ချ ယုံကြည်ထားတယ်။ဒါပေမဲ့… ကျွန်တော် ပြောမယ်။ ခင်ဗျား လိမ်ခံထားရပြီ။ ခင်ဗျား ချစ်လှပါချည်ရဲ့ ဆိုတဲ့ အဲဒီ “ငါ” ဆိုတဲ့အရာက တကယ်တမ်းကျတော့ ရှာဖွေကြည့်လိုက်ရင် ဘယ်နေရာမှာမှ…
-
ကျွန်တော်တို့ “သစ္စာ” အကြောင်းတွေ ငြင်းခုံနေကြတယ်။ “ရဟန်း” တွေအကြောင်း ဝေဖန်နေကြတယ်။ ဒါပေမယ့် မေးစရာရှိတာက… “ကိုယ့်ခန္ဓာထဲက အမှန်တရားကိုရော ဒီနေ့ ကြည့်ဖြစ်ရဲ့လား?”သူများအပြစ်ကို မြင်ဖို့လွယ်ပေမယ့်၊ ကိုယ့်စိတ်ထဲက ကိလေသာကို မြင်ဖို့ကျတော့ ခက်ပါတယ်။ စာပေထဲက “အနတ္တ” ကို နားလည်ဖို့ လွယ်ပေမယ့်၊ ခန္ဓာပေါ် ဉာဏ်ရောက်တဲ့ “အနတ္တ” ကို မြင်ဖို့ကျတော့ ခက်ပါတယ်။ကျမ်းဂန်တွေ ဘယ်လောက်တတ်တတ်၊ သူများကို ဘယ်လောက် ဝေဖန်နိုင်နိုင်… မိမိခန္ဓာရဲ့ ဖြစ်ပျက်နေမှုကို မျက်မှောက်မပြုနိုင်ရင် ကျွန်တော်တို့လည်း “စာတတ်ပုထုဇဉ်” အဆင့်ကနေ တက်နိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့် အပြင်ကို ညွှန်နေတဲ့ လက်ညှိုးတွေကို ခေတ္တရုပ်သိမ်းပြီး… စာအုပ်ကို ပိတ်၊ မျက်စိကို မှိတ်ကာ ကိုယ့်ခန္ဓာ ကိုယ်ပြန်စစ်ဆေးကြည့်ကြပါစို့။“အဖြေမှန်က ကိုယ့်ခန္ဓာထဲမှာပဲ ရှိပါတယ်။”
-
မိတ်ဆွေ…ခင်ဗျားတို့ ကျနော်တို့ ကြက်သားဟင်း စားကြတဲ့အခါ အသားနဲ့ အရိုး ရောနေတာကို တွေ့ရမှာပါ။ ဟင်းရည်သောက်လို့ ကောင်းအောင်၊ အချိုဓာတ်ထွက်အောင် အရိုးကို ထည့်ချက်ရတာ မှန်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ထမင်းစားပွဲမှာ ထိုင်ပြီး စားကြတဲ့အခါကျတော့ ဘယ်သူကများ အရိုးတွေကို ဝါးစားနေကြသလဲ။ အားလုံးက အရိုးကို ဖယ်၊ အသားကို ရွေးပြီး စားကြတာပါပဲ။ အရိုးကို ကိုက်ချင်ရင်တောင် အရသာခံပြီး စုပ်ရုံလောက်ပဲ စုပ်ပြီး ထွေးထုတ်ပစ်လိုက်ကြတာ မဟုတ်လား။ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက… ဒီကနေ့ ခင်ဗျားတို့ ကိုးကွယ်နေကြတဲ့ ဗုဒ္ဓဘာသာမှာကျတော့ လူအများစုဟာ “အသား” ဖြစ်တဲ့ အနှစ်သာရကို လွှင့်ပစ်ပြီး “အရိုး” ဖြစ်တဲ့ အပေါ်ယံ အခွံအကာတွေကိုပဲ အတင်းကာရော ကိုက်ဝါးနေကြတာကို တွေ့နေရတယ်။ အရိုးကို ကိုက်ရတာ သွားကျိုးမတတ်…
-
လောကတွင် “ဂုဏ်ဆိုသည်မှာ ပုထုဇဉ်တို့၏ ဥစ္စာ” ဟူသော စကားရှိပါသည်။ ပုထုဇဉ်တို့သည် မိမိတို့ ရရှိထားသော ဘွဲ့ထူး၊ ဂုဏ်ထူး၊ ရာထူးဌာနန္တရများကို အနှစ်သာရရှိလှသည်ဟု မှတ်ထင်ကာ ဖက်တွယ်ထားတတ်ကြသဖြင့် ထိုဂုဏ်များကြောင့်ပင် ပူလောင်မှုများ ကြုံတွေ့ကြရပါသည်။အရိယာနှင့် ဂုဏ်၏ ကွာခြားချက်အရိယာသူတော်ကောင်းတို့သည် ခန္ဓာကိုယ်၌ ဖြစ်ပေါ်သမျှသော သဘောတရားတို့သည် ဖြစ်ပြီးလျှင် ပျက်စီးသွားသော “သင်္ခါရတရား” များသာဖြစ်ကြောင်း ခန္ဓာသိဖြင့် ပိုင်းခြားသိမြင်ထားသူများ ဖြစ်ကြသည်။ ထို့ကြောင့် –အရိယာတို့သည် ဂုဏ်အကြီးအငယ်၊ အနိမ့်အမြင့်ကို တွက်ချက်ခြင်း မရှိပါ။လောကဝေါဟာရအရ ပုထုဇဉ်တို့ စိတ်မသက်မသာ မဖြစ်စေရန် ဉာဏ်ဖြင့် ဆင်ခြင်၍ ပြောဆိုဆက်ဆံခြင်းမှတစ်ပါး၊ မိမိကိုယ်တိုင်ကမူ ထိုဂုဏ်များအပေါ် တွယ်တာမှု လုံးဝမရှိပါ။ဤသို့ ဂုဏ်ကို အရှိတရားအဖြစ် မယူဆဘဲ လွတ်ကင်းအောင် နေထိုင်နိုင်ခြင်းကြောင့်ပင် အရိယာတို့သည် အစဉ်အမြဲ အေးချမ်းနေကြခြင်း ဖြစ်ပါသည်။ရဟန်းလောကနှင့်…
-
မြတ်စွာဘုရားရှင်၏ အဘိဓမ္မာဒေသနာတော်တွင် ပုဂ္ဂလပညတ်ကျမ်းသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထိုကျမ်း၌ ပညတ်တော်မူခြင်း (၆) ပါးကို ပြဆိုရာတွင် “သစ္စာပညတ်” အပိုင်း၌ ဒုက္ခ၊ သမုဒယ၊ မဂ္ဂ၊ နိရောဓ ဟူသော သစ္စာလေးပါးကိုသာ အတိအလင်း ပြဆိုထားပါသည်။ထို့ကြောင့် ယနေ့ခေတ်တွင် တွင်ကျယ်စွာ သုံးနှုန်းနေကြသော “သမုတိသစ္စာ” နှင့် “ပရမတ္တသစ္စာ” ဟူသော အသုံးအနှုန်းများသည် မူရင်းကျမ်းဂန်လာ သစ္စာပညတ်ချက်များနှင့် ကိုက်ညီမှုမရှိရုံမျှမက၊ တရားဓမ္မ၏ အနှစ်သာရကို လွဲချော်စေသော အသုံးအနှုန်းများဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ထောက်ပြကန့်ကွက်ရန် လိုအပ်လာပါသည်။သစ္စာပညတ်တွင် မပါဝင်သော သမုတိနှင့် ပရမတ်ပုဂ္ဂလပညတ်ကျမ်းတွင် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် “သစ္စာ” ဟု အမည်တပ်၍ ပညတ်တော်မူခဲ့သည်မှာ သစ္စာလေးပါးသာ ရှိပါသည်။ ထိုနေရာတွင် သမုတိကို သစ္စာဟုလည်းကောင်း၊ ပရမတ်ကို သစ္စာဟုလည်းကောင်း…
-
ကျနော်က မိုးကုတ်နည်းကို ယုံကြည်ပြီး လက်ခံပြီး လိုက်လုပ်ခဲ့တဲ့ နေရာမှာ နောက်ဆုံး ထစ်နေခဲ့တဲ့ နေရာက မုန်းဉာဏ်နောက်မှာ ဆုံးဉာဏ် လိုက်တယ် ဆိုတာပါပဲ။ ဒီအကြောင်းကို မိုးကုတ်ဆရာတော်ကြီးကို ပူဇော်တဲ့ အနေနဲ့ ပြောတာပါ။ ဒီနေရာမှာ တယောက်နဲ့ တယောက် ကွာခြားတတ်တဲ့ နေရာလို့ပဲ ထင်မိပါတယ်။ ကျနော့် အနေနဲ့ကျတော့ ဉာဏ်အားကိုးပြီး တက်တာ ဖြစ်တဲ့အတွက် အနတ္တကို ဉာဏ်ပေါက်အောင် အများကြီး ကြိုးစား ခဲ့ရပါတယ်။ မိုးကုတ်ဆရာတော်ကြီးတရားခွေ ၇၀၀ လောက် နာပြီးသွားတဲ့အချိန်မှာတော့ ကျနော် အနေနဲ့ ဖြစ်ပျက်ကို များများ ရှုရမယ် ဆိုတာကို သဘောပေါက်ပြီး ဖြစ်ပျက် ရှုတာကိုပဲ အားစိုက် လုပ်ခဲ့ပါတယ်။ တရားနာတာကို ရပ်လိုက်ပြီး အနိစ္စ ဖြစ်ပျက်ကို ဆင်ခြင်လိုက်၊ အနတ္တကို…
-
မိတ်ဆွေ… မှန်ရှေ့ရောက်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး “ဒါ ငါပဲ” လို့ တွေးဖူးမှာပါ။ နာမည်တစ်ခု ခေါ်လိုက်ရင် “ငါ့ကို ခေါ်တာပဲ” လို့ ထူးလိုက်မှာပါ။ တစ်ခုခု လုပ်ချင်ရင် “ငါ လုပ်ချင်တာပဲ” လို့ ဆုံးဖြတ်မိမှာပါ။ ဒါပေမဲ့ ကျွန်တော် မေးခွန်းတစ်ခု မေးမယ်။ တကယ်ရော ခင်ဗျားမှာ “ငါ” (Atta) ဆိုတဲ့ အကောင်အထည် ရှိရဲ့လား။ ဒါကို အဖြေထုတ်ဖို့အတွက် ရှေးဦးစွာ “ငါ” (Self) ဆိုတာ ဘာလဲလို့ အဓိပ္ပာယ် ဖွင့်ကြည့်ရအောင်။ တကယ်လို့ “ငါ” ဆိုတာ အစစ်အမှန် ရှိတယ်ဆိုရင်… အဲဒီ “ငါ” ဟာ အောက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံရပါမယ်။ ၁။ ကိုယ်တိုင် သွားနိုင် လာနိုင်ရမယ်။…








