Category: တရားအားထုတ်မှု အဆင့်ဆင့်


  • အာရုံနောက်ကို စိတ်ပါသွားတာကို သိလိုက်တဲ့ အချိန်ဟာ ဝိပဿနာဉာဏ် ဖြစ်ပေါ်လာတဲ့ အချိန်ပဲ ဖြစ်တယ်။

    နေ့စဉ်ဘဝ၏ ရှုပ်ထွေးမှုများကြားမှ မိမိ၏ ရုပ်နာမ်သဘာဝကို အရှိကိုအရှိတိုင်း အေးချမ်းစွာ စောင့်ကြည့် လေ့လာနေကြသည့် ယောဂီသူတော်စင် အပေါင်းတို့… တရားအားထုတ်တဲ့ အခါ၊ ဒါမှမဟုတ် နေ့စဉ်ဘဝမှာ သတိကပ်ဖို့ ကြိုးစားတဲ့ အခါ ယောဂီ တော်တော်များများ စိတ်ပျက်အားငယ်တတ်တဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ “ငါ့စိတ်က ငြိမ်ကို မငြိမ်ဘူး၊ အာရုံတစ်ခုခု နောက်ကို အမြဲတမ်း ပြေးနေ၊ လွင့်နေတာပဲ” ဆိုတဲ့ အချက်ပါ။ စိတ်လွင့်သွားတိုင်း၊ အတွေးထဲ မျောပါသွားတိုင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်ကြပါတယ်။ တကယ်တော့ စိတ်ဆိုတာ အာရုံနောက်ကို လိုက်တတ်တဲ့ သဘာဝ ရှိပါတယ်။ အရေးကြီးဆုံးက အာရုံနောက် ပါသွားတာကို မပါအောင် အတင်းအကျပ် တားဆီးဖို့ မဟုတ်ဘဲ၊ ပါသွားမှန်း ချက်ချင်း သိလိုက်ဖို့ပါပဲ။ “ဪ……

  • အနတ္တ ကို နားလည်ခြင်း

    အနတ္တဆိုတာနဲ့ ပါတ်သက်ရင် အစိုးမရ၊ သူ့သဘောသူဆောင် ဆိုတဲ့ စကားတွေ အပြောများပါတယ်။ ကျနော်လဲ ပြောခဲ့ဖူးပါတယ်။ မမှန်ဘူးလားဆိုတော့ မှန်ပါတယ်။ မှားတယ်ပြောလို့မရပါ။ ဒါပေမယ့် ပြည့်စုံမှုတော့ မရှိပါဘူး။ အနတ္တရဲ့ တကယ့် အမှန်သဘော ဖြစ်တဲ့ ပုဂ္ဂိုလ် သတ္တဝါမဟုတ်ဆိုတာက ပိုပြီး မှန်ပါတယ်။ စိတ်ဟာ အစိုးမရ ဖြစ်နေတယ် ဆိုတာကို အနတ္တရဲ့ သဘာဝလို့ ပြောပါတယ်။ ဒါပေမယ့် သမထ အားထုတ်ပြီး စိတ်ကို ကိုယ်ထားချင်တဲ့ အာရုံမှာထားလို့ရတဲ့အခါမှာ ဖြစ်ဖြစ်၊ ကိုယ်ပြောချင်တာကို ပြောနိုင်တာ၊ ကိုယ်လုပ်ချင်တာကို လုပ်နိုင်တာကို မြင်တဲ့ အခါမှာ ဖြစ်ဖြစ် အစိုးမရဆိုတာဟာ မမှန်သလိုမျိုး မြင်လာနိုင်ပါတယ်။ ဒါဟာ အနတ္တရဲ့ သဘောကို သေသေချာချာ နားမလည်သေးလို့ပါ။ တကယ်တော့ အစိုးမရဆိုတာဟာ စိတ်ရဲ့…

  • သဒ္ဓါဗိုလ်

    မဂ်ကျဖို့အတွက် လိုအပ်တဲ့ အချက်တချက်ကတော့ ဗိုလ်ငါးပါး ပါ။ ဗိုလ် ငါးပါး ဆိုတာ သဒ္ဓါဗိုလ်၊ ပညာဗိုလ်၊ ဝီရိယဗိုလ်၊ သမာဓိဗိုလ်၊ သတိဗိုလ် ဆိုပြီး အားကောင်းပြီး ထိပ်ဆုံးရောက်နေတဲ့ သဒ္ဓါ၊ ပညာ၊ သတိ၊ ဝီရိယ၊ သမာဓိ တို့ လိုပါတယ်။ ဒီနေရာမှာ သဒ္ဓါဆိုတာဟာ ရှိရှိသမျှ ယုံကြည်ပြီး လက်ခံတာကို ပြောတာ မဟုတ်ပါဘူး။ သဒ္ဓါဆိုတာတဲ့ ယုံကြည်ချက်က ပညာနဲ့ ယှဉ်တွဲပြီး ဖြစ်တာပါ။ ပညာ အနေနဲ့ ခန္ဓာပေါ် အမြင်ရှင်းလာတဲ့အခါမှာ ယုံကြည်မှု သဒ္ဓါတွေ ဖြစ်လာတာပါပဲ။ သူတို့က တခုနဲ့ တခု ညီမျှအောင် လုပ်ရတာမျိုး မဟုတ်ပါဘူး။ အကုန်လုံးက ထိပ်ဆုံးရောက်အောင် ကြိုးစားရမှာပါ။ အကုန်လုံး ထိပ်ဆုံးရောက်တဲ့ အချိန်မှာ အကုန်လုံးက…

  • အဓိပတိတရားလေးပါး

    အဓိပတိ ပစ္စယော ဆိုတဲ့ အဓိပတိတရား လေးပါး ဆိုတာရှိပါတယ်။ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ တို့ပဲ ဖြစ်ပါတယ်။ ဆန္ဒာ ဓိပတိကတော့ လိုလားမှုအကြီးအမှုး ဖြစ်ပါတယ်၊ စိတ္တာဓိပတိ ကတော့ သိမှု အကြီးအမှုး ဖြစ်ပါတယ်။ ဝီရိယ ဓိပတိကတော့ အားထုတ်မှု အကြီးအမှုး ဖြစ်ပါတယ်၊ ဝီမံသာဓိပတိကတော့ စီစစ်စုံစမ်းမှုဉာဏ် အကြီးအမှုး ဖြစ်ပါတယ်။ တရားအားထုတ်တဲ့သူတွေမှာ ဘယ်ဟာကို အဓိပတိထားပြီး အားထုတ်ရမလဲ ဆိုတာ လာပါတယ်။ ဆန္ဒ ပြင်းပြမှုကို အဓိပတိထားမလား၊ သိမှုကို အဓိကထားမလား၊ စီစစ်စုံစမ်းမှုဉာဏ် အကြီးအကဲထား အားထုတ် မလား စသဖြင့် ရွေးရပါတယ်။ ဝီရိယ ဓိပတိကတော့ အားလုံးအတွက် လိုပါတယ်။ ဒါကတော့ ကျနော် သဘောထားပါ။ အဲဒီတော့…

  • ပြုလုပ်ခြင်း သို့မဟုတ် ဖြစ်ခြင်း

    ကျနော်တို့က ကာယကံ၊ ဝစီကံ၊ မနောကံတွေကို ပြုလုပ်တယ်လို့ ပြောကြလေ့ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ အများစုက အကုသိုလ်ကို ရှောင် ကုသိုလ်ကို လုပ် ဆိုတာမျိုး ဖြစ်တဲ့အခါ ကိုယ့်ရဲ့ အပြစ်ကို မကောင်းမြင်သလို ကိုယ့်ရဲ့ ကုသိုလ်ပေါ်လဲ ကျေနပ်မှု ဖြစ်ကြပါတယ်။ ဒါပေမယ့် တရားအားထုတ်တဲ့ အခါမှာ အဲဒီ စိတ်က သင်္ခါရုပေက္ခာ ဉာဏ်အတွက် အမှန်မြင်မှု မဟုတ်ပါဘူး။ ကာယကံ ဝစီကံ မနောကံကို ဖြစ်စေတဲ့ စေတနာ ဆိုတာဟာ သင်္ခါရစေတသိတ်ပါ။ သင်္ခါရက္ခန္ဓာပါ။ အဲဒီတော့ အဲဒီ စေတနာကို ပြုလုပ်ခြင်းလို့ နာမည် တပ်ပေမယ့် တကယ်တော့ သူဟာ ဥပါဒါန်ကြောင့် ဖြစ်တဲ့ တရားသာ ဖြစ်ပါတယ်။ အကြောင်းကြောင့် ဖြစ်သော အကျိုးတရားမို့…

  • ကာမစ္ဆန္ဒ နီဝရဏ

    ကာမစ္ဆန္ဒ နီဝရဏ ဆိုတာဟာ နီဝဏ တရားငါးပါး မှာ ပါဝင်ပြီး ရှောင်ရ အခက်ဆုံး နီဝရဏပါ။ တရား အားထုတ် သူများအနေနဲ့ ကာမဂုဏ်နဲ့ ပါတ်သက်တဲ့ လိုချင်မှုတွေဟာ အင်မတန်ကိုပဲ များပြားတတ်ပါတယ်။ ကာမ ဆိုတာဟာ ယောက်ျားမိန်းမ သံဝါသ တစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ တိုင်းပြည်၊ နိုင်ငံ၊ ကမ္ဘာ၊ လူမှုရေး၊ စီးပွားရေး၊ မိသားစုရေး စတာတွေ အားလုံးဟာ ကာမစ္ဆန္ဒ နီဝရဏတွေပါ။ တိုင်းပြည်နဲ့ ပါတ်သက်ပြီး ဘာဖြစ်ချင်တယ်၊ အမျိုးနဲ့ ပါတ်သက်ပြီး ဘာဖြစ်ချင်တယ် ကနေ နောက်ဆုံး ဘာသာ နဲ့ ပါတ်သက်လို့ သာသနာနဲ့ ပါတ်သက်လို့ ဘာဖြစ်ချင်တယ် ဆိုတာတွေ အားလုံးဟာ ကာမစ္ဆန္ဒ နီဝရဏ တွေပါပဲ။ တရားအားထုတ်တဲ့ အခါမှာ…

  • သံဝေဂ

    တရားအားထုတ်တဲ့ နေရာမှာ ပြင်းစွာသော သံဝေဂ ဆိုတာမျိုး ရှိနေရင် အကောင်းဆုံးပါပဲ။ ဒီနေရာမှာ တယောက်နဲ့ တယောက် မတူကြပါဘူး။ ဒါကြောင့် ဘာကို သံဝေဂ ယူရမလဲ ဆိုတာက ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။ လူတိုင်းဟာ သေခြင်းတရား၊ ချစ်ခင်နှစ်သက်သော သူနဲ့ ကွေကွင်းရခြင်း ဒုက္ခ ဆိုတာတွေကို ကြုံဖူးကြတဲ့ သူတွေချည်းပါပဲ။ ဒီလို ကြုံတုန်းခဏမှာတော့ စိတ်ပင်ပန်း ဆင်းရဲခြင်းတွေ ဖြစ်ပြီး၊ အချိန်တခုကြာတဲ့ အခါမှာတော့ အချိန်က ကုစားတယ် ဆိုတဲ့အတိုင်း စိတ်ဆင်းရဲမှုတွေက မေ့မေ့လျောလျော့နဲ့ ပျောက်သွားတာပါ ပဲ။ ကျနော့်အတွက်ကတော့ ကျနော့်ယူချင်တဲ့ အယူကို ယူမယ်၊ ဒါပေမယ့် သူတပါးကိုတော့ ထိခိုက်အောင် မလုပ်ဖူး လို့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်သားပြီး ကြိုးစားခဲ့တာပါ။ ဒါပေမယ့်…

  • တရားအားထုတ်ခြင်း

    တရားအားထုတ်မှုနဲ့ ပါတ်သက်လို့ ကျနော် အနတ္တ အကြောင်းကို အတော်လေး ရေးပြီးပါပြီ။ တရားလိုက်နေ သူများထဲကလဲ ကျနော် ရေးသလောက် နားလည်တဲ့သူတွေလဲ ရှိပါတယ်။ ဒါပေမယ့် အစပထမ ပိုင်းကို ရေးတဲ့ နေရာမှာတော့ သမာဓိ ထူထောင်တဲ့ ကိစ္စနဲ့ ဖြစ်ပျက် ရှုမှတ်တဲ့ ကိစ္စကို ကျနော် အရေးနည်းပါ သေးတယ်။ သမာဓိ ထူထောင်တယ် ဆိုတာကတော့ တရားစအားထုတ် ခါစလူတွေမှာ လုပ်ရတဲ့ အပိုင်းပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီခေတ်မှာ ပုံမှန်အားဖြင့် ဝိပ္ပလ္လာသ တရားတွေ အားကောင်းကြပါတယ်။ အဲဒီအပြင် စိတ်က အငြိမ်မနေ နိုင်ပဲ တောက်လျှောက် တခုပြီး တခု ဖြစ်နေတဲ့အတွက် ပထမ ဆုံး စိတ်ငြိမ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ အဲဒါကတော့…

  • ရုပ်၊ နာမ် နှင့် ဖြစ်ပျက် (ပရမတ္ထသဘောအရ ရုပ်နှင့် နာမ်၏ ကွဲပြားသော သဘာဝကို လေ့လာခြင်း)

    ဝိပဿနာတရား ရှုမှတ်ရာတွင် အခြေခံအကျဆုံးဖြစ်သော ရုပ်နှင့် နာမ်တို့၏ သဘောတရားများကို တိကျမှန်ကန်စွာ သိမြင်ထားရန် အလွန် အရေးကြီးလှပါသည်။ အထူးသဖြင့် ရုပ်နှင့် ပတ်သက်၍ အယူအဆ အမျိုးမျိုး ကွဲပြားနေတတ်ရာ၊ စာရေးသူကိုယ်တိုင် မဂ်ဉာဏ်သို့ ရောက်ရှိရန် အဓိက အထောက်အကူပြုခဲ့သော ဓမ္မသင်္ဂဏီ ကျမ်းလာ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ရှင်းလင်း တင်ပြလိုပါသည်။ ၁။ သဏ္ဌာန်ပညတ်ကို ပယ်ဖျက်၍ ပရမတ်ရုပ်တို့ကို ခွဲခြားခြင်း အများစု လက်ခံထားသော ‘အဋ္ဌကလာပ်’ ဟူသည့် စကားလုံးမှာ ဓမ္မသင်္ဂဏီ ဋီကာတွင်သာ တွေ့ရပြီး ကျမ်းရင်းတွင် မပါဝင်သောကြောင့် ဤဆောင်းပါးတွင် ၎င်းကို အခြေမခံပါ။ ဓမ္မသင်္ဂဏီ ကျမ်းရင်းအရ ရုပ်ကို အဓိကအားဖြင့် အောက်ပါအတိုင်း နှစ်မျိုး ခွဲခြားလေ့လာနိုင်ပါသည်။ • မြင်အပ်သော…

  • မြတ်စွာဘုရား၏ မူလလမ်းစဉ်အတိုင်း သံသရာလွတ်ကြောင်း တစ်ခုတည်းကိုသာ ရွေးချယ်ခြင်း။

    ကျနော်တို့တွေ သာသနာ့ဘောင်ထဲ စတင် ဝင်ရောက်လာတဲ့အခါ ဥပဇ္ဈာယ်ဆရာတော်ထံမှာ တောင်းခံခဲ့တဲ့ မူလကတိကဝတ်ဟာ “သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရစေ” ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းသာ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် လမ်းညွှန်ပြသခဲ့တာကလည်း လောကီ လူမှုရေးပြဿနာတွေကို လိုက်လံ ဖြေရှင်းပေးဖို့ မဟုတ်ဘဲ၊ ဒီသံသရာကြီးကနေ အပြီးတိုင် ရုန်းထွက်ဖို့ပါပဲ။ ဒါပေမယ့် ခေတ်အဆက်ဆက်မှာ ဒီမူလလမ်းစဉ် အစစ်အမှန်ကနေ သွေဖည်ပြီး လောကီရေးရာ အလုပ်တွေနဲ့ လမ်းလွဲနေတာကို ကျနော်တို့ မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။ ဒီအခြေအနေကို ပိုပြီး ထင်ရှားသွားအောင် ဥပမာတစ်ခုနဲ့ ပြောပြချင်ပါတယ်။ အလွန် ရှုပ်ထွေးပြီး အန္တရာယ်များတဲ့ ဝင်္ကပါကြီး တစ်ခုထဲမှာ လူတစ်ယောက် မျက်စိလည် လမ်းမှားနေတယ် ဆိုပါစို့။ အဲဒီအချိန်မှာ ဝင်္ကပါကျွမ်းကျင်တဲ့ ပညာရှိကြီး တစ်ဦးက ထွက်ပေါက်ဆီကို တည့်တည့်မတ်မတ်…