ကာမစ္ဆန္ဒ နီဝရဏ ဆိုတာဟာ နီဝဏ တရားငါးပါး မှာ ပါဝင်ပြီး ရှောင်ရ အခက်ဆုံး နီဝရဏပါ။ တရား အားထုတ် သူများအနေနဲ့ ကာမဂုဏ်နဲ့ ပါတ်သက်တဲ့ လိုချင်မှုတွေဟာ အင်မတန်ကိုပဲ များပြားတတ်ပါတယ်။ ကာမ ဆိုတာဟာ ယောက်ျားမိန်းမ သံဝါသ တစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ တိုင်းပြည်၊ နိုင်ငံ၊ ကမ္ဘာ၊ လူမှုရေး၊ စီးပွားရေး၊ မိသားစုရေး စတာတွေ အားလုံးဟာ ကာမစ္ဆန္ဒ နီဝရဏတွေပါ။
တိုင်းပြည်နဲ့ ပါတ်သက်ပြီး ဘာဖြစ်ချင်တယ်၊ အမျိုးနဲ့ ပါတ်သက်ပြီး ဘာဖြစ်ချင်တယ် ကနေ နောက်ဆုံး ဘာသာ နဲ့ ပါတ်သက်လို့ သာသနာနဲ့ ပါတ်သက်လို့ ဘာဖြစ်ချင်တယ် ဆိုတာတွေ အားလုံးဟာ ကာမစ္ဆန္ဒ နီဝရဏ တွေပါပဲ။ တရားအားထုတ်တဲ့ အခါမှာ အဲဒီ တရားနဲ့ မဆိုင်တဲ့ လိုချင်မှုတွေ ဖြစ်ချင်မှုတွေ ဟာ တရားကို အနှောက်အယှက် အတားအဆီး အနေနဲ့ ဖြစ်စေပါတယ်။
သူ့အတွက် ဖြေဆေးရယ်လို့ မရှိပါဘူး။ ပုဂ္ဂိုလ် သတ္တဝါ ဆိတ်သုဉ်းခြင်း ဆိုတဲ့ သုညတ တရား၊ ရုပ်နာမ်ရဲ့ ဖြစ်ပျက်နေမှု သက်သက်သာ လို့ သိမြင်ခြင်းအားဖြင့် လူ့သံယောဇဉ်ကို ဖြတ်ခြင်းကသာ လျှင် ကာမစ္ဆန္ဒ ကနေ တခုတည်းသော လွတ်မြောက်ရာပါ။
ဒီနိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေး၊ လူမှုရေး ဆိုတာတွေဟာ သံသရာမှာ အမြဲ မပြတ်နိုင်အောင်ကို ကြံစည် လုပ်ကိုင်နေခဲ့ကြတဲ့ အားလုံး လုပ်ကိုင်ခဲ့ဖူးကြတဲ့ ကိစ္စတွေပါ။ ဒါပေမယ့်လည်း သံသရာနဲ့ ချီပြီး မမြင်နိုင် မစဉ်းစားနိုင်တဲ့ သူတွေကတော့ ဒီအထဲမှာပဲ လည်ပါတ်နေကြရပါတယ်။
အဲဒါကြောင့် ကာမစ္ဆန္ဒ နီဝရဏကို ပါယ်ပြီး တရားအားထုတ်ပါလို့ ပြောပါရစေ။
လူဆိုတာဟာ လူ့သံယောဇဉ် ဖြတ်နိုင်မှပဲ နိဗ္ဗာန်ရောက်နိုင်တာမို့ ကမစ္ဆန္ဒ နီဝရဏ တွေကို သံယောဇဉ်ဖြတ်ခြင်းအားဖြင့် ပါယ်သက်ပါလို့ လို့ပြောရင်း နိဂုံးချုပ်ပါရစေ။


Leave a Reply