အဓိပတိ ပစ္စယော ဆိုတဲ့ အဓိပတိတရား လေးပါး ဆိုတာရှိပါတယ်။ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ တို့ပဲ ဖြစ်ပါတယ်။ ဆန္ဒာ ဓိပတိကတော့ လိုလားမှုအကြီးအမှုး ဖြစ်ပါတယ်၊ စိတ္တာဓိပတိ ကတော့ သိမှု အကြီးအမှုး ဖြစ်ပါတယ်။ ဝီရိယ ဓိပတိကတော့ အားထုတ်မှု အကြီးအမှုး ဖြစ်ပါတယ်၊ ဝီမံသာဓိပတိကတော့ စီစစ်စုံစမ်းမှုဉာဏ် အကြီးအမှုး ဖြစ်ပါတယ်။

တရားအားထုတ်တဲ့သူတွေမှာ ဘယ်ဟာကို အဓိပတိထားပြီး အားထုတ်ရမလဲ ဆိုတာ လာပါတယ်။ ဆန္ဒ ပြင်းပြမှုကို အဓိပတိထားမလား၊ သိမှုကို အဓိကထားမလား၊ စီစစ်စုံစမ်းမှုဉာဏ် အကြီးအကဲထား အားထုတ် မလား စသဖြင့် ရွေးရပါတယ်။ ဝီရိယ ဓိပတိကတော့ အားလုံးအတွက် လိုပါတယ်။ ဒါကတော့ ကျနော် သဘောထားပါ။

အဲဒီတော့ အဓိပတိ တရားလေးပါးကို သုံးရတယ် ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ကိုယ့်ရဲ့ ဘယ်ပုံစံကို အားသာသလဲ ဆိုတာကို ရွေးချယ်ရတာပါ။ အဓိပတိ တရားလေးပါးနဲ့ အားထုတ်တဲ့အခါ ဘယ်အရာကို မဆို ပြီးမြောက်စေနိုင်ပါတယ်။ ဆန္ဒရှိလျှင် မပြီးမြောက်နိုင်သော အောင်မြင်စရာ သည် မရှိလို့ ဖြစ်ပါတယ်။ အတိအကျပြောရ ရင်တော့ အဓိပတိ တရားလေးပါးနဲ့ ဘယ်အောင်မြင်မှု နာမည်ကိုမဆို ရရှိနိုင်တယ်လို့ ဖြစ်ပါတယ်။

အဲဒီတော့ တရားအားထုတ်သူတွေ အနေနဲ့ အဓိပတိ တရားလေးပါးကို သုံးရပါတယ်။ ဒါပေမယ့် အဓိပတိ တရားလေးပါးသည် ပဌာန်းနည်းအရ အကျိုးပေးခြင်း ဖြစ်သည် ငါ သူ ပုဂ္ဂိုလ် သတ္တဝါမဟုတ် ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။

ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *