Category: ဥပါသကာ ဥပါသိကာ များအတွက်


  • မိရိုးဖလာမှသည် အနှစ်သာရဆီသို့- သန့်စင်သော ဗုဒ္ဓသာသနာ နှင့် သရဏဂုံ အစစ်အမှန်

    မြတ်စွာဘုရားရှင်၏ သာသနာတော်သည် အင်မတန်မှ ကြီးကျယ်မြင့်မားပြီး ကြည်ညိုဖွယ်ရာ ကောင်းလှပါသည်။ သို့သော် ယနေ့ခေတ်ကာလတွင် ကျွန်ုပ်တို့ မျက်မြင်တွေ့ရှိနေရသော ဗုဒ္ဓဘာသာသည် မြတ်စွာဘုရား မူလဟောကြားခဲ့သည့် အနှစ်သာရများနှင့် များစွာ ကင်းကွာနေပြီး၊ ယဉ်ကျေးမှုများ၊ မိရိုးဖလာ အစွဲအလမ်းများ၊ နိုင်ငံရေးနှင့် လူမျိုးရေး အယူအဆများဖြင့် ရောထွေးရှုပ်ထွေးနေသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ ဗုဒ္ဓသာသနာ၏ တကယ့်အနှစ်သာရ အစစ်အမှန်သည် အပေါ်ယံ ကိုးကွယ်ယုံကြည်မှုသက်သက် မဟုတ်ဘဲ၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းကို လက်တွေ့ကျင့်ကြံအားထုတ်ရသည့် လမ်းစဉ်သာ ဖြစ်ပါသည်။ ထို့ကြောင့် မိရိုးဖလာ အပေါ်ယံ ယုံကြည်မှုများမှသည် သန့်စင်သော ဗုဒ္ဓသာသနာ၏ အနှစ်သာရဆီသို့ ပြန်လည် ချဉ်းကပ်ရန် အထူးပင် လိုအပ်နေပြီ ဖြစ်ပါသည်။ ၁။ ဗုဒ္ဓသာသနာ၏ အနှစ်သာရ အစစ်အမှန် ဗုဒ္ဓသာသနာ ဆိုသည်မှာ မြတ်စွာဘုရား၏…

  • မောဟ – အရိပ်ကို အမှန်ထင်ခြင်းမှ အရှိတရားကို သိမြင်ခြင်းသို့

    မိတ်ဆွေ… ကျွန်တော်တို့ဟာ အမှန်တရားနဲ့ နီးနီးလေးတင် ရှိနေလျက်နဲ့ အင်မတန် ဝေးကွာနေကြတာပါ။ လူတော်တော်များများဟာ လောဘနဲ့ ဒေါသကိုတော့ မကောင်းမှန်း သိကြတယ်၊ ရှောင်ဖို့လည်း ကြိုးစားကြတယ်။ ဒါပေမဲ့ တကယ်တမ်း ကျွန်တော်တို့ကို အပါယ်ငရဲဆီ တွန်းပို့နေတဲ့ တကယ့် တရားခံကတော့ “မောဟ” ဆိုတဲ့ အမှန်မသိမှု ငရဲမျိုးစေ့ပါပဲ။ မောဟကို အကုန်မပယ်နိုင်သေးရင်တောင်မှ၊ ဒိဋ္ဌိ (အမြင်မှား) နဲ့ ဝိစိကိစ္ဆာ (သံသယ) ကွာသွားတဲ့ “သောတာပန်” အဆင့်ကို ရောက်သွားရင်၊ လောဘ ဒေါသတွေ ရှိနေသေးရင်တောင်မှ အပါယ်ကိုတော့ ဘယ်တော့မှ မကျတော့ပါဘူး။ အဲဒါကြောင့်လည်း “ဒိဋ္ဌိ” ကို အပါယ်မျိုးစေ့လို့ ခေါ်ကြတာပါ။ ၁။ မှန်ထဲက အရိပ်နှင့် “ငါ” ဟူသော အမြင်မှား ဒိဋ္ဌိဆိုတာ ရှင်းရှင်းလေးပါ။…

  • အာသဝ (နစ်မြုပ်စေတတ်သော တရားများ)

    လောကမှာ လူတွေကို သံသရာထဲ နစ်မြုပ်စေတတ်တဲ့ အာသဝတရား လေးပါး ရှိပါတယ်။ အဲဒါတွေကတော့ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ နဲ့ အဝိဇ္ဇာသဝ တို့ပါပဲ။ အဝိဇ္ဇာသဝ ဆိုတာကတော့ သစ္စာလေးပါးကို မသိတဲ့အတွက် သံသရာထဲ နစ်မြုပ်နေရတာ ဖြစ်ပါတယ်။ ဒီ အဝိဇ္ဇာသဝကနေ လုံးဝ ကင်းစင်လွတ်မြောက်ချင်ရင်တော့ ရဟန္တာဖြစ်မှသာ ရမှာပါ။ သောတာပတ္တိ ပထမမဂ်မှာတော့ အဝိဇ္ဇာသဝရဲ့ လေးပုံတစ်ပုံကို ပယ်သတ်နိုင်ပါတယ်။ နေ့စဉ်ဘဝမှာ လူတွေကို အများဆုံး ဒုက္ခပေးပြီး အပါယ်ကျအောင် လှည့်စားနေတာကတော့ ကာမာသဝ၊ ဘဝါသဝ နဲ့ ဒိဋ္ဌာသဝ တွေပါပဲ။ ကာမာသဝ ဆိုတာ ကာမဂုဏ်အာရုံတွေကို လိုချင်နှစ်သက်တာပါ။ ဥပမာ- ကိုယ့်သားသမီးလေးတွေ အဆင်ပြေတာကို မြင်ချင်တယ် ဆိုပါစို့။ “ငါ့သားသမီး” လို့ ထင်နေတာက…

  • ခြင်းထဲက ကြက်များကဲ့သို့ ဆွဲမချကြပါနဲ့ – မိသားစု သံယောဇဉ်နှင့် သံသရာမှ လွတ်မြောက်ခြင်း

    မိတ်ဆွေ… လောကီနယ်ပယ်မှာ မိဘက သားသမီးကို စောင့်ရှောက်တာ၊ သားသမီးက မိဘကို လုပ်ကျွေးတာ၊ ဇနီးမောင်နှံ အပြန်အလှန် သစ္စာရှိကြတာဟာ အင်မတန် ချီးမွမ်းစရာကောင်းတဲ့ ကုသိုလ်ကိစ္စတွေ ဖြစ်ပါတယ်။ ဒါနပြုတယ်၊ သီလဆောက်တည်တယ်၊ ပရဟိတလုပ်တယ် ဆိုတာတွေဟာလည်း “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်” ဆိုတဲ့ အဆုံးအမနဲ့ ညီညွတ်တဲ့အတွက် အကုသိုလ်နဲ့ ယှဉ်ကြည့်ရင် အပြစ်ပြောဖို့ မသင့်ပါဘူး။ သို့သော်… ကျွန်တော်တို့ဟာ ကြုံခဲလှတဲ့ သာသနာတွင်းမှာ ရောက်နေတာ ဖြစ်တဲ့အတွက် ဒီကုသိုလ်တွေရဲ့ နောက်ကွယ်မှာ ခိုအောင်းနေတဲ့ “အမှန်တရား” တစ်ခုကိုတော့ သတိပြုစေချင်ပါတယ်။ အဲဒါကတော့ ဒီလောကီကိစ္စ အားလုံးရဲ့ နောက်ကွယ်မှာ “အဝိဇ္ဇာ” (အမှန်ကိုမသိမှု) နဲ့ “တဏှာ” (တွယ်တာမှု) က ခွစီးထားတယ် ဆိုတဲ့ အချက်ပါပဲ။ ၁။ အဖိုးတန်စိန်ခင်းထားတဲ့မြေမှာ…

  • မြင်းမိုရ်တောင်ကို အပြင်မှာ မရှာပါနဲ့၊ ခန္ဓာထဲက “ဒိဋ္ဌိတောင်” ကို အရင်ဖြိုပါ

    မိတ်ဆွေ… ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ယုံကြည်မှု သဒ္ဓါတရား အားနည်းကြသူတွေ၊ အထူးသဖြင့် နိုင်ငံတကာက လူတွေ ဝိုင်းဝန်းဝေဖန် တိုက်ခိုက်လေ့ရှိတဲ့ အကြောင်းအရာတစ်ခုကတော့ “မြင်းမိုရ်တောင်” ကိစ္စနဲ့ “၃၁ ဘုံ” ကိစ္စပဲ ဖြစ်ပါတယ်။ ဒါဟာ အပြစ်တော့ မဟုတ်ပါဘူး။ လူတိုင်း ကိုယ်မမြင်ရတဲ့အရာပေါ်မှာ သံသယဖြစ်တာ သဘာဝပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ မှန်မှန်ကန်ကန် သုံးသပ်ဖို့တော့ လိုပါတယ်။ မယုံတာ ကောင်းပါတယ်။ ယုံကြည်မှု အလွယ်မပေးတာဟာ ကောင်းကျိုးပေးတဲ့ ကိစ္စပါပဲ။ မိမိကိုယ်ကို အပြည့်အဝ တာဝန်ယူတယ်ဆိုတဲ့ “အတ္တဟိ အတ္တနော နာထော” ဆိုတာနဲ့လည်း ကိုက်ညီပါတယ်။ ဒီလိုပြောလို့ ယုံကြည်နေတဲ့သူကရော မကောင်းဘူးလားဆိုတော့ မဟုတ်ပြန်ပါဘူး။ မှန်ကန်တဲ့ အရာပေါ်မှာ ယုံကြည်ခဲ့ရင် သူ့အတွက် ခရီးက အင်မတန် လွယ်ကူပါတယ်။…

  • “အယူမှား ‘ကံ၊ ဉာဏ်၊ ဝီရိယ’ ကိုစွန့်၍ အောင်မြင်မှု၏ ဦးစီးဦးဆောင် ‘အဓိပတိတရားလေးပါး’ သို့ တက်လှမ်းခြင်း”

    ကျနော်တို့ မြန်မာဗုဒ္ဓဘာသာဝင်တွေကြားမှာ ခေတ်အဆက်ဆက် စွဲမြဲလာခဲ့တဲ့ “ကံ၊ ဉာဏ်၊ ဝီရိယ” ဆိုတဲ့ စကားစုဟာ တကယ်တော့ ဗုဒ္ဓရှင်တော်ဘုရားရဲ့ တရားစစ်တရားမှန် ဒေသနာတော်တွေထဲမှာ တိုက်ရိုက်ပါရှိတဲ့ ဟောကြားချက် မဟုတ်ပါဘူး။ ဒါဟာ လူတွေက အဆင်ပြေရုံ ပေါင်းစပ်ထားတဲ့ စကားစုတစ်ခုသာ ဖြစ်ပြီး၊ နက်နက်ရှိုင်းရှိုင်း ဆင်ခြင်ကြည့်ရင် အယူအဆပိုင်းဆိုင်ရာမှာ လွဲချော်မှုတွေ အများကြီး ရှိနေတာကို တွေ့ရပါလိမ့်မယ်။ဒီတော့ ကျနော်တို့ ဘုရားရှင် အလိုကျ အောင်မြင်မှု လမ်းစဉ်စစ်စစ်ဖြစ်တဲ့ အဓိပတိတရားလေးပါး အကြောင်းကို အယူမှန် ရရှိစေဖို့အတွက် အကျယ်တဝင့် ဆွေးနွေး တင်ပြပေးပါ့မယ်။၁။ “ကံ၊ ဉာဏ်၊ ဝီရိယ” အယူအဆ ဘာကြောင့် မှားယွင်းသလဲလူအတော်များများက “ကံ” ဆိုတာကို ရှေ့တန်းတင်လေ့ရှိပါတယ်။ တစ်ခုခုဆိုရင် “ကံပါမှ ရမှာပါ”၊ “ကံမကောင်းလို့ မဖြစ်တာပါ”…

  • မိသားစု သံယောဇဉ်နှင့် သေခါနီး ဝိနိပါတိကဘေး

    မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ။လောကီနယ်ပယ်မှာ မိဘက သားသမီးကို စောင့်ရှောက်တာ၊ သားသမီးက မိဘကို ပြန်လည်လုပ်ကျွေးတာ၊ ဇနီးခင်ပွန်း အပြန်အလှန် သစ္စာရှိတာတွေဟာ တကယ့်ကို ကောင်းမွန်တဲ့ ကုသိုလ်ကိစ္စတွေပါ။ ဒါပေမယ့် ကြုံခဲလှတဲ့ သာသနာတွင်းကာလကြီးမှာ ဒီလို လောကီဝတ္တရားတွေ၊ သံယောဇဉ်တွေရဲ့ နောက်ကွယ်မှာ အဝိဇ္ဇာနဲ့ တဏှာ (ဒိဋ္ဌာသဝ၊ ကာမာသဝ) က ခွစီးထားတယ်ဆိုတာကိုတော့ သတိပေးချင်ပါတယ်။ ဒီအဖြစ်အပျက်ဟာ အဖိုးမဖြတ်နိုင်တဲ့ စိန်တွေ ခင်းထားတဲ့ မြေမှာ ကြေးနီတူးပြီး နိုင်သလောက် သယ်သွားသလိုပါပဲ ။ တသက်တာ အေးချမ်းမယ့် အခွင့်အရေးရှိလျက်နဲ့ ခဏတာ ပြည့်စုံမှုကို ရွေးသလို ဖြစ်နေပါတယ် ။လောကီကုသိုလ်တွေ ဘယ်လောက်ပဲ လုပ်လုပ်၊ သံယောဇဉ်တွေ ဘယ်လောက်ပဲ ကြီးကြီး၊ ပုထုဇဉ်ဘဝကနေ မလွတ်သေးသရွေ့ သေခါနီးမှာ “ဝိနိပါတိကဘေး” ဆိုတာကို…

  • တရားထိုင်နေတဲ့ “ငါ” (သို့မဟုတ်) တရားရိပ်သာထဲက အကြီးမားဆုံးသော အတ္တ

    မိတ်ဆွေ… လောကမှာ အကြောက်ရဆုံးသော လှည့်စားမှုဟာ ဘာလဲ သိပါသလား။ ကိုယ့်ကိုယ်ကိုယ် အမှန်တရားလမ်းပေါ် ရောက်နေပြီလို့ ထင်မှတ်ပြီး၊ တကယ်တမ်းကျတော့ အရင်ကထက် ပိုမိုထူထဲတဲ့ အတ္တတံတိုင်းကြီး နောက်ကွယ်မှာ ပုန်းအောင်းနေမိခြင်းပါပဲ။ ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးမယ့် အကြောင်းအရာဟာ လောကီလူသားတွေရဲ့ အလွဲတွေကို မဟုတ်ပါဘူး။ “ငါ တရားအားထုတ်နေတယ်၊ ငါ ယောဂီပဲ၊ ငါ တရားစခန်း ဝင်နေတယ်” ဆိုပြီး ဂုဏ်ယူဝင့်ကြွားနေကြတဲ့၊ သို့မဟုတ် အဲဒီ “ပညတ်” ခေါင်းစဉ်အောက်မှာ မိမိကိုယ်ကိုယ် ပိတ်လှောင်ထားမိတဲ့ သူတော်ကောင်းယောင်ဆောင် အတ္တ (Spiritual Ego) အကြောင်းကို ရက်ရက်စက်စက် ခွဲစိတ်ပြသွားမှာ ဖြစ်ပါတယ်။လွတ်မြောက်ရေးကို ရှာဖွေတယ်ဆိုတာ “ငါ” ဆိုတဲ့ အကောင်အထည်ကြီးကို ရိုက်ချိုးပစ်ဖို့ပါ။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက လူအများစုဟာ…

  • ပညာ နှင့် သဒ္ဓါ

    ပညာ ဆိုတာက အမှန်ကို သိမြင်ခြင်းကို ဆိုလိုပါတယ်။ တရားအားထုတ်တဲ့ အခါမှာ ရုပ်နာမ်နဲ့ ပါတ်သက်တဲ့ အမှန်ကို မြင်တဲ့ အခါမှ မဂ်ကို အကျိုးပေးတဲ့ သဒ္ဓါတရားဟာ ဖြစ်လာတာပါ။ ဗိုလ်ငါးဗိုလ် ဆိုတာကို မိတ်ဆွေတို့ ကြားဖူးပါလိမ့်မယ် သဒ္ဓါဗိုလ်၊ ပညာဗိုလ်၊ ဝီရိယဗိုလ်၊ သမာဓိဗိုလ် နဲ့ သတိဗိုလ်ပါ။ အဲဒီထဲကမှ အရေးကြီးဆုံးက ပညာနဲ့ သဒ္ဓါနဲ့ ညှိတာပါပဲ။ ညှိတယ်ဆိုတာဟာ လိုတိုးပိုလျော့ လုပ်တာကို ပြောတာ မဟုတ်ပါဘူး။ ပညာ ထက်သထက် ထက်အောင် လုပ်ရင်း အမှန်သိခြင်ခြင်းအားဖြင့် အမှန်တရားပေါ်မှာ ယုံကြည်ခြင်း ဖြစ်လာတာပါ။ အဲဒါမှလဲ သဒ္ဓါဗိုလ် ဖြစ်နိုင်ပါတယ်။ကိုယ်က သဒ္ဓါစရိုက် ဖြစ်နေတယ် ဆိုရင်တော့ လိုအပ်တာက ပညာ လိုအပ်နေတာပါ။ ပညာဟာ ဘယ်ပေါ်မှာ…

  • ဘုရားလောင်း မကိုးကွယ်ရ အတုမယူရ

    ဗုဒ္ဓဘာသာဝင် အများစု၏ ကြားတွင် ဘုရားလောင်း (သို့မဟုတ်) ဘုရားအလောင်းများကို အထင်ကြီး လေးစားခြင်း၊ ကြည်ညိုကိုးကွယ်ခြင်းနှင့် မိမိကိုယ်တိုင်လည်း ဘုရားဆုပန်ကာ ဘုရားလောင်းအဖြစ် အတုယူ ကျင့်ကြံလိုသော ဆန္ဒများ ရှိတတ်ကြပါသည်။ သို့သော်လည်း တကယ့် ဓမ္မသဘောတရားနှင့် ခန္ဓာဉာဏ်ရောက် ဝိပဿနာအမြင်အရ သုံးသပ်ကြည့်မည်ဆိုပါက “ဘုရားလောင်း မကိုးကွယ်ရ အတုမယူရ” ဆိုသည့် အချက်မှာ အလွန်ပင် ထင်ရှားလှပါသည်။ အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရားရှင်နှင့် ဘုရားလောင်းတို့၏ အခြေအနေမှာ လုံးဝ ကွာခြားလွန်းလှသောကြောင့် ဖြစ်ပါသည်။ပထမဆုံး နားလည်ထားရမည့် အချက်မှာ မြတ်စွာဘုရားရှင်သည် ကိလေသာ ဆယ်ပါးစလုံး ကင်းစင်ပြီး မောဟ လုံးဝ ကင်းစင်ကာ မာန်မာန မရှိတော့သော အမြင့်မြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ သို့သော် ဘုရားအလောင်းများဆိုသည်မှာ ဘုရားမဖြစ်သေးမီ အချိန်ကာလ တစ်လျှောက်လုံးတွင်…