Category: ဥပါသကာ ဥပါသိကာ များအတွက်


  • နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် (လက်တွေ့ရှုထောင့်မှ ရှင်းလင်းချက်)

    ဝိပဿနာ တရားအားထုတ်တဲ့ နေရာမှာ အရေးအကြီးဆုံး အုတ်မြစ် နှစ်ခုကတော့ “နာမရူပပရိစ္ဆေဒဉာဏ်” (ရုပ်နဲ့နာမ်ကို ကွဲကွဲပြားပြား သိတဲ့ဉာဏ်) နဲ့ “ပစ္စယပရိဂ္ဂဟဉာဏ်” (အကြောင်းအကျိုးကို သိမ်းဆည်းနိုင်တဲ့ဉာဏ်) တို့ပဲ ဖြစ်ပါတယ်။ နာမရူပပရိစ္ဆေဒဉာဏ် ရလာပြီဆိုရင် “ငါ၊ သူတပါး၊ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ ဆိုတာ တကယ်တော့ မရှိပါလား။ အကောင်အထည်ရှိတဲ့ ရုပ် နဲ့ အာရုံကိုသိတဲ့ နာမ် သက်သက်ပါလား” ဆိုတာကို ပိုင်ပိုင်နိုင်နိုင် သဘောပေါက်သွားတဲ့အတွက် ‘ဒိဋ္ဌိဝိသုဒ္ဓိ’ (အမြင်စင်ကြယ်ခြင်း) ဖြစ်သွားပါတယ်။ ပစ္စယပရိဂ္ဂဟဉာဏ် ရလာတဲ့အခါမှာတော့ ဒီရုပ်နာမ်ယန္တရားကြီးကို ဘယ်ဖန်ဆင်းရှင်ကမှ ဖန်ဆင်းထားတာ မဟုတ်ဘဲ၊ ကိုယ်ပြုခဲ့တဲ့ အကြောင်းတရားတွေကြောင့်သာ ဒီအကျိုးတရားတွေ ဆက်တိုက် ဖြစ်ပေါ်နေတာပါလား လို့ ရှင်းရှင်းလင်းလင်း သိမြင်လာပါတယ်။ ဒီဉာဏ်နှစ်ပါးအကြောင်းကို အရင်စာတွေမှာ…

  • ဤခရီး နီးသလား

    ဗုဒ္ဓရဲ့ အဆုံးအမကို လေ့လာလိုသူတွေ၊ တရားအားထုတ်တာနဲ့ ပတ်သက်ပြီး သေသေချာချာ မသိသေးသူတွေ၊ အထူးသဖြင့် “အနတ္တဝါဒ” ဆိုတဲ့ အနှစ်သာရကို နားလည်ချင်သူတွေအတွက် ရည်ရွယ်ပြီး ဒီစာကို ရေးသားရခြင်း ဖြစ်ပါတယ်။ ကျနော့်ရဲ့ ခရီးစဉ်ကတော့ ရိုးရှင်းပါတယ်။ ဘာသာတရား၊ အမှန်တရား၊ လောကနဲ့ လောကအလွန်ဆိုတာ ဘာလဲဆိုတာကို သိချင်ခဲ့တယ်။ ထွက်မြောက်ရာလမ်း ရှိတယ်လို့ ကြားရတဲ့အတွက် ကိုယ်တိုင် လွတ်မြောက်အောင် ဗုဒ္ဓအဆုံးအမကို လေ့လာကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေလိုမျိုး ဘုရားပေါ်မှာ မျက်စိမှိတ်ပြီး ယုံကြည်လေးစားစွာနဲ့ ကျင့်သုံးခဲ့သူတော့ မဟုတ်ပါဘူး။ ကံကောင်းတာက ဗုဒ္ဓရဲ့ အဆုံးအမမှာ အဲဒီလို မျက်စိမှိတ် ယုံကြည်မှု (Blind Faith) က အဓိကမကျဘဲ၊ ခန္ဓာဉာဏ်ရောက် “အမှန်သိမြင်မှု (ပညာ)” ကသာ…

  • အားလပ်ရက်မှာ လုပ်တဲ့ ကုသိုလ်တွေက သံသရာလည်စေတဲ့ ကုသိုလ်တွေလား (သောတာပန်ဖြစ်ရန် အားထုတ်နေသူ (သေက္ခအလောင်းအလျာ) တစ်ယောက်ရဲ့ အမြင်)

    တနင်္ဂနွေနေ့လို အားလပ်ရက်တွေ ရောက်ပြီဆိုရင် ကျနော်တို့ ပတ်ဝန်းကျင်မှာ ဘုရားသွား၊ တရားနာ၊ တံမြက်လှည်း၊ ဆွမ်းလောင်း၊ ဥပုသ်စောင့် စတဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြတဲ့ ဥပါသကာ၊ ဥပါသိကာတွေကို အများအပြား တွေ့မြင်ရပါတယ်။ တစ်ပတ်လုံး အလုပ်တွေ ပင်ပန်းသမျှ၊ စိတ်ရှုပ်ထွေးသမျှတွေကို အားလပ်ရက်လေးမှာ ကုသိုလ်လုပ်ရင်း စိတ်အေးချမ်းမှု ရှာကြတာဟာ အင်မတန် ကောင်းမွန်တဲ့ အလေ့အကျင့် တစ်ခုပါ။ ဒါပေမဲ့ ဒီနေရာမှာ အလွန် အရေးကြီးတဲ့၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ရမယ့် မေးခွန်းတစ်ခု ရှိလာပါတယ်။ အဲဒါကတော့ “ကျနော်တို့ အားလပ်ရက်တိုင်း ပုံမှန် လုပ်နေကြတဲ့ ဒီကုသိုလ်တွေဟာ သံသရာဝဋ်ဆင်းရဲကနေ တကယ် လွတ်မြောက်စေမယ့် ကုသိုလ်တွေလား၊ ဒါမှမဟုတ် သံသရာထဲမှာပဲ ထပ်ပြီး လည်ပတ်နေအောင် ချည်နှောင်ထားမယ့် ကုသိုလ်တွေလား” ဆိုတာပါပဲ။…

  • ဒုက္ခသစ္စာမှသည် ဒုက္ခသစ္စာဆီသို့ (သံသရာကို လောဂျစ်ကျကျ တွက်ချက်ခြင်း)

    ဝိပဿနာ အားထုတ်နေကြသူများ ခင်ဗျာ… ဒီနေ့တော့ သံသရာလည်ရခြင်းရဲ့ သဘောတရားကို လောဂျစ်ကျကျလေး စဉ်းစားကြည့်ကြရအောင်ပါ။ လူအများစုဟာ ကိုယ်သေရင် အပါယ်ကျဖို့ပဲ များတယ်ဆိုတာကို ယုံလေ့မရှိကြပါဘူး။ ဒီလိုမယုံတာဟာ အပြစ်ပြောစရာတော့ မဟုတ်ပါဘူး။ အကြောင်းရင်းက မျက်စိနဲ့ တိုက်ရိုက် မမြင်ရတာက တစ်ကြောင်း၊ ဘုန်းကြီးတွေရဲ့ ဟောပြောချက်တွေကြောင့်က တစ်ကြောင်း ဖြစ်ပါတယ်။ “ဒီအလှူလုပ်ရင် အပါယ်တံခါးပိတ်တယ်၊ ဒီသီလလေး စောင့်လိုက်ရင် ဘယ်နှစ်ဘဝတော့ အပါယ်လွတ်တယ်၊ နတ်ပြည်တက်မယ်” စသဖြင့် အလွယ်တကူ သက်သာရာရစေမယ့် စကားတွေကို ဟောလေ့ရှိကြပါတယ်။ ဒါ့အပြင် သေတဲ့အခါ ယမမင်းဆီရောက်ရင် ယမမင်းက ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်တွေကို သတိပေးပြီး နတ်ပြည်ပို့ပေးမယ် ဆိုတာမျိုးတွေ၊ အလောင်းကောင်ဖြစ်သွားရင်တောင် ဘုန်းကြီးက သရဏဂုံတင်ပေးလိုက်ရင် အဲဒီအကျိုးကြောင့် သုဂတိရောက်မယ် ဆိုတာမျိုးတွေကို ယုံကြည်နေကြလို့ပါ။ တကယ်တော့ ဘုရားရှင်ဟောခဲ့တဲ့…

  • သက္ကာယဒိဋ္ဌိ (သို့မဟုတ်) “ငါ” ဟူသော အထင်မှားမှုကို ခွာချခြင်း

    “သက္ကာယဒိဋ္ဌိ” ဆိုတာ တကယ်တမ်း ထင်ရှားရှိနေတဲ့ ခန္ဓာငါးပါး အစုအဝေးကြီးအပေါ်မှာ “ငါပဲ၊ သူပဲ၊ ငါ့ဟာပဲ” လို့ မှားယွင်းစွာ ဆုပ်ကိုင်ထားတဲ့ အထင်မှားမှုကြီး ဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် ဒီခန္ဓာကိုယ်ကြီးအပေါ်မှာ အမည်နာမတွေ တပ်ပြီး၊ အဲဒီအမည်နာမတွေကို အမှန်တကယ် ရှိတယ်လို့ ထင်နေသမျှ အားလုံးဟာ သက္ကာယဒိဋ္ဌိချည်းပါပဲ။ ဒီ သက္ကာယဒိဋ္ဌိဟာ အယူမှား (ဒိဋ္ဌိ) ၆၂ ပါးလုံးရဲ့ ရေသောက်မြစ်ကြီး ဖြစ်သလို၊ ဒီအထင်မှားမှု ပြုတ်ကျသွားတာနဲ့ ယုံမှားသံသယဖြစ်ခြင်း (ဝိစိကိစ္ဆာ) ပါ အလိုလို ကွာကျသွားပါတယ်။ ဒီလို အမြစ်ပြတ် ခွာချနိုင်ဖို့အတွက် စာဖတ်၊ တရားနာရုံ သညာသိ (မှတ်သားမှု) သက်သက်နဲ့ မရဘဲ၊ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိမြင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သက္ကာယဒိဋ္ဌိကို…

  • ဆုကြီးပန် နှင့် ပတ်သက်၍ (မှန်ကန်သော တရားအမြင်ဖြင့် ရှုမြင်ခြင်း)

    မြန်မာ့လူဘောင်မှာ ဘုရားဆုပန်တယ်၊ ဆုကြီးပန်တယ် ဆိုတာကို အလွန်မြင့်မြတ်တဲ့ လုပ်ရပ်တစ်ခုအနေနဲ့ အထင်ကြီး လေးစားတတ်ကြပါတယ်။ ဒါပေမယ့် ဒီကိစ္စကို တကယ့် ဗုဒ္ဓရဲ့ တရားစစ်တရားမှန် မြင်ကွင်းကနေ သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုပါတယ်။ ပထမဆုံး သိထားရမယ့် အရေးကြီးဆုံးအချက်က ဘုရားဆုပန်တဲ့ အချိန်မှာ ဘုရားအလောင်းဟာ “ပုထုဇဉ်” သက်သက်သာ ဖြစ်တယ် ဆိုတာပါပဲ။ ပုထုဇဉ်ဖြစ်တဲ့အတွက် သူ့သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်တွေဟာ အရိယာတွေလို ကိလေသာကင်းစင်နေတဲ့ စိတ်မျိုး လုံးဝ မဟုတ်ပါဘူး။ မာန နှင့် ဒိဋ္ဌိ၏ သိမ်မွေ့သော လှည့်စားမှု ဘုရားဆုပန်တယ်ဆိုတဲ့ ဖြစ်စဉ်ကို အရိယာအမြင်နဲ့ ကြည့်မယ်ဆိုရင် “ငါကဲ့သို့သော ယောက်ျားကောင်း ရှိလျက်နဲ့ သတ္တဝါတွေ ဒုက္ခမရောက်စေရဘူး” ဆိုတဲ့ အတွေးကနေ မြစ်ဖျားခံတာပါ။ ဒီနေရာမှာ “ငါ”…

  • အမှန်တရား ဆိုတဲ့ ဆေးခါးကြီး

    သစ္စာတရား (အမှန်တရား) ဆိုတာ တကယ်တော့ အင်မတန် ရိုးရှင်းပါတယ်။ ဒါပေမဲ့ ဟောရ နာရတာ အင်မတန် ခက်ခဲတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ခန္ဓာကိုယ်ထဲမှာ ဥပါဒါန် (စွဲလမ်းမှု) တွေ၊ ဒိဋ္ဌိ (ငါဆိုတဲ့ အစွဲ) တွေက ဂုတ်ခွစီးထားလို့ပါပဲ။ ကာမဂုဏ်ကို ခင်တွယ်တဲ့ စိတ်နဲ့ “ငါ၊ ငါ့အတ္တ” ဆိုတဲ့ အစွဲကြီးက အရာရာကို လိုချင် မက်မောနေပါတယ်။ မမြဲတဲ့ သဘာဝတရားတွေကို နေ့စဉ် မျက်မြင်ကိုယ်တွေ့ မြင်နေရလျက်နဲ့ “ငါတော့ မြဲမှာပါလေ” လို့ ထင်နေတာဟာ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် သွက်သွက်ခါအောင်ကို ရူးနေတာပါပဲ။ လောကီ ဖြေရှင်းနည်းကို ရှာဖွေခြင်း တရားစခန်း ဝင်လာတဲ့ သူတွေ၊ တရားအားထုတ်တဲ့ ဖက်ကို ရောက်လာတဲ့ သူတော်တော်များများကို…

  • အရိပ်ပြပွဲ (သို့မဟုတ်) ပရမတ္ထ အနတ္တ

    “ပရမတ္ထ အနတ္တ” – ဒီစကားလေးကတော့ ကျွန်တော့်ရဲ့ ဓမ္မမိတ်ဆွေ၊ ဆရာသမားတစ်ဦးက ဆုံးမခဲ့တဲ့ စကားပါ။ သူက ကျွန်တော့်ထက် အသက် ၂၀ နီးပါး ငယ်ပေမယ့်၊ တရားအတူ ဆွေးနွေးအားထုတ်ရင်းကနေ သူက ဆရာကောင်းနဲ့ တွေ့ပြီး ပုထုဇဉ်ဘဝကို ဖြတ်ကျော်ကာ အရိယာအနွယ်ဝင် ဖြစ်သွားခဲ့ပါတယ်။ သူ အဆင်ပြေသွားတဲ့ အတွေ့အကြုံတွေကို ပြောပြတဲ့အထဲမှာ ကျွန်တော့်အတွက် အရေးအကြီးဆုံး ဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကတော့ “ရှုဉာဏ်ကိုပါ ပြန်ရှုဖို့” ဆိုတဲ့ အချက်ပါပဲ။ လူတွေဟာ လိုချင်တပ်မက်မှု (တဏှာ) အပေါ်မှာ “ငါ လိုချင်တယ်” လို့ အစွဲ (ဒိဋ္ဌိ) ကပ်တတ်သလိုပဲ၊ တရားရှုမှတ်နေတဲ့ အချိန်မှာလည်း “ငါ သိနေပြီ၊ ငါ့ဉာဏ်တွေ တက်လာပြီ” ဆိုပြီး ‘ရှုဉာဏ်’ အပေါ်မှာလည်း…

  • ဒိဋ္ဌိကို ပွားများမှုနှင့် ပယ်သတ်ခြင်း

    “ဒိဋ္ဌိ” ဆိုတာ အယူအဆ (View) ကို ခေါ်တာပါ။ သမ္မာဒိဋ္ဌိ ဆိုရင် မှန်ကန်တဲ့အယူ၊ မိစ္ဆာဒိဋ္ဌိ ဆိုရင် မှားယွင်းတဲ့အယူပေါ့။ ဒါပေမဲ့ ကျနော်တို့ တရားအားထုတ်တဲ့ နေရာမှာ အဓိက တိုက်ထုတ်ရမယ့် “ဒိဋ္ဌိ” ဆိုတာကတော့ “ငါ၊ သူ၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အသက်လိပ်ပြာ” လို့ အခိုင်အမာ ယုံကြည်စွဲလမ်းနေတဲ့ “သက္ကာယဒိဋ္ဌိ” (အမြင်မှား) ကို အဓိက ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအမြင်မှားကြီး ရှိနေသရွေ့ “ငါ လိုချင်တယ်” ဆိုတဲ့ ကာမတဏှာ၊ “ငါ ဖြစ်ချင်တယ်” ဆိုတဲ့ ဘဝတဏှာ တွေက သံသရာထဲကနေ မထွက်နိုင်အောင် ချည်နှောင်ထားမှာပါ။ ဒုက္ခတွေ အရမ်းများလာတဲ့ အခါကျရင်လည်း “သေရင် ပြီးတာပဲ၊…

  • သင်္ခါရမှ အနတ္တကို သိမ်းဆည်းခြင်း

    တရားအားထုတ်တဲ့အခါမှာ အများအားဖြင့် အနိစ္စ (မမြဲခြင်း) လက္ခဏာကို အဓိကထားပြီး ရှုခိုင်းလေ့ရှိပါတယ်။ အနိစ္စကို တကယ်မြင်ရင် ဒုက္ခ (ဆင်းရဲခြင်း) နဲ့ အနတ္တ (ကိုယ်မဟုတ်ခြင်း) ကိုပါ တဆက်တည်း မြင်နိုင်လို့ပါပဲ။ ဆရာတော်ကြီးတွေကလည်း ဖြစ်ပျက် (ဖြစ်ခြင်း၊ ပျက်ခြင်း) ကို မြင်အောင်ကြည့်ပါ၊ အပျက်ကို မြင်အောင်ကြည့်ပါလို့ အကြိမ်ကြိမ် ဟောကြားလေ့ရှိပါတယ်။ ရုပ်နာမ်ကွဲတဲ့ဉာဏ် (နာမရူပပရိစ္ဆေဒဉာဏ်) နဲ့ ကြောင်းကျိုးသိမ်းဆည်းသိတဲ့ဉာဏ် (ပစ္စယပရိဂ္ဂဟဉာဏ်) ရပြီဆိုရင် ဖြစ်ပျက်ကို စရှုရတော့တာပါပဲ။ ဖြစ်ပျက်ရှုတယ်ဆိုတာ တကယ်တော့ အပျက်ကိုမြင်ပြီး “မမြဲပါလား” လို့ အနိစ္စလို့ သမ္မာဒိဋ္ဌိ (အမြင်မှန်) နဲ့ သမ္မာသင်္ကပ္ပ (အကြံမှန်) ဖြစ်အောင် အားထုတ်တာပါ။ ကြိုးစားအားထုတ်မှု (သမ္မာဝါယမ)၊ သတိကပ်မှု (သမ္မာသတိ) နဲ့ တည်ကြည်မှု (သမ္မာသမာဓိ)…