ဗုဒ္ဓရဲ့ အဆုံးအမဟာ တကယ်တမ်းကျတော့ သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်ကြောင်းကိုသာ အဓိက ဦးတည်ပါတယ်။ လောကုတ္တရာကို မျက်နှာမူတဲ့ လမ်းစဉ်ဖြစ်တဲ့အတွက်၊ လောကီရဲ့ သတ်မှတ်ချက် အများစုနဲ့တော့ ဆန့်ကျင်ဘက် ဖြစ်နေတတ်ပါတယ်။ လောကီလူသားတွေ တွေးခေါ်ခံစားကြတဲ့အခါမှာ “ငါ၊ ငါ့ဟာ” ဆိုတဲ့ “အတ္တ” ကို အခြေခံပြီးမှ စဉ်းစားကြတာပါ။ ဒါကြောင့် လောကီရေးရာမှာ “ချစ်ခြင်းမေတ္တာ” ဆိုတာကို အကောင်းဆုံး၊ အမြင့်မြတ်ဆုံးအဖြစ် အတ္တနဲ့ ပုံဖော် ကြံစည်ကြပါတယ်။ လောကီလူသားတွေကို ချစ်ခြင်းမေတ္တာအကြောင်း ဟောပြောရတာ အလွန်လွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ အမုန်းတရားရဲ့ ဆိုးရွားတဲ့ အပြစ်ကို မြင်တဲ့အခါ၊ သူ့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ချစ်ခြင်းမေတ္တာကတော့ အပြစ်ကင်းတယ်လို့ အလွယ်တကူ ယူဆလိုက်ကြလို့ပါပဲ။ တကယ်တော့ ဝိပဿနာအမြင်နဲ့ ကြည့်ရင် လောကီချစ်ခြင်းမေတ္တာဆိုတာ အပြစ်ကင်းတဲ့ တရား…
ကျွန်တော်တို့ အားလုံးရဲ့ သန္တာန်မှာ အမြစ်တွယ်နေတဲ့ အင်မတန် ဆိုးရွားတဲ့ ရောဂါဆိုးကြီး တစ်ခုရှိပါတယ်။ အဲဒါကတော့ “ဒိဋ္ဌုပါဒါန်” လို့ခေါ်တဲ့ အမှားကို အမှန်ထင်ပြီး အသေအလဲ စွဲလမ်းနေတဲ့ တရားပါပဲ။ ဘယ်လို စွဲလမ်းတာလဲဆိုရင်- “ငါ၊ သူ၊ ယောက်ျား၊ မိန်းမ” ဆိုပြီး တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ဖြစ်တည်မှု (Identity) တွေ တကယ် ရှိနေတယ်၊ “ပုဂ္ဂိုလ်၊ သတ္တဝါ၊ အသက်လိပ်ပြာ” ဆိုတာတွေ တကယ် ရှိတယ်လို့ စွဲယူထားတာပါ။ ဒီအစွဲ နှစ်ခု ပေါင်းသွားတဲ့အခါ လောကကြီးမှာ ဖြစ်ပျက်နေသမျှကို “ဒါကတော့ ငါ စီမံတာ၊ ငါ လုပ်တာ၊ သူကတော့ ဘယ်လိုလူမျိုး” စသဖြင့် အမြင်တွေ ကွဲပြားလာပါတော့တယ်။ သမုတိအမှန် အပေါ် အထင်မှားမှု ဒီနေရာမှာ…
ကျမ်းဂန်လာ အဘိဓမ္မာ စကားရပ်တွေကို လက်တွေ့ တရားအားထုတ်နေတဲ့ ယောဂီတွေ ဉာဏ်ထဲမှာ ရှင်းလင်းလွယ်ကူစွာ ပေါ်လွင်သွားအောင်၊ ဥပမာလေးတွေနဲ့ တွဲဖက်ပြီး အောက်ပါအတိုင်း အသစ် ပြန်လည် ရှင်းလင်း တင်ပြပေးလိုက်ပါတယ်။ ၁။ သမ္မာဒိဋ္ဌိ (မှန်ကန်သော သိမြင်မှု) ဝိပဿနာရှုတဲ့အခါ ရုပ်နာမ်တွေရဲ့ ဖြစ်ပျက်နေမှု (အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘော) ကို ကွဲကွဲပြားပြား ထိုးထွင်း သိမြင်တဲ့ဉာဏ်ပါ။ ဥပမာ – မှောင်မိုက်နေတဲ့ အခန်းထဲကို ရောက်လာတဲ့ “အလင်းရောင် (သို့) ဓာတ်မီး” နဲ့ တူပါတယ်။ အမှောင် (မောဟ) ကို ခွင်းပြီး အရှိတရားကို ထင်ရှားစေပါတယ်။ ဒါ့အပြင် လမ်းမှားသွားမယ့် စိတ်ကို လမ်းမှန်ရောက်အောင် ပြန်လည် ထိန်းကျောင်းပေးတဲ့ “ကြိမ်လုံး” နဲ့လည်း…
မြန်မာ့လူဘောင်မှာ ငယ်စဉ်ကတည်းက ရိုက်သွင်းခံထားရတဲ့ “အနန္တော အနန္တ ငါးပါး” ဆိုတဲ့ စကားဟာ တကယ်တမ်း မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ ပါဠိတော်တွေမှာ လုံးဝ (လုံးဝ) မပါရှိပါဘူး။ ဒါဟာ ဗုဒ္ဓရဲ့ တိုက်ရိုက်အဆုံးအမ မဟုတ်ဘဲ၊ နောက်ပိုင်းခေတ်တွေကျမှ ဂိုဏ်းဆရာတချို့က မိမိတို့ကိုယ်တိုင် အပူဇော်ခံ၊ အကိုးကွယ်ခံချင်တဲ့ ဆန္ဒနဲ့ “မိဘ” ဆိုတဲ့ ကြားခံကို အသုံးချပြီး “ဆရာ” ဆိုတဲ့ ခေါင်းစဉ်ကိုပါ ရတနာသုံးပါးနဲ့ တစ်တန်းတည်းထားဖို့ တီထွင်ခဲ့ကြတဲ့ အယူအဆတစ်ခုသာ ဖြစ်ပါတယ်။ ဒီလို လွဲမှားတဲ့ အယူအဆကို လက်ခံထားခြင်းကြောင့် လက်တွေ့ဘဝတွေမှာ ကြီးမားတဲ့ လွဲချော်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ အများကြီး ဖြစ်ပေါ်လာရပါတယ်။ ဒါကို အချက်ကျကျ ခွဲခြမ်းစိတ်ဖြာကြည့်ပါမယ်။ ၁။ လောကုတ္တရာ နှင့် လောကီကို…
မြန်မာ့လူဘောင်မှာ အမြစ်တွယ်နေတဲ့ “ထဘီတန်းအောက် ဝင်ရင် ဘုန်းနိမ့်တယ်” ဆိုတဲ့ အယူအဆကို ဗုဒ္ဓရဲ့ တရားစစ်တရားမှန် မြင်ကွင်းကနေ သုံးသပ်ကြည့်ချင်ပါတယ်။ ဒီအစဉ်အလာကို ဉာဏ်နဲ့ ဖြတ်ကျော်ကြည့်တဲ့အခါ အလွန်ရှင်းလင်းတဲ့ အဖြေကို ရရှိမှာ ဖြစ်ပါတယ်။ ၁။ ဘုန်း ဆိုတာ ဘာလဲ ပထမဆုံး “ဘုန်း” ဆိုတဲ့ စကားလုံးကို တရားသဘောအရ အရင် သတ်မှတ်ဖို့ လိုပါတယ်။ “ဘုန်း” ဆိုတာ တကယ်တော့ “ကံ” (ဘုန်းကံ) ကို ဆိုလိုတာပါ။ မြတ်စွာဘုရားက “စေတနာကို ကံလို့ ငါဘုရား ဟောတော်မူတယ်” လို့ မိန့်ဆိုခဲ့ပါတယ်။ ဒါကြောင့် ကံကို ဖြစ်စေတဲ့ အဓိက လက်သည်ဟာ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ “စေတနာ” သက်သက်ပါပဲ။ စေတနာ ကောင်းရင်…
ကျနော်တို့ လူသားတွေရဲ့ အကြီးမားဆုံးသော အလွဲကြီး၊ သံသရာ တစ်လျှောက်လုံး လှည့်စားခံခဲ့ရတဲ့ အလိမ်အညာကြီး တစ်ခုရှိပါတယ်။ အဲဒါကတော့ “မနေ့က ‘ငါ’ နဲ့ ဒီနေ့ ‘ငါ’ ဟာ အတူတူပဲ။ ငယ်ငယ်က ‘ငါ’ နဲ့ အခု ကြီးလာတဲ့ ‘ငါ’ ဟာ တစ်ယောက်တည်းပဲ” လို့ ထင်မှတ်ထားတဲ့ အထင်မှားကြီးပါပဲ။ ဒီအထင်မှားကို တရားသဘောအရ “နိစ္စသညာ” (အမြဲတမ်း ခိုင်မြဲနေတယ်လို့ မှတ်ယူထားတဲ့ အမှတ်လွဲကြီး) လို့ ခေါ်ပါတယ်။ ဒီ နိစ္စသညာ ရှိနေသရွေ့ “ငါ” ဆိုတဲ့ အတ္တ (Ego) က ခိုင်မာနေမှာဖြစ်ပြီး၊ အဲဒီ “ငါ” အတွက် လိုချင်တပ်မက်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ဒေါသတွေ၊ မာနတွေက ဆက်တိုက် ဖြစ်ပေါ်နေမှာပါ။…
ဝိပဿနာ တရားအားထုတ်တဲ့ နေရာမှာ အရေးအကြီးဆုံး အုတ်မြစ် နှစ်ခုကတော့ “နာမရူပပရိစ္ဆေဒဉာဏ်” (ရုပ်နဲ့နာမ်ကို ကွဲကွဲပြားပြား သိတဲ့ဉာဏ်) နဲ့ “ပစ္စယပရိဂ္ဂဟဉာဏ်” (အကြောင်းအကျိုးကို သိမ်းဆည်းနိုင်တဲ့ဉာဏ်) တို့ပဲ ဖြစ်ပါတယ်။ နာမရူပပရိစ္ဆေဒဉာဏ် ရလာပြီဆိုရင် “ငါ၊ သူတပါး၊ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ ဆိုတာ တကယ်တော့ မရှိပါလား။ အကောင်အထည်ရှိတဲ့ ရုပ် နဲ့ အာရုံကိုသိတဲ့ နာမ် သက်သက်ပါလား” ဆိုတာကို ပိုင်ပိုင်နိုင်နိုင် သဘောပေါက်သွားတဲ့အတွက် ‘ဒိဋ္ဌိဝိသုဒ္ဓိ’ (အမြင်စင်ကြယ်ခြင်း) ဖြစ်သွားပါတယ်။ ပစ္စယပရိဂ္ဂဟဉာဏ် ရလာတဲ့အခါမှာတော့ ဒီရုပ်နာမ်ယန္တရားကြီးကို ဘယ်ဖန်ဆင်းရှင်ကမှ ဖန်ဆင်းထားတာ မဟုတ်ဘဲ၊ ကိုယ်ပြုခဲ့တဲ့ အကြောင်းတရားတွေကြောင့်သာ ဒီအကျိုးတရားတွေ ဆက်တိုက် ဖြစ်ပေါ်နေတာပါလား လို့ ရှင်းရှင်းလင်းလင်း သိမြင်လာပါတယ်။ ဒီဉာဏ်နှစ်ပါးအကြောင်းကို အရင်စာတွေမှာ…
ဗုဒ္ဓရဲ့ အဆုံးအမကို လေ့လာလိုသူတွေ၊ တရားအားထုတ်တာနဲ့ ပတ်သက်ပြီး သေသေချာချာ မသိသေးသူတွေ၊ အထူးသဖြင့် “အနတ္တဝါဒ” ဆိုတဲ့ အနှစ်သာရကို နားလည်ချင်သူတွေအတွက် ရည်ရွယ်ပြီး ဒီစာကို ရေးသားရခြင်း ဖြစ်ပါတယ်။ ကျနော့်ရဲ့ ခရီးစဉ်ကတော့ ရိုးရှင်းပါတယ်။ ဘာသာတရား၊ အမှန်တရား၊ လောကနဲ့ လောကအလွန်ဆိုတာ ဘာလဲဆိုတာကို သိချင်ခဲ့တယ်။ ထွက်မြောက်ရာလမ်း ရှိတယ်လို့ ကြားရတဲ့အတွက် ကိုယ်တိုင် လွတ်မြောက်အောင် ဗုဒ္ဓအဆုံးအမကို လေ့လာကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေလိုမျိုး ဘုရားပေါ်မှာ မျက်စိမှိတ်ပြီး ယုံကြည်လေးစားစွာနဲ့ ကျင့်သုံးခဲ့သူတော့ မဟုတ်ပါဘူး။ ကံကောင်းတာက ဗုဒ္ဓရဲ့ အဆုံးအမမှာ အဲဒီလို မျက်စိမှိတ် ယုံကြည်မှု (Blind Faith) က အဓိကမကျဘဲ၊ ခန္ဓာဉာဏ်ရောက် “အမှန်သိမြင်မှု (ပညာ)” ကသာ…
တနင်္ဂနွေနေ့လို အားလပ်ရက်တွေ ရောက်ပြီဆိုရင် ကျနော်တို့ ပတ်ဝန်းကျင်မှာ ဘုရားသွား၊ တရားနာ၊ တံမြက်လှည်း၊ ဆွမ်းလောင်း၊ ဥပုသ်စောင့် စတဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြတဲ့ ဥပါသကာ၊ ဥပါသိကာတွေကို အများအပြား တွေ့မြင်ရပါတယ်။ တစ်ပတ်လုံး အလုပ်တွေ ပင်ပန်းသမျှ၊ စိတ်ရှုပ်ထွေးသမျှတွေကို အားလပ်ရက်လေးမှာ ကုသိုလ်လုပ်ရင်း စိတ်အေးချမ်းမှု ရှာကြတာဟာ အင်မတန် ကောင်းမွန်တဲ့ အလေ့အကျင့် တစ်ခုပါ။ ဒါပေမဲ့ ဒီနေရာမှာ အလွန် အရေးကြီးတဲ့၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ရမယ့် မေးခွန်းတစ်ခု ရှိလာပါတယ်။ အဲဒါကတော့ “ကျနော်တို့ အားလပ်ရက်တိုင်း ပုံမှန် လုပ်နေကြတဲ့ ဒီကုသိုလ်တွေဟာ သံသရာဝဋ်ဆင်းရဲကနေ တကယ် လွတ်မြောက်စေမယ့် ကုသိုလ်တွေလား၊ ဒါမှမဟုတ် သံသရာထဲမှာပဲ ထပ်ပြီး လည်ပတ်နေအောင် ချည်နှောင်ထားမယ့် ကုသိုလ်တွေလား” ဆိုတာပါပဲ။…
ဝိပဿနာ အားထုတ်နေကြသူများ ခင်ဗျာ… ဒီနေ့တော့ သံသရာလည်ရခြင်းရဲ့ သဘောတရားကို လောဂျစ်ကျကျလေး စဉ်းစားကြည့်ကြရအောင်ပါ။ လူအများစုဟာ ကိုယ်သေရင် အပါယ်ကျဖို့ပဲ များတယ်ဆိုတာကို ယုံလေ့မရှိကြပါဘူး။ ဒီလိုမယုံတာဟာ အပြစ်ပြောစရာတော့ မဟုတ်ပါဘူး။ အကြောင်းရင်းက မျက်စိနဲ့ တိုက်ရိုက် မမြင်ရတာက တစ်ကြောင်း၊ ဘုန်းကြီးတွေရဲ့ ဟောပြောချက်တွေကြောင့်က တစ်ကြောင်း ဖြစ်ပါတယ်။ “ဒီအလှူလုပ်ရင် အပါယ်တံခါးပိတ်တယ်၊ ဒီသီလလေး စောင့်လိုက်ရင် ဘယ်နှစ်ဘဝတော့ အပါယ်လွတ်တယ်၊ နတ်ပြည်တက်မယ်” စသဖြင့် အလွယ်တကူ သက်သာရာရစေမယ့် စကားတွေကို ဟောလေ့ရှိကြပါတယ်။ ဒါ့အပြင် သေတဲ့အခါ ယမမင်းဆီရောက်ရင် ယမမင်းက ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်တွေကို သတိပေးပြီး နတ်ပြည်ပို့ပေးမယ် ဆိုတာမျိုးတွေ၊ အလောင်းကောင်ဖြစ်သွားရင်တောင် ဘုန်းကြီးက သရဏဂုံတင်ပေးလိုက်ရင် အဲဒီအကျိုးကြောင့် သုဂတိရောက်မယ် ဆိုတာမျိုးတွေကို ယုံကြည်နေကြလို့ပါ။ တကယ်တော့ ဘုရားရှင်ဟောခဲ့တဲ့…