Category: သာသနာရေး ဆိုင်ရာ ဆောင်းပါးများ


  • ဘာသာရေးနှင့် ပတ်သက်၍ (ဘာသာမဲ့များမှတစ်ဆင့် ပြန့်ပွားလာမည့် အနတ္တဝါဒ)

    ဘာသာရေးနဲ့ ပတ်သက်ရင် ကျနော် မြင်သလောက် အနာဂတ်မှာ အားအကောင်းဆုံး ဖြစ်လာမယ့် အုပ်စုကတော့ ဘာသာမဲ့ (Atheists) တွေပဲ ဖြစ်ပါတယ်။ အခု လောလောဆယ် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာဝင်က သန်း ၅၀၀ လောက်ပဲ ရှိပြီး၊ ဘာသာမဲ့ အရေအတွက်က ၁.၁ ဘီလီယံ အထိ ရှိနေပါပြီ။ နောက်ပိုင်းမှာလည်း ဘာသာမဲ့တွေပဲ ပိုပြီး များပြားလာဖို့ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပညာတတ် အသိုင်းအဝိုင်းတွေဟာ အကန်းယုံ ယုံကြည်ရတဲ့ ဘာသာရေး (Religion) ခေါင်းစဉ်အောက်ကနေ ထွက်ခွာပြီး ဘာသာမဲ့အဖြစ် ရပ်တည်လာကြလို့ပါပဲ။ ဒီနေရာမှာ “ဘာသာမဲ့” လို့ ပြောတဲ့အခါ နိုင်ငံတကာ စံနှုန်းတွေကို သေချာ သဘောပေါက်ဖို့ လိုပါတယ်။ ဘာသာမဲ့ ဆိုတာ ရိုင်းစိုင်းကြမ်းတမ်းသူတွေ၊…

  • စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖန်တီးပေးမယ့် သံဃာရတနာများ ပေါ်ထွန်းလာမှုအပေါ် မိမိ၏ ယုံကြည်ချက်။

    နေ့စဉ်ဘဝရဲ့ မွန်းကျပ်မှုတွေ၊ လောကဓံရဲ့ ရိုက်ခတ်မှုတွေနဲ့ ရုန်းကန်နေရတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ လူတိုင်းဟာ ငြိမ်းချမ်းရေးကို အမြဲတမ်း ရှာဖွေနေကြပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ ရှာဖွေနေတဲ့ အေးချမ်းမှုဆိုတာ စာအုပ်တွေထဲမှာ ရှိသလား၊ ပြင်ပက ရုပ်ဝတ္ထုပစ္စည်းတွေမှာ ရှိသလားဆိုတာကို သေချာ ပြန်လည် ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ တကယ့်လက်တွေ့မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ပြင်ပမှာ လိုက်ရှာလို့ ရတဲ့အရာ မဟုတ်ဘဲ၊ ကိုယ့်ခန္ဓာမှာ ပေါ်လာတဲ့ သိစိတ် (ဝိဉာဏ်) ကို မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာခြင်းကနေသာ ရရှိနိုင်တဲ့ အရာဖြစ်ပါတယ်။ ဒီလို လက်တွေ့ကျင့်စဉ်နဲ့ အမှန်တရားကို ရှာဖွေနေတဲ့ သံဃာရတနာ အစစ်အမှန်များ ပေါ်ထွန်းလာရေးဟာ ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းအတွက် တစ်ခုတည်းသော ငြိမ်းချမ်းရေး ထွက်ပေါက်ဖြစ်တယ်ဆိုတာကို ကျွန်ုပ်အနေနဲ့ ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။…

  • ပရိယတ္တိမှသည်ပဋိပတ္တိဆီသို့- ကျင့်စဉ်မပါတဲ့ အသိသက်သက်ကနေ ရုန်းထွက်ခြင်း။

    သာသနာ့ဘောင်မှာ အခုလက်ရှိ အများဆုံးတွေ့နေရတာက စာပေသင်ကြားခြင်း (ပရိယတ္တိ) ကိုပဲ အဓိကထားပြီး ဒါလုပ်နေရင် တာဝန်ကျေပြီလို့ ယူဆနေကြတဲ့ အခြေအနေပါပဲ။ ကိုရင်ဝတ်စဉ်က သင်္ကန်းတောင်းခဲ့တဲ့ “သံသရာဝဋ်ဆင်းရဲက လွတ်မြောက်လို၍” ဆိုတဲ့ မူလကတိကဝတ်ကို မေ့လျော့ပြီး စာအုပ်တွေကြားထဲမှာပဲ သံသရာလည်နေကြတာ အလွန်များပါတယ်။ တကယ်တော့ ဂန္ထဓုရ ဆိုတဲ့ စာပေသင်ကြားခြင်းသက်သက်ဖြင့် သာသနာမှာ နေခွင့်ရှိတယ်ဆိုတဲ့ စကားလုံးဟာ ဘုရားဟော ပါဠိတော်စစ်စစ်မှာ လုံးဝမပါဘဲ၊ ဓမ္မပဒ အဋ္ဌကထာမှာသာ ၁၅ ကြိမ်တိတိ ပါဝင်နေတဲ့ စကားလုံးသာ ဖြစ်ပါတယ်။ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တာ၊ အဘိဓမ္မာ သဘောတရားတွေကို အလွတ်ရွတ်ဆိုနိုင်တာတွေဟာ စာတွေ့အသိသက်သက် (သညာသိ) တွေသာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ ဖတ်လိုက်ရတဲ့အခါ ဦးနှောက်က သဘောပေါက်သွားသလို…

  • ဘာသာကွဲ ကိစ္စ

    ဘာသာကွဲနဲ့ ပါတ်သက်ပြီး ကျနော်တို့ အနေနဲ့ က အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရပါမယ်။ တကယ်တမ်း ဗုဒ္ဓဘာသာသည်သာ အကျိုးကျေးဇူးကို ရစေတယ်ဆိုတာ မြင်လာရင် အကုန် ဦးညွှတ်လာကြမှာပါ။ ဒါပေမယ့် ဉာဏ်ပညာ နုံနဲပြီး မကောင်းတဲ့ အကျင့်စရိုက်ရှိတဲ့ ဘုန်းကြီးတွေ ပြောချင်သလိုတွေ ပြောနေတာကို တကမ္ဘာလုံးက သဒ္ဓါသက်သက်နဲ့ လာပြီး ကိုးကွယ်ကြမယ်ဆိုတာက စိတ်ကူးယဉ်ဆန်ပါတယ်။ ဗုဒ္ဓဘာသာက အကောင်းဆုံးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အနှစ်သာရသည် သံသရာမှ လွတ်မြောက်ရေး ဖြစ်ပါတယ်။ အဲဒီတော့ ဘိက္ခု၊ ဥပါသကာ၊ ဥပါသိကာ တို့ထဲမှာ သံသရာက လွတ်မြောက်ကြောင်းကိုပဲ အဓိကထားဟောသူ လိုပါတယ်။ ဒီလိုအပ်ချက်ကို မဖြည့်ဘူးဆိုရင် အသွင်သာသနာ ဆိုတာထိကို ကူးသွားနိုင်ပါတယ်။ အကျင့်တရားတွေ ကွယ်ပျောက်သွားနိုင်ပါတယ်။ သာသနာပျက်တာသည် ပဋ္ဌာန်းကျမ်းကွယ်တာနဲ့ ဆိုင်တယ်လို့…

  • “သံဃာရတနာ” ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်က အနှစ်သာရ အစစ်အမှန်ကို ကိုယ်တိုင်အဖြေရှာကြည့်ခြင်း။

    ဗုဒ္ဓဘာသာဝင်တိုင်း နေ့စဉ် ရွတ်ဆိုပူဇော်နေတဲ့ ရတနာသုံးပါးထဲမှာ “သံဃာရတနာ” ဆိုတာ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီစကားလုံးကို အစဉ်အလာအရ နှုတ်ကနေ အလွတ်ကျက် ရွတ်ဆိုနေရုံသက်သက်လား၊ ဒါမှမဟုတ် ဒီစကားလုံးရဲ့ နောက်ကွယ်က အနှစ်သာရ အစစ်အမှန်ကို ကိုယ်တွေ့ဉာဏ်နဲ့ သေချာ သိမြင်ပြီးမှ ပူဇော်နေတာလား ဆိုတာ မိမိကိုယ်ကို ပြန်လည် မေးခွန်းထုတ်ကြည့်ဖို့ လိုအပ်လာပါပြီ။ အစဉ်အလာ ယုံကြည်မှုသက်သက်မှ ရုန်းထွက်ခြင်း ကျွန်ုပ်တို့ဟာ ငယ်စဉ်ကတည်းက သင်ကြားပေးလိုက်တဲ့ အသိတွေ၊ ပတ်ဝန်းကျင်က ပြောတဲ့ စကားတွေကို အကန်းယုံ ယုံကြည်ပြီး လိုက်လုပ်တတ်တဲ့ အလေ့အထ ရှိပါတယ်။ ဒါပေမယ့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့အတွက်ဆိုရင် သူများပြောတိုင်း မယုံဘဲ၊ ခန္ဓာက ပြသနေတဲ့ အဖြေကို ကိုယ်တိုင် ဉာဏ်နဲ့ ထိုးထွင်းပြီး လေ့လာကြည့်ဖို့ လိုပါတယ်။…

  • သာသနာနှင့် ပတ်သက်၍ (အမေး အဖြေ)

    မိတ်ဆွေတစ်ယောက် မေးတဲ့ မေးခွန်းတွေပါ။ အကျိုးရှိမယ် ယူဆလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ [မေးခွန်းများ] မရှင်းတာလေးတွေ ရှိလို့ မေးပါရစေ။ ၁။ အရိယာမဟုတ်တဲ့ ဘုန်းကြီးမှန်သမျှ တကယ်ပဲ သံဃာစာရင်းထဲ မပါဘူးလား။ မြတ်စွာဘုရားက တကယ်ပဲ အဲဒီလို ဟောခဲ့ပါသလား။ ၂။ အရိယာတော့ မဖြစ်သေးဘူး၊ ပရိယတ် ပဋိပတ် နှစ်ခုလုံးကို ကြိုးစားအားထုတ်နေတဲ့ ရဟန်းဆိုရင်ကော ဘယ်လိုသတ်မှတ်မလဲ။ ၃။ မိုးကုတ်ဆရာတော်ဘုရားကြီး၊ မဟာစည်ဆရာတော်ဘုရားကြီးနဲ့ တခြားသော ရဟန်းသာလို့ သမုတ်ခံရတဲ့ ဆရာတော်ကြီးတွေကော အရိယာမဖြစ်ခင်က တရားမဟောခဲ့ကြဘူးလား။ (ဆရာ့စာထဲမှာ အရိယာမဖြစ်ရင် တရားဟောစင်ပေါ်မှာ မတက်ထိုက်ဘူးလို့ အဓိပ္ပာယ်ရတဲ့စာ တွေ့လို့ပါ) ၄။ အရိယာမဖြစ်သေးဘူး၊ သီလ သမာဓိ ပညာ ပြည့်စုံတဲ့ ဘုန်းကြီးက တရားဟောရင် နာတဲ့သူတွေ သံသရာက မလွတ်နိုင်တောင်…

  • ရဟန်းများ အစာစားရာတွင် ဆင်ခြင်ပုံ (ပုတ္တမံသ ဥပမာ နှင့် သံသရာခရီး)

    လူအချို့က “ရဟန်းတွေဟာ အလုပ်လုပ်စရာ မလိုဘူး၊ သက်တောင့်သက်သာ နေရတယ်” လို့ ထင်မြင် ယူဆတတ်ကြပါတယ်။ ဒါပေမယ့် ဉာဏ်နဲ့ သေချာ လေ့လာခြင်း ပြုကြည့်မယ် ဆိုရင်တော့၊ ဝိနည်းတော်ကို တိတိကျကျ လိုက်နာ ကျင့်ကြံနေတဲ့ ရဟန်းတစ်ပါးအတွက် “သက်သာတယ်” ဆိုတာ လုံးဝ မရှိပါဘူး။ ဥပမာအားဖြင့်- နေ့စဉ် ရှင်သန်ဖို့အတွက် မလွှဲမရှောင်သာ စားသောက်ရတဲ့ “ဆွမ်းဘုဉ်းပေးခြင်း” ကိစ္စမှာ ဘယ်လို ဆင်ခြင်ရသလဲ ဆိုတာကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတွေ ဆွမ်းစားတဲ့အခါ “ပုတ္တမံသ ဥပမာ (မိမိရင်သွေး သားသမီး၏ အသားကို စားရသကဲ့သို့ ဆင်ခြင်ခြင်း)” ဖြင့် ဆင်ခြင်ဖို့ ဟောကြား လမ်းညွှန်တော်မူခဲ့ပါတယ်။ ကန္တာရခရီးမှ ရင်ကွဲပက်လက် ဇာတ်လမ်း အဲဒီ ဥပမာ…

  • သာသနာတော် နှစ် (၅၀၀၀) ဆိုတာ တကယ်ပဲလား

    ပထမဆုံး သိရမှာကတော့ “သာသနာ နှစ် ၅၀၀၀” ဆိုတာဟာ ဘုရားဟော ပါဠိတော်ထဲမှာ မပါပါဘူး။ ဒီထဲမှာမှ ဘုရားလက်ထက် သာသနာသက်တမ်းနဲ့ ပတ်သက်ပြီး ပြောခဲ့တာဟာ ဘိက္ခုနီ (ရဟန်းမ) များကို ဂရုဓမ္မ ဟောကြားတဲ့အချိန်မှာ ပြောထားတာ ရှိပါတယ်။ အဲဒီအချိန်မှာ သာသနာဟာ နှစ်တစ်ထောင်တည်မယ် ဆိုရင်၊ ဘိက္ခုနီသာသနာကို ခွင့်ပြုတဲ့အတွက် နှစ် ၅၀၀ ပဲ တည်မယ်။ ဒါပေမယ့် ဂရုဓမ္မကို ဟောကြားလိုက်တဲ့အတွက် သာသနာဟာ “နှစ်တစ်ထောင် တည်လိမ့်မယ်” လို့ ပြောထားတာပါ။ ဒီတော့ ဒီနေရာမှာ ‘နှစ်တစ်ထောင်’ ဆိုတာဟာ တကယ့် ကိန်းဂဏန်း (Literally) နှစ်တစ်ထောင်ကို ဆိုလိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သာသနာက နှစ်ပေါင်း ၂၅၀၀ ကျော်နေပါပြီ။…

  • သာသနာ နှင့် ပါတ်သက်၍ (၂)

    ဒီအပိုင်းမှာ ဘာသာရေး ဆိုတာကို နည်းနည်း ပြောချင်ပါတယ်။ ဘာသာရေး ဆိုတာဟာ လူမှုရေး နိုင်ငံရေး စီးပွားရေး လိုမျိုး အရေးကိစ္စတခု ဖြစ်ပါတယ်။ ဘာသာရေးဆိုတာကို ပြောမယ် ဆိုရင် ဘာသာတရား ဆိုတာကို အရင်ပြောရပါမယ်။ ဘာသာတရားဆိုတာက လူတွေက စိတ်ငြိမ်းချမ်းမှုရရန်၊ ဘဝနဲ့ ပါတ်သက်တဲ့ အဖြေများ ပေးရန်၊ လူများကို အယူတခုပေါ်မှာ ညီညွတ်နေ ရန်ဆိုတဲ့ ရည်ရွယ်ချက်တွေ နဲ့ ကိုးကွယ်ကြပါတယ်။ ဘာသာရေးဆိုတာ နဲ့ပါတ်သက်ပြီး ရှာဖွေမှုတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀ လောက်ကတည်းက ကိုးကွယ် မှုတွေကို တွေ့ကြရပါတယ်။ လူတွေ အရင်ဆုံး ကိုးကွယ်ကြတာက သဘာဝတရားပါ။ မိုးကို ကိုးကွယ်မယ်၊ မြေကြီးကို ကိုးကွယ်မယ်၊ ရာသီဥတုကို ကိုးကွယ်မယ် ဆိုတာမျိုး နဲ့…

  • ရိုသေလေးစားအပ်ပါသော သံဃာတော် အရှင်သူမြတ်တို့ဘုရား…

    ဒီနေ့ ကမ္ဘာကြီးကို လေ့လာကြည့်လိုက်ရင် နေရာတိုင်းမှာ ပူလောင်မှုတွေ၊ ပဋိပက္ခတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီဆင်းရဲဒုက္ခ အားလုံးရဲ့ ရေသောက်မြစ် အဖြေအမှန်ဟာ တစ်ခုတည်းပါပဲ… အဲဒါကတော့ “မောဟ” ဖြစ်ပါတယ်။ တကယ်တော့ လူသားတွေဆိုတာ သီးသန့်ဖြစ်တည်နေတဲ့ ‘ငါ’၊ ‘သူ’ ဆိုတာ မရှိပါဘူး။ တူညီတဲ့ အက်တမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်တရား၊ တူညီတဲ့ သဘာဝရှိတဲ့ သိစိတ် (သိစိတ်ဆိုတာ ဝိဉာဏ် ဖြစ်ပါတယ်)၊ တူညီတဲ့ မှတ်သားမှု သညာ၊ တူညီတဲ့ ခံစားမှု ဝေဒနာ၊ တူညီတဲ့ တိုက်တွန်းမှု သင်္ခါရ ဆိုတဲ့ အကြောင်းအကျိုး ဆက်စပ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ် ဖြစ်စဉ်တွေသာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ အမြဲလိုလို ဖြစ်ပြီး ပျက်နေတဲ့ သဘောသာ ရှိတဲ့အတွက် ပစ္စုပ္ပန်တည့်တည့်မှာ…