Category: သာသနာရေး ဆိုင်ရာ ဆောင်းပါးများ


  • အဘယ်အတွက် သင်္ကန်းကို တောင်းခံခဲ့သနည်း

    ဘဝမှာ အရေးကြီးဆုံးသော အချိုးအကွေ့တစ်ခုကို ဖြတ်သန်းခဲ့တဲ့ နေ့တစ်နေ့၊ အချိန်ကာလ တစ်ခုကို အေးအေးသက်သာလေး ပြန်လည် ဆင်ခြင် သုံးသပ်ကြည့်စေချင်ပါတယ်။ အဲဒီအချိန်ကတော့ ဥပဇ္ဈာယ်ဆရာတော်ရှေ့မှောက်မှာ ဒူးလေးတုပ်၊ လက်အုပ်လေးချီပြီး မိမိဘဝကို အသွင်ပြောင်းလဲပေးမယ့် သင်္ကန်းကို တောင်းခံခဲ့တဲ့ အချိန်လေးပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလလေးမှာ နှုတ်ကနေ ရွတ်ဆိုခဲ့တဲ့ စကားလုံးတွေဟာ သာမန် စကားလုံးတွေ မဟုတ်ပါဘူး။ “သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရစေ” ဆိုတဲ့ အင်မတန်မှ လေးနက်၊ ကြီးကျယ်ပြီး ကြီးမားတဲ့ ကတိကဝတ်ကြီး တစ်ခု ဖြစ်ပါတယ်။ဒီနေရာမှာ ဒီစာကို ဖတ်ရှုနေတဲ့ ရဟန်းတော်များ အနေနဲ့ ဘယ်သူ့ကိုမှ ဖြေရှင်းချက်ပေးဖို့ မလိုဘဲ မိမိကိုယ် မိမိ အေးအေးဆေးဆေးလေး ပြန်လည် မေးခွန်းထုတ်ကြည့်စေချင်ပါတယ်။ နှုတ်ကနေ “သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရစေ” လို့ ရွတ်ဆိုနေတဲ့…

  • ပွဲတက်ရဟန်းဘဝ နှင့် အစစ်အမှန် လွတ်မြောက်ရေး

    ဗုဒ္ဓရဲ့ အဆုံးအမမှာ ရဟန်းပြုတယ်ဆိုတာ သံသရာဝဋ်ဆင်းရဲကနေ အပြီးတိုင် လွတ်မြောက်ဖို့၊ အစစ်အမှန် လွတ်မြောက်ရေးဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ သက်သက်သာ ဖြစ်ပါတယ်။ ရဟန်းတစ်ပါးရဲ့ ဘဝမှာ ပထမဦးစားပေး နေရာ၊ ဒုတိယ ဦးစားပေး နေရာ၊ တတိယ ဦးစားပေး နေရာ အားလုံးဟာ ရဟန္တာဖြစ်ရေး ဆိုတဲ့ ကိစ္စတစ်ခုတည်းသာ ရှိရပါမယ်။ ဒါပေမယ့် ယနေ့ခေတ် အခြေအနေတွေကို ဉာဏ်နဲ့ ဖြတ်ကျော် ကြည့်လိုက်တဲ့အခါ မူလရည်ရွယ်ချက်တွေ ပျောက်ဆုံးပြီး လောကီအာရုံတွေနောက် ကောက်ကောက်ပါအောင် လိုက်နေတဲ့ “ပွဲတက်ရဟန်း” ဆိုတဲ့ လမ်းလွဲကြီးထဲကို ရောက်နေကြတာကို တွေ့မြင်နေရပါတယ်။ပရဟိတ နှင့် ဝိနည်းအပြစ်ယနေ့ခေတ်မှာ ရဟန်းတွေ လူမှုရေးကိစ္စတွေ၊ ပရဟိတ အလုပ်တွေ လုပ်နေကြတာကို အထင်ကြီး လေးစားနေကြတာတွေ ရှိပါတယ်။ တကယ်တော့ ရဟန်းတွေ…

  • စစ်မှန်သော သံဃာရတနာကို ရှာဖွေခြင်း နှင့် ဥပါသကာ ဥပါသိကာတို့ရဲ့ တာဝန်

    မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ သုတ္တနိပါတ်၊ အာမဂန္ဓသုတ်မှာ လူယုတ်မာတို့ရဲ့ စက်ဆုပ်ဖွယ် အကျင့်တွေအကြောင်းကို ရှင်းလင်းပြတ်သားစွာ ဟောတော်မူခဲ့ပါတယ်။ အဲဒီအထဲမှာ “ကြွေးမြီကို ယူပြီး မပေးဆပ်ခြင်း၊ ဖျက်ဆီးတတ်ခြင်း၊ ကုန်းချောတတ်ခြင်း” ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီအချက်တွေကို မျက်မှောက်ခေတ် အခြေအနေတွေနဲ့ တိုက်ဆိုင်ကြည့်ရင် အလွန်ပဲ လေးနက်လှပါတယ်။ဒါယကာ ဒါယိကာမတွေရဲ့ လှူဒါန်းမှုကို ခံယူစားသောက်ပြီး ဝိပဿနာတရား အားထုတ်ခြင်းမပြုတဲ့ ရဟန်းတစ်ပါးဟာ “ကြွေးမြီကို ယူပြီး မပေးဆပ်သူ” ပါပဲ။ မြတ်စွာဘုရား မပညတ်ခဲ့တာတွေကို ပညတ်ပြီး ရဟန်းကို ဆုတ်ယုတ်စေတာဟာ (မဟာပရိနိဗ္ဗာနသုတ်၊ ရဟန်းတို၏မဆုတ်ယုတ်ကြောင်းတရား ခုနှစ်ပါးအရ) “ဖျက်ဆီးတတ်သူ” ရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် မြတ်စွာဘုရား ခွင့်ပြုခဲ့တာမဟုတ်တဲ့ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဒိဋ္ဌိ စတဲ့ သံသရာလည်ကြောင်း…

  • မြတ်စွာဘုရား၏ အကြွေးကို ဆပ်ချိန်တန်ပြီ

    လောကကြီးမှာ အကြွေးယူထားရင် ပြန်ဆပ်ရမယ်ဆိုတာ အင်မတန် ရိုးရှင်းပြီး ရှင်းလင်းတဲ့ သဘောတရားပါ။ အကြွေးယူထားပြီး မဆပ်ရင် လောကဥပဒေအရရော၊ လူမှုရေးအရရော အပြစ်ရှိပါတယ်။ ဒါက လောကီရေးရာ ကိစ္စပါ။ ဒါပေမယ့် လောကုတ္တရာရေးရာဖြစ်တဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမ သာသနာတော်တွင်းမှာတော့ ဒီထက်ပိုပြီး ကြီးမားလေးနက်တဲ့၊ အင်မတန် ကြောက်စရာကောင်းတဲ့ အကြွေးကိစ္စကြီး တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ရဟန်းတွေ တင်နေတဲ့ မြတ်စွာဘုရား၏ အကြွေး ပါပဲ။ကျနော်က ရဟန်းတစ်ပါး မဟုတ်ပါဘူး။ လူ အရိယာ ဥပါသကာ တစ်ယောက်မျှသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ မြင်တွေ့နေရတဲ့ အခြေအနေတွေအရ ရတနာသုံးပါးရဲ့ မျက်နှာကို ထောက်ထားပြီး၊ ကြွေးရှင်ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်စား ဒီအကြွေးတွေကို ချက်ချင်း ပြန်ဆပ်ဖို့ ရဟန်းတွေကို ကျနော်က…

  • သာသနာတော် နှင့် ကျေးဇူးတရား

    လောကမှာ “ကျေးဇူးတရား” ဆိုတာနဲ့ ပတ်သက်လာရင် မြတ်စွာဘုရားရဲ့ မူလကျေးဇူးတော်နဲ့ သာသနာတွင်းက ရဟန်းတွေရဲ့ ကျေးဇူးဆိုတာကို ကွဲကွဲပြားပြား နားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။ ၁။ ဘုရားရှင်၏ ကြီးမားလှသော ရင်းနှီးမြှုပ်နှံမှု မြတ်စွာဘုရားရှင်ဆိုတာ လွန်ခဲ့တဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းက သာမန် ပုထုဇဉ် ယောက်ျားကောင်း တစ်ယောက်ပါပဲ။ အဲဒီအချိန်က ပွင့်တော်မူတဲ့ ဘုရားရှင်လက်ထက်မှာ သူဟာ ဉာဏ်ပညာ အရမ်းထက်မြက်ပြီး ခန္ဓာရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားတွေကို အလွယ်တကူ ထိုးထွင်းသိမြင်နိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် “ငါတစ်ယောက်တည်း လွတ်မြောက်သွားတာထက်၊ သတ္တဝါတွေကိုပါ သံသရာတစ်ဖက်ကမ်းကို ခေါ်ဆောင်သွားမယ်” ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒ၊ မလျှော့သော ဝီရိယ တို့နဲ့ ဘုရားဆုကို ပန်ခဲ့ပါတယ်။ နောက်ဆုံးဘဝကို ရောက်တဲ့အခါမှာလည်း…

  • သင်္ကန်း နှင့် သာသနာ

    သာသနာ ဆိုတာဟာ တကယ်တော့ သံသရာက လွတ်ကြောင်းကို အားထုတ်ဖို့ ဆုံးမထားတာ ဖြစ်တဲ့အတွက် သာသနာမှာ ပါဝင်တဲ့ ဘိက္ခု (ရဟန်း)၊ ဥပါသကာ၊ ဥပါသိကာ တို့ကို မိတ်ဆွေတို့ မြင်ဖူးနေတဲ့ တရားအားထုတ် တဲ့ ရိပ်သာ သဘောမျိုး မြင်ကြည့်လို့ရပါတယ်။ တရားရိပ်သာ တခုမှာ ဝေယျာဝစ္စ လုပ်ကြတဲ့ လူတွေ ရှိပါတယ်။ အလှူရှင်တွေ ရှိပါတယ်။ တရားလာအားထုတ် ကြတဲ့ ယောဂီတွေ ရှိပါတယ်။ တရားပြဆရာတွေ ရှိပါတယ်။ အဲဒီတော့ ဒါကို သာသနာနဲ့ နှိုင်းယှဉ်ကြည့် လိုက်မယ် ဆိုရင်၊ သာသနာမှာ ဘိက္ခု(ရဟန်း) ဆိုတာဟာ တရားအားထုတ်မယ်ဆိုပြီး ရိပ်သာ ဝင်လာတဲ့ ယောဂီ ပါ။ ဝိနည်းဆိုတာက ယောဂီ စည်းကမ်းပါ။ တရားပြဆရာဆိုတာကတော့ အရိယာ…

  • ပြင်တော်မူပါ သာသနာ

    ဗုဒ္ဓအဆုံးအမဆိုတာ အင်မတန် လက်တွေ့ကျပါတယ်။ မျက်စိမှိတ် ယုံကြည်ရတဲ့၊ မမြင်ရတာတွေကို ခန့်မှန်းကြည်ညိုနေရတဲ့ အလကားပေး ယုံကြည်မှုမျိုး မဟုတ်ပါဘူး။ အရာရာကို အကြောင်းအကျိုးနဲ့ မေးခွန်းထုတ်ခွင့်၊ စမ်းသပ်ခွင့် ရှိပါတယ်။ မြတ်စွာဘုရားဟာ “တခွန်းတည်းနှင့် အမြဲမှန်သော စကားကိုသာ ဆိုလေ့ရှိတယ်” ဆိုတဲ့ ဂုဏ်တော်နဲ့အညီ၊ သဗ္ဗညုတဉာဏ်တော်အစွမ်းနဲ့ သတ္တဝါတွေ သံသရာက လွတ်မြောက်ရေးကိုသာ အဓိကထား လမ်းညွှန်ခဲ့တာပါ။ ဒီနေရာမှာ အမြစ်တွယ်နေတဲ့ အယူအမှားတချို့ကို အရင်ရှင်းလင်းဖို့ လိုပါတယ်။ သာသနာ ၂၅၀၀ ပါ၊ ၅၀၀၀ ပါ ဆိုတဲ့ သက်တမ်းသတ်မှတ်ချက်တွေဟာ ဘုရားဟော လုံးဝ မဟုတ်ပါဘူး။ အလားတူပဲ “ဆုတ်ကပ်” ဆိုတဲ့ စကားလုံးဟာလည်း ပါဠိတော်မှာ မရှိပါဘူး။ ဖြစ်ကပ် နဲ့ ပျက်ကပ်သာ ရှိပါတယ်။ ပျက်ကပ်ဖြစ်နေရင် ဖြစ်ကပ်ဖြစ်အောင်…

  • ထေရဝါဒ သာသနာ

    ထေရဝါဒ သာသနာဆိုသည်မှာ ပထမသင်္ဂါယနာတင်ပွဲတွင် မဟာသာဝက မထေရ်ကြီးများက “မည်သည့်အရာကိုမျှ ထပ်မံဖြည့်စွက်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း မလုပ်တော့ဘဲ မူလအတိုင်းသာ ထားရှိမည်” ဟု သဘောတူ ဆုံးဖြတ်ခဲ့ကြသည့် မူဝါဒကို တိတိကျကျ လိုက်နာသော အစုအဖွဲ့ ဖြစ်ပါသည်။ ထို့ကြောင့် ထေရဝါဒ သာသနာသည် အင်မတန်မှ တန်ဖိုးကြီးမားလှပါသည်။ ပထမသင်္ဂါယနာတင်စဉ်က သုတ် နှင့် ဝိနည်း ဟူ၍သာ သတ်မှတ်ခဲ့သော်လည်း၊ မပြောင်းလဲပါဘူးဟု ခံယူထားသည့်ကြားမှ နောင်အခါတွင် အသစ်ထည့်သွင်း ပြောင်းလဲထားမှုများ၏ လက်စလက်နများကို တွေ့မြင်နေရပါသည်။ ထိုသို့ ပြောင်းလဲမှုများထဲတွင် အဘိဓမ္မာကို ထည့်သွင်းလာခြင်းနှင့် ပတ်သက်၍ အထူးတလည် ကန့်ကွက်လိုခြင်း မရှိပါ။ တရားတော်များ ယနေ့တိုင် တည်ရှိနေခြင်းကိုပင် ကျေးဇူးတင်ရမည် ဖြစ်ကာ၊ အဘိဓမ္မာကို လက်မခံသူများထဲတွင် ကျနော် လုံးဝ မပါဝင်ပါ။…

  • ဘာသာ လား၊ သာသနာ လား

    ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ပတ်သက်လာရင် စကားလုံးအသစ်တွေ တီထွင်သုံးနှုန်းတာကို ကျနော် သိပ်သဘောမကျပါဘူး။ ဒါပေမယ့် ငယ်ငယ်ကတည်းက ခံစားခဲ့ရတဲ့ အသိတစ်ခု ရှိပါတယ်။ အဲဒါကတော့ “ဗုဒ္ဓဘာသာ” ဆိုတာဟာ တခြားဘယ်ဘာသာတရားနဲ့မှ လုံးဝကို မတူညီဘူး၊ သီးသန့်ကြီးကို ခွဲထွက်နေတယ် ဆိုတာပါပဲ။ နားမလည်နိုင်သေးတဲ့ အရွယ်၊ ဘာသာမဲ့လို ဖြစ်နေတဲ့ အချိန်မှာတောင် ဗုဒ္ဓရဲ့ အဆုံးအမကို ပစ်ပယ်တာမျိုး၊ မထေမဲ့မြင်လုပ်တာမျိုး မရှိခဲ့ဘဲ၊ ကိုယ့်ဉာဏ်မမီသေးတဲ့ ကိစ္စ၊ တကယ်သိချင်ရင် လက်တွေ့အားထုတ်မှု လိုအပ်တဲ့ ကိစ္စလို့ပဲ ခံယူခဲ့ပါတယ်။ သေချာ စဉ်းစားကြည့်တဲ့အခါ ဗုဒ္ဓအဆုံးအမဟာ တခြားဘာသာတွေနဲ့ လုံးဝ မတူရတဲ့ အဓိကအကြောင်းရင်းက “ဘာသာတရား (Religion)” မဟုတ်ဘဲ “သာသနာ (Sasana)” ဖြစ်နေလို့ပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် “ဘာသာတရား” ဆိုတာ…

  • ဗုဒ္ဓဘာသာ မဟုတ်သော ပညာသာသနာ

    တချို့က ဗုဒ္ဓအဆုံးအမကို လူသားကိုးကွယ်တဲ့ဝါဒ၊ ရုပ်တုဆင်းတုကိုးကွယ်တဲ့ဝါဒ၊ အုတ်ပုံကိုးကွယ်တဲ့ဝါဒလို့ အမျိုးမျိုး သမုတ်တတ်ကြ၊ အသားယူ ပြောဆိုတတ်ကြပါတယ်။ ဒါပေမယ့် သေချာနက်နက်နဲနဲ လေ့လာကြည့်ရင် ဒီအဆုံးအမဟာ “ဘာသာတရား (Religion)” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်းဖို့ မသင့်တော်လောက်အောင် ကွဲထွက်နေတာကို တွေ့ရပါမယ်။ တကယ်တမ်း ကျွန်တော်တို့ ခိုလှုံရာ၊ လဲလျောင်းရာ၊ ကိုးကွယ်ရာအစစ်ဟာ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါဘူး။ သံသရာမှ လွတ်မြောက်ကြောင်း “ပညာ” သက်သက်ကိုသာ ကိုးကွယ်ခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာလို့ အမည်တွင်နေတဲ့ ဒီအဆုံးအမမှာ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ ဆိုတာ တကယ်တမ်း မရှိတဲ့အတွက်၊ ကိုးကွယ်စရာ သတ္တဝါဆိုတာ လုံးဝ မရှိပါဘူး။ ပညာကိန်းတဲ့ ရုပ်နာမ်ဖြစ်စဉ်ကိုသာ ကိုးကွယ်ကြတာ ဖြစ်ပါတယ်။ သရဏဂုံသုံးပါးကို…