မဂ်ကျခါနီးဟာ လူတိုင်းအတွက်ထူးခြားပါတယ်။ ကျနော့်အတွက်ကတော့ မဂ်ကျခါနီးအချိန်ကို ပြန်စဉ်းစားလိုက်ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တပေါ် ဉာဏ်သက်ဝင်နေမှုကို သတိရတယ်။ အပျက်မှသည် နိဗ္ဗာန်ဆီသို့ စာအတိုင်း အနိစ္စနဲ့ အနတ္တကို ထောက်ပံ့ပေးနေပုံကို မြင်ရတယ်။ အနတ္တရဲ့ သဘာဝကိုလဲ ဉာဏ်ရှင်းလာတယ်။ အဲဒီကနေ ရှုဉာဏ်ရဲ့ အနတ္တဖြစ်ပုံကိုပါ မြင်လိုက်တော့ ခန္ဓာကိုယ် တခုလုံးမှာ ဝေဒနာတွေ ပြင်းပြင်းထန်ထန်ဖြစ်တယ် နာကျင်တာမဟုတ်ဘူး။ အသားတွေကို ဆွဲလှုပ်နေသလို ဖြစ်တာပါ။ စိတ်ရဲ့ အစဉ်တခုလုံးက ကိလေသာကြားမခိုပဲ တရားပေါ်ပဲတောက်လျှောက်ဆင်ခြင်တယ်။စိတ်ကလေးတစ်ခုပျက်သွားရင် အနိစ္စဆိုတဲ့ သဘောလေးကို ရှုမှတ်မှု အရမ်းသားကျနေတဲ့ စိတ်က သိလိုက်တယ်။ ဟုတ်တယ် ခိုင်မြဲတဲ့ ငါဆိုတာ မရှိပါလား အနတ္တပါလားဆိုပြီး ဆင်ခြင်နေရင်းနဲ့ အနိစ္စ နဲ့ အနတ္တထင်ရှားတော့မှ အရာအားလုံးသည် ဒုက္ခစစ်စစ်တွေပဲလို့ ဒုက္ခကိုလဲ မြင်တယ်။…
ရုပ်နာမ် ကွဲဖို့သည် နံပါတ်တစ် ဖြစ်ပါတယ်။ အကြောင်းအကျိုးသိဖို့သည် နံပါတ်နှစ် ဖြစ်ပါတယ်။ လက္ခဏာရေးသုံးပါး သဘောပေါက်ဖို့သည် နံပါတ်သုံး ဖြစ်ပါတယ်။ ဖြစ်ပျက်မြင်ဖို့သည် နံပါတ်လေး ဖြစ်ပါတယ်။ ဖြစ်ပျက်ကို စိတ်သထက် စိတ်အောင် (ဖြစ်ပျက်မှ တပါး တခြားမရှိ၊ ဖြစ်ခြင်း ပျက်ခြင်းသာ) ရှုမှတ်နိုင်ဖို့ကတော့ အရေးအကြီးဆုံး အပိုင်းပဲ ဖြစ်ပါတယ်။ ဖြစ်ပျက်မြင်မှုတွေ စိတ်လာပြီဆိုရင်၊ ထိုင်လိုက်တာနဲ့၊ အာရုံစိုက်လိုက်တာနဲ့ ဖြစ်ပျက်တွေချည်း မြင်နေပြီဆိုရင်တော့ ဉာဏ်ဟာ နောက်တဆင့်ကို တက်ပါလိမ့်မယ်။အဲဒါကတော့ ကိုယ်တကယ် ရှုမှတ်နိုင်တာသည် အဖြစ်ကို မဟုတ် အပျက်ကိုသာ ရှုမှတ်နိုင်လိုက်တာ ဖြစ်ကြောင်း သဘောပေါက်ခြင်းပါပဲ။ ဒီနေရာမှာ ကိုယ်တိုင် သဘောပေါက်လာတာ ဖြစ်နိုင်သလို၊ ဒီစာကို ဖတ်ပြီးမှ သဘောပေါက်တာလဲ ဖြစ်နိုင်ပါတယ်။ ဖြစ်ပျက်ကို တကယ် ရှုမှတ်လာတဲ့အခါမှာ အပျက်နောက်မှသာ…
ကျနော်က မိုးကုတ်နည်းကို ယုံကြည်ပြီး လက်ခံပြီး လိုက်လုပ်ခဲ့တဲ့ နေရာမှာ နောက်ဆုံး ထစ်နေခဲ့တဲ့ နေရာက မုန်းဉာဏ်နောက်မှာ ဆုံးဉာဏ် လိုက်တယ် ဆိုတာပါပဲ။ ဒီအကြောင်းကို မိုးကုတ်ဆရာတော်ကြီးကို ပူဇော်တဲ့ အနေနဲ့ ပြောတာပါ။ ဒီနေရာမှာ တယောက်နဲ့ တယောက် ကွာခြားတတ်တဲ့ နေရာလို့ပဲ ထင်မိပါတယ်။ ကျနော့် အနေနဲ့ကျတော့ ဉာဏ်အားကိုးပြီး တက်တာ ဖြစ်တဲ့အတွက် အနတ္တကို ဉာဏ်ပေါက်အောင် အများကြီး ကြိုးစား ခဲ့ရပါတယ်။ မိုးကုတ်ဆရာတော်ကြီးတရားခွေ ၇၀၀ လောက် နာပြီးသွားတဲ့အချိန်မှာတော့ ကျနော် အနေနဲ့ ဖြစ်ပျက်ကို များများ ရှုရမယ် ဆိုတာကို သဘောပေါက်ပြီး ဖြစ်ပျက် ရှုတာကိုပဲ အားစိုက် လုပ်ခဲ့ပါတယ်။ တရားနာတာကို ရပ်လိုက်ပြီး အနိစ္စ ဖြစ်ပျက်ကို ဆင်ခြင်လိုက်၊ အနတ္တကို…
ဝိပဿနာ ဉာဏ်စဉ်နဲ့ ပါတ်သက်လို့ နာမရူပ ဉာဏ်ကနေပြီး ဖြစ်ပျက် မြင်တဲ့ ဉာဏ်အထိ ရေးခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ ဖြစ်ပျက်မြင်တဲ့ ဉာဏ်ရင့်သန်လာပုံ နဲ့ အပျက်တွေချည်းသာ မြင်သော ဘင်္ဂဉာဏ် အပိုင်းကို ရေးပါ့မယ်။ ပြောခဲ့တဲ့ အတိုင်း ကျနော့်အတွက် ဖြစ်ပျက်ပဲ ဆိုတာကို လက်ခံနိုင်ဖို့ အရင် ကြိုးစားရပါတယ်။ အဲဒီနောက်မှာ တော့ သွားရင်းလာရင်း လှဲလျောင်းရင်းနဲ့ပဲ ဖြစ်ပျက်ဆိုတာကို မှတ်နိုင်သလောက် မှတ်ဖို့ ကြိုးစားပါတယ်။ အဲဒီ အချိန်က ကျနော်တစ်ယောက်တည်း နေဖို့အတွက် မိသားစုက အိမ်ငှားပေးလေတော့ (အိမ်လခက တသိန်း ပေးရပါတယ်။) ကျနော်အတွက် အချိန်ပြည့် ဖြစ်ပျက်ကိုသာ မှတ်နေတာပါ။ ဒီလို မှတ်ရတာဟာ အတော်ကို အချိန်ပေးပြီး ရှုမှတ်ခဲ့ရပါတယ်။ အားလုံးလဲ ဖြစ်ပျက်မြင်တဲ့ ဉာဏ်မှာ…
နောက်ဉာဏ်ကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို သိတဲ့ ဉာဏ်ပါပဲ။ အဲဒီဉာဏ်ကတော့ ဘယ်အချိန်ရောက်တယ် မပြောနိုင်ပါဘူး။ ကျနော့်အနေနဲ့က ဉာဏ်စဉ်တွေကို လိုက်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူး။ ဆရာလဲ မရှိတော့ ကိုယ် ဘယ်ရောက်နေပြီ ဘာဖြစ်နေပြီ ဆိုတာကိုလဲ သေချာ မသိပါဘူး။ မိုးကုတ်ဆရာတော်ကြီး တရားတွေ နာပြီး သစ္စာသိအောင် လုပ်ဆိုလဲ လိုက်လုပ်၊ အရိယာ တရားနာ ဆိုလို့ အရိယာ လိုက်ရှာ၊ ဖြစ်ပျက်ရှုခိုင်းတော့ ဖြစ်ပျက် ရှု၊ စိတ္တာနုပဿနာ မှာ ဝင်လေ ရှုသွင်းချင်တဲ့စိတ်၊ ထွက်လေ ရှုထုတ်ချင်တဲ့ စိတ်ကို မှတ်ရမယ် ဆိုတာက ကျနော်နဲ့ ဘယ်လိုမှ မအပ်စပ်။ ဒါပေမယ့် ကျန်တဲ့ စိတ်တွေရဲ့ ဖြစ်ပျက်ကိုတော့ ရှုပါတယ်။ ကိုယ်ဖက်က လွန်ခဲ့တဲ့…
ပထမ ဉာဏ်ဖြစ်တဲ့ နာမရူပ ပရိစ္ဆေဒ ဉာဏ်ဖြစ်စဉ်က အဲဒီ ဖြစ်စဉ်ကို နာမရူပ ဉာဏ်လို့လဲ သေသေချာချာ မသိပါဘူး။ ထောက်ခံချက်ပေးမယ့် လူလည်းမရှိပါဘူး။ အဲဒီတော့ ဒီတစ်ခုတော့ မှန်တယ် ဆိုတာကို လေးလေး နက်နက် လက်ခံသွားတာပဲ ရှိပါတယ်။ ဒါပေမယ့်လည်း ဗုဒ္ဓဘာသာရဲ့ ချို့ယွင်းချက်တွေ အများကြီး မြင်ထားလေ တော့၊ နှစ်နှစ်ကာကာ လက်ခံတာမျိုး မဟုတ်ခဲ့ပါဘူး။ တရားအားထုတ်တာပဲ လုပ်တော့မယ် ဆိုတဲ့ စိတ်ကူးမျိုးလဲ မရှိပါဘူး။ အဲဒီအချိန်က စင်္ကာပူ ထွက်ဖို့ လုပ်နေတဲ့ အချိန်ဆိုတော့ အလုပ်ကိစ္စထဲပဲ အာရုံ ပြန်ရောက်ပြီး အလုပ်ပဲ လုပ်ဖြစ်ခဲ့တာပါ။ ထူးခြားတာ တခုကတော့ စင်္ကာပူရောက်တဲ့အခါမှာ လူတိုင်းက အလုပ်အရမ်းလိုချင်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စင်္ကာပူထွက်လာတာကလဲ ချေးငှားပြီး ထွက်လာခဲ့ရတာပါ။…
ဝိပသနာ ဉာဏ်စဉ်တွေနဲ့ ပါတ်သက်ပြီး ကျနော် ကျော်ဖြတ်ခဲ့ရပုံကို ပြောပြချင်လို့ပါ။ ပထမဆုံး ဉာဏ်ကတော့ နာမရူပ ပရိစ္ဆေဒ ဉာဏ်ပါ။ အဲဒီဉာဏ်ကိုတော့ ၂၀၀၆-၇ ဝန်းကျင်မှာ နိုင်ငံခြားမှာ သွားအလုပ်မလုပ်ခင်မှာ မဟာစည်မှာ ဘုန်းကြီးဝတ်ပြီး တရားအားထုတ်မယ် ဆိုပြီး လုပ်ခဲ့ပါတယ်။ အဲဒီမှာ မဟာစည်ဆရာတော်ကြီးရဲ့ ဝိပဿနာ လမ်းညွှန် စာအုပ် (စာအုပ်နာမည် မမှတ်မိ) ပါးပါး လေးကို လက်ကိုင်ထား ပြီး ဆရာမရှိပဲ အားထုတ်ခဲ့ပါတယ်။ စာအုပ်ကသာ ဆရာလို့ ဆိုနိုင်ပါတယ်။ အဲဒီမှာ ကျနော် ဖောင်းပိန်ကို ရှုမှတ် ခြင်းအားဖြင့် သမာဓိ နည်းနည်း ရလာခဲ့ပါတယ်။ ကျနော်က ဝင်လေထွက်လေကို လုံးဝ မရှုမှတ်တတ်ပါ။ ဖောင်း ပိန်ကကျတော့ ကျနော့်အတွက် အများကြီး အဆင်ပြေပါတယ်။ အဲလိုနဲ့…