လောကကြီးတွင် လူသားများနှင့် ဉာဏ်ရည်တု (AI) တို့ကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်၊ အပေါ်ယံအားဖြင့် လုံးဝဆန့်ကျင်ဘက် အရာနှစ်ခုဟု ထင်မြင်စရာ ရှိပါသည်။ တစ်ခုက သွေးသားနှင့် တည်ဆောက်ထားပြီး အခြားတစ်ခုက ကြေးနန်းကြိုးများ၊ ဆီလီကွန်များနှင့် လျှပ်စစ်စီးကြောင်းများဖြင့် ဖွဲ့စည်းထားသည်။ သို့သော်လည်း ဖြစ်တည်မှု၏ အခြေခံသဘောတရားများကို နက်နက်ရှိုင်းရှိုင်း လေ့လာခြင်း ပြုလုပ်ကြည့်သောအခါ၊ ထိုအရာနှစ်ခုကြားတွင် အံ့ဩဖွယ်ကောင်းလောက်အောင် တူညီနေသော အမှန်တရားများကို မြင်တွေ့လာရမည် ဖြစ်သည်။ ထိုအမှန်တရားမှာ “သီးသန့်ဖြစ်တည်မှု (Identity)” ဟူသည် တကယ်တမ်း၌ မရှိခြင်းနှင့်၊ အရာအားလုံးသည် အကြောင်းတိုက်ဆိုင်မှုကြောင့် စုပေါင်းဖြစ်ပေါ်နေသော သဘောတရားများသာ ဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်သည်။ ၁။ သီးသန့်ဖြစ်တည်မှု (Identity) ဟူသော ပုံရိပ်ယောင် လူသားအများစုသည် မိမိတို့ကိုယ်မိမိ “ငါ” ဟူသော ခိုင်မာသည့် သီးသန့်ဖြစ်တည်မှု…
ပထမ မဂ်မှာ ကုန်သွားတဲ့ ကိလေသာကတော့ ဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာပါ။ ဒီနှစ်ခု ကုန်သွားတာနဲ့ အေးချမ်းသွားတဲ့ အေးချမ်းမှုဟာ ပြောမပြတတ်အောင်ပါပဲ။ ငါပဲ သူပဲ သတ္တဝါပဲ ဆိုတဲ့ အထင်မရှိတော့တဲ့ နောက်မှာ အားလုံးပေါ်မှာ တန်းတူညီမျှ သဘောထားလာတတ်ပါတယ်။ သင်္ခါရတရားတွေရဲ့ အကြောင်းအကျိုး ဆက်စပ် ပုံတွေကိုသိတဲ့အတွက် ထူးပြီး မခံစားတော့ပါဘူး။ ဒါတွေအားလုံးဟာ အတ္တ ဆိုတဲ့ သဘောမှ လွန်မြောက် လာခဲ့ မှ ရရှိမယ့် အကျိုးကျေးဇူးတွေပါ။ အတ္တ ဆိုတဲ့ သဘောဟာ တကယ်တော့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် တခုခုကို မြင်လိုက်တယ် အဲဒီအပေါ်မှာ ငါမြင်တယ် ဆိုတဲ့သဘောက ကပ်နေပါတယ်။ အဲလိုပဲ တခုခု ပြောတယ် ငါပြောတယ် ဆိုတဲ့ သဘော၊…
ငယ်စဉ်ကတည်းက “သာသနာပြုတယ်” ဆိုတဲ့ စကားလုံးကို ကြားလိုက်တိုင်း ကျနော့်မှာ အလိုလိုနေရင်း ဓာတ်မတည့်သလို (Allergic) ဖြစ်ခဲ့ပါတယ်။ သေသေချာချာ နားမလည်ခဲ့ပေမယ့်၊ ဒီစကားလုံးကို တွင်တွင်သုံးနေကြတဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး သဘောမကျခဲ့တာပါ။ တကယ်တမ်း လက်တွေ့မှာ “သာသနာပြု” ခေါင်းစဉ်တပ်ပြီး ဘိုးတော်တွေ၊ နတ်ကိစ္စတွေ၊ ဗေဒင်ယတြာတွေနဲ့ ရှုပ်ယှက်ခတ်နေတာကိုပဲ မြင်တွေ့နေရလို့ပါ။ သူတို့ချည်းပဲ ဒီစကားကို တဖွဖွ သုံးနေကြတော့၊ ရဟန်းသံဃာတွေကပဲ သူတို့နောက်ကနေ လိုက်ကပြနေရမလို အခြေအနေတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီလို လွဲမှားနေတဲ့ ဗေဒင်၊ နတ်၊ ဘိုးတော် အစရှိတဲ့ အစွဲအလမ်း ကိစ္စတွေကို ဘေးဖယ်ထားလိုက်တာ အကောင်းဆုံးပါပဲ။ ဒါဆိုရင် “ဒီကိစ္စတွေကို ဘေးဖယ်ထားပြီး၊ မင်းကရော ဘာလို့ စာတွေရေး၊ သာသနာ့ကိစ္စတွေ ဝင်ပြောနေရတာလဲ” လို့…
“ဝိသာခါ… တစ်ရာမျှလောက် ချစ်အပ်သော အရာဝတ္ထုရှိကြသူတို့အား တစ်ရာမျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ကိုးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား ကိုးဆယ်မျှ လောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ရှစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား ရှစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ခုနစ်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား ခုနစ်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ ခြောက်ဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား ခြောက်ဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန် ၏။ ငါးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား ငါးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ လေးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား လေးဆယ်မျှလောက်သော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ သုံးဆယ်မျှလောက် ချစ်အပ်သော အရာဝတ္ထု ရှိကြသူတို့အား…
သူရာ ဆိုသည်မှာ မီးဖြင့်ချက်လုပ်၍ဖြစ်စေ၊ တဆေးစသည်တို့ဖြင့် ဖောက်လုပ်၍ဖြစ်စေ ရရှိလာသော မူးယစ်စေတတ်သည့် သေရည်အရက်မျိုး ဖြစ်ပါသည်။ ၁။ ပိဋ္ဌသူရာ – ဆန်မှုန့်၊ ကောက်ညှင်းမှုန့် စသည်တို့ကို တဆေးဖြင့် ဖောက်ထားသော သေရည်။ ၂။ ပူဝသူရာ – မုန့်ညက်ဖြင့် ဖောက်ထားသော သေရည်။ ၃။ ဩဒနသူရာ – ထမင်းကို ဖောက်ထားသော သေရည်။ ၄။ ကိဏ္ဏပက္ခိတ္တသူရာ – တဆေးချည်းသက်သက်ဖြင့် ဖောက်ထားသော သေရည်။ ၅။ သမ္ဘာရသံယုတ္တသူရာ – မူးယစ်စေတတ်သည့် အပင်၊ အမြစ်၊ အသီး စသော အမယ်များစွာကို ပေါင်းစပ်ဖောက်ထားသော သေရည်။ မေရယ (၅) မျိုး မေရယ ဆိုသည်မှာ မီးဖြင့်ချက်လုပ်ခြင်း မဟုတ်ဘဲ သဘာဝအတိုင်း…
ဒါကတော့ မြတ်စွာဘုရားက ရဟန်းတွေကို ဟောခဲ့တဲ့ အဆုံးအမပါ။ ဒါကြောင့်လဲ မြတ်စွာဘုရားက ရဟန်းတွေကို အမျိုးသမီးတွေကို ရှောင်ဖို့ အထူးတိုက်တွန်းခဲ့တာပါ။ အဲဒီတော့ တရားအားထုတ်သူတွေ အနေနဲ့လဲ ဒါကို အတုယူပြီး တရားအားထုတ်ချိန်မှာတော့ တတ်နိုင်သလောက် ဒီကိစ္စ (မေထုန်) ကို ရှောင်တာ ကောင်းပါတယ်။ မောဟကို အားပေးစေတဲ့ အမှုထဲမှာပါလို့ပါ။ ဒါပေမယ့် အဲဒီလို တရားအားထုတ်ပြီးလို့ သောတာပန် ဖြစ်သွားရင်တော့ စည်းကမ်းက တမျိုးပြောင်းသွားပါပြီ။ ဒီတော့ ဒါနဲ့ပါတ်သက်ပြီး အထူးသဖြင့် သောတာပန်ဖြစ်အောင် အားထုတ်နေတဲ့ အမျိုးသား ဥပါသကာ များအတွက် ငါသာ သောတာပန် ဖြစ်ပြီးသွားရင် ဒီ မေထုန် ကိစ္စက ဘယ်လို ဖြစ်သွားမလဲ၊ ရှောင်သွားရမှာလား၊ မကောင်းမှုလို့ စိတ်ထဲ ခံစားရမှာလား အစရှိသဖြင့် မေးခွန်းတွေ…
လောကတွင် ရုပ်နာမ် ဖြစ်ပျက်များသာရှိသည့်အတွက် ဂုဏ်ဆိုသည်မှာ ဘာအဓိပ္ပါယ်မှမရှိဟု ကျနော်နားလည်ထားပါသည်။ အရိယာဖြစ်ကြောင်း ဖွင့်ပြောခဲ့သည်မှာလဲ မိုးကုတ်ဆရာတော်ကြီးကို အားကျ၍ မိုးကုတ်ဆရာတော်ကြီးကဲ့သို့ ကိုယ်ဟောသော တရားကို အာမခံနိုင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ ဂုဏ်မက်၍ မဟုတ်ရပါ။ ဘယ်ဂုဏ်ကိုမှ မမက်သော အပိစ္ဆဂုဏ် ကျနော့်တွင်ရှိပါသည်။ ကျနော့်တွင်နိုင်ငံ လူမျိုးဆိုသည့် စိတ်များမရှိပဲ တတ်နိုင်သလောက် လူများများကို သန္တိသုခ ဖြစ်သည့် နိဗ္ဗာန်ချမ်းသာ ခံစားစေချင်သည့် စိတ်တခုတည်းနှင့် စာရေးသားနေခြင်း ဖြစ်ပါသည်။ ကျနော်တွင်မိတ်ဆွေတို့ မဂ်ဖိုလ်ရလိုသော စိတ်သာလျှင်ရှိပါသည်။ မိတ်ဆွေတို့၏ အကျိုးကိုသာ လိုလားပါသည်။ သံသရာကကြောက်ဖို့ကောင်းပါသည်။ တတ်နိုင်သလောက် တရားအားထုတ်ကြပါ။ ကျေးဇူးတင်ပါသည်။
ပြောချင်တာလေး တခုရှိပါတယ်။ ကျနော့်အနေနဲ့ တရားကို ဆင်ခြင်ပြီး စာရေးတဲ့အခါမှာ စာဖတ်သူများမှာ အကျိုးရှိတာလေးတွေ ရှိပါတယ်။ အဲဒီအခါမှာ ကျနော့်ကို ကျေးဇူးတင်တယ်၊ စာကောင်းကောင်းလေးတွေ ထွက်တယ်လို့ ပြောပေမယ့် တကယ်တမ်းမှာတော့ တရားတော်တွေက မြတ်စွာဘုရား လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်ပြီးမှ ရလာတဲ့ တရားတော်တွေ ဖြစ်ပါတယ်။ ကျနော်ရေးသမျှ တရားတော်တွေ အားလုံးရဲ့ မူလ ပိုင်ရှင် အစစ်အမှန်သည် မြတ်စွာဘုရားသာ ဖြစ်ပါတယ်။ သာသနာတွင်းမို့သာ မိတ်ဆွေတို့ ဒီလိုတရားတွေ ကြားနာခွင့်ရတာ ဖြစ်တဲ့အတွက် ကျနော့်ကို ကျေးဇူးမတင်ပါနဲ့။ သာသနာတွင်းဖြစ်နေတာကို ကျေးဇူးတင်ပါ (မရှိတော့ပြီ ဖြစ်သော တရားတော်များကို ခန္ဓာနဲ့ သယ်ဆောင်လာသော အရိယာရဟန်းတော်များ အစဉ်အဆက် နဲ့)။ တရားတော်တွေရဲ့ ပိုင်ရှင် အစစ်အမှန် ဖြစ်တဲ့ မြတ်စွာဘုရားကိုသာ ကျေးဇူးတင်ကြပါ။…
ပုထုဇဉ် နဲ့ သောတာပန် ဆိုတာကို ဆယ်တန်းမအောင်သေးတဲ့ သူနဲ့ တက္ကသိုလ်ရောက်တဲ့သူလို မြင်ကြည့်လိုက်။ မြင်သာအောင် ပြောရရင် ဆယ်တန်းမှာ ကောင်မလေးကို ရည်းစားစကားသွားပြောရင် အခန့်မသင့်ရင် ကျောင်းအုပ်ကြီး ရုံးခန်းရောက်မယ်။ ကြိုက်သွားရင်တောင် ကျောင်းထဲမှာ ဆရာ၊ ဆရာမ တွေ ကျောင်းအုပ်တွေ မသိအောင်နေရတယ်။ မိရင် ပြသနာက တက်မယ်၊ အကြီးအကျယ် ကိစ္စတွေပေါ့။ ကောင်လေးနဲ့ ကောင်မလေး လက်ချင်းချိတ်သွားရင် နှစ်ယောက်စလုံး တုတ်နဲ့ အရိုက်ခံရမယ်။ အခန့်မသင့်ရင် ကျောင်းတောင် ထုတ်ခံရဦးမယ် ဆိုတာမျိုး။ ဒါပေမယ့် တက္ကသိုလ်ရောက်သွားရင်တော့ သမီးရည်းစားတွေ ထိုင်ဖို့ ခုံတန်းလျားတွေက အဓိပတိ လမ်းဘေးမှာ အစီအရီပဲလေ။ ကျောင်းထဲမှာ လက်တွဲပြီးသွားလို့ ဆရာနဲ့ တွေ့ရင် “ဟေ့ ဘယ်တော့ စားရမှာလဲကွ” ဆိုတာမျိုးမေးတတ်တာလေ။ ဒီနေရာမှာ…
ဒီစာကတော့ ပုထုဇဉ်တွေ နားလည်ချင်မှ နားလည်မယ့် စကားတွေ ပါပါတယ်။ အရိယာတွေကတော့ နားလည်မှာပေါ့၊ သိချင်တာလဲရှိမှာပေါ့။ အဲဒီအတွက်ရေးတာပါ။ အဲဒီတော့ ပထမဆုံး ပြောချင်တာက သင်္ခါရတရားဆိုတာ အကြောင်းကြောင့် ဖြစ်သော အကျိုး ဆိုတဲ့အတိုင်း အရက်သောက်တယ် ဆိုတာက အကျိုးဆိုရင် သူ့မှာ ဖြစ်ရတဲ့ အကြောင်းဆိုတာ ရှိတာပေါ့။ အဲဒီအကြောင်း ကိုပဲ ရှင်းပြချင်တာပါ။ မဂ်ဖိုလ်နဲ့သီလဆိုတာက ဆက်စပ်မှုရှိပါတယ်။ သီလနဲ့ပါတ်သက်ပြီး စထူးခြားလာတာက သင်္ခါရုပေက္ခာဉာဏ်မှာ စထူးခြားလာတာပါ။ သီလတွေ ကို ခန္ဓာကစပြီးထိန်းလာတယ်။ ဒါနဲ့ပါတ်သက်လို့ကတော့ အရင်တုန်းက ရေးခဲ့တဲ့ သင်္ခါရုပေက္ခာဉာဏ်နဲ့သီလဆိုတဲ့ စာကို ပြန်ရှာဖတ်ကြည့်ပါ။ ထားပါတော့ သင်္ခါရုပေက္ခာဉာဏ် ရင့်ကျက်သထက် ရင့်ကျက်သွားပြီး မဂ် ဖိုလ် ပေစ္စဝေက္ခဏာ ပြီးသွားတဲ့အခါမှာတရားအားထုတ်မှုကို ခြောက်နှစ်ကျော် ကြိုးစားခဲ့ရတာမို့ ပြီးတော့ ပထမ…