• အလိုလို ဖြစ်နေတဲ့ သဘာဝ (နေ့စဉ်ဘဝ အနတ္တ)

    “ငါ” မရှိရင် ဘယ်သူက အလုပ်လုပ်နေတာလဲလို့ မေးစရာ ရှိပါတယ်။ တကယ်တော့ ခန္ဓာကိုယ်ဟာ သူ့အလုပ်သူ လုပ်နေတာပါ။ ဗိုက်ဆာရင် အစာတောင်းတယ်၊ ညောင်းရင် ပြောင်းချင်တယ်၊ အသံကြားရင် ကြားသိစိတ် ဖြစ်လာတယ်။ ဒါတွေဟာ အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတဲ့ သဘောတရားတွေပဲ။ ကျွန်တော်တို့ကသာ ကြားထဲကနေ “ငါ ဗိုက်ဆာတယ်”၊ “ငါ နာတယ်” ဆိုပြီး ဝင်ပိုင်စိုးလိုက်တာ။ အဲဒီလို ပိုင်စိုးလိုက်တဲ့အခါ “ငါ့စိတ်တိုင်းမကျဘူး” ဆိုတဲ့ ဒုက္ခက ကပ်ပါလာတော့တာပါပဲ။ ဒီနေ့ နေ့လယ်စာစားတဲ့အခါ “ငါ စားနေတာလား” ဒါမှမဟုတ် “ဗိုက်ဆာတဲ့ဝေဒနာကြောင့် ရုပ်ခန္ဓာက လှုပ်ရှားနေတာလား” ဆိုတာကို အေးအေးဆေးဆေး စောင့်ကြည့်ကြည့်ပါ။ ဒီနေ့အတွက် အမေး- ငါ့အလိုအတိုင်း တစ်ခုခုကို မဖြစ်အောင်လုပ်လို့ ရပါသလား။

  • အမှားကို အမှားမှန်း အရင်သိဖို့ (ဒိဋ္ဌိ)

    ကျွန်တော်တို့ တစ်သက်လုံး ဒုက္ခရောက်နေတာဟာ “ငါ” ရှိတယ်လို့ အခိုင်အမာ ယုံကြည်ထားလို့ပါ။ ဒါဟာ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး၊ မသိလို့ မှားနေတဲ့ အမြင် (အတ္တဒိဋ္ဌိ) သက်သက်ပဲ။ မနက်နိုးတာနဲ့ “ငါ နိုးပြီ”၊ “ငါ့ စိတ်”၊ “ငါ့ ခန္ဓာကိုယ်” ဆိုပြီး အလိုလို သတ်မှတ်လိုက်ကြတယ်။ တကယ်တော့ အဲဒီ “ငါ” ဆိုတာ ဘယ်နေရာမှာ ရှိတာလဲ? ခေါင်းထဲမှာလား၊ ရင်ဘတ်ထဲမှာလား၊ ဒါမှမဟုတ် အတွေးတွေထဲမှာလား? သေချာရှာကြည့်ရင် ဘယ်နေရာမှာမှ ရှာမတွေ့တာကို မြင်ပါလိမ့်မယ်။ အမှန်တရားကို မြင်ဖို့ဆိုတာ တစ်ခုခုကို အသစ်လုပ်ယူရမှာ မဟုတ်ပါဘူး။ ရှိနေတယ်လို့ ထင်နေတဲ့ အယူမှားကြီးကို “မရှိဘူး” လို့ လက်ခံနိုင်ဖို့ပဲ လိုတာပါ။ ဒီနေ့တော့ ဘာပဲလုပ်လုပ် “ဒါ ငါလုပ်တာလား၊…

  • ငြိမ်သက်စွာ ဆင်ခြင်ခြင်း

    အခု ခဏလောက် ငြိမ်ငြိမ်လေး ထိုင်ပြီး ပြန်ကြည့်ရအောင်။ ပတ်ဝန်းကျင်က အသံတွေ၊ ကိုယ့်ရဲ့ ထွက်လေဝင်လေ၊ ပေါ်လာသမျှ အတွေးတွေ… ဒါတွေအားလုံးဟာ သူ့ဘာသာသူ ဖြစ်နေတာပါ။ မင်းက ကြားဝင်စွက်ဖက်စရာ မလိုပါဘူး။ “ငါ” ဆိုတဲ့ အစွဲကို ခဏလေး လွှတ်ချလိုက်တဲ့အခါ ဘယ်လောက်တောင် ပေါ့ပါးသွားသလဲ။ အဲဒီ ပေါ့ပါးမှုဟာ သမားရိုးကျ ပျော်ရွှင်မှုထက် ပိုပြီး နက်ရှိုင်းပါတယ်။ နားလည်ချင်ရင် ကိုယ်တိုင်ကြည့်ဖို့ လိုပါတယ်။

  • ခန္ဓာဖြစ်စဉ်ထဲမှာ ဒိဋ္ဌိခွာနည်း

    ခန္ဓာဖြစ်စဉ်ဆိုတာက တကယ်တော့ ပဋိစ္စသမုပါဒ်ကို ပြောတာပါပဲ။ ခန္ဓာလက်ရှိမှာ ဘာဖြစ်နေလဲ ဆိုတာကို ပဋိစ္စသမုပါဒ်နဲ့ တိုက်ကြည့်ဖို့လိုပါတယ်။ ဒါဟာ လုပ်ဖို့လိုအပ်တဲ့ အဆင့်တဆင့်ပါပဲ။ တရားနာတာပဲ ဖြစ်ဖြစ် စာဖတ်တာပဲ ဖြစ်ဖြစ် လုပ်တဲ့အခါမှာ ရေးထားတဲ့စာကို ခန္ဓာနဲ့ တိုက်စစ်တဲ့ ကိစ္စက လုပ်ကို လုပ်ရမှာပါ။ အဲဒါက အရေးကြီးပါတယ်။ ကျနော်အများဆုံးတွေ့ရတာကတော့ သဒ္ဓါစရိုက်တွေများပါတယ်။ ပညာစရိုက်တွေလဲ ပါနိုင်ပါတယ်။ သူက သဒ္ဓါဆိုတဲ့ ယုံကြည်ခြင်းမှာ တကယ်မှန်ကန်တဲ့ ယုံကြည်ခြင်း ဖြစ်ဖို့ ဆိုတဲ့နေရမှာ တစ်အချက်က ရိုးသားဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် ပြန်ညာနေတာ၊ ဆုပ်ကိုင် စရာမရှိတော့မှာ စိုးလို့ ယုံကြည်မှုကို ဖက်တွယ်ထားတာ စတာမျိုးတွေ မရှိဖို့ လိုပါတယ်။ ပြီးတော့ ဒီနေရာမှာ လိုတဲ့ ယုံကြည်ခြင်းဆိုတာက လိုက်နာရမယ့်သူမှန်သမျှရဲ့ ပြောသမျှ…

  • အပြစ်တင်စိတ်နဲ့ ကြောက်ရွံ့မှုကို ဖယ်ရှားခြင်း

    ကျွန်တော်တို့မှာ “ငါ” ဆိုတဲ့ အစွဲရှိနေသရွေ့ အတိတ်က အမှားတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတတ်ကြတယ်။ “ငါ ဒီလို မလုပ်ခဲ့သင့်ဘူး” ဆိုပြီးတော့ပေါ့။ တကယ်တော့ အဲဒီအချိန်က အကြောင်းတိုက်ဆိုင်မှုတွေကြောင့် အဲဒီလို ဖြစ်ခဲ့ရတာပါ။ အဲဒီတုန်းက “ငါ” ကော အခုရှိသေးလို့လား။ အခု နောင်တရနေတဲ့ “ငါ” ကကော နောက် ၅ မိနစ်နေရင် ရှိဦးမှာလား။ ဖြစ်ပြီးသမျှဟာ အကြောင်းအကျိုးတွေအရ ဖြစ်သင့်လို့ ဖြစ်ခဲ့တာပါ။ အကြောင်းတရားတွေကြောင့် ဖြစ်လာတဲ့ အကျိုးတရားတွေပေါ်မှာ ဘယ်သူ့ကိုမှ အပြစ်တင်နေစရာ မလိုပါဘူး။ ကြောက်စရာလည်း မလိုပါဘူး။ အမှန်ကို မြင်တဲ့စိတ်မှာ နောင်တနဲ့ ကြောက်ရွံ့မှုအတွက် နေရာမရှိတော့ဘူး။

  • ပဋိစ္စသမုပါဒ် နှင့် ဆင်ခြင်ခြင်း

    ပဋိစ္စသမုပါဒ် ဆိုတာကတော့ ခန္ဓာဖြစ်စဉ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီ တရားအားထုတ် တဲ့ အပိုင်းမှာတော့ ပဋိစ္စသမုပါဒ် ထဲက ပစ္စုပ္ပန် ဖြစ်ပျက်ကိုပဲ အဓိက ထားပြီး တရားအားထုတ်တဲ့ နေရာမှာ အသုံးတည့်အောင် ပြောပြမှာ ဖြစ်ပါတယ်။ ပဋိစ္စသမုပါဒ်ထဲက ပစ္စုပ္ပန်ကို ကြည့်မယ် ဆိုရင် ဝိဉာဏ်ကြောင့် နာမရူပဖြစ်၊ နာမရူပ ကြောင့် သဠာယတနရှိ၊ သဠာယတနကြောင့် ဖဿ ဖြစ်၊ ဖဿကြောင့် ဝေဒနာ ဖြစ်၊ ဝေဒနာကြောင့် တဏှာမာန ဒိဋ္ဌိ ဖြစ်၊ တဏှာမာနဒိဋ္ဌိကြောင့် ဥပါဒါန် ဖြစ်၊ ဥပါဒါန်ကြောင့် ကမ္မဘဝ (ကာယကံ စေတနာ၊ ဝစီကံစေတနာ၊ မနောကံ စေတနာ) ဖြစ် ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့က…

  • ၂၂ – ဇန်နဝါရီ (အပိုင်း ၂)

    ဦးမောင်မောင်။ အဲ့တော့ ဒီနေ့ဆိုလို့ရှိရင် ဆရာပြောတဲ့ဥစ္စာ သဘောထဲမှာ ကျွန်တော်တို့က ဉာဏ်က အဓိကဆိုတော့ နာမ်ကိုပဲ များများရှုပေးရမယ်။ ကျနော်။ ။ဟုတ်ကဲ့။ ဦးမောင်မောင်။ ။အဲ့လိုအောက်မှာကျမ်းပြင်မှာ ထိုင်ရှုတဲ့အခါကျရင် ခုနခြေထောက်က ဝေဒနာပေါ်တယ်။ ပြီးရင် ကိုယ်ကြီးက ပူလာတယ်။ ချွေးတွေထွက်လာတယ် အဲ့တော့ အဲ့ဒါတွေကိုကျတော့ ငါ့ဆရာ ငါ့ကိုပြောထားတာ ဒါကြီးက ရုပ်ရဲ့ ဖောက်ပြန်မှုတွေပဲ။ ဒါ့ကိုတော့ သိတယ်။ ရုပ်ကအမြဲဖောက်ပြန်တယ် ဒါပေမဲ့ အဲ့ဒါကို သွားပြီးတော့ ဟိုအရင်တုန်းက ဟိုတခြားမှတ်ထားတာတွေရှိတော့လေ အဲ့ဒီ ဝေဒနာဆိုလို့ရှိရင် အဲ့ဝေဒနာအဆုံး ထိလိုက် ကြည့်လိုက် ဆိုတာ အဲ့ဒါကြီးကစိတ်ထဲမှာ အရင်တုန်းကစွဲနေခဲ့တာ အခုတော့မစွဲတော့ဘူး။ အဲ့လိုမျိုး ပေါ်လာလို့ရှိရင် မှတ်မနေတော့ဘူး တစ်ချိန်မှာပျောက်မှာတွေ ပျောက်တာတွေ ဒါငါ့အလုပ်မဟုတ်၊ ငါ့အလုပ်က နာမ်။ မင်းဖြစ်ပျက်ကိုပဲငါလိုက်ရှုရမယ်အဲ့လိုပေါ့။ ရုပ်ကိုမှတ်မနေဘူး။…

  • ၂၂ – ဇန်နဝါရီ (အပိုင်း ၁)

    ကျနော်။ ။ ဦးမောင်မောင် ပြောပါဦး ဦးမောင်မောင်။ ။ အသံကြားလိုက်တယ်ဆိုတဲ့ ထိုင်နေရင်း အသံကြားလိုက်တယ် အဲ့အသံကိုလည်း ကြားလိုက်တယ် ဆိုတဲ့နေရာမှာပဲ ထပ်ပြီးတော့ ဒါကားလား ဘာကားလဲ တွေမလုပ်တော့ဘူး ကြားစိတ်တွေ ဖြစ်တယ် ဖြစ်သွားတယ် သူသိတဲ့အချိန်ကြတော့ကိုယ်ကဒါဖြစ်သွားပြီ။ နောက်ဆုံးကိုဝင်လေထွက်လေ တွေရှု့တာတောင်မှ အရင်တုန်းကတော့ထင်တာကလေ ရှူလိုက်တဲ့ဟာဖြစ်တာ ပြန်ထုတ်လိုက်တာ ပျက်တာအဲ့လိုမျိုး ထင်တာအမှန်မှာတော့ မဟုတ်ဘူး အမှန်ကရှူတဲ့အချိန်မှာပဲ ရှူနေလို့မှတ်ဖြစ်တယ်ပျက်တယ် ဖြစ်တယ် ပျက်တယ်ဖြစ်နေရမှာ။ ကျနော်။ ။ ဟုတ်တယ်။ ဦးမောင်မောင်။ ပြန်ထုတ်လိုက်တဲ့အချိန်မှာလည်း ဖြစ်တယ် ပျက်တယ်။ ဖြစ်တယ် ပျက်တယ် နောက်ဆရာပြောတဲ့ စကားခေါင်းထဲမှာလည်းရှိတယ်။ ရှူချင်တဲ့စိတ်။ ရှူထုတ်ချင်တဲ့စိတ် အဲဒါလေးကိုလည်း ကိုယ်ကပြန်ပြီးတော့ လေရှူထုတ်ချင်တဲ့စိတ် တစ်ခုခုမှတ်နေရင်းနဲ့ ဥပမာခြေထောက်ဘက်ကို စိတ် ၀ရောက်သွားတယ် ဆိုလို့ရှိရင် ခြေထောက်လေးက နည်းနည်းလေးမာ…

  • လက်တွေ့ ကြည့်နည်း

    တရားအားထုတ်တယ်ဆိုတာ မျက်စိမှိတ်ပြီး တစ်နေရာရာကို ရောက်သွားဖို့ ကြိုးစားတာမဟုတ်ပါဘူး။ အခု ဖြစ်နေတာကို အခု သိနေဖို့ပါပဲ။ ဖုန်းသုံးနေရင် သုံးနေမှန်းသိပါ၊ လမ်းလျှောက်နေရင် လျှောက်နေမှန်းသိပါ။ အတွေးတစ်ခု ဝင်လာရင် “အတွေးပေါ်လာပြီ” လို့ သိလိုက်ရုံပါပဲ။ အဲဒီအတွေးကို လိုက်မတွေးနဲ့၊ ဖြတ်လည်းမပစ်နဲ့။ ကြည့်နေရင်းနဲ့ပဲ အဲဒီအတွေးဟာ အလိုလို ပျောက်သွားတာကို တွေ့ပါလိမ့်မယ်။ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတဲ့ အရာတွေထဲမှာ “ငါ” ဆိုတာ ဘယ်နားမှာ ပါသလဲလို့ ရှာကြည့်ပါ။ သိနေရုံသက်သက်ကပဲ လွတ်မြောက်မှုရဲ့ အစပါ။

  • အချိန်သီးသန့်ပေး၍ ဖြစ်ပျက်ရှုမှတ်ခြင်း

    ရှေ့မှာ ဖြစ်ပျက်မြင်မှု အကြောင်းကို ရောက်တဲ့အထိ ရေးခဲ့ပြီးပါပြီ။ ဒါဆိုရင်တော့ မိတ်ဆွေ အနေနဲ့ ဒေါသစိတ် ဖြစ်တဲ့အချိန်မှာ ဒေါသစိတ်ကလေးရဲ့ ဖြစ်မှု ပျက်မှုကို သတိထား အာရုံစိုက်ပြီး၊ ဖြစ်သည် ပျက်သည် အမှန်ဖြစ်ကြောင်း ဆင်ခြင်ဖို့ နဲ့ ဖြစ်မှု ပျက်မှု တကယ်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချဖို့ အတွက် ကြိုးစားမှု ပြီးနေပါပြီ။ ဒါကိုပဲ ထပ်ခါ ထပ်ခါ လုပ်ပါ။ ဒေါသစိတ်ကို သတိထားမိပြီ ဆိုရင် ဖြစ်မှု ပျက်မှုကို ရှုနိုင်ပြီ ဆိုရင် လောဘစိတ် ကို ပါ ဖြစ်မှု ပျက်မှု ကိုပါ ဆက်ရှုပါ၊ လောဘစိတ်ကိုပါ ပိုင်နိုင်စွာ သိလာပြီ ဆိုရင်တော့ တခါ တလေမှာ ငါရှုမှတ်နေတယ်၊ ဒီစိတ်ကမြဲတယ် ဆိုပြီး…