ကျနော်တို့ ‘အနတ္တ’ (Non-Self / Not-Controlled) လို့ ပြောလိုက်ရင် လူတချို့က ချက်ချင်းဆိုသလို အဆိုးမြင်တဲ့ အတွေးတွေ ဝင်လာတတ်ကြတယ်။“‘ငါ မရှိဘူး’ လို့ ပြောရင် ဘယ်သူက ကြိုးစားမှာလဲ?”“‘အစိုးမရဘူး’ လို့ ပြောရင် ဘာမှ တာဝန်ယူစရာ မလိုတော့ဘူးပေါ့?”“ဒါဆို ဘာမှ ကြိုးစားစရာ မလိုတော့ဘဲ၊ သူ့အလိုလို ဖြစ်ချင်တာ ဖြစ်နေမှာပေါ့?”ဒီလို တွေးခေါ်မှုတွေဟာ ‘အနတ္တ’ ရဲ့ သဘောတရားကို အင်မတန် လွဲမှားစွာ ကောက်ယူထားတာ ဖြစ်သလို၊ ဒီအယူမှားကပဲ လူတွေကို တရားစစ် တရားမှန်နဲ့ ဝေးစေပြီး၊ ‘မောဟ’ ဆိုတဲ့ အမှောင်ထုထဲမှာ ပိုပြီး နစ်မွန်းသွားစေပါတယ်။ ကျနော်ကတော့ ဒီနေ့ ဤအယူမှားကို ပွင့်ပွင့်လင်းလင်း ရိုက်ချိုးပြီး၊ ‘အနတ္တ’ အမြင်ဟာ ဘာမှ မလုပ်ဘဲ…
ဝိပဿနာလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းပြီ ဆိုတာနဲ့ မဖြစ်မနေ အရင်ဆုံး ဖြတ်သန်းရမယ့် တံခါးပေါက် နှစ်ခုရှိပါတယ်။ အဲဒါကတော့ ရုပ်နဲ့ နာမ်ကို ကွဲကွဲပြားပြား သိတဲ့ဉာဏ်ရယ်၊ အရာရာဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်လို့ ဆက်စပ်မြင်တဲ့ ဉာဏ်ရယ်ပါပဲ။ ဒီဉာဏ်နှစ်ခုဟာ အခြေခံအကျဆုံး ဖြစ်ပေမယ့်၊ ဒီအခြေခံ မခိုင်ရင် နောက်ပိုင်း ဘာတွေပဲ ဆက်အားထုတ် အားထုတ် အကုန်ယိုင်လဲသွားတတ်ပါတယ်။ ပါဠိစာပေတွေ၊ သီအိုရီတွေ ခဏဘေးဖယ်ထားပြီး လက်တွေ့ဘဝမှာ ဒါတွေကို ဘယ်လို တည့်တည့်ကြည့်မလဲ ဆိုတာကို အရှင်းဆုံး ပြောပြချင်ပါတယ်။ ၁။ တကယ်ရှိတာ “ရုပ်” နဲ့ “နာမ်” ပဲ ရှိတယ် ပထမဆုံးအနေနဲ့ “ငါ” လို့ ထင်နေတဲ့ ဒီခန္ဓာကိုယ်ကြီးကို ဆန်းစစ်ကြည့်ရအောင်။ အရာဝတ္ထုတစ်ခုခုကို လက်နဲ့ သွားကိုင်လိုက်တယ် ဆိုပါစို့။…
အရာရာတိုင်းကို အရှိကို အရှိအတိုင်း မှန်မှန်ကန်ကန် မြင်ဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။ လောကမှာ လူတွေ သဘောတူ သတ်မှတ်ထားတဲ့ အခေါ်အဝေါ်တွေ၊ စည်းမျဉ်းတွေကို ခိုင်မြဲတဲ့ အမှန်တရားကြီးလို့ ပြောလို့ မရပါဘူး။ ဒါတွေဟာ လိမ်ပြောတာ မဟုတ်ပေမယ့်၊ ပတ်ဝန်းကျင်က သတ်မှတ်ထားလို့ ခဏတဖြုတ် မှန်နေတဲ့ အရာတွေပါ။ လူလို့ သတ်မှတ်ထားလို့ လူ၊ ယောက်ျား မိန်းမလို့ သတ်မှတ်ထားလို့ ယောက်ျား မိန်းမ၊ သူတို့ကနေ ကလေးမွေးလာတော့လည်း မိဘ စသဖြင့် ခေါ်ဝေါ်နေကြတာပါ။ ဒီလို လူတွေ ဖန်တီးသတ်မှတ်ထားတဲ့ အရာတွေဟာ ခေတ်စနစ်၊ ဥပဒေ၊ နေရာဒေသတွေ အပေါ် မူတည်ပြီး အမြဲတမ်း ပြောင်းလဲနေတတ်ပါတယ်။ ဖောက်ပြန်ပြောင်းလဲမှု ကင်းတဲ့ ပကတိ အမှန်တရား မဟုတ်ပါဘူး။ အဲဒီတော့…
ကျနော်တို့ ဝိပဿနာတရား အားထုတ်တဲ့အခါမှာ အကြီးမားဆုံးနဲ့ အတွေ့အများဆုံး အမှားတစ်ခုက “စိတ်ကို ကောင်းအောင် လုပ်ဖို့ ကြိုးစားခြင်း”၊ “စိတ်ကို တည်ငြိမ်အောင် လုပ်ဖို့ ကြိုးစားခြင်း” ဒါမှမဟုတ် “စိတ်ကို ပြင်ဖို့ ကြိုးစားခြင်း” ဖြစ်ပါတယ်။ ဤအယူအဆလွဲမှားမှုက တရားအားထုတ်သူများစွာကို ပင်ပန်းနွမ်းနယ်စေပြီး၊ တရားစစ် တရားမှန်ကို မရရှိဘဲ သံသရာထဲမှာ တဝဲလည်လည် ဖြစ်နေစေပါတယ်။ ဤဆောင်းပါးမှာတော့ ဤအယူမှားကို ရိုက်ချိုးပြီး၊ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ စိတ္တာနုပဿနာ (စိတ်ကို ရှုမှတ်ခြင်း) ရဲ့ တကယ့်လက်တွေ့ကျင့်စဉ်ဟာ ဘာလဲဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ အရှိကို အရှိအတိုင်း ရှင်းပြပေးပါ့မယ်။ အပိုင်း (၁) – “ပြင်ဖို့ ကြိုးစားခြင်း” ဆိုတဲ့ ထောင်ချောက် (အတ္တရဲ့ လက်ချက်) ကျနော်တို့ လူသားတွေဟာ ပင်ကိုယ်အားဖြင့်…
ဝိပဿနာလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းပြီ ဆိုတာနဲ့ မဖြစ်မနေ အရင်ဆုံး ဖြတ်သန်းရမယ့် တံခါးပေါက် နှစ်ခုရှိပါတယ်။ အဲဒါကတော့ ရုပ်နဲ့ နာမ်ကို ကွဲကွဲပြားပြား သိတဲ့ဉာဏ်ရယ်၊ အရာရာဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်လို့ ဆက်စပ်မြင်တဲ့ ဉာဏ်ရယ်ပါပဲ။ ဒီဉာဏ်နှစ်ခုဟာ အခြေခံအကျဆုံး ဖြစ်ပေမယ့်၊ ဒီအခြေခံ မခိုင်ရင် နောက်ပိုင်း ဘာတွေပဲ ဆက်အားထုတ် အားထုတ် အကုန်ယိုင်လဲသွားတတ်ပါတယ်။ ပါဠိစာပေတွေ၊ သီအိုရီတွေ ခဏဘေးဖယ်ထားပြီး လက်တွေ့ဘဝမှာ ဒါတွေကို ဘယ်လို တည့်တည့်ကြည့်မလဲ ဆိုတာကို အရှင်းဆုံး ပြောပြချင်ပါတယ်။ ၁။ တကယ်ရှိတာ “ရုပ်” နဲ့ “နာမ်” ပဲ ရှိတယ် ပထမဆုံးအနေနဲ့ “ငါ” လို့ ထင်နေတဲ့ ဒီခန္ဓာကိုယ်ကြီးကို ဆန်းစစ်ကြည့်ရအောင်။ အရာဝတ္ထုတစ်ခုခုကို လက်နဲ့ သွားကိုင်လိုက်တယ် ဆိုပါစို့။…
ကျနော် ရေးသားတဲ့ စာတွေရဲ့ အဓိက ရည်မှန်းချက်ကတော့ ဗုဒ္ဓရဲ့ အဆုံးအမ အစစ်အမှန်ကို ထိုးထွင်းသိမြင်ပြီး သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်နိုင်မယ့် လူ၊ ရဟန်း အရိယာပုဂ္ဂိုလ်တွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဗုဒ္ဓဘာသာဝင် တော်တော်များများ လက်ခံထားကြတဲ့ သရဏဂုံနဲ့ ပတ်သက်ပြီး ကျနော်တို့ လက်တွေ့ကျကျ ဆန်းစစ်ကြည့်ကြပါမယ်။ ပုထုဇဉ်ဆိုတာ ရဟန်းပဲဖြစ်စေ၊ လူပဲဖြစ်စေ သရဏဂုံ အမှန်တကယ် မတည်သေးပါဘူး ဆိုတဲ့ အကြောင်းကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်။ ပုထုဇဉ်တို့၏ မရှောင်လွှဲနိုင်သော သဘာဝလက္ခဏာများ ပုထုဇဉ်ဆိုတာ သဘာဝအားဖြင့်ကိုက ယိမ်းယိုင်လွယ်၊ ဖောက်ပြန်လွယ်တဲ့ သဘောရှိပါတယ်။ “ဘာကြောင့် ပုထုဇဉ်တွေမှာ သရဏဂုံ မတည်နိုင်တာလဲ” ဆိုတဲ့ မေးခွန်းကို ဖြေဖို့အတွက် ပုထုဇဉ်တို့ရဲ့…
ကျနော်တို့ ပတ်ဝန်းကျင်မှာ၊ ဗုဒ္ဓဘာသာဝင်တွေ ကြားထဲမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေတဲ့ အယူမှား (ဒိဋ္ဌိ) တစ်ခု ရှိတယ်။ အဲဒါကတော့ “ငါတို့က လူဝတ်ကြောင်တွေပဲ၊ သားမယားနဲ့၊ စီးပွားရေးနဲ့၊ အလုပ်တွေ ရှုပ်နေတာ… ဘယ်လိုလုပ် သောတာပန် တည်နိုင်မှာလဲ၊ တရားဆိုတာ သင်္ကန်းဝတ်ပြီး တောထဲတောင်ထဲ သွားအားထုတ်မှ ရမှာပေါ့” ဆိုတဲ့ အသိပါပဲ။ ဒီစကားက သာမန်ကြည့်ရင် နှိမ့်ချသယောင်ယောင်၊ ကိုယ့်ကိုယ်ကိုယ် သိသယောင်ယောင် ရှိပေမယ့် တကယ်တမ်းကျတော့ အင်မတန် ကြောက်စရာကောင်းတဲ့ “ဆင်ခြေ” တစ်ခု ဖြစ်နေပါတယ်။ ဒီဆင်ခြေကပဲ လူတွေကို တရားစစ် တရားမှန်နဲ့ ဝေးစေပြီး၊ အခွံသက်သက် ဘာသာရေး ထုံးတမ်းစဉ်လာတွေထဲမှာပဲ တဝဲလည်လည် ဖြစ်စေခဲ့တာပါ။ ကျနော် ရေးတဲ့ စာတွေရဲ့ အဓိက ရည်မှန်းချက်ကတော့ လူပဲဖြစ်ဖြစ်၊…
မိတ်ဆွေ… ယခင်ဆောင်းပါးမှာ ပုထုဇဉ်မှန်သမျှ မလွဲမသွေ ကြုံတွေ့ရမယ့်၊ အပါယ်ဘုံသို့ ဗရမ်းပတာ ကျရောက်တတ်တဲ့ “ဝိနိပါတိကဘေး” အကြောင်းကို ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့တော့ အဲဒီလောက် ကြောက်စရာကောင်းတဲ့ ဘေးကြီးဟာ ဘာကြောင့် သင့်ရသလဲ၊ ဒီဘေးကနေ လွတ်မြောက်နိုင်မယ့် လမ်းစစ်လမ်းမှန် မရှိတော့ဘူးလား ဆိုတာကို ဓမ္မအမြင်သက်သက်နဲ့ အသေးစိတ် ခွဲစိတ်ပြချင်ပါတယ်။ ၁။ အတ္တမဟုတ်သော သင်္ခါရ ယန္တရားကြီး အဓိကကတော့ အဲဒီလို ဗရမ်းပတာ အပါယ်ကို ကျရောက်ရခြင်းဟာ ကျွန်တော်တို့ကိုယ်တိုင်က “ပုဂ္ဂိုလ်၊ သတ္တဝါ၊ အကောင်အထည်” မဟုတ်ဘဲ၊ ကိုယ်လိုချင်သလို အမိန့်ပေး ထိန်းချုပ်လို့မရတဲ့ “ရုပ်နဲ့ နာမ် (စိတ်၊ စေတသိက်)” ဆိုတဲ့ သင်္ခါရတရားတွေ သက်သက် ဖြစ်နေလို့ပါပဲ။ သင်္ခါရတရားဆိုတာ အကြောင်းတရားတွေက ပြုပြင်ပေးလို့သာ ဖြစ်တည်နေရတဲ့…
ကျနော် ကိုယ်တိုင် တရားအားထုတ်တဲ့ ခရီးစဉ်ကို ပြန်စဉ်းစားကြည့်တဲ့အခါ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနဲ့ အချိန်အကြာဆုံး သောင်တင်နေတတ်တဲ့ နေရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ “ပညတ်” နဲ့ “ပရမတ်” ကို ကွဲကွဲပြားပြား ခွဲခြားသိမြင်ဖို့ ကိစ္စပါပဲ။ “ပညတ်” ဆိုတာ လောကမှာ အဆင်ပြေအောင် သတ်မှတ်ခေါ်ဝေါ်နေကြတဲ့ နာမည်တွေ၊ သမုတိအမှန် (Conventional Truth) တွေ ဖြစ်ပါတယ်။ အဲဒီ ပညတ်အမည်နာမတွေပေါ်မှာ အခြေခံပြီး စဉ်းစားနေသရွေ့၊ ရှုမှတ်နေသရွေ့ အမှန်တရားဖြစ်တဲ့ သစ္စာလေးပါးဆီကို ဘယ်လိုမှ ဆိုက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တရားအားထုတ်တဲ့အခါ ပညတ်တွေကို အားလုံး ဘေးဖယ်ထားပြီး၊ အရာအားလုံးကို “ပရမတ်” (Ultimate Reality) အနေနဲ့ မြင်အောင် အရင်ကြည့်ရပါတယ်။ အဲဒီလို ပရမတ်အမြင် ရှင်းသွားပြီ…