• နေ့စဉ်ဘဝထဲက အနတ္တ

    “ငါ စိတ်ညစ်နေတယ်” လို့ ပြောမယ့်အစား “စိတ်ညစ်တဲ့ ခံစားချက်လေး ဖြစ်နေတယ်” လို့ တစ်ချက်လောက် ပြောင်းစဉ်းစားကြည့်ပါ။ တကယ်တော့ စိတ်ညစ်တာက သူ့အကြောင်းနဲ့သူ ဖြစ်တာပါ။ မိတ်ဆွေက ဖြစ်ခိုင်းလို့ ဖြစ်တာမဟုတ်သလို၊ မဖြစ်နဲ့လို့ တားလို့လည်း မရပါဘူး။ ကိုယ်မပိုင်တဲ့အရာကို “ငါ” လို့ သွားစွဲထားတော့ ပူလောင်ရတာပေါ့။ နေ့စဉ်ဘဝမှာ ကြုံသမျှ အာရုံတွေကို “ငါ့ဟာ” မဟုတ်ဘဲ “သူ့သဘောသူဆောင်နေတဲ့ ဖြစ်စဉ်” လို့ မြင်ကြည့်ပါ။ ဇာတ်ညွှန်းမရှိတဲ့ ပြဇာတ်တစ်ခုကို ထိုင်ကြည့်နေသလိုမျိုးပေါ့။ ဘာမှ ပိုင်ဆိုင်မထားတာကို သိရင် ဘာမှ ဆုံးရှုံးစရာ မရှိတော့ပါဘူး။

  • ဖြစ်ပျက် မြင်ရန် အားထုတ်ခြင်း

    ဒီအပိုင်းမှာတော့ ဥဒယဗ္ဗယဉာဏ် ကနေစပြီး ပြောပြမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဖြစ်ပျက် မြင်တဲ့ဉာဏ် ဆိုပါစို့။ ဒီအပိုင်းမှာ အလျဉ်းသင့်လို့ ပြောရရင် ကျနော့်စာဖတ် ပရိတ်သတ်များထဲမှာ အနတ္တနဲ့ ပါတ်သက်လို့ ကျနော် ရှင်းပြလွန်းလို့ ဉာဏ်ရှင်းပေမယ့် အနိစ္စနဲ့ ပါတ်သက်ပြီး ရှေ့မရောက်တဲ့ သူတွေလဲ ရှိပါတယ်။ အဲဒီတော့ အဲလို မိတ်ဆွေများအတွက် ကျနော် ဖြစ်ပျက် မြင်တဲ့ ဉာဏ်နဲ့ပါတ်သက်လို့ နောက်ပိုင်းမှာ အရေးများမယ်လို့ ပြောချင်ပါတယ်။ ကျနော့်အနေနဲ့က စာရေးတယ် ဆိုရာမှာ အဓိက ဦးတည်ချက်က ကျနော် မသေခင်မှာ သာသနာအတွက် ရေးဖို့ လိုအပ်တာတွေ ရေးသွားမယ် ဆိုတဲ့ စိတ်ကူးနဲ့ ရေးနေခြင်း ဖြစ်ပါတယ်။ အနတ္တနဲ့ပါတ်သက်လို့ ရှင်းပြတာ အတော်နည်းနေတယ်၊ ကျနော်ကိုယ်တိုင်ကလဲ အနတ္တကို ရှင်းလင်းအောင်…

  • အမြင်မှားခြင်း

    ကျွန်တော်တို့ တစ်သက်လုံး ဒုက္ခရောက်နေတာဟာ လူဆိုးမို့လို့မဟုတ်ပါဘူး၊ အမြင်မှားနေလို့ပါ။ အရာရာကို “ငါ” လို့ သတ်မှတ်လိုက်တဲ့အခါ “ငါ့အတွက်” ဆိုတဲ့ လောဘနဲ့ “ငါ့ကို” ဆိုတဲ့ ဒေါသက အလိုလို ပါလာတော့တာပဲ။ သောတာပန်ဖြစ်တယ်ဆိုတာ တစ်ခုခုကို ရယူလိုက်တာမဟုတ်ဘဲ အစွဲတစ်ခုကို စွန့်လွှတ်လိုက်တာပါ။ “ငါ” ဆိုတဲ့ ခိုင်မြဲတဲ့ အနှစ်သာရ ရှိတယ်လို့ ထင်နေတဲ့ အစွဲကြီး ပြုတ်သွားတာကို ဆိုလိုတာပါ။ အရှိကို အရှိအတိုင်း မမြင်သေးသရွေ့ ဘယ်လောက်ပဲ ကောင်းတာတွေလုပ်လုပ် အခြေခံ အမှားကြီးပေါ်မှာပဲ ရပ်တည်နေရသလိုပါပဲ။ ဒါကြောင့် အလုပ်တွေ အများကြီး လုပ်နေတာထက် အမြင်မှန်ဖို့က ပိုအရေးကြီးပါတယ်။ အမှန်တရားဟာ ယုံကြည်ရမယ့်အရာမဟုတ်ဘူး၊ သိရမယ့်အရာပါ။

  • တရားအားထုတ်ခြင်းမှ တပါး အခြားနည်းလမ်းမရှိ

    လောက ဆိုတာသည် ဖြစ်တတ် ပျက်တတ်တဲ့အတွက် လောကလို့ ခေါ်ခြင်း ဖြစ်ပါတယ်။ လောကရဲ့ သဘာဝသည် ဖြစ်ခြင်း ပျက်ခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် မြတ်စွာဘုရားနဲ့ သိကြား ပြောတဲ့ စကားအတိုင်း ပါပဲ။ လူတွေ သတ္တဝါတွေဟာ မိမိကိုယ် မိမိ ကျန်းမာစေကြောင်း ချမ်းသာစေကြောင်း အမြဲပဲ မေတ္တာပို့ကြ ပါတယ်။ ဒါပေမယ့်လည်း တောင်းဆုမပြည့်ဝကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အနှစ်ချုပ်လိုက်ရင် ပပဉ္စ တရားတွေ ဖြစ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိ ကြောင့်ပါပဲ။ လောကမှာ ဘယ်သောအခါမှ တည်မြဲတဲ့ အေးချမ်းမှု စိတ်နှလုံးသာယာမှု ဆိုတာ မရှိပါဘူး။ ဖြစ်သမျှဟာ ပျက်တာချည်းပါပဲ။ ကျနော်တို့က ဗုဒ္ဓဘာသာ နိုင်ငံမှာနေတယ်၊ ဗုဒ္ဓသာသနာရဲ့ အဆုံးအမအောက်မှာ ရှိနေပါလျှက်နဲ့ ဒုက္ခတွေ…

  • ငါ” ဆိုတာ တကယ်ရှိနေတာလား၊ အစွဲအလမ်းသက်သက်လား

    ==================================== ကျွန်တော်တို့ အားလုံးမှာ “ငါ” ဆိုတဲ့ ခံစားချက်ကြီးက အမြဲကပ်ပါနေပါတယ်။ “ငါ စားတယ်”၊ “ငါ သွားတယ်”၊ “ငါ့ပစ္စည်း” ဆိုပြီးတော့ပေါ့။ ဒီ “ငါ” ဆိုတဲ့ အစွဲကပဲ ကျွန်တော်တို့ကို သံသရာထဲမှာ လှည့်ပတ်နေစေတာပါ။ တကယ်တော့ သောတာပန်ဖြစ်တယ်ဆိုတာ ထူးခြားတဲ့ တန်ခိုးတွေ ရတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် “ငါ” လို့ ထင်နေတဲ့ အမြင်မှား (ဒိဋ္ဌိ) ပြုတ်သွားတာကိုပဲ ဆိုလိုတာပါ။ ဒါကို နားလည်ဖို့ စာတွေအများကြီး ဖတ်နေစရာမလိုပါဘူး။ လက်တွေ့မှာပဲ ကြည့်ကြည့်ပါ။ ခုနက စိတ်ဆိုးသွားတဲ့ “ငါ” က ခုဘယ်မှာလဲ? ခုနက ပျော်နေတဲ့ “ငါ” ကော ဘယ်ရောက်သွားပြီလဲ? စိတ်ဆိုတာ အကြောင်းတိုက်ဆိုင်ရင် ဖြစ်ပေါ်လာပြီး ခဏလေးအတွင်းမှာပဲ ချုပ်ပျောက်သွားတာပါ။ ခိုင်မြဲတဲ့…

  • ဝိပ္ပလ္လာသ မှ ချည်းကပ်ခြင်း

    တရားအားထုတ်တဲ့ အခါမှာ ကျနော့်အတွက်တော့ ဘာကြောင့် ဘာကို လုပ်ရတယ် ဆိုတာ သိဖို့ရာက အရေးကြီးတဲ့ ကိစ္စပါ။ အဲဒီအတွက် အများကြီး ကြိုးစားခဲ့ရပါတယ်။ အဲဒါရဲ့ အဖြေကတော့ ဝိပ္ပလ္လာသ ဆိုတဲ့ တရားတွေပါပဲ။ ဝိပ္ပလ္လာသ ၁၂ ပါးဆိုတာ ရှိပါတယ်။ သညာ ဝိပ္ပလ္လာသ၊ စိတ္တ ဝိပ္ပလ္လာသ၊ ဒိဋ္ဌိ ဝိပ္ပလ္လာသ ဆိုတဲ့ သုံးမျိုးကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဆိုတဲ့ လေးမျိုးနဲ့ မြှောက်လိုက်တဲ့အခါမှာ ဝိပ္ပလ္လာသ ၁၂ ပါးဆိုတာ ဖြစ်လာတာပါပဲ။ ပုထုဇဉ်က သင်္ခါရတရားတွေ ဖြစ်တဲ့ ရုပ်နာမ် တွေပေါ်မှာ နိစ္စခေါ်တဲ့ မြဲတယ်လို့ ထင်ပါတယ်၊ သုခ ခေါ်တဲ့ ချမ်းသာတယ်လို့ ထင်ပါတယ်။ အတ္တ‌ ခေါ်တဲ့…

  • ပြင်းထန်စွာ မှတ်ယူ စွဲလမ်းမှု သို့မဟုတ် ဒိဋ္ဌုပါဒါန်

    ဒိဋ္ဌုပါဒါန် ဆိုတာဟာ အယူ အမျိုးမျိုးကို ဆိုလို တာ ဖြစ်ပါတယ်။ အခု တွင်ကျယ်နေတဲ့ အနန္တော အနန္တငါးပါး ဆိုတဲ့ စကားကြောင့် ငါတို့ဟာ ရတနာ သုံးပါးနဲ့ တတန်းတည်း လို့ မှတ်ယူ ထားတာဟာ ဒိဋ္ဌုပါဒါန်ပါ။ ဒါဟာ ဘာကြောင့် ဖြစ်တာလဲ ဆိုတော့ သံဃာ ရတနာ လို့ ကိုယ်မှားယွင်းစွာ မှတ်ယူထားတဲ့ ပုထုဇဉ် ရဟန်းများက ဟောတာကို မှန်တယ်ဆိုပြီး သဒ္ဓါတရားနဲ့ ယုံကြည်စွာ နှလုံးသွင်းခဲ့လို့ပါ။ ဟောတဲ့ ရဟန်းတွေက ပုထုဇဉ်တွေမို့ ဘုရား မပညတ်တာကို မပညတ်အပ်ဘူး ဆိုတဲ့ အကြောင်းနဲ့ ပါတ်သက်ပြီး လေးလေးနက်နက် နားမထောင်တဲ့ ကိစ္စကတော့ ပြသနာ အားလုံးရဲ့ အစပဲ ဖြစ်ပါတယ်။ အဲဒီတော့ သုတဝါ…

  • စစ်မှန်သော အရိယာ (သံဃာရတနာ) ကို ဘယ်လိုရှာမလဲ

    ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များအကြားတွင် ခေတ်အဆက်ဆက် မေးလေ့ရှိသော မေးခွန်းတစ်ခုရှိပါသည်။ “ယနေ့ခေတ်မှာ အရိယာတွေ ရှိသေးရဲ့လား၊ ရှိရင်ကော ဘယ်လိုရှာပြီး ကိုးကွယ်ရမလဲ” ဆိုသည်မှာ အလွန်ရေပန်းစားသော မေးခွန်းဖြစ်၏။ တကယ်တော့ အရိယာဆိုသည်မှာ အပြင်ပန်း ဆိုင်းဘုတ်ကပ်ထားသော ပုဂ္ဂိုလ်များမဟုတ်ဘဲ စိတ်သန္တာန်၌ အစွဲအလမ်း ကိလေသာကို ပယ်သတ်ပြီးသူများ ဖြစ်သဖြင့် သာမန်မျက်စိဖြင့် ကြည့်ရုံနှင့် မသိနိုင်ပါ။ သို့သော် ကျွန်ုပ်တို့၏ ဉာဏ်မျက်စိဖြင့် ဆင်ခြင်လျှင်မူ စစ်မှန်သော အရိယာလမ်းစဉ်ကို လျှောက်လှမ်းနေသူများကို မှန်ကန်စွာ ရွေးချယ်နိုင်မည် ဖြစ်ပါသည်။ ဤဆောင်းပါးတွင် အရိယာရဟန်းကို ခွဲခြားနိုင်မည့် လက်တွေ့ကျသော စံနှုန်း (၄) ချက်ကို အသေးစိတ် တင်ပြပေးသွားပါမည်။ ၁။ ဝိနည်းတော်သည် အရိယာတို့၏ အသက်သွေးကြော (Discipline) အရိယာရဟန်းတစ်ပါးကို တိုင်းတာနိုင်သည့် ပထမဆုံးအချက်မှာ “ဝိနည်းအပေါ်…

  • အရိယာ သာဝက အတွက် ပါရမီ မလို

    မြတ်စွာဘုရားရဲ့ သာသနာတော်မှာ အစီအစဉ်အရ မြတ်စွာဘုရား၊ အဂ္ဂသာဝက၊ မဟာာဝက၊ ပကတိ သာဝက၊ အရိယာ သာဝက ဆိုပြီး ရှိပါတယ်။ မြတ်စွာဘုရား ဆိုတာကတော့ ကိုယ်တော်တိုင် သိမြင်သူ ဖြစ်ပါတယ်။ မြတ်စွာဘုရား အပါအဝင် အဂ္ဂသာဝက နဲ့ မဟာသာဝက တို့ကို ဆုကြီးပန် ခဲ့သူများ လို့ပြောနိုင်ပါတယ်။ ဒီလို ဆုကြီးပန်သူများ အတွက် ပါရမီ ဆိုတာ ဖြည့်ကျင့်ဖို့ လိုပါတယ်။ ပါရမီ ဆိုတာဟာ ကို အဓိပ္ပါယ် ဖွင့်ဆိုချက် အနေနဲ့ ပါရမီ (သင်္သကရိုက်: Pāramitā) သည် မြင့်မြတ်သူတို့၏ လုပ်ငန်း (သို့) အထပ်ထပ်ဆည်းပူးထားသော အလေ့အကျင့် ဟူ၍ အနက်ရရှိသည်။ ဤ၌ “မြင့်မြတ်သောသူ” ဆိုသည်မှာ မိမိအကျိုးအတွက် ပဓာနမထား၊…

  • ကိုယ့်ဂုဏ် ကိုယ်ဖေါ် မသူတော်

    ဒါဟာ လောကီမှာ ကျနော် သုံးနေကြတဲ့ မှန်တယ်လို့ လက်ခံထားတဲ့ စကားပုံ တခုပါပဲ။ လူတယောက် သူကောင်းကြောင်း သူတော်ကြောင်း စသဖြင့် ကိုယ်တိုင် ပြောတာဟာ သင့်တော်တဲ့အလုပ်မဟုတ်၊ ထိုကဲ့သို့ လုပ်သောသူကို သူတော်ကောင်းဟု မသတ်မှတ်ပဲ သူတော်ကောင်းမဟုတ်ဟု သတ်မှတ်ရမည် ဆိုသော သဘော ဖြစ်ပါတယ်။ ဒါကို ကျနော် မှန်တယ် မှားတယ် မပြောလိုပါဘူး။ မှန်တဲ့ အခါလဲ မှန်ပါလိမ့်မယ်။ ယေဘုယျအားဖြင့် မှန်တယ် လို့လဲ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီစကားနဲ့ ပါတ်သက်ပြီး ကျနော် ငယ်ငယ်က မှတ်မှတ်ရရ ဘုရားဆိုတာဟာ ဘာဂုဏ်တွေ ရှိတယ် ဘယ်လိုကြည်ညိုစရာတွေကောင်းတယ် စသဖြင့် စသဖြင့်တွေ ပြောတဲ့အခါကျတော့ အဲဒါ‌တွေက ဘယ်သူက ပြောတာလဲလို့ မေးကြည့်ဖူးပါတယ်။ ဘုရားကပဲ ပြောတာဆိုတော့…