မာနဟာဒိဋ္ဌိနဲ့ မဖြစ်တော့ဘူး
တဏှာဟာ အလုံးစုံတွေဝေခြင်းတွေနဲ့မဟုတ်ဘူးပေါ့
ပြန်ပြန်သတိရတဲ့ သဘောလေးတွေကိုလဲ
တွယ်တာတယ်ဆိုတာက ရှိမှမရှိတာပဲလေ
သီလတဲ့
ခန္ဓာလို့ပဲ ပြန်ပြောမိတယ်။
ဪ…
သာဓု သာဓုတဲ့
တခွန်းလိုတယ်တောင် မပြောနိုင်အောင်
ငါလေ တကယ့်ကိုမရှိတာ ဘယ်လိုမျိုးဆိုပြီးပဲ
ရှင်းရှင်းပြနေမိတယ်
သာဓုတဲ့ အသံ တိုးတိုးလေး
ထပ်ကြားမိပြန်တယ်။ ။


Leave a Reply