ယနေ့ခေတ်ဟာ သိပ္ပံနဲ့ နည်းပညာ အထွန်းကားဆုံး ခေတ်လို့ ဆိုရပါမယ်။ လူတွေဟာ အရင်က နတ်ဘုရားတွေ ဖန်ဆင်းတယ်လို့ ယုံကြည်ခဲ့တဲ့ အရာတွေကို သိပ္ပံနည်းကျ အဖြေထုတ်နိုင်လာကြပြီ။ အဏုမြူဗုံးတွေ လုပ်နိုင်လာတယ်၊ အင်္ဂါဂြိုဟ်ပေါ် ယာဉ်တွေ လွှတ်နိုင်လာတယ်၊ လူသားရဲ့ မျိုးဗီဇ (DNA) ကိုတောင် ပြုပြင်နိုင်လာကြပြီ။ ဒါကြောင့် လူအတော်များများက သိပ္ပံပညာဟာ အရာရာကို သိနိုင်တယ်၊ သိပ္ပံပညာကသာ အမှန်တရားလို့ ယူဆလာကြတယ်။ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ အပြတ်ပြောရဲတယ်။ သိပ္ပံပညာ ဘယ်လောက်ပဲ တိုးတက်တိုးတက်၊ ဘယ်တော့မှ လိုက်မမီနိုင်တဲ့၊ သိပ္ပံပညာရှင်တွေ မျက်စိလည်နေတဲ့ နယ်ပယ်တစ်ခု ရှိတယ်။ အဲဒါကတော့ ဗုဒ္ဓဟောကြားခဲ့တဲ့ “အနတ္တ” (Non-Self) သဘောတရားပါပဲ။ သိပ္ပံပညာက “ရုပ်” (Matter) ကို အတော်လေး သိနေပြီလို့…
နာမရူပ ပရိစ္ဆေဒ ဉာဏ်လို့ခေါ်တဲ့ ရုပ်နာမ်ကို ပိုင်းခြားသိသော ဉာဏ် ရပြီးတဲ့အခါမှာ ဆက်ပြီးကြိုးစား ရမှာကတော့ အကြောင်းအကျိုးကို သိမ်းဆည်းသိသော ဉာဏ်လို့ခေါ်ပါတယ်။ ကျနော်တို့က တရားအားထုတ် တဲ့အခါမှာ အရေးကြီးဆုံး ကတော့ သက္ကော ဥဇူ စ သုဟုဇူ စ ဆိုတဲ့အတိုင်း ရိုးသားဖို့ အထူးရိုးသား ဖို့ပါပဲ။ ဆိုလို တာက ရုပ်နာမ်နဲ့ ပါတ်သက်လို့ ကိုယ်ဘယ်နေရာမှာ စိတ်မရှင်းဘူးလဲ ဆိုတာကို ကိုယ်တိုင် အရိုးသားဆုံး စစ်ဆေးဖို့လိုပါတယ်။ အနတ္တ ဆိုတဲ့အတိုင်း န အတ္တ၊ အတ္တဆိုတာမရှိ၊ တနည်းအားဖြင့် ကိုယ်လို့ ငါလို့ သိထားတဲ့ ကိစ္စဟာ အမှားကြီး ဖြစ်တယ် ဆိုတာကို နားလည်အောင် ကြိုးစားရပါတယ်။ အနိစ္စ ဒုက္ခ အနတ္တ ကိုသိသော…
လူဆိုတာ “ရယူပိုင်ဆိုင်ဖို့” ရှင်သန်ကြသူတွေပါ။ ဥစ္စာ၊ ရာထူး၊ ဂုဏ်တွေကို စုဆောင်းကြတယ်။ ဒါက လူ့သဘာဝပါ။ရဟန်းဆိုတာကတော့ “စွန့်လွှတ်ဖို့” ရှင်သန်ရမယ့်သူတွေပါ။ အိမ်ရာ၊ ဆွေမျိုး၊ ဂုဏ်ဒြပ် အားလုံးကို စွန့်ခွာခဲ့သူတွေပါ။ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက… ယနေ့ခေတ် ရဟန်းလောကဟာ လူတွေလိုချင်တဲ့ “ဂုဏ်” (ဘွဲ့ထူး၊ ဂုဏ်ထူး၊ ကျောင်းတိုက်) တွေကိုပဲ လိုက်လံစုဆောင်းနေကြတာ တွေ့ရပါတယ်။လူလိုချင်တာကို ရဟန်းက လိုက်ရှာနေရင် သံသရာက ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ပါဘူး။ရဟန်းစစ်ရင်… “ဂုဏ်” ကို မရှာပါနဲ့၊ “လွတ်မြောက်မှု” ကိုပဲ ရှာပါ။
မြတ်စွာဘုရားရှင်၏ အဘိဓမ္မာဒေသနာတော်တွင် ပုဂ္ဂလပညတ်ကျမ်းသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထိုကျမ်း၌ ပညတ်တော်မူခြင်း (၆) ပါးကို ပြဆိုရာတွင် “သစ္စာပညတ်” အပိုင်း၌ ဒုက္ခ၊ သမုဒယ၊ မဂ္ဂ၊ နိရောဓ ဟူသော သစ္စာလေးပါးကိုသာ အတိအလင်း ပြဆိုထားပါသည်။ထို့ကြောင့် ယနေ့ခေတ်တွင် တွင်ကျယ်စွာ သုံးနှုန်းနေကြသော “သမုတိသစ္စာ” နှင့် “ပရမတ္တသစ္စာ” ဟူသော အသုံးအနှုန်းများသည် မူရင်းကျမ်းဂန်လာ သစ္စာပညတ်ချက်များနှင့် ကိုက်ညီမှုမရှိရုံမျှမက၊ တရားဓမ္မ၏ အနှစ်သာရကို လွဲချော်စေသော အသုံးအနှုန်းများဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ထောက်ပြကန့်ကွက်ရန် လိုအပ်လာပါသည်။သစ္စာပညတ်တွင် မပါဝင်သော သမုတိနှင့် ပရမတ်ပုဂ္ဂလပညတ်ကျမ်းတွင် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် “သစ္စာ” ဟု အမည်တပ်၍ ပညတ်တော်မူခဲ့သည်မှာ သစ္စာလေးပါးသာ ရှိပါသည်။ ထိုနေရာတွင် သမုတိကို သစ္စာဟုလည်းကောင်း၊ ပရမတ်ကို သစ္စာဟုလည်းကောင်း…
မိတ်ဆွေ… မှန်ရှေ့ရောက်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး “ဒါ ငါပဲ” လို့ တွေးဖူးမှာပါ။ နာမည်တစ်ခု ခေါ်လိုက်ရင် “ငါ့ကို ခေါ်တာပဲ” လို့ ထူးလိုက်မှာပါ။ တစ်ခုခု လုပ်ချင်ရင် “ငါ လုပ်ချင်တာပဲ” လို့ ဆုံးဖြတ်မိမှာပါ။ ဒါပေမဲ့ ကျွန်တော် မေးခွန်းတစ်ခု မေးမယ်။ တကယ်ရော ခင်ဗျားမှာ “ငါ” (Atta) ဆိုတဲ့ အကောင်အထည် ရှိရဲ့လား။ ဒါကို အဖြေထုတ်ဖို့အတွက် ရှေးဦးစွာ “ငါ” (Self) ဆိုတာ ဘာလဲလို့ အဓိပ္ပာယ် ဖွင့်ကြည့်ရအောင်။ တကယ်လို့ “ငါ” ဆိုတာ အစစ်အမှန် ရှိတယ်ဆိုရင်… အဲဒီ “ငါ” ဟာ အောက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံရပါမယ်။ ၁။ ကိုယ်တိုင် သွားနိုင် လာနိုင်ရမယ်။…
(သို့မဟုတ်) ပညတ်လောကထဲက ပရမတ်လူသား မိတ်ဆွေ… ခင်ဗျား မနက်မိုးလင်းလို့ မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့ ဘာကို မြင်ရသလဲ။ ဇနီးမယားကို မြင်ရမယ်၊ သားသမီးကို မြင်ရမယ်၊ အိမ်ရာ တိုက်တာ ကား တွေကို မြင်ရမယ်။ မှန်ကို ကြည့်လိုက်ရင် “ငါ” ကို မြင်ရမယ်။ လမ်းမပေါ်ထွက်လိုက်ရင် လူတွေ၊ ခွေးတွေ၊ တိုက်တာအဆောက်အဦးတွေကို မြင်ရမယ်။ ခင်ဗျား မြင်နေရတဲ့ အမြင်ဟာ “အမှန်” လား။ ကျနော် ရဲရဲကြီး ပြောရဲတယ်။ ခင်ဗျား မြင်နေရတာတွေ အကုန်လုံးဟာ “အမှား” တွေချည်းပါပဲ။ ခင်ဗျား မျက်လုံးက မြင်တာကို ပြောတာ မဟုတ်ဘူး။ ခင်ဗျားရဲ့ စိတ်က ဘာသာပြန်လိုက်တဲ့ အမြင်ကို ပြောတာ။ ခင်ဗျားရဲ့ စိတ်က မျက်စိနဲ့ အဆင်းတိုက်လို့…
ခန္ဓာဖြစ်စဉ်ဆိုတာက တကယ်တော့ ပဋိစ္စသမုပါဒ်ကို ပြောတာပါပဲ။ ခန္ဓာလက်ရှိမှာ ဘာဖြစ်နေလဲ ဆိုတာကို ပဋိစ္စသမုပါဒ်နဲ့ တိုက်ကြည့်ဖို့လိုပါတယ်။ ဒါဟာ လုပ်ဖို့လိုအပ်တဲ့ အဆင့်တဆင့်ပါပဲ။ တရားနာတာပဲ ဖြစ်ဖြစ် စာဖတ်တာပဲ ဖြစ်ဖြစ် လုပ်တဲ့အခါမှာ ရေးထားတဲ့စာကို ခန္ဓာနဲ့ တိုက်စစ်တဲ့ ကိစ္စက လုပ်ကို လုပ်ရမှာပါ။ အဲဒါက အရေးကြီးပါတယ်။ ကျနော်အများဆုံးတွေ့ရတာကတော့ သဒ္ဓါစရိုက်တွေများပါတယ်။ ပညာစရိုက်တွေလဲ ပါနိုင်ပါတယ်။ သူက သဒ္ဓါဆိုတဲ့ ယုံကြည်ခြင်းမှာ တကယ်မှန်ကန်တဲ့ ယုံကြည်ခြင်း ဖြစ်ဖို့ ဆိုတဲ့နေရမှာ တစ်အချက်က ရိုးသားဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် ပြန်ညာနေတာ၊ ဆုပ်ကိုင် စရာမရှိတော့မှာ စိုးလို့ ယုံကြည်မှုကို ဖက်တွယ်ထားတာ စတာမျိုးတွေ မရှိဖို့ လိုပါတယ်။ ပြီးတော့ ဒီနေရာမှာ လိုတဲ့ ယုံကြည်ခြင်းဆိုတာက လိုက်နာရမယ့်သူမှန်သမျှရဲ့ ပြောသမျှ…
ပဋိစ္စသမုပါဒ် ဆိုတာကတော့ ခန္ဓာဖြစ်စဉ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီ တရားအားထုတ် တဲ့ အပိုင်းမှာတော့ ပဋိစ္စသမုပါဒ် ထဲက ပစ္စုပ္ပန် ဖြစ်ပျက်ကိုပဲ အဓိက ထားပြီး တရားအားထုတ်တဲ့ နေရာမှာ အသုံးတည့်အောင် ပြောပြမှာ ဖြစ်ပါတယ်။ ပဋိစ္စသမုပါဒ်ထဲက ပစ္စုပ္ပန်ကို ကြည့်မယ် ဆိုရင် ဝိဉာဏ်ကြောင့် နာမရူပဖြစ်၊ နာမရူပ ကြောင့် သဠာယတနရှိ၊ သဠာယတနကြောင့် ဖဿ ဖြစ်၊ ဖဿကြောင့် ဝေဒနာ ဖြစ်၊ ဝေဒနာကြောင့် တဏှာမာန ဒိဋ္ဌိ ဖြစ်၊ တဏှာမာနဒိဋ္ဌိကြောင့် ဥပါဒါန် ဖြစ်၊ ဥပါဒါန်ကြောင့် ကမ္မဘဝ (ကာယကံ စေတနာ၊ ဝစီကံစေတနာ၊ မနောကံ စေတနာ) ဖြစ် ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့က…
တရားအားထုတ်တယ်ဆိုတာ မျက်စိမှိတ်ပြီး တစ်နေရာရာကို ရောက်သွားဖို့ ကြိုးစားတာမဟုတ်ပါဘူး။ အခု ဖြစ်နေတာကို အခု သိနေဖို့ပါပဲ။ ဖုန်းသုံးနေရင် သုံးနေမှန်းသိပါ၊ လမ်းလျှောက်နေရင် လျှောက်နေမှန်းသိပါ။ အတွေးတစ်ခု ဝင်လာရင် “အတွေးပေါ်လာပြီ” လို့ သိလိုက်ရုံပါပဲ။ အဲဒီအတွေးကို လိုက်မတွေးနဲ့၊ ဖြတ်လည်းမပစ်နဲ့။ ကြည့်နေရင်းနဲ့ပဲ အဲဒီအတွေးဟာ အလိုလို ပျောက်သွားတာကို တွေ့ပါလိမ့်မယ်။ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတဲ့ အရာတွေထဲမှာ “ငါ” ဆိုတာ ဘယ်နားမှာ ပါသလဲလို့ ရှာကြည့်ပါ။ သိနေရုံသက်သက်ကပဲ လွတ်မြောက်မှုရဲ့ အစပါ။
ရှေ့မှာ ဖြစ်ပျက်မြင်မှု အကြောင်းကို ရောက်တဲ့အထိ ရေးခဲ့ပြီးပါပြီ။ ဒါဆိုရင်တော့ မိတ်ဆွေ အနေနဲ့ ဒေါသစိတ် ဖြစ်တဲ့အချိန်မှာ ဒေါသစိတ်ကလေးရဲ့ ဖြစ်မှု ပျက်မှုကို သတိထား အာရုံစိုက်ပြီး၊ ဖြစ်သည် ပျက်သည် အမှန်ဖြစ်ကြောင်း ဆင်ခြင်ဖို့ နဲ့ ဖြစ်မှု ပျက်မှု တကယ်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချဖို့ အတွက် ကြိုးစားမှု ပြီးနေပါပြီ။ ဒါကိုပဲ ထပ်ခါ ထပ်ခါ လုပ်ပါ။ ဒေါသစိတ်ကို သတိထားမိပြီ ဆိုရင် ဖြစ်မှု ပျက်မှုကို ရှုနိုင်ပြီ ဆိုရင် လောဘစိတ် ကို ပါ ဖြစ်မှု ပျက်မှု ကိုပါ ဆက်ရှုပါ၊ လောဘစိတ်ကိုပါ ပိုင်နိုင်စွာ သိလာပြီ ဆိုရင်တော့ တခါ တလေမှာ ငါရှုမှတ်နေတယ်၊ ဒီစိတ်ကမြဲတယ် ဆိုပြီး…