-
တရားအားထုတ်တဲ့ အခါမှာ ကျနော့်အတွက်တော့ ဘာကြောင့် ဘာကို လုပ်ရတယ် ဆိုတာ သိဖို့ရာက အရေးကြီးတဲ့ ကိစ္စပါ။ အဲဒီအတွက် အများကြီး ကြိုးစားခဲ့ရပါတယ်။ အဲဒါရဲ့ အဖြေကတော့ ဝိပ္ပလ္လာသ ဆိုတဲ့ တရားတွေပါပဲ။ ဝိပ္ပလ္လာသ ၁၂ ပါးဆိုတာ ရှိပါတယ်။ သညာ ဝိပ္ပလ္လာသ၊ စိတ္တ ဝိပ္ပလ္လာသ၊ ဒိဋ္ဌိ ဝိပ္ပလ္လာသ ဆိုတဲ့ သုံးမျိုးကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဆိုတဲ့ လေးမျိုးနဲ့ မြှောက်လိုက်တဲ့အခါမှာ ဝိပ္ပလ္လာသ ၁၂ ပါးဆိုတာ ဖြစ်လာတာပါပဲ။ ပုထုဇဉ်က သင်္ခါရတရားတွေ ဖြစ်တဲ့ ရုပ်နာမ် တွေပေါ်မှာ နိစ္စခေါ်တဲ့ မြဲတယ်လို့ ထင်ပါတယ်၊ သုခ ခေါ်တဲ့ ချမ်းသာတယ်လို့ ထင်ပါတယ်။ အတ္တ ခေါ်တဲ့…
-
ဒိဋ္ဌုပါဒါန် ဆိုတာဟာ အယူ အမျိုးမျိုးကို ဆိုလို တာ ဖြစ်ပါတယ်။ အခု တွင်ကျယ်နေတဲ့ အနန္တော အနန္တငါးပါး ဆိုတဲ့ စကားကြောင့် ငါတို့ဟာ ရတနာ သုံးပါးနဲ့ တတန်းတည်း လို့ မှတ်ယူ ထားတာဟာ ဒိဋ္ဌုပါဒါန်ပါ။ ဒါဟာ ဘာကြောင့် ဖြစ်တာလဲ ဆိုတော့ သံဃာ ရတနာ လို့ ကိုယ်မှားယွင်းစွာ မှတ်ယူထားတဲ့ ပုထုဇဉ် ရဟန်းများက ဟောတာကို မှန်တယ်ဆိုပြီး သဒ္ဓါတရားနဲ့ ယုံကြည်စွာ နှလုံးသွင်းခဲ့လို့ပါ။ ဟောတဲ့ ရဟန်းတွေက ပုထုဇဉ်တွေမို့ ဘုရား မပညတ်တာကို မပညတ်အပ်ဘူး ဆိုတဲ့ အကြောင်းနဲ့ ပါတ်သက်ပြီး လေးလေးနက်နက် နားမထောင်တဲ့ ကိစ္စကတော့ ပြသနာ အားလုံးရဲ့ အစပဲ ဖြစ်ပါတယ်။ အဲဒီတော့ သုတဝါ…
-
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များအကြားတွင် ခေတ်အဆက်ဆက် မေးလေ့ရှိသော မေးခွန်းတစ်ခုရှိပါသည်။ “ယနေ့ခေတ်မှာ အရိယာတွေ ရှိသေးရဲ့လား၊ ရှိရင်ကော ဘယ်လိုရှာပြီး ကိုးကွယ်ရမလဲ” ဆိုသည်မှာ အလွန်ရေပန်းစားသော မေးခွန်းဖြစ်၏။ တကယ်တော့ အရိယာဆိုသည်မှာ အပြင်ပန်း ဆိုင်းဘုတ်ကပ်ထားသော ပုဂ္ဂိုလ်များမဟုတ်ဘဲ စိတ်သန္တာန်၌ အစွဲအလမ်း ကိလေသာကို ပယ်သတ်ပြီးသူများ ဖြစ်သဖြင့် သာမန်မျက်စိဖြင့် ကြည့်ရုံနှင့် မသိနိုင်ပါ။ သို့သော် ကျွန်ုပ်တို့၏ ဉာဏ်မျက်စိဖြင့် ဆင်ခြင်လျှင်မူ စစ်မှန်သော အရိယာလမ်းစဉ်ကို လျှောက်လှမ်းနေသူများကို မှန်ကန်စွာ ရွေးချယ်နိုင်မည် ဖြစ်ပါသည်။ ဤဆောင်းပါးတွင် အရိယာရဟန်းကို ခွဲခြားနိုင်မည့် လက်တွေ့ကျသော စံနှုန်း (၄) ချက်ကို အသေးစိတ် တင်ပြပေးသွားပါမည်။ ၁။ ဝိနည်းတော်သည် အရိယာတို့၏ အသက်သွေးကြော (Discipline) အရိယာရဟန်းတစ်ပါးကို တိုင်းတာနိုင်သည့် ပထမဆုံးအချက်မှာ “ဝိနည်းအပေါ်…
-
မြတ်စွာဘုရားရဲ့ သာသနာတော်မှာ အစီအစဉ်အရ မြတ်စွာဘုရား၊ အဂ္ဂသာဝက၊ မဟာာဝက၊ ပကတိ သာဝက၊ အရိယာ သာဝက ဆိုပြီး ရှိပါတယ်။ မြတ်စွာဘုရား ဆိုတာကတော့ ကိုယ်တော်တိုင် သိမြင်သူ ဖြစ်ပါတယ်။ မြတ်စွာဘုရား အပါအဝင် အဂ္ဂသာဝက နဲ့ မဟာသာဝက တို့ကို ဆုကြီးပန် ခဲ့သူများ လို့ပြောနိုင်ပါတယ်။ ဒီလို ဆုကြီးပန်သူများ အတွက် ပါရမီ ဆိုတာ ဖြည့်ကျင့်ဖို့ လိုပါတယ်။ ပါရမီ ဆိုတာဟာ ကို အဓိပ္ပါယ် ဖွင့်ဆိုချက် အနေနဲ့ ပါရမီ (သင်္သကရိုက်: Pāramitā) သည် မြင့်မြတ်သူတို့၏ လုပ်ငန်း (သို့) အထပ်ထပ်ဆည်းပူးထားသော အလေ့အကျင့် ဟူ၍ အနက်ရရှိသည်။ ဤ၌ “မြင့်မြတ်သောသူ” ဆိုသည်မှာ မိမိအကျိုးအတွက် ပဓာနမထား၊…
-
ဒါဟာ လောကီမှာ ကျနော် သုံးနေကြတဲ့ မှန်တယ်လို့ လက်ခံထားတဲ့ စကားပုံ တခုပါပဲ။ လူတယောက် သူကောင်းကြောင်း သူတော်ကြောင်း စသဖြင့် ကိုယ်တိုင် ပြောတာဟာ သင့်တော်တဲ့အလုပ်မဟုတ်၊ ထိုကဲ့သို့ လုပ်သောသူကို သူတော်ကောင်းဟု မသတ်မှတ်ပဲ သူတော်ကောင်းမဟုတ်ဟု သတ်မှတ်ရမည် ဆိုသော သဘော ဖြစ်ပါတယ်။ ဒါကို ကျနော် မှန်တယ် မှားတယ် မပြောလိုပါဘူး။ မှန်တဲ့ အခါလဲ မှန်ပါလိမ့်မယ်။ ယေဘုယျအားဖြင့် မှန်တယ် လို့လဲ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီစကားနဲ့ ပါတ်သက်ပြီး ကျနော် ငယ်ငယ်က မှတ်မှတ်ရရ ဘုရားဆိုတာဟာ ဘာဂုဏ်တွေ ရှိတယ် ဘယ်လိုကြည်ညိုစရာတွေကောင်းတယ် စသဖြင့် စသဖြင့်တွေ ပြောတဲ့အခါကျတော့ အဲဒါတွေက ဘယ်သူက ပြောတာလဲလို့ မေးကြည့်ဖူးပါတယ်။ ဘုရားကပဲ ပြောတာဆိုတော့…
-
– သောတာပန် ဖြစ်သူကို ပါရမီရှင်ဟု တံဆိပ်ကပ်လိုက်ခြင်း တရားအားထုတ်နေသူ တရားအားထုတ်လိုသူတို့က ပထမ မဂ်ကျသော သောတာပန် ကို ပါရမီရှင် စသဖြင့် တံဆိပ် ကပ်လိုက်တဲ့အခါမှာ ကိုယ့်စိတ်အားနည်းသွားသလို ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ် လျော့သွားနိုင်ပါ တယ်။ တကယ်တော့ သောတာပန် ဆိုတာ ပါရမီ နဲ့ ဘာမှ မဆိုင်ပါဘူး။ ဘာပါရမီမှလဲ ဖြည့်ထားသူ မဟုတ်ပါဘူး။ တခြားသူအတွက် မပြောနိုင်ရင်တောင်မှ ကျနော့်အတွက်ကတော့ သေချာပါတယ်။ ဘာပါရမီ မှ မပါပါဘူး။ အရေးကြီးတာက တကြောင်းတည်းသော စိတ် ဆိုတာပါပဲ။ သောတာပန် ဖြစ်ဖို့ကြိုးစားတဲ့ အလုပ်မှ မဟုတ်ပါဘူး ဘာအလုပ်မဆို တကြောင်းတည်းသောစိတ် နဲ့ကြိုးစားရင် အောင်မြင်တာပါပဲ။ ကျနော် ဆိုရင် ငယ်စဉ်ကတည်းက ပုရွတ်ဆိတ်…





