ခန္ဓာဖြစ်စဉ်ဆိုတာက တကယ်တော့ ပဋိစ္စသမုပါဒ်ကို ပြောတာပါပဲ။ ခန္ဓာလက်ရှိမှာ ဘာဖြစ်နေလဲ ဆိုတာကို ပဋိစ္စသမုပါဒ်နဲ့ တိုက်ကြည့်ဖို့လိုပါတယ်။ ဒါဟာ လုပ်ဖို့လိုအပ်တဲ့ အဆင့်တဆင့်ပါပဲ။ တရားနာတာပဲ ဖြစ်ဖြစ် စာဖတ်တာပဲ ဖြစ်ဖြစ် လုပ်တဲ့အခါမှာ ရေးထားတဲ့စာကို ခန္ဓာနဲ့ တိုက်စစ်တဲ့ ကိစ္စက လုပ်ကို လုပ်ရမှာပါ။ အဲဒါက အရေးကြီးပါတယ်။ ကျနော်အများဆုံးတွေ့ရတာကတော့ သဒ္ဓါစရိုက်တွေများပါတယ်။ ပညာစရိုက်တွေလဲ ပါနိုင်ပါတယ်။ သူက သဒ္ဓါဆိုတဲ့ ယုံကြည်ခြင်းမှာ တကယ်မှန်ကန်တဲ့ ယုံကြည်ခြင်း ဖြစ်ဖို့ ဆိုတဲ့နေရမှာ တစ်အချက်က ရိုးသားဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် ပြန်ညာနေတာ၊ ဆုပ်ကိုင် စရာမရှိတော့မှာ စိုးလို့ ယုံကြည်မှုကို ဖက်တွယ်ထားတာ စတာမျိုးတွေ မရှိဖို့ လိုပါတယ်။ ပြီးတော့ ဒီနေရာမှာ လိုတဲ့ ယုံကြည်ခြင်းဆိုတာက လိုက်နာရမယ့်သူမှန်သမျှရဲ့ ပြောသမျှ…
ပဋိစ္စသမုပါဒ် ဆိုတာကတော့ ခန္ဓာဖြစ်စဉ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီ တရားအားထုတ် တဲ့ အပိုင်းမှာတော့ ပဋိစ္စသမုပါဒ် ထဲက ပစ္စုပ္ပန် ဖြစ်ပျက်ကိုပဲ အဓိက ထားပြီး တရားအားထုတ်တဲ့ နေရာမှာ အသုံးတည့်အောင် ပြောပြမှာ ဖြစ်ပါတယ်။ ပဋိစ္စသမုပါဒ်ထဲက ပစ္စုပ္ပန်ကို ကြည့်မယ် ဆိုရင် ဝိဉာဏ်ကြောင့် နာမရူပဖြစ်၊ နာမရူပ ကြောင့် သဠာယတနရှိ၊ သဠာယတနကြောင့် ဖဿ ဖြစ်၊ ဖဿကြောင့် ဝေဒနာ ဖြစ်၊ ဝေဒနာကြောင့် တဏှာမာန ဒိဋ္ဌိ ဖြစ်၊ တဏှာမာနဒိဋ္ဌိကြောင့် ဥပါဒါန် ဖြစ်၊ ဥပါဒါန်ကြောင့် ကမ္မဘဝ (ကာယကံ စေတနာ၊ ဝစီကံစေတနာ၊ မနောကံ စေတနာ) ဖြစ် ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့က…
တရားအားထုတ်တယ်ဆိုတာ မျက်စိမှိတ်ပြီး တစ်နေရာရာကို ရောက်သွားဖို့ ကြိုးစားတာမဟုတ်ပါဘူး။ အခု ဖြစ်နေတာကို အခု သိနေဖို့ပါပဲ။ ဖုန်းသုံးနေရင် သုံးနေမှန်းသိပါ၊ လမ်းလျှောက်နေရင် လျှောက်နေမှန်းသိပါ။ အတွေးတစ်ခု ဝင်လာရင် “အတွေးပေါ်လာပြီ” လို့ သိလိုက်ရုံပါပဲ။ အဲဒီအတွေးကို လိုက်မတွေးနဲ့၊ ဖြတ်လည်းမပစ်နဲ့။ ကြည့်နေရင်းနဲ့ပဲ အဲဒီအတွေးဟာ အလိုလို ပျောက်သွားတာကို တွေ့ပါလိမ့်မယ်။ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတဲ့ အရာတွေထဲမှာ “ငါ” ဆိုတာ ဘယ်နားမှာ ပါသလဲလို့ ရှာကြည့်ပါ။ သိနေရုံသက်သက်ကပဲ လွတ်မြောက်မှုရဲ့ အစပါ။
ရှေ့မှာ ဖြစ်ပျက်မြင်မှု အကြောင်းကို ရောက်တဲ့အထိ ရေးခဲ့ပြီးပါပြီ။ ဒါဆိုရင်တော့ မိတ်ဆွေ အနေနဲ့ ဒေါသစိတ် ဖြစ်တဲ့အချိန်မှာ ဒေါသစိတ်ကလေးရဲ့ ဖြစ်မှု ပျက်မှုကို သတိထား အာရုံစိုက်ပြီး၊ ဖြစ်သည် ပျက်သည် အမှန်ဖြစ်ကြောင်း ဆင်ခြင်ဖို့ နဲ့ ဖြစ်မှု ပျက်မှု တကယ်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချဖို့ အတွက် ကြိုးစားမှု ပြီးနေပါပြီ။ ဒါကိုပဲ ထပ်ခါ ထပ်ခါ လုပ်ပါ။ ဒေါသစိတ်ကို သတိထားမိပြီ ဆိုရင် ဖြစ်မှု ပျက်မှုကို ရှုနိုင်ပြီ ဆိုရင် လောဘစိတ် ကို ပါ ဖြစ်မှု ပျက်မှု ကိုပါ ဆက်ရှုပါ၊ လောဘစိတ်ကိုပါ ပိုင်နိုင်စွာ သိလာပြီ ဆိုရင်တော့ တခါ တလေမှာ ငါရှုမှတ်နေတယ်၊ ဒီစိတ်ကမြဲတယ် ဆိုပြီး…
“ငါ စိတ်ညစ်နေတယ်” လို့ ပြောမယ့်အစား “စိတ်ညစ်တဲ့ ခံစားချက်လေး ဖြစ်နေတယ်” လို့ တစ်ချက်လောက် ပြောင်းစဉ်းစားကြည့်ပါ။ တကယ်တော့ စိတ်ညစ်တာက သူ့အကြောင်းနဲ့သူ ဖြစ်တာပါ။ မိတ်ဆွေက ဖြစ်ခိုင်းလို့ ဖြစ်တာမဟုတ်သလို၊ မဖြစ်နဲ့လို့ တားလို့လည်း မရပါဘူး။ ကိုယ်မပိုင်တဲ့အရာကို “ငါ” လို့ သွားစွဲထားတော့ ပူလောင်ရတာပေါ့။ နေ့စဉ်ဘဝမှာ ကြုံသမျှ အာရုံတွေကို “ငါ့ဟာ” မဟုတ်ဘဲ “သူ့သဘောသူဆောင်နေတဲ့ ဖြစ်စဉ်” လို့ မြင်ကြည့်ပါ။ ဇာတ်ညွှန်းမရှိတဲ့ ပြဇာတ်တစ်ခုကို ထိုင်ကြည့်နေသလိုမျိုးပေါ့။ ဘာမှ ပိုင်ဆိုင်မထားတာကို သိရင် ဘာမှ ဆုံးရှုံးစရာ မရှိတော့ပါဘူး။
ဒီအပိုင်းမှာတော့ ဥဒယဗ္ဗယဉာဏ် ကနေစပြီး ပြောပြမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဖြစ်ပျက် မြင်တဲ့ဉာဏ် ဆိုပါစို့။ ဒီအပိုင်းမှာ အလျဉ်းသင့်လို့ ပြောရရင် ကျနော့်စာဖတ် ပရိတ်သတ်များထဲမှာ အနတ္တနဲ့ ပါတ်သက်လို့ ကျနော် ရှင်းပြလွန်းလို့ ဉာဏ်ရှင်းပေမယ့် အနိစ္စနဲ့ ပါတ်သက်ပြီး ရှေ့မရောက်တဲ့ သူတွေလဲ ရှိပါတယ်။ အဲဒီတော့ အဲလို မိတ်ဆွေများအတွက် ကျနော် ဖြစ်ပျက် မြင်တဲ့ ဉာဏ်နဲ့ပါတ်သက်လို့ နောက်ပိုင်းမှာ အရေးများမယ်လို့ ပြောချင်ပါတယ်။ ကျနော့်အနေနဲ့က စာရေးတယ် ဆိုရာမှာ အဓိက ဦးတည်ချက်က ကျနော် မသေခင်မှာ သာသနာအတွက် ရေးဖို့ လိုအပ်တာတွေ ရေးသွားမယ် ဆိုတဲ့ စိတ်ကူးနဲ့ ရေးနေခြင်း ဖြစ်ပါတယ်။ အနတ္တနဲ့ပါတ်သက်လို့ ရှင်းပြတာ အတော်နည်းနေတယ်၊ ကျနော်ကိုယ်တိုင်ကလဲ အနတ္တကို ရှင်းလင်းအောင်…
လောက ဆိုတာသည် ဖြစ်တတ် ပျက်တတ်တဲ့အတွက် လောကလို့ ခေါ်ခြင်း ဖြစ်ပါတယ်။ လောကရဲ့ သဘာဝသည် ဖြစ်ခြင်း ပျက်ခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် မြတ်စွာဘုရားနဲ့ သိကြား ပြောတဲ့ စကားအတိုင်း ပါပဲ။ လူတွေ သတ္တဝါတွေဟာ မိမိကိုယ် မိမိ ကျန်းမာစေကြောင်း ချမ်းသာစေကြောင်း အမြဲပဲ မေတ္တာပို့ကြ ပါတယ်။ ဒါပေမယ့်လည်း တောင်းဆုမပြည့်ဝကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အနှစ်ချုပ်လိုက်ရင် ပပဉ္စ တရားတွေ ဖြစ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိ ကြောင့်ပါပဲ။ လောကမှာ ဘယ်သောအခါမှ တည်မြဲတဲ့ အေးချမ်းမှု စိတ်နှလုံးသာယာမှု ဆိုတာ မရှိပါဘူး။ ဖြစ်သမျှဟာ ပျက်တာချည်းပါပဲ။ ကျနော်တို့က ဗုဒ္ဓဘာသာ နိုင်ငံမှာနေတယ်၊ ဗုဒ္ဓသာသနာရဲ့ အဆုံးအမအောက်မှာ ရှိနေပါလျှက်နဲ့ ဒုက္ခတွေ…
==================================== ကျွန်တော်တို့ အားလုံးမှာ “ငါ” ဆိုတဲ့ ခံစားချက်ကြီးက အမြဲကပ်ပါနေပါတယ်။ “ငါ စားတယ်”၊ “ငါ သွားတယ်”၊ “ငါ့ပစ္စည်း” ဆိုပြီးတော့ပေါ့။ ဒီ “ငါ” ဆိုတဲ့ အစွဲကပဲ ကျွန်တော်တို့ကို သံသရာထဲမှာ လှည့်ပတ်နေစေတာပါ။ တကယ်တော့ သောတာပန်ဖြစ်တယ်ဆိုတာ ထူးခြားတဲ့ တန်ခိုးတွေ ရတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် “ငါ” လို့ ထင်နေတဲ့ အမြင်မှား (ဒိဋ္ဌိ) ပြုတ်သွားတာကိုပဲ ဆိုလိုတာပါ။ ဒါကို နားလည်ဖို့ စာတွေအများကြီး ဖတ်နေစရာမလိုပါဘူး။ လက်တွေ့မှာပဲ ကြည့်ကြည့်ပါ။ ခုနက စိတ်ဆိုးသွားတဲ့ “ငါ” က ခုဘယ်မှာလဲ? ခုနက ပျော်နေတဲ့ “ငါ” ကော ဘယ်ရောက်သွားပြီလဲ? စိတ်ဆိုတာ အကြောင်းတိုက်ဆိုင်ရင် ဖြစ်ပေါ်လာပြီး ခဏလေးအတွင်းမှာပဲ ချုပ်ပျောက်သွားတာပါ။ ခိုင်မြဲတဲ့…
တရားအားထုတ်တဲ့ အခါမှာ ကျနော့်အတွက်တော့ ဘာကြောင့် ဘာကို လုပ်ရတယ် ဆိုတာ သိဖို့ရာက အရေးကြီးတဲ့ ကိစ္စပါ။ အဲဒီအတွက် အများကြီး ကြိုးစားခဲ့ရပါတယ်။ အဲဒါရဲ့ အဖြေကတော့ ဝိပ္ပလ္လာသ ဆိုတဲ့ တရားတွေပါပဲ။ ဝိပ္ပလ္လာသ ၁၂ ပါးဆိုတာ ရှိပါတယ်။ သညာ ဝိပ္ပလ္လာသ၊ စိတ္တ ဝိပ္ပလ္လာသ၊ ဒိဋ္ဌိ ဝိပ္ပလ္လာသ ဆိုတဲ့ သုံးမျိုးကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဆိုတဲ့ လေးမျိုးနဲ့ မြှောက်လိုက်တဲ့အခါမှာ ဝိပ္ပလ္လာသ ၁၂ ပါးဆိုတာ ဖြစ်လာတာပါပဲ။ ပုထုဇဉ်က သင်္ခါရတရားတွေ ဖြစ်တဲ့ ရုပ်နာမ် တွေပေါ်မှာ နိစ္စခေါ်တဲ့ မြဲတယ်လို့ ထင်ပါတယ်၊ သုခ ခေါ်တဲ့ ချမ်းသာတယ်လို့ ထင်ပါတယ်။ အတ္တ ခေါ်တဲ့…
ဒိဋ္ဌုပါဒါန် ဆိုတာဟာ အယူ အမျိုးမျိုးကို ဆိုလို တာ ဖြစ်ပါတယ်။ အခု တွင်ကျယ်နေတဲ့ အနန္တော အနန္တငါးပါး ဆိုတဲ့ စကားကြောင့် ငါတို့ဟာ ရတနာ သုံးပါးနဲ့ တတန်းတည်း လို့ မှတ်ယူ ထားတာဟာ ဒိဋ္ဌုပါဒါန်ပါ။ ဒါဟာ ဘာကြောင့် ဖြစ်တာလဲ ဆိုတော့ သံဃာ ရတနာ လို့ ကိုယ်မှားယွင်းစွာ မှတ်ယူထားတဲ့ ပုထုဇဉ် ရဟန်းများက ဟောတာကို မှန်တယ်ဆိုပြီး သဒ္ဓါတရားနဲ့ ယုံကြည်စွာ နှလုံးသွင်းခဲ့လို့ပါ။ ဟောတဲ့ ရဟန်းတွေက ပုထုဇဉ်တွေမို့ ဘုရား မပညတ်တာကို မပညတ်အပ်ဘူး ဆိုတဲ့ အကြောင်းနဲ့ ပါတ်သက်ပြီး လေးလေးနက်နက် နားမထောင်တဲ့ ကိစ္စကတော့ ပြသနာ အားလုံးရဲ့ အစပဲ ဖြစ်ပါတယ်။ အဲဒီတော့ သုတဝါ…