မိတ်ဆွေ…ခင်ဗျားတို့ ကျနော်တို့ ကြက်သားဟင်း စားကြတဲ့အခါ အသားနဲ့ အရိုး ရောနေတာကို တွေ့ရမှာပါ။ ဟင်းရည်သောက်လို့ ကောင်းအောင်၊ အချိုဓာတ်ထွက်အောင် အရိုးကို ထည့်ချက်ရတာ မှန်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ထမင်းစားပွဲမှာ ထိုင်ပြီး စားကြတဲ့အခါကျတော့ ဘယ်သူကများ အရိုးတွေကို ဝါးစားနေကြသလဲ။ အားလုံးက အရိုးကို ဖယ်၊ အသားကို ရွေးပြီး စားကြတာပါပဲ။ အရိုးကို ကိုက်ချင်ရင်တောင် အရသာခံပြီး စုပ်ရုံလောက်ပဲ စုပ်ပြီး ထွေးထုတ်ပစ်လိုက်ကြတာ မဟုတ်လား။ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက… ဒီကနေ့ ခင်ဗျားတို့ ကိုးကွယ်နေကြတဲ့ ဗုဒ္ဓဘာသာမှာကျတော့ လူအများစုဟာ “အသား” ဖြစ်တဲ့ အနှစ်သာရကို လွှင့်ပစ်ပြီး “အရိုး” ဖြစ်တဲ့ အပေါ်ယံ အခွံအကာတွေကိုပဲ အတင်းကာရော ကိုက်ဝါးနေကြတာကို တွေ့နေရတယ်။ အရိုးကို ကိုက်ရတာ သွားကျိုးမတတ်…
မြတ်စွာဘုရားရှင်၏ အဘိဓမ္မာဒေသနာတော်တွင် ပုဂ္ဂလပညတ်ကျမ်းသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထိုကျမ်း၌ ပညတ်တော်မူခြင်း (၆) ပါးကို ပြဆိုရာတွင် “သစ္စာပညတ်” အပိုင်း၌ ဒုက္ခ၊ သမုဒယ၊ မဂ္ဂ၊ နိရောဓ ဟူသော သစ္စာလေးပါးကိုသာ အတိအလင်း ပြဆိုထားပါသည်။ထို့ကြောင့် ယနေ့ခေတ်တွင် တွင်ကျယ်စွာ သုံးနှုန်းနေကြသော “သမုတိသစ္စာ” နှင့် “ပရမတ္တသစ္စာ” ဟူသော အသုံးအနှုန်းများသည် မူရင်းကျမ်းဂန်လာ သစ္စာပညတ်ချက်များနှင့် ကိုက်ညီမှုမရှိရုံမျှမက၊ တရားဓမ္မ၏ အနှစ်သာရကို လွဲချော်စေသော အသုံးအနှုန်းများဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ထောက်ပြကန့်ကွက်ရန် လိုအပ်လာပါသည်။သစ္စာပညတ်တွင် မပါဝင်သော သမုတိနှင့် ပရမတ်ပုဂ္ဂလပညတ်ကျမ်းတွင် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် “သစ္စာ” ဟု အမည်တပ်၍ ပညတ်တော်မူခဲ့သည်မှာ သစ္စာလေးပါးသာ ရှိပါသည်။ ထိုနေရာတွင် သမုတိကို သစ္စာဟုလည်းကောင်း၊ ပရမတ်ကို သစ္စာဟုလည်းကောင်း…
တစ်ပတ်လုံးမှာ ကျွန်တော်တို့ “ငါ” ကို ရှာခဲ့ကြတယ်။ တစ်ကယ်တမ်းကျတော့ “ငါ” ဆိုတာဟာ အတွေးထဲမှာပဲ ရှိတဲ့ ယုံကြည်ချက် တစ်ခုပါ။ “ငါ” မရှိတာကို သိလိုက်ရလို့ ဘဝကြီးကို စွန့်ခွာရမှာ မဟုတ်ပါဘူး။ လုပ်စရာရှိတာတွေကို ပုံမှန်အတိုင်းပဲ ဆက်လုပ်သွားမှာပါ။ ဒါပေမဲ့ အရင်လို ပူလောင်မှု မရှိတော့ဘူး။ လောကကြီးကို ကြည့်ရတာ ပိုကြည်လင်လာမယ်။ သံသယတွေ ကင်းစင်ပြီး “ဒါဟာ သဘောတရားသက်သက်ပဲ” လို့ နှလုံးသွင်းနိုင်တဲ့အခါ သောတာပန်ဆိုတဲ့ လမ်းကြောင်းပေါ်ကို စတင်ခြေချမိတာပါပဲ။ စာဖတ်ရုံနဲ့ မရပါဘူး၊ ကိုယ်တိုင် မြင်အောင် ကြည့်ဖို့ လိုပါတယ်။ ဒီပိတ်ရက်မှာတော့ ဘာမှအထူးတလည် မလုပ်ဘဲ၊ စိတ်ကို အေးအေးလေးထားပြီး ဒီတစ်ပတ် သိခဲ့တာလေးတွေကို ပြန်ဆင်ခြင်ကြည့်ပါ။ ဒီနေ့အတွက် အမေး- အမှန်တရားဟာ ဝေးဝေးမှာ…
မိတ်ဆွေ… ဒီနေ့ ခင်ဗျားတို့ကို မေးခွန်းတစ်ခုလောက် မေးချင်တယ်။ ခင်ဗျားတို့ ဘုန်းကြီးကျောင်းသွားတဲ့အခါ ကျောင်းတိုက်တွေရဲ့ အဝင်ဝမှာ၊ ဧည့်ခန်းမဆောင်တွေမှာ ဘာတွေကို အများဆုံး တွေ့ရသလဲ။ ဆရာတော်ရဲ့ ဓာတ်ပုံကြီးတွေ၊ အဲဒီဓာတ်ပုံအောက်မှာ စာလုံးအရှည်ကြီးတွေနဲ့ ရေးထားတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေ၊ နိုင်ငံတော်က ဆက်ကပ်ထားတဲ့ တံဆိပ်တော်တွေ… ဒါတွေကို ဂုဏ်ယူဝင့်ကြွားစွာ ချိတ်ဆွဲထားတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ သာမန်ကြည့်ရင်တော့ ကြည်ညိုစရာလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ “အမှန်တရား” (သစ္စာ) မျက်လုံးနဲ့ သေချာကြည့်လိုက်ရင်တော့… ဒါဟာ ဗုဒ္ဓသာသနာအတွက် အင်မတန် ရင်လေးစရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေပါတယ်။ ဘာကြောင့် ကျွန်တော် ဒီလိုပြောရတာလဲ။ ၁။ သင်္ကန်းဆိုတာ ယူနီဖောင်း မဟုတ်ပါ လောကမှာ စစ်သားဆိုတာ တိုက်ပွဲဝင်ဖို့ ယူနီဖောင်း ဝတ်တာပါ။ ကျောင်းသားဆိုတာ…
ခန္ဓာဖြစ်စဉ်ဆိုတာက တကယ်တော့ ပဋိစ္စသမုပါဒ်ကို ပြောတာပါပဲ။ ခန္ဓာလက်ရှိမှာ ဘာဖြစ်နေလဲ ဆိုတာကို ပဋိစ္စသမုပါဒ်နဲ့ တိုက်ကြည့်ဖို့လိုပါတယ်။ ဒါဟာ လုပ်ဖို့လိုအပ်တဲ့ အဆင့်တဆင့်ပါပဲ။ တရားနာတာပဲ ဖြစ်ဖြစ် စာဖတ်တာပဲ ဖြစ်ဖြစ် လုပ်တဲ့အခါမှာ ရေးထားတဲ့စာကို ခန္ဓာနဲ့ တိုက်စစ်တဲ့ ကိစ္စက လုပ်ကို လုပ်ရမှာပါ။ အဲဒါက အရေးကြီးပါတယ်။ ကျနော်အများဆုံးတွေ့ရတာကတော့ သဒ္ဓါစရိုက်တွေများပါတယ်။ ပညာစရိုက်တွေလဲ ပါနိုင်ပါတယ်။ သူက သဒ္ဓါဆိုတဲ့ ယုံကြည်ခြင်းမှာ တကယ်မှန်ကန်တဲ့ ယုံကြည်ခြင်း ဖြစ်ဖို့ ဆိုတဲ့နေရမှာ တစ်အချက်က ရိုးသားဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် ပြန်ညာနေတာ၊ ဆုပ်ကိုင် စရာမရှိတော့မှာ စိုးလို့ ယုံကြည်မှုကို ဖက်တွယ်ထားတာ စတာမျိုးတွေ မရှိဖို့ လိုပါတယ်။ ပြီးတော့ ဒီနေရာမှာ လိုတဲ့ ယုံကြည်ခြင်းဆိုတာက လိုက်နာရမယ့်သူမှန်သမျှရဲ့ ပြောသမျှ…
ပဋိစ္စသမုပါဒ် ဆိုတာကတော့ ခန္ဓာဖြစ်စဉ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီ တရားအားထုတ် တဲ့ အပိုင်းမှာတော့ ပဋိစ္စသမုပါဒ် ထဲက ပစ္စုပ္ပန် ဖြစ်ပျက်ကိုပဲ အဓိက ထားပြီး တရားအားထုတ်တဲ့ နေရာမှာ အသုံးတည့်အောင် ပြောပြမှာ ဖြစ်ပါတယ်။ ပဋိစ္စသမုပါဒ်ထဲက ပစ္စုပ္ပန်ကို ကြည့်မယ် ဆိုရင် ဝိဉာဏ်ကြောင့် နာမရူပဖြစ်၊ နာမရူပ ကြောင့် သဠာယတနရှိ၊ သဠာယတနကြောင့် ဖဿ ဖြစ်၊ ဖဿကြောင့် ဝေဒနာ ဖြစ်၊ ဝေဒနာကြောင့် တဏှာမာန ဒိဋ္ဌိ ဖြစ်၊ တဏှာမာနဒိဋ္ဌိကြောင့် ဥပါဒါန် ဖြစ်၊ ဥပါဒါန်ကြောင့် ကမ္မဘဝ (ကာယကံ စေတနာ၊ ဝစီကံစေတနာ၊ မနောကံ စေတနာ) ဖြစ် ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့က…
တရားအားထုတ်တယ်ဆိုတာ မျက်စိမှိတ်ပြီး တစ်နေရာရာကို ရောက်သွားဖို့ ကြိုးစားတာမဟုတ်ပါဘူး။ အခု ဖြစ်နေတာကို အခု သိနေဖို့ပါပဲ။ ဖုန်းသုံးနေရင် သုံးနေမှန်းသိပါ၊ လမ်းလျှောက်နေရင် လျှောက်နေမှန်းသိပါ။ အတွေးတစ်ခု ဝင်လာရင် “အတွေးပေါ်လာပြီ” လို့ သိလိုက်ရုံပါပဲ။ အဲဒီအတွေးကို လိုက်မတွေးနဲ့၊ ဖြတ်လည်းမပစ်နဲ့။ ကြည့်နေရင်းနဲ့ပဲ အဲဒီအတွေးဟာ အလိုလို ပျောက်သွားတာကို တွေ့ပါလိမ့်မယ်။ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတဲ့ အရာတွေထဲမှာ “ငါ” ဆိုတာ ဘယ်နားမှာ ပါသလဲလို့ ရှာကြည့်ပါ။ သိနေရုံသက်သက်ကပဲ လွတ်မြောက်မှုရဲ့ အစပါ။
ရှေ့မှာ ဖြစ်ပျက်မြင်မှု အကြောင်းကို ရောက်တဲ့အထိ ရေးခဲ့ပြီးပါပြီ။ ဒါဆိုရင်တော့ မိတ်ဆွေ အနေနဲ့ ဒေါသစိတ် ဖြစ်တဲ့အချိန်မှာ ဒေါသစိတ်ကလေးရဲ့ ဖြစ်မှု ပျက်မှုကို သတိထား အာရုံစိုက်ပြီး၊ ဖြစ်သည် ပျက်သည် အမှန်ဖြစ်ကြောင်း ဆင်ခြင်ဖို့ နဲ့ ဖြစ်မှု ပျက်မှု တကယ်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချဖို့ အတွက် ကြိုးစားမှု ပြီးနေပါပြီ။ ဒါကိုပဲ ထပ်ခါ ထပ်ခါ လုပ်ပါ။ ဒေါသစိတ်ကို သတိထားမိပြီ ဆိုရင် ဖြစ်မှု ပျက်မှုကို ရှုနိုင်ပြီ ဆိုရင် လောဘစိတ် ကို ပါ ဖြစ်မှု ပျက်မှု ကိုပါ ဆက်ရှုပါ၊ လောဘစိတ်ကိုပါ ပိုင်နိုင်စွာ သိလာပြီ ဆိုရင်တော့ တခါ တလေမှာ ငါရှုမှတ်နေတယ်၊ ဒီစိတ်ကမြဲတယ် ဆိုပြီး…
“ငါ စိတ်ညစ်နေတယ်” လို့ ပြောမယ့်အစား “စိတ်ညစ်တဲ့ ခံစားချက်လေး ဖြစ်နေတယ်” လို့ တစ်ချက်လောက် ပြောင်းစဉ်းစားကြည့်ပါ။ တကယ်တော့ စိတ်ညစ်တာက သူ့အကြောင်းနဲ့သူ ဖြစ်တာပါ။ မိတ်ဆွေက ဖြစ်ခိုင်းလို့ ဖြစ်တာမဟုတ်သလို၊ မဖြစ်နဲ့လို့ တားလို့လည်း မရပါဘူး။ ကိုယ်မပိုင်တဲ့အရာကို “ငါ” လို့ သွားစွဲထားတော့ ပူလောင်ရတာပေါ့။ နေ့စဉ်ဘဝမှာ ကြုံသမျှ အာရုံတွေကို “ငါ့ဟာ” မဟုတ်ဘဲ “သူ့သဘောသူဆောင်နေတဲ့ ဖြစ်စဉ်” လို့ မြင်ကြည့်ပါ။ ဇာတ်ညွှန်းမရှိတဲ့ ပြဇာတ်တစ်ခုကို ထိုင်ကြည့်နေသလိုမျိုးပေါ့။ ဘာမှ ပိုင်ဆိုင်မထားတာကို သိရင် ဘာမှ ဆုံးရှုံးစရာ မရှိတော့ပါဘူး။
ဒီအပိုင်းမှာတော့ ဥဒယဗ္ဗယဉာဏ် ကနေစပြီး ပြောပြမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဖြစ်ပျက် မြင်တဲ့ဉာဏ် ဆိုပါစို့။ ဒီအပိုင်းမှာ အလျဉ်းသင့်လို့ ပြောရရင် ကျနော့်စာဖတ် ပရိတ်သတ်များထဲမှာ အနတ္တနဲ့ ပါတ်သက်လို့ ကျနော် ရှင်းပြလွန်းလို့ ဉာဏ်ရှင်းပေမယ့် အနိစ္စနဲ့ ပါတ်သက်ပြီး ရှေ့မရောက်တဲ့ သူတွေလဲ ရှိပါတယ်။ အဲဒီတော့ အဲလို မိတ်ဆွေများအတွက် ကျနော် ဖြစ်ပျက် မြင်တဲ့ ဉာဏ်နဲ့ပါတ်သက်လို့ နောက်ပိုင်းမှာ အရေးများမယ်လို့ ပြောချင်ပါတယ်။ ကျနော့်အနေနဲ့က စာရေးတယ် ဆိုရာမှာ အဓိက ဦးတည်ချက်က ကျနော် မသေခင်မှာ သာသနာအတွက် ရေးဖို့ လိုအပ်တာတွေ ရေးသွားမယ် ဆိုတဲ့ စိတ်ကူးနဲ့ ရေးနေခြင်း ဖြစ်ပါတယ်။ အနတ္တနဲ့ပါတ်သက်လို့ ရှင်းပြတာ အတော်နည်းနေတယ်၊ ကျနော်ကိုယ်တိုင်ကလဲ အနတ္တကို ရှင်းလင်းအောင်…