ဒီကိစ္စမှာ မှားရင် မှန်ရင် ဆိုတဲ့ လောင်းကြေးက ပြင်းထန်လွန်းတယ်လို့ မြင်ကောင်းမြင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ မြတ်စွာဘုရားက သစ္စာကို ဟောနိုင်ဖို့အတွက် လေးသင်္ချေနဲ့ ကမ္ဘာတသိန်းမှာ အမျိုးမျိုးသော ခြေလက်၊ အသက်၊ လက်တွဲဖော်၊ သားသမီး အစစ အရာရာကို စွန့်လွှတ်ပြီး ဖြစ်လာရဲ့ သာသနာ ဖြစ်တာကြောင့် သာသနာနဲ့ပါတ်သက်လို့ အခိုင်အမာ ပြောဖို့လိုအပ်လာတဲ့အခါမှာ ဒီလို လက်ခြေတွေနဲ့ ရင်းပြီး အမှန်တရားကို အာမခံရတဲ့ ကိစ္စပါလာပါတယ်။ ဒါဟာ အရိယာတွေ ရဲ့ သဘာဝပါ။ မြတ်စွာဘုရားကို ပူဇော်တဲ့သဘောပါ။ ဒါကို နားလည်စေချင်ပါတယ်။




Leave a Reply