ကျွန်တော် ။ ။ အယ် ရေလို့သိတာ ရေလို့တွေးတာနာမ်။ ရေ ဆိုတဲ့စကားလုံးကိုက ဒါဘာလဲ ပညတ်။ သဘောပေါက်လား။
ဒေါ်မြင့်မြင့် ။ ။ ဒီဘက်ကလည်းပဲ ပေါ်နေတယ်။
ကျွန်တော် ။ ။ အေးပေါ့ အဲဒါ နာမ်တရားပဲ။
ဒေါ်မြင့်မြင့် ။ ။ စိတ်မှာပဲပေါ်နေတယ်။ ဒါကိုပဲ ဖြစ်ပျက် ရှုရတာလား။
ကျွန်တော် ။ ။ ဟုတ်တယ်။
ဒေါ်မြင့်မြင့် ။ ။ စိတ်ကိုပဲ။
ကျွန်တော် ။ ။ စိတ်ကိုပဲဖြစ်ပျက်ရှုရတာပေါ့။ အဲ့တော့ အဲ့ဒီရေဆိုတဲ့ စကားလုံးကြားလိုက်တာက ဘာဖြစ်တာလဲ။ ကြားစိတ်။ ကြားစိတ်ကိုကနေပြီးတော့ သိတာကဘာဖြစ်လဲ။ ကြားသိစိတ် ဟုတ်လား။ သူကဘာခေါ်လဲဆိုတော့ အာရုံစူးစမ်းစိတ် ဟုတ်လား။ အာရုံစူးစမ်းစိတ် ပြီးတော့မှ အာရုံသိစိတ် အဲ့လို အဆင့်ဆင့်သွားတာ။ အာရုံစူးစမ်းစိတ်က အရင် လာတယ်။ ဥပမာ ရေလို့ပြောလိုက်တယ်။ စိတ်ကအရမ်းမြန်တယ်။ အဲ့ဒီရေလို့ပြောတဲ့ အသံကြားလိုက်တဲ့အခါမှာ စစချင်း ကြားတာကအသံ။ ဘာမှန်းမသိသေးဘူး။ အဲ့ဒီအသံပေါ်မှာစူးစမ်းတာကကျတော့ အာရုံစူးစမ်းစိတ်။ ပြီးတော့မှ ဘာဖြစ်လဲ အဲ ရေပဲဆိုတာ သိလိုက်တာကျတော့ အာရုံသိစိတ်။ အဲ့ဒီအာရုံသိစိတ် ပေါ်လာပြီးတဲ့နောက်ကျတော့မှ ဘာဖြစ်လဲ။ အဲ့ဒါကိုမှ ရေဆိုတာ ဘယ်လိုဆိုတာ ကြံတွေးတာက ကြံတွေးစိတ်။ သဘောပေါက်ပြီလား။ မျက်လုံးမှိတ်ပြီး သူတို့က ရုပ်ရှင်ကြည့်တာဝါသနာပါလို့ အဲ့လိုဖြစ်သွားတာ။ မျက်လုံးဖွင့်ပြီးပုံဖော်ပြီး ရုပ်ရှင်ကြည့်နေတာလေ အဲ့လိုပြောရမှာပေါ့၊
ဟုတ်တယ်မလား ကျွန်တော်ပြောတာ အဲ့ဒါစိတ်ကူးယဉ် စိတ်ကူးထဲမှာစိတ်ကူးနဲ့ တွေးနေတာပေါ့။ အဲ့လိုမျိုးကပဲ အဲ့ဒါပေါ်မှာ သူတို့က မဖြေရှင်းနိုင်တဲ့အခါကျတော့ သူတို့ပြဿနာတက်သွားတာ။ အဲ့တော့ဖြေရှင်းနည်းက တကယ့်တကယ်ကရှင်းရှင်းလေး။ ဟုတ်လား၊ ကျွန်တော်တို့က မျက်လုံးမှိတ်ထားတယ်။ မျက်စိဆိုတဲ့ဒွါရမှာ ဘာသွားဖြစ်နိုင်လဲ။ ဖြစ်နိုင်ချေအရှိဆုံးကို ပြောပြတာ။ ဘာသွားဖြစ်နိုင်လဲ စိတ္တဇရုပ်တွေသွားဖြစ်နိုင်တယ်။ စိတ္တဇရုပ်တွေ ဖြစ်နိုင်တဲ့အခါကျတော့ မျက်စိ အဲ့မှာ စိတ္တဇရုပ်ဖြစ်တော့ အဲ့ရုပ်နဲ့မျက်လုံးဒွါရဆိုတဲ့ မျက်လုံးအကြည့်ရုပ်နဲ့သွားမထိဘူးလား။ ထိတဲ့အခါကျတော့ ဖဿဖြစ်ပြီး ဝေဒနာဖြစ်ပြီး မြင်စိတ်ဖြစ်မလာဘူးလား။ အဲ့လိုတွေဖြစ်နေတာမဟုတ်ဘူးလား။ သိလား ရုပ်နာမ်တွေ မဟုတ်ဘူးလား။ သဘောပေါက်ပြီလား၊ မြင်သွားပြီလား။ ဟုတ်လား။ အဲ့တော့ကြံစည်တိုင်းမှာ စိတ္တဇရုပ်တွေမျက်လုံးမှာ သွားမပေါ်ဘူးလား။ ပေါ်တာပေါ့ အဲ့ဒါရုပ်မဟုတ်ဘူးလား။ ရုပ်။ မျက်လုံးဒွါရကရော ရုပ်မဟုတ်ဘူးလား ရုပ်။ အဲ့နှစ်ခုထိလိုက်တော့ မြင်စိတ်ဆိုတာ နာမ်ဖြစ်မလာဘူးလား။ နာမ်ပေါ့။ အဲ့လိုဖြစ်နေတာပေါ့။ သဘောပေါက်ပြီလား။ ပေါက်သွားပြီလား။
မျက်လုံးမှိတ်လိုက်တယ်၊ စိတ်ကူးလိုက်တယ်၊ ဘယ်မှာသွားပေါ်လဲ။ ရုပ်တွေဘယ်မှာသွားဖြစ်လဲ။ ဒီမျက်လုံးအပေါ်မှာမှိတ်ထားတဲ့နှစ်ခုရဲ့ကြားထဲမှာ ရုပ်တွေသွား ဖြစ်တာပေါ့။ အဲ့ရုပ်တွေကဘာဖြစ်လဲ။ ရုပ်တွေပေါ့။ စိတ္တဇရုပ်တွေပေါ့။ အဲ့ဒီစိတ္တဇရုပ်က ဘာနဲ့သွားထိလဲ။ မျက်လုံးကအကြည်နဲ့သွားထိတာပေါ့။ အလင်းဖိုတွန်သဘောမျိုးပေါ့။ သတ္တိက ကျတော့ ဘာဖြစ်တာလဲ အဲ့မှာ မြင်စိတ်တွေဖြစ်လာတာပေါ့။ ဟုတ်လား။ အဲ့မြင်စိတ်တွေက မျက်လုံးမှိတ်ရက် နဲ့မြင်ယောင်တယ်ဆိုတော့၊ မြင်တဲ့အခါကျတော့ မြင်ယောင်တယ်လို့ သုံးလိုက်တာပေါ့။ တွေ့လား။ ဒါပေမဲ့ တကယ့်တကယ်ကဘာတဲ့လဲ။ မြင်စိတ်ပဲ။ ဘာပေါ်တာလဲ ရုပ်ပဲ။ စိတ္တဇရုပ်ပဲ တွေ့လား၊ အဲ့ဒါတွေက ဘာတွေလဲစိတ္တဇရုပ်ပဲ၊ အဲ့ဒါတွေကဓမ္မာရုံလား၊ အဆင်းအာရုံလား။
ဒေါ်မြင့်မြင့် ။ ။ အဆင်းအာရုံ။
ကျွန်တော် ။ ။ အဆင်းအာရုံ။ အဆင်းအာရုံကို သူက ဓမ္မာရုံလို့ယူဆလိုက်တော့ တက်တက်စင်အောင်မလွဲသွားဘူးလား။ သဘောပေါက်ပြီလား။ မျက်လုံးမှာမြင်ယောင်တာ၊ အဲ့ဒါ ဓမ္မာရုံလား အဆင်းအာရုံလား။ အဆင်း၊ ဟုတ်ပြီလား။
အဆင်းမို့လို့ဘာနဲ့သွားထိလို့ရတာလဲ၊ မျက်လုံးအကြည်ဆိုတဲ့ ဒွါရနဲ့ သွားထိလို့ရတာမဟုတ်ဘူးလား။ အဲ့တော့ အဆင်းနဲ့ အဆင်းကအာရုံ။ မျက်လုံးအကြည်ကဘာလဲဒွါရ။ အာရုံဒွါရတိုက်တော့ ဘာဖြစ်လဲ မြင်စိတ်ဖြစ်တယ်။ ရှင်းသွားပြီလား။ ရှုတတ်ပြီလား။ အဲ့လိုပေါ်လာရင်ရောရှုတတ်ပြီလား။ ရှုတတ်ပြီလား။ ရုပ်နာမ်ဖြစ်ပျက်ပဲဆိုတာ သဘောပေါက်သွားပြီလား။ နားလည်လား။ လည်တယ်နော်။
ဒေါ်မြင့်မြင့် ။ ။ တအား ရှုပ်တယ်။
ကျွန်တော် ။ ။ အမ် တကယ့်တကယ်ကတော့ဗျာ။ ရှုပ်တယ်ဆိုပေမဲ့ အရှုပ်ကြီးတော့မဟုတ်ပါဘူး။ သူတို့အတွေးက ပုထုဇဥ် အတွေးဆိုတော့ မဂ်ကမကျဘူးလေ။ မဂ်ကမကျဘူးဆိုတာက၊ သူကဒီထဲက ဟာကအကောင်လို့ပဲ ယူလိုက်တဲ့အခါကျတော့ မြင်တဲ့ဟာကလည်း အကောင် မဟုတ်ဘူး ဆိုတာလည်း သူမတွေးမိတော့ဘူး။ ကျွန်တော်ပြောတာသဘောပေါက်လား။ ဟိုမှာ ရှိတာကလည်း သတ္တဝါမဟုတ်ဘူးဆိုတာ အကောင်ဆိုတဲ့စကားလုံးသုံးရတယ်လည်း မကောင်း ဘူးလေ၊ စကားလုံးက ရှိပြီးသား၊ အကောင်ဆိုတဲ့ စကားလုံးထပ်သုံးစရာမလိုဘူး။ သတ္တဝါဆိုတဲ့ စကားလုံးရှိတာပဲ။ သတ္တဝါဆိုတာ အကောင်ကို ပြောတာပဲဟုတ်လား။ မြင်စိတ်ဖြစ်တာလည်း သတ္တဝါမဟုတ်ဘူး။ ကိုယ်မှာရှိတဲ့ခန္ဓာငါးပါးကလည်း သတ္တဝါမဟုတ်ဘူး။ ဟုတ်လား။ အဆင်း ကလည်း သတ္တဝါမဟုတ်ဘူး။ အဆင်းကဘာလဲ၊ ရုပ်။ ဒွါရကဘာလဲ ရုပ်။ မြင်စိတ်ကဘာလဲ နာမ်။ ဘယ်ဟာကသတ္တဝါလဲ။ ဘယ်ဟာမှ သတ္တဝါမဟုတ်ဘူး။ ရလား။ နားလည်လား။ ဟုတ်လား။ ရှုရမှာက ဘာကိုရှုရမှာလဲ။ ဘယ်ဟာမှသတ္တဝါမဟုတ်ဘူးဆိုတာ ရှုရမှာ။ ပေါင်းပြီးသတ္တဝါ မဟုတ်ဘူးလို့ ရှုရမှာလား။ တစ်ခုချင်းကို သတ္တဝါမဟုတ်ဘူးလို့ရှုရမှာလား။ တစ်ခုချင်းကို သတ္တဝါမဟုတ်ဘူးလို့ရှုရမှာ။ ဟုတ်လား။ သဘောပေါက်လား။ ဟုတ်လား။ အဲ့တော့ရသေးရဲ့လား။ အချိန်ရသေးရဲ့လား။
ဒေါ်မြင့်မြင့် ။ ။ ရတယ် ဆရာ။
ကျွန်တော် ။ ။ အဲ့တော့ ကျွန်တော်ဒီနေ့ဒိဋ္ဌိဖြုတ်နည်း၊ ဒိဋ္ဌိဖြုတ်တဲ့ကိစ္စလေး နည်းနည်း ထပ်ဟောမယ်။ ဟုတ်လား။ ကျွန်တော်လည်းနည်းနည်းတော့ မောလာပြီ။
ဒေါ်မြင့်မြင့် ။ ။ ဆရာ တခုခုတော့ သောက်အုန်းလေ၊
ကျွန်တော် ။ ။ တော်ပြီ၊ အဲ့တော့ ဦးမောင်မောင်ကိစ္စကရှင်းသွားပြီလား။ အကောင်တွေ အရိပ်တွေ ဘာတွေ အာရုံအရိပ်တွေ ဘာတွေရှင်းသွားပြီလား။
ဒေါ်မြင့်မြင့် ။ ။ အဲ့ဒါတော်တော် နာလိုက်သေးတယ်။
ကျွန်တော် ။ ။ အဲ့ဒါ ခုရှင်းသွားပီလား၊
ဒေါ်မြင့်မြင့် ။ ။ ဟုတ်တယ် ဟိုဟာ အဲ့ဒါအရင်က အဲ့ဒါမှားတယ်ဆိုတာ။
ကျွန်တော် ။ ။ အမ်း ၊
ဒေါ်မြင့်မြင့် ။ ။ အဲ့ဒါဆိုရင်တော့။
ကျွန်တော် ။ ။ မဟုတ်တော့ဘူးဟုတ်လား။ အဲ့အခါကျတော့ ကျွန်တော်တို့က ဘာကိုပြောချင်တာလဲဆိုတော့ဟုတ်လား။ ခန္ဓာငါးပါးရှိတယ်။ ခန္ဓာငါးပါးမှာ ကျွန်တော်တို့က ဘာလုပ်ရလဲဆိုတော့ တစ်ခုစီးချင်းစီကို ခွဲခြမ်းစိတ်ဖြာပြီး ကြည့်ရမယ်၊ မြတ်စွာဘုရားဝါဒက ဘာခေါ်လည်းဆိုတော့ ဝိဘဇ္ဇဝါဒလို့ခေါ်တယ်။ ဝိဘဇ္ဇဝါဒဆိုတာက ခွဲခြမ်းစိတ်ဖြာပြီးကြည့်တာ။ အဲ့တော့ ပေါင်းပြီးကြည့်နေရင်အဖြေမှန်လား၊ အဲ့တော့ ခွဲခြမ်းစိတ်ဖြာပြီးကြည့်ရမယ်၊ အဲ့တော့ ကျွန်တော်တို့ကရုပ်ကိုစကြည့်မယ်။ ရုပ်၊ ရုပ်ဆိုတဲ့ အခါကျတော့ အခုရုပ်က ဒေါ်မြင့်မြင့် ဆိုတဲ့ရုပ်ရှိတယ်။ ဒီမှာ နေလင်းအောင်ဆိုတဲ့ရုပ်ရှိတယ်။ ဟုတ်လား။ ဘာကွာနေလဲ သဏ္ဌာန်ကွာနေတယ်။ ဘာကွာတာလဲ။ ဖွဲ့စည်းတည်ဆောက်တဲ့သဏ္ဌာန်ကွာနေတယ်။
ဒါပေမဲ့ နေလင်းအောင်ဆိုတာကို တစ်စစီ လုပ်လိုက်တယ်။ အကုန်လုံးမွစိတက်အောင် လုပ်ပြီးတော့ ဘယ်အချိန်ထိရောက်မလဲ၊ ဆဲလ် တွေဖြစ်အောင်လုပ်ပစ်လိုက်တယ်။ စိပ် စိပ် စိပ်ရင်းနဲ့ ဆံပင်တွေလည်းမရှိတော့ အကုန်လုံး ဆဲလ်တွေဖြစ်အောင် လုပ်ပစ်လိုက်တယ်။ ဟုတ်လား။ ဒေါ်မြင့်မြင့် ဆိုတာကိုလည်း ဆဲလ် တွေ ဖြစ်အောင် လုပ်ပစ်လိုက်တယ်၊ အဲ့နှစ်ခုကို ပုံထားလိုက်တယ်။ နှစ်ခုယှဉ်ထား လိုက်တယ်။ အဲ့တော့နှစ်ခုယှဉ်လို့ရှိရင် အပုံလိုက်နှစ်ခုယှဉ်တယ်။ နှစ်ခုက တစ်ပုံကတော့ သေးတယ် တစ်ပုံကတော့ ကြီးတယ်ထားပါတော့၊ အဲ့တာကို ဒေါ်မြင့်မြင့် အနေနဲ့ရော ရှိသေးလား။ အဲ့ဒီ ဆဲလ် တွေက အတူတူပဲ မဟုတ်ဘူးလား။ အတူတူပဲဟုတ်လား။ ဘာကြောင့်တူလဲကျွန်တော်ဆံပင်ကိုလုပ်လိုက်တယ် ဒီမှာ ထားထားလိုက်တယ်၊ ဒေါ်မြင့်မြင့် ဆံပင်ကိုထားထားလိုက်တယ်၊ အဲ့ဆံပင်နှစ်ခုကို မမြင်ဘူးတဲ့သူကို ဒါဘယ်ဟာကဘယ်သူ့ဆံပင်ဆိုတာ၊ ဘယ်ဟာက ဘယ်သူဆိုတာကိုမေးလို့ရှိရင် သူဘာပြောမလဲ၊ မပြောတတ်ဘူး။ ဘာဖြစ်လို့လဲ ဆံပင် ဆံပင်ချင်း တူတူပဲဖြစ်နေတာကို ဟုတ်လား။ ဘာတွေ တူနေတာလဲ၊ ဆံပင်မှာပါတဲ့ ဆဲလ်တွေ အတူတူပဲ။ အဲ့ ဆဲလ်တွေရဲ့နောက်ကြည့်လိုက်တော့လည်း အက်တမ်တွေကြည့်လိုက်တော့လည်း အက်တမ်တွေကတူတူပဲ ဖြစ်မနေဘူးလား။ ဖြစ်နေတာပေါ့။ ဟုတ်လား။
အဲ့တော့အက်တမ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့က ခန္ဓာကိုယ်က ဘာတွေနဲ့ဖွဲ့စည်းထားလည်း အက်တမ်တွေနဲ့ ဖွဲ့စည်းထားတယ်။ လူခန္ဓာကိုယ်မှာ ရေဓာတ်၆၀ရာခိုင်နှုန်းပါတယ်ဆိုတာ ကြားဖူးလား။ ကြားဖူးတယ်။ အဲ့တော့ရေဆိုတာဘာလဲ။ H2O မဟုတ်ဘူးလား။ H2Oဆိုတာ hydrogen အက်တမ်နှစ်လုံး၊ အောက်ဆီဂျင်အက်တမ်တစ်လုံး၊ အဲ့လိုပေါင်းလိုက်ရင်ရေဆိုတဲ့ သဘောကဖြစ်တယ်။ ဟုတ်တယ်မလား။ အဲ့အက်တမ်တွေ အများကြီးရှိတာကို ဘာလို့ခေါ်လဲ။ ရေတွေပေါ့။ ရေပမာဏဖြစ်သွားတယ်ပေါ့၊ ဟုတ်လား။ အဲ့တော့ ဒေါ်မြင့်မြင့် ရဲ့ကိုယ်မှာ အက်တမ်အရေအတွက် ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်နဲ့ပေါင်းထားတဲ့ အက်တမ်အရေအတွက်က ဘယ်လောက်ပါလဲ၊ ၆၀ရာခိုင်နှုန်း ပါတာပေါ့။ ကျွန်တော့်ခန္ဓာကိုယ်မှာ၆၀ရာခိုင်နှုန်းပါတာပေါ့။ ဟုတ်လား။ အဲ့တော့ ကျွန်တော့်အသွင်သဏ္ဌာန်မှာရော ရေက ဒီရေကရော H2O မဟုတ်ဘူးလား။ ဟုတ်တယ်နော် အဲ့ဒီရေကသက်ရှိလား၊ သက်မဲ့လား။
ဒေါ်မြင့်မြင့် ။ ။ သက်မဲ့။
ကျွန်တော် ။ ။ သက်မဲ့၊ ဗိုက်ထဲထည့်လိုက်တယ်။ မော့သောက်လိုက်တယ်။ ဘာဖြစ်သွားလဲ။ သက်ရှိဖြစ်သွားပြီ။ ခန္ဓာကိုယ်မှာရှိတဲ့ ၆၀ရာခိုင်နှုန်းကရေတွေက သက်ရှိလား။ အဲ့တာဆိုဒီခန္ဓာကိုယ်ကြီးကိုဘာတို့သက်ရှိလို့ခေါ်လဲ။ ဖြစ်နိုင်ပါ့မလား၊ ခန္ဓာကိုယ်ကြီးက သက်ရှိ။
ဒေါ်မြင့်မြင့် ။ ။ နာမ် သိစိတ်ရှိနေတာ။
ကျွန်တော် ။ ။ ကျွန်တော်ရုပ်ကိုပဲပြောနေတာ။ ရုပ်အကြောင်းပဲပြောတာ၊ နာမ်ကိုမပြောသေးဘူး။ ရုပ်ကိုပဲပြောတာ သေသွားတဲ့ရုပ်ကြီးပေါ့။ သေသွားတဲ့ရုပ်ကို သက်မဲ့ပေါ့။ ဟုတ်လား။ အဲ့တော့ ကျွန်တော်တို့ကဥပမာ အသက်ရှင်နေတယ်။ အသက်ရှင်နေတဲ့အချိန်မှာရော ခန္ဓာကိုယ်မှာရှိတဲ့ ဥပမာဆိုကြပါစို့၊ အသက်ရှင်နေတဲ့အချိန်မှာ ခန္ဓာကိုယ်မှာ Hydrogenနဲ့ Oxygen နဲ့ရေဓာတ်၆၀ရာခိုင်နှုန်းကြီးပါတယ်။ အသက်ရှင်နေတဲ့အချိန်မှာရှိတဲ့ ခန္ဓာကိုယ်မှာရှိတဲ့ရေတွေနဲ့ဟုတ်ပြီနော်။ သေသွားတဲ့အချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ရေတွေနဲ့ ဘာကွာသွားလဲ။ အက်တမ် ဘာကွာသွားလဲ။ အဲ့တော့ ရှင်နေတဲ့အချိန်မှာ ဘာဖြစ်လို့သက်ရှိလို့ပြောပြီးတော့ သေသွားတဲ့အခါ ဘာလို့ သက်မဲ့လို့ပြောလဲ၊ အဲ့ဒီ အက်တမ်ကြီးကို။
ဒေါ်မြင့်မြင့် ။ ။ အထင်မှားပြီးပြောတာပေါ့။
ကျွန်တော် ။ ။ အထင်မှားပြီးပြောတာပေါ့။ သိပ်သေချာတာပေါ့ ဟုတ်လား၊ တကယ့် တကယ် ကျွန်တော်တို့ကသက်ရှိလား၊ သက်ရှိမဟုတ်ဘူး၊ ဘာလဲ ရုပ် နာမ်ရဲ့အညမညဖြစ်စဉ်၊ ကျွန်တော်တို့သည်ဒီသက်ရှိတွေမဟုတ်ကြဘူး။ ဘာဖြစ်လို့လဲ ကျွန်တော်တို့ခန္တာကိုယ်မှာ အက်တမ်တွေက သက်ရှိမဟုတ်လို့ပဲ၊ ဟုတ်လား။ လူခန္တာကိုယ်မှာ အက်တမ်အမျိုးအစားပေါင်း ၁၁ မျိုးနဲ့ ဖွဲ့စည်းထားတယ်။ ၉၉ရာခိုင်နှုန်းက၊ Ironတို့ သံဓာတ်တွေဘာတွေကြားဖူးတယ်နော်။ သံဓာတ်ပါမယ်။ Nitrogen တွေပါမယ်။ ဟုတ်လား အရေးကြီးတဲ့ အက်တမ်တွေပေါ့၊ ၁၁မျိုးနဲ့ဖွဲ့စည်းထားတယ်၊ ကျန်တဲ့ ၁ရာခိုင်နှုန်းသည် အက်တမ်အမျိုးပေါင်း ၅၀နဲ့ဖွဲ့စည်းထားတယ်။ အဲ့ဒါတွေကတော့ Nuclear သတ္တူကြွ အက်တမ်တွေပါတယ်။ ပေါင်းစုံပါတယ်။ ထားပါတော့ ၅၀၊ စုစုပေါင်းအက်တမ် ဘယ်နှစ်ခုရှိလဲ။ ၆၁မျိုးရှိတယ်။ ဒေါ်မြင့်မြင့်ဆိုတာလည်း အဲ့၆၁မျိုးကပုံသဏ္ဍာန်တစ်မျိုး ဖြစ်ပြီးတော့ ဘာဖြစ်တာလဲ။ ဒေါ်မြင့်မြင့်ဆိုတဲ့ နာမည်ရနေတာ။ ဒီမှာရှိတဲ့ အက်တမ် (၆၁) မျိုးကလည်းဘာဖြစ်တာ၊ ပုံစံတစ်မျိုးဖြစ်ပြီးတော့ နေလင်းအောင်ဆိုတဲ့ နာမည်ရနေတာ။
တကယ့်တကယ်က အတွင်းပိုင်းမှာဘာဖြစ်နေလဲ တူတူပဲအက်တမ်တွေက။ အဲ့တော့ဒေါ်မြင့်မြင့်ဆိုတာလည်း မရှိဘူး။ နေလင်းအောင်ဆိုတာလည်း မရှိဘူး။ အက်တမ် (၆၁) မျိုးပဲရှိတယ်လို့ ပြောလို့ရောမရဘူးလား၊ ရတာပေါ့။ အဲ့တော့အဲ့ဒါကိုဘာလို့ခေါ်လဲရုပ်ပေါ။ အဲ့ဒီအက်တမ်တွေက ဒီမှာဆိုပါစို့ ဒီခွက်ဆိုပါစို့၊ ဒီခွက်ဆို၊ ဒီမီးခြစ်ဆိုပါစို့ ဒါဆိုရင် Iron အက်တမ်မဟုတ်ဘူးလား။ ဟုတ်တယ်မလား၊ သံအက်တမ်ပေါ့။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ဟာကရော သံအက်တမ် မဟုတ်ဘူးလား။ အဲ့အက်တမ်နှစ်ခုက သဘာဝချင်း မတူဘူးလား၊ တူတာပေါ့။ ဒါဆိုသူ့ကိုဘာလို့သက်မဲ့လို့ပြောပြီး ဘာဖြစ်လို့ ကျွန်တော့်ကိုသက်ရှိလို့ပြောသွားတာလဲ။ မှားနေတယ်။ တွေ့လား။ အက်တမ်ခြင်းတူတူခြင်းကိုပဲ ဒီမှာနေတော့ သက်မဲ့လို့ပြောတယ်။ ဒီ ကိုယ့်အသားမှာဖြစ်နေတော့ သက်ရှိလို့ပြောတယ်။ သဘာဝကျလား၊ မကျဘူး။ ဟုတ်ပြီလား။ နားလည်လား မသိဘူး။ ကျွန်တော်ပြောတာဟုတ်လား။
အဲ့တော့ရုပ်သည် ဘာဖြစ်လဲ။ အသက်ဆိုတာသည် တကယ့်တကယ်ကမရှိဘူး။ သက်ရှိဆိုတာသည် မရှိဘူးဆိုတာကို အဖြေထွက်တယ်။ သဘောပေါက်ပြီလား။ အဒီအခါကျတော့ထားပါတော့ နာမ်ပေါ့၊ ရုပ်ကသက်ရှိမဟုတ်ဘူး ဖယ်လိုက်ပြီ။ နာမ်ကိုသက်ရှိလို့ထင်ကောင်းထင်ဦးမယ်။ နာမ်ကိုသက်ရှိလို့ပြောမယ်။ အဲ့လိုသဘောမျိုး ဆက်စဉ်းစားမယ်။ ရတယ်။ စဉ်းစားလို့ရတယ်။ ကဲ အဲ့တော့နာမ်မှာ ကျွန်တော်ဘယ်ကစ၊ ဝေဒနာကစလိုက်ရအောင်။ ဝေဒနာပေါ့၊ ဝေဒနာဆိုလို့ရှိရင်ဘာရှိလဲ။ သုခဝေဒနာရှိတယ်၊ ဒုက္ခဝေဒနာရှိတယ်၊ ဥပေက္ခာဝေဒနာရှိတယ်၊ သောမနဿရှိတယ်၊ ဒေါမနဿရှိတယ်၊ ဟုတ်လား။ ဒေါ်မြင့်မြင့်ရဲ့လက်ကို အပ်နဲ့ထိုးလိုက်တယ်။ အဲ့မှာ နာကျင်မှုဆိုတဲ့ဝေဒနာလေးပေါ်မလာ ဘူးလား။ ပေါ်လာတယ်။ ကျွန်တော့်လက်ကိုအပ်တချောင်းနဲ့ ထိုးလိုက်တယ်၊ နာကျင်မှုဆိုတဲ့ ဝေဒနာလေး ပေါ်မလာဘူးလား။ ပေါ်လာတယ်။ အဲဒီနှစ်ခုက ဘာကွာလဲ။ မကွာဘူး၊ ဟုတ်လား။ ဥပမာ-လေလေးတိုက်တယ်။ ဒေါ်မြင့်မြင့်မှာ သုခဝေဒနာသဘောလေး ပေါ်လာတယ်၊ လေလေးတိုက်တယ်၊ ကျွန်တော့်မှာ သုခဝေဒနာပေါ်လာတယ်။ အဲ့ဒီဝေဒနာနှစ်ခုက ဘာကွာလဲ။ မကွာဘူး။ အဲ့တော့ ဒေါ်မြင့်မြင့်သီးသန့်ဖြစ်တည်မှုဆိုတာရှိလား၊ မရှိဘူး။ ကျွန်တော်လည်းသီးသန့်ဖြစ်တည်မှုဆိုတာ ရှိလား၊ မရှိဘူး။ အခုန ရုပ်တွေမှာရော သီးသန့်ဖြစ်တည်မှုဆိုတာရှိလား မရှိဘူး။ တွေ့လား။ လာလိမ့်မယ်နော်။ အဲ့တော့ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ၊ သောမနဿဝေဒနာ။ ဒေါ်မြင့်မြင့် ခုထီပေါက်တယ် သိန်း၅၀ဆုပေါက်တယ်၊ ဝမ်းသာတယ်။ အဲ့ဒီဝမ်းသာမှုဆိုတဲ့သဘောက ကျွန်တော်သိန်း၅၀ဆုပေါက်တဲ့ ဝမ်းသာမှုဆိုတဲ့သဘောနဲ့ ဝမ်းသာမှုသဘောအတူတူပဲ။ ဟုတ်လား။
အဲ့ဒါကျတော့ အဲ့တာကလည်း သီးခြားဖြစ်တည်မှုမရှိဘူး။ သူလည်းတူညီချက်တရားပဲ။ ရုပ်လိုပဲ အက်တမ်လိုပဲ။ သဘောပေါက်တယ်မလား ရတယ်နော်။ အဲ့တော့ ဒေါမနဿဝေဒနာ မကျေနပ်မှုဖြစ်တယ် အတူတူပဲ၊ သူလည်း ခုနတိုင်းပဲပေါ့၊ အဲ့တော့ဝေဒနာကလည်း မဟုတ်ဘူး။ ဝေဒနာကလည်း သက်ရှိလည်းမဟုတ်ဘူး။ Identityလည်းမရှိဘူး။ သီးခြားဖြစ်တည်မှူလည်းမရှိဘူး။ ဝေဒနာဖယ်လိုက်။အဲ့တော့ဘာတွေကျန်လဲ၊ ဝိညာဉ်၊ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေါသစိတ်ဟုတ်လား။ တရက်က ဥပမာထားပါတော့ မယ်သီရှင်တပါးလာတယ် ဒေါ်မြင့်မြင့်ကလှူချင်တဲ့စိတ်လေး ပေါ်လာတယ်။ အဲ့တာသည် ဘာလဲ အာလောဘစိတ်။ ကျွန်တော်ကလည်း လှူချင်တဲ့စိတ်လေး ပေါ်လာတယ်၊ အာလောဘစိတ်။ အဲ့ဒီစိတ်လေးနဲ့ သဘာဝချင်းမတူဘူးလား၊ တူတာပေါ့။
အဲ့ဒါလေးကို ယောင်္ကျားတွေ မိန်းမတွေ ခွဲလို့ရလား မရဘူး၊ ပုဂ္ဂိုလ်တွေ သတ္တဝါတွေ ခွဲလို့ရလား မရဘူး။ နာမ်တရားပဲ။ နာမ်ဓမ္မတစ်ခုပဲ ဟုတ်လား။ အဲ့နာမ်ဓမ္မရဲ့သဘာဝချင်းကလည်းတူတူပဲ သီးခြားဖြစ်တည်မှုမရှိဘူး။ အဲ့တော့ ဝိညာဉ်ကိုလည်း ဖယ်လိုက်၊ ဟုတ်လား။ သညာ၊ သညာမှာပြောစရာရှိလာပြီ။ ဒေါ်မြင့်မြင့် မှတ်ထားတဲ့ပညာတွေနဲ့ ကျွန်တော်မှတ်တဲ့ပညာတွေနဲ့တူလား၊ မတူဘူး။ အဲဒီပေါ်မှာမူတည်ပြီးတော့ ဒေါ်မြင့်မြင့်ဆိုတာကို သတ်မှတ်တာဖြစ်မလာဘူးလား။ ကျွန်တော်ရဲ့သညာပေါ်မူတည်ပြီး ကျွန်တော်တို့သတ်မှတ်တာ ဖြစ်မလာဘူးလား။ ဟုတ်လား။ ဒါမမှန်ဘူးလား။ မှန်တယ်။ ဒါပေမဲ့ပြန်စဥ်းစား ဟုတ်ပြီ။ ဒေါ်မြင့်မြင့်မှာရှိတဲ့ သမိုင်းပေါ့။ အတိတ်ကဘာတွေလုပ်ခဲ့တယ်၊ ကျောင်းတွေ တက်ခဲ့တယ်၊ ဘွဲ့တွေယူခဲ့တယ်၊ အလုပ်တွေလုပ်ခဲ့တယ်၊ ရိုသေလေးစားမှုခံရတယ် အစရှိသဖြင့်ပေါ့ ဒါတွေပေါ့၊ ဟုတ်လား။
အဲ့ဒါတွေက အခုအချိန်မှာ ဒေါ်မြင့်မြင့်ကို ပြပါဆိုဒေါ်မြင့်မြင့်မှာပြစရာရှိလား။ ဘယ်သူ့အကူအညီမှမယူပဲနဲ့ ဘာမှမယူပဲနဲ့ ပြလို့ရလား မရဘူး။ ဘွဲ့ရတာလဲဆိုတဲ့ကိစ္စက ဘာကြီးဆွဲထုတ်လို့ရလဲ၊ အိမ်မှာရှိတဲ့ဘွဲလက်မှတ်ကြီးတော့ ဆွဲထုတ်လာလို့ ရတယ်။ ဒါပေမဲ့ အဲဒီဘွဲ့လက်မှတ်ကြီးက ဘာကြီးပဲလဲ။ တကယ်ကရုပ်ကြီးပဲ။ ဒီ ဒါကို ဒီရုပ်ကြီးက ဘွဲ့လက်မှတ်လို့သတ်မှတ်လို့သာ ဘွဲ့လက်မှတ်ဖြစ်နေတာ တကယ့်တကယ်က စာရွက်နဲ့မှင်နဲ့။ ဟုတ်တယ်မလား။ အဲ့တော့အဲ့ဒါတွေလည်း အကြုံးမဝင်ဘူးဆိုရင် ဒေါ်မြင့်မြင့်ဆိုတာ ရှိတယ်ဆိုတာကြီးက တကယ်တကယ် ဘာဖြစ်နေလဲ သမိုင်းဆိုတာကြီးက ဘာဖြစ်နေပြီလဲ သညာရဲ့ ဖြစ်ပျက်ပဲ။ မှတ်မိခြင်းဆိုတဲ့တရားရဲ့ ဖြစ်ပျက်ပဲ။ ဟုတ်လား။ ကျွန်တော်ကလည်း ကျွန်တော် ဘယ်တုန်းကစင်ကာပူမှာ အလုပ်လုပ်ခဲ့ဖူးတယ်။ ကုမ္ပဏီထောင်ဖူးတယ်။ အစရှိသဖြင့်အဲ့ဒါတွေ ကျွန်တော်ကပြောနေလည်း အဲ့ဒါတွေ တကယ်တကယ်ကဘာလဲ အခုပစ္စုပ္ပန်မှာ ရှိလား မရှိဘူး။ လောကကြီးမှာရော ရှိသေးလား။ မရှိဘူး၊ ပြီးပြီးသားကိစ္စဖြစ်သွားပြီ။ အဲ့တော့အဲ့ဒါကို ပြောနေတာသည် ဘာလဲ သညာရဲ့ဖြစ်ပျက် တစ်ခုတည်းရှိတယ်၊ သဘောပေါက်လား။ အဲ့တော့ အဲ့မှတ်ဉာဏ်တွေက ဘယ်ကနေဖြစ်လာလဲ ဖြတ်သန်းလာတဲ့တလျောက်မှာ ဟုတ်လား မြင်တာကိုမှတ်တယ်။ ကြားတာကိုရောမှတ်တယ်။ စားတာကိုမှတ်တယ်။ အနံ့နံတာကိုမှတ်တယ်။ အထိတွေ့ကို မှတ်တယ်။ ကြံတွေးမှုတွေကိုမှတ်တယ်။ ဟုတ်လား။ အဲ့တော့ အာရုံခြောက်ပါးပေါ့။ ဟုတ်လား။
အာရုံဆိုတဲ့ စကားလုံးကို ကျွန်တော်သုံးရင် တစ်မျိုးဖြစ်မှာစိုးလို့ ဟုတ်လား၊ မှတ်သားမှုတွေပေါ့။ စိတ်တွေဖြစ်တဲ့မှတ်သားမှုတွေပေါ့။ မြင်စိတ်ဖြစ်တယ် မှတ်လိုက်တယ်။ ကြားစိတ်ဖြစ်တယ် မှတ်လိုက်တယ်။ ကြံတွေးစိတ်ဖြစ်တယ်မှတ်လိုက်တယ်။ အရသာသိစိတ် ဖြစ်တယ်မှတ်လိုက်တယ်။ အနံ့အနံစိတ်ဖြစ်တယ်မှတ်လိုက်တယ်။ ဟုတ်လား ဒီအနံကတော့မကောင်းဘူး။ ဒီအနံကတော့ ကောင်းတယ်အစရှိသဖြင့်ပေါ့။ မှတ် မှတ် မှတ် ဟုတ်လား မြင်တာမှတ်တယ်။ ကြားတာမှတ်တယ်။ စားတာမှတ်တယ်။ နံတာမှတ်တယ်။ ဟုတ်လား။ ထိတွေ့တာမှတ်တယ်။ ဟို ကြံတွေးထားတာမှတ်တယ်။ မှတ်ထားတာတွေ မပေါ်ဘူးလား။ အဲ့ဒီမှတ်တဲ့သဘောတွေက ဟုတ်လား ကျွန်တော်တို့က လောကတွေရော၊ ကျွန်တော်က ကားမြင်တယ်။ ကျွန်တော်က ဒီနေရာမှာထိုင်ပြီးတော့ ဒီကားကို မှတ်ရင်မှတ်နေတယ်။ မြင်စိတ် အဲဒီကားမြင်စိတ်မှတ်နေတာ၊ ဒေါ်မြင့်မြင့်က ကျွန်တော့်နောက်မှာရှိတဲ့ ကျွန်တော်မမြင်ရတဲ့ဟာ အဲ့ဒါကိုမှတ်နေတာ၊အဲ့ဒါတွေကမှတ်မှုတွေ မှတ်မှုတွေပဲ။ ဒါပေမဲ့ တကယ်တကယ်တမ်း ကားဆိုတာလည်း ခုနအက်တမ်တွေပဲ မဟုတ်ဘူးလား။ လောကကလည်း အက်တမ်တွေ မဟုတ်ဘူးလား။ အဲ့လိုပြန်ခွဲလိုက်ရင် ကျွန်တော်တို့ဘာထူးခြားလဲ။ ဘာမှမထူးခြားဘူး။ ဟုတ်လား မြင်စိတ်တွေကို မှတ်နေတာပဲ။ အဲ့တော့အဲ့ဒါ သီးခြားဖြစ်တည်မှု ဆိုတာရှိလား မရှိဘူး၊ သဘောပေါက်လား၊ ဘာသဘောလေးပဲရှိလဲ မှတ်သားတယ်ဆိုတဲ့သဘောလေးပဲရှိတယ်။ ပြီးရင် ဘာသဘောလေးပဲရှိလဲ မှတ်မိတယ်ဆိုတဲ့သဘောလေးပဲရှိတယ်၊ ဟုတ်လား။
ဘာကိုမှတ်မိတယ်ဆိုတဲ့အကြောင်းအရာကို ဖယ်လိုက်မယ်ဆိုရင် မှတ်သားတယ်ဆိုတဲ့သဘောရယ်၊ မှတ်မိတယ်ဆိုတဲ့သဘောရယ်က အတူတူပဲ။ ဟုတ်ပြီလား။ အဲ့တော့ အဲ့ဒါကိုရော ကျွန်တော်တို့ဒေါ်မြင့်မြင့်တို့အတွက် သီးခြားဖြစ်တည်မှုလို့ ပြောလို့ရသေးလား မရတော့ဘူး။ အဲ့တော့ ဘာဖြစ်လဲနောက်တစ်ခါ ဘာကျန်လဲ။ သင်္ခါရ။ ဝေဒနာပယ်ပြီသွားပြီ၊ ရုပ်ပယ်ပြီးသွားပြီ၊ ဝေဒနာပယ်ပြီးသွားပြီ ၊ ဝိညာဥ်ပယ်ပြီး သွားပြီ၊ သညာပယ်ပြီးသွားပြီ။ တစ်ခုမှသီးခြားဖြစ်တည်မှုမရှိဘူး အကုန်လုံးမှာကွဲပြားခြားနားမှုလည်းမရှိဘူး တူတူ တွေပဲဆိုတာကျွန်တော်တို့တွေ့ခဲ့ပြီးသွားပြီ။ ကျွန်တော်တို့မှာ ဘာကျန်သေးလဲဆိုတော့ သင်္ခါရ၊ သင်္ခါရဆိုတဲ့သဘောက အမှန်မြင်ခြင်း၊ အမှားမြင်ခြင်း၊ အမှန်နှလုံးသွင်းခြင်း၊ အမှားနှလုံးသွင်းခြင်း၊ အမှန်ဆင်ခြင်ခြင်း၊ အမှားဆင်ခြင်ခြင်း အဲ့ဒီ ဟာတွေအကုန်လုံးက သင်္ခါရတွေကြီးပဲ။ အဲ့ဒီမှာလည်းအဲ့ဒါတွေရဲ့သဘောတွေက တူတူတွေပဲမဟုတ်ဘူးလား၊ ဟုတ်လား။ ဟုတ်လား။ ဒေါ်မြင့်မြင့်က အနိစ္စလို့ဆင်ခြင်တယ်။ ကျွန်တော်ကအနိစ္စလို့ ဆင်ခြင်တယ်။ ဒါသည်အနိစ္စဆိုတဲ့ စကားလုံး အတိုင်းဆင်ခြင်မှု မဟုတ်ဘူးလား။ ဆင်ခြင်မှုသဘောချင်းက အတူတူပဲမဟုတ်ဘူးလား နာမ်ဓမ္မပဲ။ အဲ့တော့အဲ့မှာလည်း သီးခြားဖြစ်တည်မှု မရှိဘူး။ ဟုတ်လား။ အဲ့လိုသီးခြားဖြစ်တည်မှုကို ဘာလို့ပြောတာလဲ သတ္တဝါလို့ပြောတာ။ သဘောပေါက်လား။
ကျွန်တော်သည် လူသတ္တဝါတခု၊ ဒေါ်မြင့်မြင့်သည်လူသတ္တဝါတခု၊ ဒါမျိုးပြောတာကို တကယ့်တကယ် ကျွန်တော်တို့ငါးခုလုံးကြည့်လိုက်တော့ မရှိဘူးလေ။ အဲ့တော့ ကျွန်တော်တို့ဘာပြောလို့ရလဲ သတ္တဝါဆိုတာမရှိဘူး။ ဘာတွေပဲရှိလဲ တူညီတဲ့ ရုပ်ဓမ္မတွေ နာမ်ဓမ္မတွေပဲ ရှိတယ်။ အဲ့တော့ အဲ့ရုပ်ဓမ္မတွေနာမ်ဓမ္မတွေ ကွဲပြားမှုရှိလား မရှိဘူး၊ သဘောပေါက်ပြီလား။ အဲ့တော့သတ္တဝါဆိုတာမရှိဘူး။ အဲ့ဒီရှိတာကလည်း ဒီငါးခုပဲရှိတယ်။ ငါးခုလုံးတခုမှသတ္တဝါမဟုတ်တော့ ကျွန်တော်တို့ကကောက်ချက်က ဘာချရမလဲ သတ္တဝါ မရှိဘူးပေါ့။ ရှိတာလည်းငါးခုပဲရှိတယ်လေ။ ဟုတ်လား။ အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လို့ သတ္တဝါထင်နေလဲ။ ဒီငါးခုက အညမညဖြစ်နေတယ်။ ရုပ်ကြောင့်နာမ် ဖြစ်တယ် နာမ်ကြောင့်ရုပ်ဖြစ်တယ်။ ကိုယ်က လက်ကိုလှုပ်ချင်စိတ်ကြောင်းမို့လို့ သင်္ခါရနဲ့စေ့ဆော်မှုဖြစ်တော့ လက်ကလှုပ်သွားတယ်။ လက်က လှုပ်သွားတော့ဘာဖြစ်လဲ မြင်စိတ်က လက်လှုပ်တယ်ဆိုတဲ့မြင်စိတ်ဖြစ်မလာဘူးလား။ ဖြစ်လာတော့ ဘာလို့ မှတ်လိုက်လဲ၊ ငါလက်လုပ်လိုက်တယ် ငါလှုပ်လို့ရတယ်ဆိုတဲ့ နှလုံးသွင်းကဖြစ်မသွားဘူးလား။ ငါပိုင်တယ် ငါလက်ကို ငါလှုပ်ချင်တဲ့အချိန် လှုပ်လို့ရတယ်ဆိုတဲ့ သတ်မှတ်ချက်က ပေါ်မသွားဘူးလား။ တကယ့်တကယ်ကဟုတ်လား။ မဟုတ်ဘူး။ ရုပ်နာမ်တွေရဲ့အညမည ဖြစ်စဉ်ပဲ။ အဲ့တော့ ငါလက်ငါလှုပ်လို့ရတယ်ဆိုတဲ့ အမြင်ကြီးက မှားမနေဘူးလား၊ မှားနေတာပေါ့။
အဲ့တော့ ဥပမာဆိုပါစို မြင်စိတ်ကြောင့် လက်လှုပ်လိုက်လို့ ငါလက်လှုပ်တယ်လို့ယူဆတာသည် ဘာဖြစ်တာလဲ ရုပ်ကြောင့်ဖြစ်တဲ့ စိတ်ပေါ့။ ရုပ်လုပ်ရှားမှုကြောင့်ဖြစ်တဲ့စိတ်ပေါ့ ဟုတ်လား။ လက်ကိုလှုပ်ချင်တယ်ဆိုပြီးတော့ဖြစ်တဲ့ စေတနာလေးကြောင့် လက်က လှုပ်သွားတယ်လေ၊ အဲ့ဒါကြောင့်ဘာလဲ စိတ်အကြောင့်ဖြစ်သောရုပ်ပေါ့။ စိတ်ကြောင့်ဖြစ်သော ရုပ်ရယ်၊ ရုပ်ကြောင့်ဖြစ်သော စိတ်ရယ်။ အဲ့ဒါကိုဘာလို့ခေါ်လဲ အညမညဖြစ်နေတယ်လို့ခေါ်တာပေါ့။ နားလည်ပြီလား။ အဲ့တော့ သတ္တဝါဆိုတာလည်းမရှိဘူး။ ပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူး။ ခုန ပြောတဲ့အတူတူ ပဲဖြစ်နေတာကြောင့်မလို့၊ ယောင်္ကျားတွေဆိုတာလည်းမရှိဘူး၊ မိန်းမဆိုတာလည်းမရှိဘူး၊ အဲ့တော့ ယောင်္ကျားမိန်းမမရှိတော့ ငါ ဆိုတာလည်းမရှိဘူး၊ သူ ဆိုတာလည်းမရှိဘူး၊ ဟုတ်လား။ ငါ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ မရှိ။ အသက်၊ ဇီဝမရှိ။ သဘောပေါက်ပြီလား။ အဲ့တာကအနတ္တပဲ။ ရမလား။ ဟုတ်ပြီလား။ အိုကေ။ အကျိုးရှိရဲ့လား။
ဒေါ်မြင့်မြင့် ။ ။ ဒီလောက်ပြုတ်သွားလဲမသိဘူး။ ဒိဋ္ဌိပြုတ်သွားတာကိုပြောတာ။
ကျွန်တော် ။ ။ ဗျာ၊ ဘာကိုလဲ ဘယ်လိုနေလဲ ကိုယ်ဘာကိုပဲ စဉ်းစားကြည့်လေ၊ နားလည်လား၊ ဘယ်လောက်နားလည် သွားလဲ။ လည်သွားလား။
ဒေါ်မြင့်မြင့် ။ ။ မတူညီတဲ့ ရှုဒေါင့်ကနေ။
ကျွန်တော် ။ ။ အမ်
ဒေါ်မြင့်မြင့် ။ ။ တခုခြင်း ဟိုဟာြဖစ်ရင် ခံစားရတာရှိတယ် သူလည်းသိတယ်၊ ကိုယ်လည်းသိတယ်။
ကျွန်တော် ။ ။ အမ် သူကဘယ်လိုဖြစ်သွားလဲဆိုတော့ ကျွန်တော်တို့က။
ဒေါ်မြင့်မြင့် ။ ။ သညာကလည်း ကိုယ့်တလျှောက်လုံးမှာ ကိုယ်မြင်တာကြားတာတွေကို ကိုယ့်ဘာသာကိုယ် ကိုယ့်သညာနဲ့ကိုယ်မှတ်လာခဲ့တာ။ သူကလည်း သူ့သညာနဲ့သူ မှတ်ထားတယ်။ ကိုယ့်သညာကလည်း ကိုယ်မှတ်သားမှု ပိုကောင်းရင်ကိုယ်တော်တယ်ဖြစ်သွားတယ်။ ကိုယ်တော်တယ် ကိုယ်ဉာဏ်ကောင်းတယ်လို့ ကိုယ့်ဟာကိုသတ်မှတ်လိုက်တယ်။ အမှန်တော့သညာတွေနဲ့ကိုယ့်ဘာသာကိုယ်မှတ်နေတာ။ သူကလည်းသညာတွေနဲ့ သူမြင်တာတွေ မှတ်လာတယ်။ မှတ်တဲ့ဟာတွေကတော့ မတူဘူး၊ ဒါပေမဲ့ မှတ်သားမှုသဘောချင်း တူတယ်။
ကျွန်တော် ။ ။ တူတူပဲဟုတ်တယ်။
ဒေါ်မြင့်မြင့် ။ ။ ဝေဒနာကလည်း အဲသူ့ကို စိတ်ဆိုးအောင်လုပ်လိုက်ရင် သူလည်း ဒေါမနဿပေါ့။ ကိုယ်စိတ်ဆိုးရင်လည်း ကိုယ်က ဒေါမနဿပေါ့။ ဒေါမနဿဝေဒနာဆိုတဲ့ဟာက သူဖြစ်တာလည်း မဟုတ်ဘူး။ ကိုယ်ဖြစ်တာလည်း မဟုတ်ဘူး။ ဒေါမနဿဝေဒနာ ပေါ်တာပဲရှိတယ်။ သညာကလည်း ကိုယ်မြင် ကြား နံ စားမှာ ကိုယ်မှတ်ထားတဲ့ ကိုယ့်ရဲ့ Surroundingမှာ ကိုယ်ကျင်လည်နေတာ ကိုယ်မှတ်ထားတဲ့ဟာကို မှတ်ထားတယ်။ အဲ့ဒါကိုပြန်ပြီးအသုံးချလိုက် အသုံးချတာ။ မှတ်သားတာ ချင်းတော့ တူတယ်။ မှတ်သားတဲ့ဒီပမာဏတို့ ဒီ Qualityတို့ ကတော့မတူဘူး။ မှတ်သားတာ လေးပဲတူတယ်။ အဲ့မှာတင်သူသိတာနဲ့ ကိုယ်သိတာနဲ့ ကွဲသွားတယ်။
ကျွန်တော် ။ ။ အင်း။ အင်း။ အဲ့ဒီက သတ်မှတ်ချက်တွေသတ်မှတ်ချက်တွေဖြစ်လာတာ။ အကုန်လုံးသတ်မှတ်ချက်တွေ ဖြစ်လာတာ။ အဲ့တော့ကျွန်တော်တို့က ဒီခန္ဓာငါးပါးကြီးက အညမညဖြစ်နေတယ်။ အညမညဖြစ်နေတဲ့အခါကျတော့ တကယ့်တကယ် အညမညကြီး ဖြစ်နေတယ်ဆိုတာ သိလိုက်လို့ရှိရင် ဘာလို့ပြောရမှန်းတောင်မသိဘူး။ ဘာလို့ပြောရမှန်းမသိတာ ကျွန်တော်တို့ ဘာလို့ နာမည်တပ်လိုက်လဲ လူလို့နာမည်တပ်လိုက်တယ်။ ဟုတ်လား။ ဒါလူပဲဆိုပြီးတော့၊ ပညတ်တပ်လိုက်တယ်။ ဟိုခွေးလည်း ခန္ဓာငါးပါးအညမည ဖြစ်နေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဒီပုံစံကျတော့ ဘာလို့တပ်လိုက်လဲ ခွေးလို့ နာမည်တပ်လိုက်တယ်။ ဟာ ဒါကတိရစ္ဆာန် အဲ့လိုပဲ နတ် ဗြဟ္မာဆိုတာပေါ့။ တကယ့်တကယ်က ခန္ဓာငါးပါး အဖြစ်အပျက် တွေကြီးပဲ။ ရုပ်နာမ်ညမည ဖြစ်စဉ်တွေကြီးပဲ။ အဲ့ဒါကို လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ တိရစ္ဆာန်တွေ ဘာတွေအကုန်လုံးနာမည်တပ်လိုက်တော့ သုံးဆယ့်တစ်ဘုံဆိုပြီးဖြစ်လာတယ်။ တကယ်ရှိလား။ တကယ်သတ္တဝါရှိလား မရှိဘူး။ ပညတ် ပညတ်တွေပဲရှိတယ်။
အဲ့ဒါ အဲ့သဘောကို သတ္တဝါလုံးဝဆိတ်သုဉ်းတဲ့သဘောကို ဘာလို့ခေါ်လဲ သုညတဓမ္မလို့ခေါ်တယ်။ သုညတ။ ဘာသုညလဲ သတ္တဝါအရေအတွက်သည် သုည။ဟုတ်လား။ ဦးမောင်မောင်တို့က အဲ့ဒါကို နားမလည်ဘူး။ သုညကိုရေးနိုင်အောင်ကြိုးစားတော့ လျှောက်ပြောတာ ရှိသေးတယ်။ အဲ့ သုညနဲ့ပတ်သက်လို့ သူတို့ နားမလည်ဘူး။ တကယ့်တကယ်အစစ်အမှန်က ဘာလဲ။ သတ္တဝါက မရှိဘူးဖြစ်နေတယ်။ သတ္တဝါဆိတ်သုဉ်းနေတာ။ စဉ်းစားကြည့်။ စိတ်ထဲမှာ မြင်အောင်ကြည့်လိုက်၊ ခြုံငုံပြီးတော့ ၃၁ဘုံလုံးကို။ မရှိဘူး သတ္တဝါ။ တွေ့လား၊ ဟုတ်ပြီလား၊ နားလည်လား။ အဲ့ဒါက သုညတဓမ္မတွေ၊ အဲ့တာတွေသိလို့ရှိရင်တော့စာဖတ်ရတာ နည်းနည်း ပိုလွယ်သွားလိမ့်မယ်၊ နှစ်ပတ်လောက်ပဲ ခြားလိုက်တော့၊ သုံးပတ်မြောက်တွေ့တာပေါ့။ နော် အဲ့လိုလုပ်တာပေါ့၊ ဟုတ်လား၊ ရလား။ သုညတဓမ္မလည်း နားလည်ပြီနော်။ သတ္တဝါမရှိဘူးဆိုတာလည်း နားလည်ပြီနော်။ အဲ့တော့အခုန အရိပ်တွေအကောင်တွေရော လိုသေးလား၊ မလိုဘူးနော်။
ဒေါ်မြင့်မြင့် ။ ။ အမှန်တော့ဟိုဟာပေါ့။ အပြင်မှာလည်း ရုပ်နာမ် ဖြစ်ပျက်၊ ဒီမှာလည်း ကိုယ့်စိတ်က ဟာတွေကလည်း ရုပ်နာမ်ဖြစ်ပျက်။
ကျွန်တော် ။ ။ စိတ္တဇရုပ်ပဲ။ စိတ္တဇရုပ်ကမျက်လုံးမှာလာပေါ်တယ်။ ပေါ်သွားတဲ့အခါကျတော့ မှိတ်ထားတဲ့မျက်ခွံနဲ့ မျက်လုံးအကြည်ရယ် ကြားထဲမှာဘာတွေပေါ်လဲ စိတ္တဇရုပ်တွေလာပေါ်တယ်။ အဲ့ဒီစိတ္တဇရုပ်တွေလာပေါ်တော့ စိတ္တဇရုပ်နဲ့မျက်လုံးအကြည်နဲ့ ဘာဖြစ်လဲ အာရုံနဲ့ဒွါရ သွားပြီးမတိုက်ဘူးလား။ စိတ္တဇရုပ်က အဆင်းဖြစ်မသွားဘူးလား။ အဆင်းဆိုတာရုပ်ပဲပေါ့။ အဆင်းအရောင်ဖြစ်မသွားဘူးလား။ ဖြစ်သွားတဲ့အခါ သူနဲ့ အာရုံနဲ့ဒွါရ မျက်လုံးက အကြည်နဲ့မတိုက်သွားဘူးလား။ တိုက်တော့ဘာဖြစ်လဲ မြင်စိတ်ဖြစ်လာတာပေါ့။ အဲ့မြင်စိတ်ကို ကိုယ်ကဘာလို့ ပညတ်တပ်လိုက်လဲ၊ စိတ်ကူးတွေမြင်ယောာင်တယ်ဆိုတာ၊ မြင်ယောင် နေတယ်ဆိုတာဘာလဲ ပညတ်ထပ်တတ်တာ။ ဒီမြင်တယ်ဆိုတာနဲ့ မတူတဲ့အတွက်ကြောင့်မို့လို့ နောက်ထပ်သတ်မှတ်ချက်တစ်ခုထပ်တိုးလိုက်တာ။ အဲ့တော့အဲ့ဒါကို ထူးခြားပြီးတော့ ရှုနေစရာ မလိုဘူး။
ဒေါ်မြင့်မြင့် ။ ။ စိတ်ပဲ။
ကျွန်တော် ။ ။ ရှင်းရဲ့လား။ နော်။ ကျွန်တော်က ဦးမောင်မောင်တပည့်တွေ ဘာတွေဆိုလဲ အဲ့လိုပဲဟောနေရတာ။ ဟောဖို့အတွက်ကို စဉ်းစားနေတာပဲ။ ကျွန်တော်ကကျတော့ အဲ့လိုပေါ့ တချို့က ရန်ဖြစ်ချင်တယ်။ ရန်ဖြစ်ချင်တဲ့အဖွဲ့က ကျွန်တော်ထွက်ပစ်လိုက်တယ်။ အဲ့လိုမျိုးကျတော့ ကျွန်တော်မကြိုက်ဘူး။ အဲ့လို ချိုးချိုးဖဲ့ဖဲ့တွေပြောတာကျတော့ ကျွန်တော်မကြိုက်ဘူး။ ဒါလည်းမဟုတ်ဘူးလေ သူတို့ လိုအပ်ချက်ရှိလို့ပဲလေ ဟုတ်တယ်မလား။ သိသွားရင် ဘယ်သူမဆို မှန်မှန်ကန်ကန် လက်ခံသွားတာပဲလေ။ ဟုတ်တယ်မလား။ ကျွန်တော်ကဘာမှားယွင်းပြီး ပြောလို့မရဘူးနော် ဒီလိုပဲပေါ့။ ဟုတ်လား။ စေ့စေ့ပေါက်ပေါက်မတွေးတဲ့အခါကျတော့ အဲ့လိုဖြစ်သွားတာဟုတ်လား။
နောက်တစ်ခုကကျတော့အခု ကျွန်တော်ပြောသလို ခန္ဓာငါးပါးပဲ ဘယ်ဟာကမှ သတ္တဝါ မဟုတ်ဘူး။ အဲ့ဒါကြောင့် သတ္တဝါမရှိဘူး။ အဲ့ဒါကြောင့်မို့ သတ္တဝါလို့ ပြောလို့မရဘူး။ သတ္တဝါဆိုတာ သတ်မှတ်ထားချက်သာလျှင်ဖြစ်တယ် ဆိုတဲ့စကားကို နားမလည်တဲ့အခါကျတော့ ဟုတ်လား အပြင်မှာ ခုနက သမုတ္တိသစ္စာဆိုတဲ့ စကားလုံးက ကြားထဲကခံနေတဲ့အခါကျတော့ သမုတ်တာ ကလည်းမှန်ရမယ်။ အဲ့တော့ သတ္တဝါမရှိဘူးလို့တော့ ပြောလို့မရဘူးဆိုတဲ့အခါကျတော့ သူတို့က ဘာတွေကြံစဉ်လိုက်လဲဆိုတော့ အပြင်ကဟာကတော့ သတ္တဝါ၊ မျက်စိမှာကြည့်တာ သတ္တဝါမဟုတ်ဘူး၊ ဒီလိုမျိုးတွေ ကြံစည်လိုက်တယ်ပေါ့။ အဲ့တော့အဲ့ဒါတွေကမှန်လားဆိုတော့ မမှန်ဘူး။ အင်း ကိုယ့်သညာမှာဖြစ်တာကလည်း သတ္တဝါဆိုတဲ့အယူမှား။ အဲ့အယူမှား ကနေ ဖြစ်လာတဲ့ သတ်မှတ်ချက် ဟုတ်လား။ သညာမှာ ကိုယ့်မောင်ရှိရင်လည်းကိုယ့်မောင်ပေါ့။ ဒါ တကယ့်တကယ်ကဘာလဲ ပညတ်။ ကိုယ့်မောင်ဟုတ်လား မဟုတ်ဘူး။ အဲ့ဒါသည် ခန္ဓာငါးပါးဟုတ်ပြီလား။ ရုပ်နာမ်။ ကိုယ့်မောင်ဆိုတဲ့ဟာကိုကြံစည်မှုသည်လည်း ကိုယ့်ခန္ဓာငါးပါး မှာ ဖြစ်တဲ့ ကြံတွေးစိတ် ဟုတ်လား။ သဘောပေါက်လား။ မရှင်းတာရှိသေးလား နော်။ သိချင်တာရှိသေးလား။
ဒေါ်မြင့်မြင့် ။ ။ လုံလောက်ပါတယ်။


Leave a Reply