ဒေါ်မြင့်မြင့် ။ ။ ဓမ္မသဘောတွေပဲဆိုတော့ ဓမ္မတွေဖြစ်လာတယ်။ ဓမ္မရုပ်၊ ဓမ္မအာရုံတွေနဲ့ပေါ်လာတယ်။ ဓမ္မသဘောတွေပေါ့။ ဓမ္မအာရုံတွေနဲ့ပေါ်တယ်။ ဓမ္မအာရုံတွေနဲ့ ဒါသူကလည်း အကြောင်းအကျိုးသဘာဝ၊ ကိုယ်လုပ်ယူရမှာမဟုတ်ဘူး။

ကျွန်တော် ။ ။ သေချာစဉ်းစားပါအုန်း။ ပြန်ပြောပြမယ် ပြန်ပြောပြမယ် အပြင်မှာရှိတာက။

ဒေါ်မြင့်မြင့် ။ ။ အပြင်ကလည်း သူ့ဘာသာသူ ခန္ဓာငါးပါးဖြစ်ပျက်။

ကျွန်တော် ။ ။ အင်း ဟုတ်ပြီ။

ဒေါ်မြင့်မြင့် ။ ။ ကိုယ့်ဆီမှာပေါ်တာလဲ ဒါ ကိုယ့်ရဲ့ခန္ဓာငါးပါး ဖြစ်ပျက်။

ကျွန်တော် ။ ။ အေး ကိုယ့်ဆီမှာပေါ်တာ ဘယ်သူရဲ့ ခန္ဓာငါးပါး ဖြစ်ပျက်လဲ။

ဒေါ်မြင့်မြင့် ။ ။ ကိုယ့်ခန္ဓာငါးပါး ဖြစ်ပျက်။

ကျွန်တော် ။ ။ ကိုယ့်ခန္ဓာငါးပါး ဖြစ်ပျက်၊ သူနဲ့ဘာဆိုင်လဲ။ ဘာမှမဆိုင်ဘူး၊

ဒေါ်မြင့်မြင့် ။ ။ ဒါနဲ့ ထားပါတော့။ မြင်စိတ်သော်လည်းကောင်း၊ တွေးနေသော်လည်းကောင်း၊ ဆိုတော့တခုခုပေါ့။

ကျွန်တော် ။ ။ အေး ပေါ့ ဟုတ်လား။

ဒေါ်မြင့်မြင့် ။ ။ အဲ့ဒါက သူ့ဘာသာသူမြင်ပြီးတော့ပျက်သွားတာ။

ကျွန်တော် ။ ။ အေး ဟုတ်တယ်။ ခန္ဓာငါးပါးဖြစ်ပျက်။ ဘာအဖြစ်အပျက်လဲ၊ မြင်စိတ်ဖြစ်ပျက်မဟုတ်ဘူးလား၊ ဟုတ်လား။ အဲ့ဒီသတ္တဝါဆိုတဲ့သဘော၊ ငါဆိုတဲ့သဘောကိုဆွဲယူပြီးရှုစရာလိုအပ်သလား၊ မလိုအပ်ဘူး။ အတွင်းမှာမြင်တာနဲ့ အပြင်မှာမြင်တာနဲ့ ခွဲခြားပြီးစဉ်းစားနေစရာလိုအပ်လား၊ မလိုအပ်ဘူး၊ ဟုတ်လား၊ သူကလည်း သူဟာသူ ခန္ဓာငါးပါးဖြစ်ပျက်နေတယ်။ ကိုယ်ကလည်းသတိရတဲ့အခါကျတော့….

ဒေါ်မြင့်မြင့် ။ ။ ယှဉ်စရာမလိုဘူး။

ကျွန်တော် ။ ။ မြင်စိတ်၊ ခန္ဓာငါးပါးဖြစ်ပျက်နေတယ်။ ဒီနှစ်ခုကို ယှဉ်ပြီးစဉ်းစားနေစရာ လိုလို့လား။ ဘာမှ အဓိပ္ပာယ်မှမရှိတာ။

ဒေါ်မြင့်မြင့် ။ ။ အရိပ်နဲ့အကောင်လည်းမဟုတ်ဘူး။

ကျွန်တော် ။ ။ အရိပ်လည်းမဟုတ်ဘူး၊ အကောင်လည်းမဟုတ်ဘူး။ အဲဒီစကားတွေလည်းသုံးစရာ မလိုအပ်ဘူး။

ဒေါ်မြင့်မြင့် ။ ။ ဒီဟာလည်းသူဟာသူ ဖြစ်ပျက်နေတာ။

ကျွန်တော် ။ ။ ဒီမှာလည်းဖြစ်ပျက်နေတာပဲ။

ဒေါ်မြင့်မြင့် ။ ။ သဘာဝ သဘာဝဖြစ်ပျက်နေတာ။

ကျွန်တော် ။ ။ သဘာဝဖြစ်ပျက်နေတာပဲ။ သတိရမှုဆိုတဲ့စိတ်ကြောင့်မို့ ဖြစ်လာတဲ့ဖြစ်ပျက်ပဲ။

ဒေါ်မြင့်မြင့် ။ ။ အစွဲ အစွဲ။

ကျွန်တော် ။ ။ အစွဲတွေဘာတွေမဟုတ်ဘူး။ စကားလုံးအသစ်တွေ ထပ်မတိုးနဲ့ ဟုတ်လား။ သတိရမှုဆိုတဲ့။

ဒေါ်မြင့်မြင့် ။ ။ စွဲလို့။

ကျွန်တော် ။ ။ စွဲလမ်းလို့ပေါ့။

ဒေါ်မြင့်မြင့် ။ ။ စွဲလမ်းလို့ ဖြစ်လာတယ်။

ကျွန်တော် ။ ။ စွဲလမ်းလို့ဖြစ်လာတဲ့စိတ်ပဲ။သတိရမှုပေါ့ဟုတ်လား။ အဲ့တော့ ကျွန်တော်တို့က သတိရမှု၊ စွဲလမ်းမှုစိတ်ဆိုတာက ရုပ်လား နာမ်လား။

ဒေါ်မြင့်မြင့် ။ ။ နာမ် နာမ်။

ကျွန်တော် ။ ။ နာမ်ပဲပေါ့။ အဲ့တော့နောက်ဆုံးအဲ့ဒီစွဲလမ်းစိတ်က ဘာဖြစ်လဲ၊ ခန္ဓာငါးပါးဖြစ်ပျက်ပဲပေါ့။ ဟိုက (ကိုယ့်ရဲ့မောင်) ဆိုတဲ့ဟာကလည်း ခန္ဓာငါးပါးဖြစ်ပျက်ပဲပေါ့။ သူ့ခန္ဓာငါးပါးမှာ သူဘာသူဖြစ်ပျက်နေတာပေါ့။ ဒီမှာလည်း ကိုယ့်ခန္ဓာငါးပါးမှာ ကိုယ့်ဟာကိုယ်ဖြစ်ပျက်နေတာပေါ့။ အဲ့တော့ ကိုယ့်ခန္ဓာငါးပါးမှာဖြစ်ပျက်နေတာဘာတွေ၊ ရုပ်ရယ် စိတ်ရယ် စေတသိတ် ရယ်ပေါ့။ အဲ့တော့အဲ့ဒီ ကိုယ့်ခန္ဓာငါးပါးမှာဖြစ်ပျက်နေတဲ့အထဲက ဘာကိုရှုမလဲ ရွေးရတာပေါ့။ ဘာကိုရှုမလဲ စိတ်ကိုရှုမယ် စိတ်ကိုရှုမယ်ဆိုတော့၊ သတိရတယ်ဆိုရင် သတိရတဲ့စိတ်မဟုတ်ဘူးလား။ သတိရတဲ့စိတ်ကဖြစ်ပြီးပျက်သွားတယ် မဟုတ်ဘူးလား။ ဟုတ်လား။ သတိရတဲ့အခါကျတော့ မြင်ယောင်တဲ့စိတ် ဖြစ်လာတယ်။ မြင်ယောင်တဲ့စိတ်ဖြစ်လာတော့ မြင်ယောင်တဲ့စိတ်ဖြစ်ပြီး ပျက်သွားတယ်မဟုတ်ဘူးလား။ မြင်ယောင်တဲ့စိတ်ဆိုတော့ မြင်စိတ်ပဲဖြစ်ဖြစ်၊ မြင်ယောင်တဲ့စိတ်ပဲဖြစ်ဖြစ်အတူတူပဲပေါ့။ ဘာကွာလို့လဲ ဟုတ်တယ်မလား။ မြင်ယောင်တယ်ဆိုတာက တကယ်မျက်စိပွင့်ရင်မြင်တာ။ မျက်စိပိတ်ထားရင် မြင်ယောင်တာ၊ ဒီလိုပဲပြောတာပဲလေ။ ဒါပေမဲ့တကယ့်တကယ် (အဲ့ဒီကိစ္စကိုကြည့်ရင်) မြင်ယောင်တာပဲဖြစ်ဖြစ်၊ မြင်တာပဲဖြစ်ဖြစ်၊ နှစ်ခုလုံးသည်မြင်စိတ်ပဲဖြစ်တာ မဟုတ်ဘူးလား။ ဟုတ်တယ်မလား။ ခွဲပြီးပြောနေတော့ရောဘာထူးမှာလဲ။ စိတ်ပဲလေ ဟုတ်လား။ (အဲ့ဒီစိတ်ကိုလည်း) မြင်စိတ်လို့ပဲပြောတယ်လေ။ ငြင်းလို့မှမရတာ။ ဟုတ်တယ်မလား။ မြင်ယောင်စိတ်နဲ့ မြင်စိတ်လို့။

ဒေါ်မြင့်မြင့် ။ ။ ဒီတော့စိတ်ဆိုတဲ့ ပညတ်နဲ့ ပုံရိပ်ဆိုတဲ့တစ်ခုခုအနေနဲ့ယူလိုက်တာ၊ ယူလိုက်တဲ့ သဘော ဖြစ်သွားတာ။

ကျွန်တော် ။ ။ အေးပေါ့။ မြင်စိတ်ကို ကြောက်ပြီးဖွဲ့လိုက်သလိုဖြစ်မယ်ဆိုရင်တော့၊ အဲ့တော့ မြင်စိတ်ကမြင်စိတ်။ ဥပမာ ထားပါတော့။ ဒီမှာရေမြင်တယ် ဟုတ်လား။ ရေကိုမြင်တယ်။ ကျွန်တော်တို့ကမျက်စိနဲ့မြင်တယ်။ မြင်တော့ ကျွန်တော်တို့က ဒီရေကိုမြင်တယ်ဆိုလို့ရှိရင် ဒီရေနဲ့ဟုတ်လား၊ စိတ်ကူးထဲကရေနဲ့ကဘယ်လိုကွာလဲ။ ဘာဖြစ်လဲ။ ကြံစည်စရာလိုလား မလိုဘူးနော်၊ ဘာအကျိုးထူးလဲ ဘာအကျိုးမှမထူးဘူး။

ဒေါ်မြင့်မြင့် ။ ။ ရှုရင်းရှုရင်း ဓာတ်လေးပါး။ ဓာတ်လေးပါးရှုတုန်းကအတိုင်းရှုတော့မယ်နော်။

ကျွန်တော် ။ ။ အေးပေါ့။ ဒါလည်း ရုပ်ပါပဲလားပေါ့ ပြီးပြီလေ။ ဒါပဲပေါ့၊ ဒါကရုပ်ပေါ့။ အဲ့ဒါကိုမြင်တာကမြင်စိတ်ပေါ့။ မြင်စိတ်ဖြစ်ပျက်ပေါ့။ နာမ်ပေါ့။ ရုပ်နဲ့နာမ်ပေါ့။ ဒီလိုမျိုးရှုရမှာပေါ့။ ဟုတ်တယ်မလား။ အဲ့တော့မြင်ယောင်ပြီးရှုတယ်ဆိုတာ အဓိပ္ပါယ်မှမရှိတာ။ ဦးမောင်မောင်တို့ကဘာဖြစ်လဲဆိုတော့ အသက်ကြီးတယ်၊ အသက်ကြီးလာတယ်။ အသက်ကနည်းနည်းကြီးတယ်လို့ အသက်အရွယ်တစ်ခုရောက်နေပြီ။

ဒေါ်မြင့်မြင့် ။ ။ ဦးမောင်မောင်ကသေသွားပြီထင်တယ်။

ကျွန်တော် ။ ။ သေသွားပြီ။ သူတို့တရားထုတ်တဲ့၊ သူတရားထုတ်တဲ့အချိန်ကပြောတာ။ ဖြစ်ပျက်တွေဘာတွေရှုတဲ့အခါကျ တော့ မအောင်မြင်ဘူး။ မိုးကုတ်ဆရာတော်ကြီး ပြောတဲ့ဖြစ်ပျက်ရှုတာတွေတို့ ဘာတို့လုပ်တဲ့အခါကျတော့ မအောင်မြင်ဘူး။ ဘာဖြစ်သွားလဲဆိုတော့၊ သူ့ဟာသူ အသက်ကြီးတဲ့အခါကျတော့၊ သူ့ဟာသူအစွဲအလမ်း များတဲ့အခါကျတော့၊ ဟိုသားသမီးကို မြင်ယောင်တယ်။ ဟိုဟာကိုမြင်ယောင်တယ်။ အဲ့လိုမြင်ယောင် လိုက်တယ်။ မြင်ယောင်လိုက်တဲ့အခါကျတော့ သူကဘယ်လိုမျိုး ဖြစ်လဲဆိုတော့ သူသားသမီးမှာ သူစိတ်ပူတယ်။ စိတ်ပူတယ်။

ဒေါ်မြင့်မြင့် ။ ။ ဆရာ ဦးမောင်မောင်ကလူပျိုကြီး။

ကျွန်တော် ။ ။ ကျွန်တော်ကအဲ့ဒါတွေ မသိဘူးလေ။ အဲ့ဒါဆိုလည်း ဆွေမျိုးပေါ့။ သူ့ဆွေမျိုး တစ်ခုခုပေါ့ ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ပေါ့ဗျာ။ ဘယ်သူဘယ်ဝါလဲရယ်လို့တော့ ကျွန်တော်မပြောဘူးပေါ့။ ဦးမောင်မောင်အယူဝါဒကိုလိုက်တဲ့လူတွေကကျတော့ များသောအားဖြင့်က သက်ကြီးပိုင်းတွေ။ သက်ကြီးပိုင်းတွေကတော့ သူတို့ကအဲ့လိုမျိုး တွေများတယ်လေ။ မြင်ယောင်တာတွေများတာကိုး။ အဲ့တော့မြင်ယောင်လိုက်တယ်ဆိုတာမှာ သား ကိုမြင်ယောင်တာ၊ မြင်ယောင်တဲ့အခါသူကဘာကိုစဉ်းစားမိလဲဆိုတော့၊ သူကမြင်ယောင်တဲ့ အခါမှာ ငါ့သားကဘယ်လိုဆိုးတယ်၊ ဘယ်လိုကောင်းတယ်၊ ဘာတွေဖြစ်နေမှာ၊ ကျန်းမာရေးက။

ဒေါ်မြင့်မြင့် ။ ။ တွေးစိတ် ဖြစ်သွားပြီ။

ကျွန်တော် ။ ။ ဗျာ။

ဒေါ်မြင့်မြင့် ။ ။ တွေးစိတ်ကိုပြန်ရှုတော့မှာ၊ တွေးစိတ်ဖြစ်သွားမယ်။

ကျွန်တော် ။ ။ အဲ၊ ကျွန်တော်ပြောပြမယ်။ ဘယ်လိုဖြစ်လဲဆိုတာကို ပြောပြမယ်။ အဲ့တော့အဲ့ဒါတွေက ငါ့သားကဘယ်လိုဖြစ်နေမှာ၊ သူကဘယ်လိုဖြစ်နေမှာ၊ သူကဟိုလိုစိတ်ဓာတ်တွေရှိတယ်၊ အခုဆိုရင်သူကဘယ်လိုပူပင်နေမှာ၊ ဘာတွေဖြစ်နေမှာ၊ ကောင်းပါ့မလား။ အဆင်ပြေလည်းပြေနေမှာပေါ့။ အဆင်မပြေလည်းမပြေနေမှာပေါ့။ အဲ့ဒါတွေးမိတယ်။ တွေးမိတဲ့အခါကျတော့ သူဘာတွေးမိလဲဆိုတော့၊ ဟာ ဒါကငါ့စိတ်ထဲမှာပေါ်နေတဲ့သားသမီးပဲ။ ငါယူဆထားတဲ့ သားသမီးပဲ။ အဲ့ဒါကြီးကဓမ္မာရုံပဲ။ ဟုတ်လား။ မမှန်ဘူးလားဆိုတော့မှန်တယ်။ ဒါပေမဲ့ သားသမီးဆိုတာပညတ်လေ။ ပညတ်ဆိုတာ ဓမ္မာရုံပဲပေါ့။ မှန်တယ်။ ဒါကြီးကဓမ္မာရုံပဲ။ တကယ့်သားသမီးက ငါကဟိုလိုဖြစ်မယ်၊ ဒီလိုဖြစ်မယ်ထင်နေပေမယ့် တကယ့်သားသမီးက အဲ့လိုဖြစ်ချင်မှဖြစ်မှာကိုး။ အတ္တကမပြုတ်ဘူး။ သားသမီးလို့ပဲမြင်တယ်။ ရုပ်၊နာမ်လို့မမြင်ဘူး။ ခန္ဓာငါးပါးလို့မမြင်ဘူး။ ကိုယ့်ကိုယ်ကိုလည်း ခန္ဓာငါးပါးလို့မမြင်ဘူး။

မမြင်တဲ့အခါကျဘာစဉ်းစားမိလဲ။ ရိုးရိုးလောကီအနေနဲ့ပဲစဉ်းစားမိတယ်။ ဟုတ်လား။ ဪ၊ ငါက သူ့ကိုဒီလိုဒီလို ဖြစ်လိမ့်မယ်လို့တွေးပေမယ့် လက်တွေ့မှာတော့ သူကဖြစ်ချင်မှ ဖြစ်မှာဆိုပြီးတော့ စဉ်းစားမိတယ်။ စဉ်းစားမိတဲ့အခါကျတော့ ဒီမှာပုံဖော်တာသည် တကယ် တကယ့်ကအရိပ်ပဲ။ ဓမ္မာရုံပဲ။ အဲ့တာသည် သတ္တဝါမဟုတ်ဘူး။ တကယ့်သတ္တဝါမဟုတ်ဘူး။ သူက အနတ္တကိုဉာဏ်မရှင်းဘူး။ ပုထုဇဉ်သဘာဝက အနတ္တကိုဉာဏ်မရှင်းဘူး။ ဉာဏ်မရှင်းတဲ့ အခါကျတော့ဘာဖြစ်လဲ။ ဪ သမုဒယဆိုရင် သမုတိသစ္စာဆိုတာကရှိနေပြန်တာကိုး။ သမုဒယဆိုလို့ရှိရင် တကယ့်သားသမီးကရှိတာပဲ။ ဪ တကယ့်သားသမီးကို သတ္တဝါ မဟုတ်ဘူးလို့ရှုလို့တော့မရဘူး။ ဒီမှာပေါ်တဲ့အရိပ်က သတ္တဝါမဟုတ်ဘူးလို့ပဲ ရှုရမှာပဲလို့ သူတို့ထင်လိုက်တယ်။ ထင်လိုက်တဲ့အခါကျတော့ မျက်စိကမြင်တာက အရိပ်။ ဒါအရိပ်။ အကောင်မဟုတ်ဘူး။ အဲ့ဒါသည်သတ္တဝါမဟုတ်ဘူး။ ဒီလိုရှုတယ်။ သဘောပေါက်လား ကျွန်တော် ပြောတာ။ အဲ့လိုဖြစ်သွားတာ သူတို့အယူအဆက။ တွေ့လား။ တကယ့်တကယ်ကဘာမှမဟုတ်ဘူး။ ရှုရမှာကအဲ့လိုရှုရမှာ မဟုတ်ဘူး။ သဘောပေါက်လား။

ဒေါ်မြင့်မြင့် ။ ။ လမ်းလွဲသွားတာ။

ကျွန်တော် ။ ။ လွဲသွားတာ လမ်းလွဲသွားတာ။ ကိုယ်သည်လည်းခန္ဓာငါးပါးဖြစ်ပျက်ပဲ။ ကိုယ့်ရဲ့မောင်ပဲဖြစ်ဖြစ် အကိုပဲ ဖြစ်ဖြစ် ဆွေးမျိုးပဲဖြစ်ဖြစ် ကိုယ်သတိရတဲ့ဟာသည်လည်း ခန္ဓာငါးပါးဖြစ်ပျက်ပဲ၊ သားသမီးပဲဖြစ်ဖြစ်၊ မိဘပဲဖြစ်ဖြစ်၊ အဲ့တာသည်လည်း ခန္ဓာငါးပါးဖြစ်ပျက်ပဲ။ ဟုတ်ပြီလား၊ အဲ့တော့ခန္ဓာငါးပါးဖြစ်ပျက်ခြင်း ဖြစ်ပျက်နေတာပဲ၊ သူ့အတွက်ပူပင် တယ်၊ အဲ့တာသည် လည်းခန္ဓာငါးပါးဖြစ်ပျက်ပဲ။ သဘောပေါက်လား။ ဘာကြောင့်သူ့အတွက်ပူပင်မှုဖြစ်လဲ၊ သူ့ကိုခန္ဓာငါးပါးလို့ မမြင်ဘဲနဲ့ သတ္တဝါလိုမြင်ထားလို့ ပူပန်မှုဖြစ်တာ။ ဟုတ်လား။ အဲ့တော့ အပြင်မှာလည်းသတ္တဝါမရှိဘူး။ ဟုတ်လား။ ငါသည်လည်း သတ္တဝါမဟုတ်ဘူး။ ဒီလိုရှုရမှာ။ ကျနော်ပြောတာသဘောပေါက်လား။ နားလည်တယ်နော် အဲ့လိုရှုရမှာ။ ဟုတ်လား။ အဲ့ဒါမှ နာမ်အကြောင်းအမှန်။ ဟုတ်လား။ အဲ့မှာနောက်တစ်ခုရှိသေးတယ်။ သူကဘာထပ်မှား လည်းဆိုတော့ ရုပ်ကို အဖြစ်တရား၊ ရုပ်နာမ်ကအဖြစ်တရား၊ နိဗ္ဗာန်ကအရှိတရား ဆိုပြီး သူကနောက်တစ်ခါထပ်ပြီးတော့ယူလိုက်ပြန်တယ်။ အဲ့ဒါရော ကြားဖူးလား။ အဖြစ်တရားနဲ့ အရှိတရားဆိုတာ ကြားဖူးလား။ အင်း ကြားဖူးလား။

ဒေါ်မြင့်မြင့် ။ ။ အဖြစ်တရားဆိုတာ ၊

ကျွန်တော် ။ ။ အဖြစ်တရားဆိုတာတကယ်မရှိဘူး။ အဖြစ်တရားဆိုတာတကယ်မရှိဘူး။ အဖြစ်တရား။ ဘာဖြစ်လို့လဲ ဆိုတော့ ရုပ်တွေဟာဖြစ်နေလို့၊ ရုပ်တွေကဖြစ်ပြီးပျက်နေတာ။ အဲ့ ကြောင့်မို့ ရုပ်တွေက အဖြစ်တရား။ တကယ်ရှိတာမဟုတ်ဘူး။ တကယ့်တကယ် အဲ့တာက ဘာဖြစ်လဲဆိုတော့ မှားနေတာ၊ ဘယ်လိုမှားလဲဆိုတော့ ရုပ်ကအရှိတရား၊ နာမ်ကအဖြစ်တရား။ အဲ့စကားလုံးသုံးကြည့်မယ်။ နိဗ္ဗာန်ကအရှိတရား။ ဟုတ်လား၊ အဲ့လိုပြောရတယ်။ ဘာဖြစ်လို့ ရုပ်ကအရှိတရားလို့ပြောလဲ။ ရုပ်ဆိုတာဖောက်ပြန်ပျက်စီးတာ မဟုတ်ဘူးလား၊ ရုပ်ကဖြစ်ပျက် တယ်လို့ခေါ်လား၊ ဖောက်ပြန်ပျက်စီးတယ်လို့ခေါ်လား။ ဖောက်ပြန်ပျက်စီးတာရုပ်က။ ဖောက်ပြန် ပျက်စီးခြင်းဆိုတဲ့တရားသည် ဖောက်ပြန်ပျက်စီးစရာရှိလို့ ဖောက်ပြန်ပျက်စီးတာ မဟုတ်ဘူးလား။ သဘောပေါက်လား။

အဲ့တော့ဖောက်ပြန်ပျက်စီးကရှိမနေဘူးလား၊ ရှိတာပေါ့။ အဲ့ဒါတွေက ကျွန်တော်တို့ သိပ္ပံနည်းကျတွေးရင်ရော အဲ့တာကဘာတွေလဲ အက်တမ်တွေပေါ့၊ မော်လီကျူးတွေပေါ့။ အဲ့ဒီကနေ ဆဲလ်တွေပေါ့။ ဟုတ်လား။ ကျွန်ုပ်တို့ခန္ဓာကိုယ်မှာ ဆဲလ်တွေနဲ့ဖွဲ့စည်းထားတာပဲလေ။ အတွင်းထပ် စိပ်လိုက်ရင် မော်လီကျူးတွေပေါ့။ အဲ့ဒီကနေ ထပ်စိပ်လိုက်ရင် အက်တမ်တွေပေါ့။ ဟုတ်လား။ အဲ့ဒါတွေကနေ ဆဲလ်တွေကသေလိုက်၊ သေတဲ့ဟာကသေသွားတယ်။ အသစ်ဖြစ်တဲ့ ဟာကဖြစ်တယ်။ အဲ့လိုမျိုးဖြစ်တယ်။ တဖြည်းဖြည်းနဲ့ အိုမင်းရင့်ရော်လာတယ်၊ ဟုတ်လား၊ သေတဲ့ဆဲလ်တွေ များလာတယ်။ အဲ့ဒါဘာဖြစ်တာလဲ အဲ့ဒါဖောက်ပြန်ပျက်စီးနေတာ။ ဖောက်ပြန်ပျက်စီးနေတဲ့ ရုပ်ကြီးကို အဖြစ်တရားလို့ ယူလိုက်တဲ့အခါကျတော့ တကယ်ရှိတာကြီးကို မရှိဘူးလို့ယူသလိုဖြစ်သွားရော။ အမှန်ကိုမမြင်တော့ဘူး။ ဟုတ်လား။ ဒါပေမဲ့ ဘာက အဖြစ်တရားလို့ပြောလို့ရလဲ။ နာမ်ကအဖြစ်တရား။ အကြောင်းတိုက်ဆိုင်ရင် သူဘာသူဖြစ်လာတာ၊ အစောကြီးထဲကနာမ်ကြီးကရှိနေတာမဟုတ်ဘူး၊ နာမ်ကြီးကအကြောင်းတိုက်ဆိုင်လို့ဖြစ်လာတာ။ ပြီးရင်ဘာဖြစ်တာလဲ ပျက်သွားတယ်။ ဟုတ်လား။

အနိစ္စချင်းတူပေမယ့် ရုပ်ကိုဘာလို့မမြဲဘူးလို့ပြောတာလဲ၊ ဖောက်ပြန်ပျက်စီးလို့ မမြဲဘူးလို့ပြောတာ။ နာမ်ကိုကျတော့ဘာလို့ မမြဲဘူးပြောတာလဲ၊ ဖြစ်ပြီးပျက်နေလို့ မမြဲဘူးပြောတာ။ သဘောပေါက်ပြီလား။ ပေါက်လား။ နားလည်တယ်နော်။ အဲ့တော့ အဲ့နှစ်ခုကိုကျွန်တော်တို့က ရောပြီးတော့ရုပ်ကောနာမ်ကော နှစ်ခုလုံးဖြစ်ပျက်နေပါ တယ်လို့ပြောလို့မရဘူး။ အဲ့ဒါ သူတို့ရဲ့နောက်ထပ်အမှားတစ်ခု။ ဘာဖြစ်လဲ ခုနအာရုံမှာဘာဖြစ်နေလဲ ရုပ်ရောနာမ်ရောတွဲပါ မနေဘူးလား။ အဲ့ဒါကို အဲ့အာရုံအကုန်လုံးကို ဖြစ်ပျက်ပါလို့ယူလိုက်တော့ အာရုံကို အဖြစ်တရားလို့ယူလိုက်တော့၊ ရုပ်ရော နာမ်ရောအဖြစ်တရားလို့ ယူလိုက်သလို ဖြစ်မသွားဘူးလား၊ တကယ်မှန်လား၊ မမှန်ဘူး။ ရုပ်ကအရှိတရားဖြစ်နေတယ်။ နာမ်က အဖြစ်တရားဖြစ်နေတယ်။ အဲ့နှစ်ခုကိုပေါင်းပြီးအဖြစ်တရားလို့ပြောလိုက်တော့ မှားသွားရော။ အဲ့တော့ အမှန်တရားဆီကို မရောက်တော့ဘူး။ သဘောပေါက်ပြီလား။

ရုပ်ကိုရှုတဲ့သူက ရုပ်သည်ဖောက်ပြန်ပျက်စီးစေခြင်းအားဖြင့် မမြဲဘူးလို့ ရှုရတယ်။ နာမ်ကိုရှုတဲ့သူကဘာကိုရှုရလဲ။ နာမ်သည်ဖြစ်ပြီးပျက်ခြင်းအားဖြင့် မမြဲဘူးလို့ရှုရတယ်။ နားလည်လား။ ရတယ်နော်။ အဲ့တော့ ကျွန်တော်တို့ကရှုရမှာက ခုနကစိတ်ကိုရှုရမှာဟုတ်ပြီလား။ စိတ်ကိုရှူတယ်ဆိုတာက အကုန်လုံးကစိတ်တွေပဲ မဟုတ်ဘူးလား။ မြင်တယ်။ မြင်စိတ်မဟုတ်ဘူးလား။ ဟုတ်လား။ ဟို ဒီနေရာမှာဒီရေဘူးရှိတယ်။ ကျွန်တော်ကမြင်တယ်။ ဒါပေမဲ့ ကျွန်တော်မြင်တာက ဒီရေဘူးမှာရှိတဲ့သဏ္ဍာန်ကိုမြင်တာ၊ ဟုတ်လား။ သူ့အထဲထဲမှာပါတဲ့ အက်တမ်တွေကိုလည်းမြင်တာ မဟုတ်ဘူး။ သူ့ထဲမှာပါတဲ့ဓာတ်ကြီးလေးပါးကို မြင်တာလည်းမဟုတ်ဘူး။ အဲ့တာကို ကျွန်တော်လိုက်ရှုလို့မရဘူး။ စိတ်ကူး ယဉ်သလိုဖြစ်နေမယ်။ ဟုတ်လား။

အဲ့တော့ကျွန်တော်က ရေဘူးကိုမြင်တာလား။ ရေဘူးဆိုတာကို အလင်းကလာထိတယ်။ အဲဒီ အလင်းဖိုတွန်က ဒီကနေတိုက်လာပြီးတော့ ကျွန်တော့်မျက်လုံးကိုလာထိတယ်။ ထိတဲ့အခါမှာ အဲဒီနှစ်ခုတိုက်ပြီးထိတဲ့အတွက်ကြောင့်မို့လို့ မြင်စိတ်ဖြစ်လာတာ။ မြင်စိတ်ဖြစ်လာတာ။ ကျွန်တော်ပြောသဘောပေါက်လား။ သဘောပေါက်လား။ ဒါဆိုလို့ရှိရင် ကျွန်တော်တို့က ရုပ်ကြီးကိုရှုလို့ရလား။ မရဘူး။ ကျွန်တော်တို့ဘာပဲဖြစ်လဲ။ မြင်စိတ်ပဲဖြစ်တယ်။ သဘောပေါက်လား။ ရုပ်ကိုရှုလို့မရဘူး မြဲမြဲမှတ်ထား။ ဟုတ်ပြီလား။ ဒါဆိုလို့ရှိရင်မေးစရာရှိတယ်။ ကာယာနုပဿနာဆိုတာရှိတာပဲ။ ကာယာ နုပဿနာရှုတာပဲ။ ဟုတ်လား။ ကာယာနုပဿနာကရုပ်ကိုရှုတဲ့ဟာလေ၊ ဝင်လေထွက်လေကိုရှုရတယ်။ ဘယ်လိုရှုရလဲ။ ဝင်လေသည်လည်းရုပ်ပဲ ထွက်လေသည်လည်းရုပ်ပဲဆိုပြီး ရှုရတယ်။ ပြီးရင် ဝင်လေကအတိုအရှည် သိလိုတာ ထပ်ရှုရတယ်။ ထားပါတော့၊ ပြီးလို့ရှိရင် ခန္ဓာကိုယ်ရဲ့ဓာတ်ကြီးလေးပါးကိုရှုရတယ်။ အဲ့တော့ အဲဒီမှာခန္ဓာကိုယ်မှာထားပါတော့၊ ပူတယ်ဆိုပါစို့။ ပူတယ်ဆိုတာ ရုပ်လား ဝေဒနာလား။

ဒေါ်မြင့်မြင့် ။ ။ ကာယဝိညာဏ် ။

ကျွန်တော် ။ ။ ဗျာ ၊ တေဇောဓာတ်လေ။ တေဇောဓာတ်ကိုရှု၊ ဓာတ်ကြီးလေးပါး ရှုတာကိုပြောနေတာ ။

ဒေါ်မြင့်မြင့် ။ ။ ပူတယ်လို့သိနေရင်၊

ကျွန်တော် ။ ။ ဓာတ်ကြီးလေးပါးရှုလို့ရှိရင် ပူရင်တေဇောဓာတ်လို့ ရှုတယ်လေဟုတ်တယ်မလား။ ဟုတ်တယ်နော်။ အဲ့တာကိုပဲပြောတာ။ တေဇောဓာတ်လို့ရှုတယ်လေ၊ အဲ့တော့ တေဇောဓာတ်ဆိုတာရုပ်လားနာမ်လား။

ဒေါ်မြင့်မြင့် ။ ။ ရုပ်။

ကျွန်တော် ။ ။ ရုပ်၊ ဟုတ်ပြီ။ ကျွန်တော်ပြောတာကတေဇောဓာတ်က ရုပ်ဆိုတာကျွန်တော်လက်ခံတယ်။ ဟုတ်ပြီနော်။ အဲ့တော့ပူတာကရုပ်လား နာမ်လား။

ဒေါ်မြင့်မြင့် ။ ။ ပူတယ်သိတာ နာမ်။

ကျွန်တော် ။ ။ နာမ်၊ နာမ်ထဲမှာဘယ်ဟာလဲ။

ဒေါ်မြင့်မြင့် ။ ။ ဝိညာဉ်။

ကျွန်တော် ။ ။ မဟုတ်ဘူးလေ ပူတယ်ဆိုတာကဘာလဲ။ နာမ်၊ နာမ်ကဘာရှိလဲ။ နာမ် လေးပါးပြော၊ ပြန်ပြော ဝိညာဉ်ရယ်၊ သညာရယ်၊ ဝေဒနာရယ်၊ သင်္ခါရရယ်။ ပူတာဘာလဲ။

ဒေါ်မြင့်မြင့် ။ ။ ဝေဒနာ။

ကျွန်တော် ။ ။ ဝေဒနာပေါ့ဟုတ်ပြီလား။ အဲ့တော့ ရုပ်ကိုရှုတဲ့လူကဘယ်ကနေတစ်ဆင့် ရှုတာလဲ၊ ဝေဒနာက တစ်ဆင့်ခံပြီးတော့ ရှုတာ။ သဘောပေါက်လား။ ကျွန်တော်တို့ကရုပ်ကိုရှုလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှုတဲ့ဟာသည် နာမ်ဖြစ်နေလို့။ အဲ့ဒါကတရားက တော့နည်းနည်း တော့မြင့်မယ်။ နားလည်လား။ ရုပ်ကို ရှုလို့မရဘူး။ ရုပ်ကိုရှုရင်ဘယ်လိုရှုရလဲ။ ဒီရုပ်ကြီးကိုကြည့်ပြီး ရှုမှပဲရမယ်။ သဘောပေါက်လား။

ဒေါ်မြင့်မြင့် ။ ။ မြင်မှမမြင်ရတာ။

ကျွန်တော် ။ ။ အေးပေါ့။ ကိုယ်မြင်ရတာကိုက မြင်စိတ်ဖြစ်နေတာကိုး။ သဘောပေါက်လား။ အဲ့တော့ မျက်စိမှိတ်ပြီးတော့ပဲ ရုပ်ရဲ့လှုပ်ရှားတယ်ဆိုလို့ရှိရင် ရုပ်ရဲ့လှုပ်ရှားမှုမှာဖြစ်သွားတဲ့ ဝါယောဓာတ်ရဲ့တွန်းထိုးမှုလေးတွေရဲ့ သဘော၊ အဲ့ဒါလေးတွေက ဘာတွေလဲ။ တကယ့်တကယ် ကျတော့ဝေဒနာပဲ။ ဒီလိုဝေဒနာပေါ်လာရင် ဒါ ဝါယောဓာတ်ရဲ့တွန်းထိုးမှု သဘောဖြစ်လိမ့်မယ် ဆိုပြီးတော့ စိတ်ကမှတ်သားထားလိုက်တယ်။ မှတ်သားထားလိုက်ပြီးတော့ ဒီဘက်ကလှုပ်ရှား လိုက်တဲ့အခါမှာ ဝါယောဓာတ်တွေဖြစ်ပျက်နေတာပဲ။ မမှန်ဘူးလား။ မှန်တယ်။ ရှုလို့မရဘူးလား။ ရတယ်။ ဒါပေမဲ့ပြောချင်တာက ဘာကို ပြောချင်တာလဲ။ တစ်ဆင့်ခံရှုတာပါဆိုတာကို ပြောတာ။ သဘောပေါက်ပြီလား။ ပေါက်လား။ ရလား။ ရတယ်နော်။

ဒေါ်မြင့်မြင့် ။ ။ အိုက်တယ်လို့ခံစားရတာ ဝေဒနာပေါ့။

ကျွန်တော် ။ ။ အေးပေါ့။ဝေဒနာပဲပေါ့။ ဒုက္ခဝေဒနာခံစားစိတ်ပေါ့။ အိုက်တယ်ဆိုတာ ဟုတ်လား။ အဲ့လိုပုံစံမျိုးပေါ့။ အဲ့တော့ ကျွန်တော်တို့စိတ်ကိုရှုတဲ့သူက ဘာသိရမလဲ။ အကုန်လုံးသည် စိတ်တွေကြီးပဲဆိုတာ သိရမှာပေါ့နော်။ မြင်တယ်။ ရုပ်တွေကိုမြင်တာလည်းမဟုတ်ဘူး။ ဟုတ်လား။ ရုပ်တွေကိုမြင်တယ်လို့ ပြောချင်လည်းပြောလို့ရတယ်။ ပြဿနာမရှိဘူး။ ဟုတ်လား။ ဒါပေမဲ့နာမ်ကိုမြင်တယ်လို့တော့ ပြောလို့မရဘူး။ နာမ်ဆိုတာ မြင်အပ်တဲ့အရာမဟုတ်ဘူး။ သဘောပေါက်လား။ သဘောပေါက်လား။ ဓမ္မာရုံဆိုတာဘာလဲ၊ ရုပ်လားနာမ်လား။ စဉ်းစား စဉ်းစားရတယ်။

ဒေါ်မြင့်မြင့် ။ ။ ဒါပေမဲ့ သိတာကစိတ်ဖြစ်သွားပြီ။

ကျွန်တော် ။ ။ မဟုတ်ဘူး မဟုတ်ဘူး ရတယ်၊ ဓမ္မာရုံကိုပဲ ပြောတာ။ ဓမ္မာရုံဆိုတာပြန်စဥ်းစား။ ကျွန်တော်တို့စစချင်းမှာ ပြောခဲ့တဲ့ စကားရှိတယ်။ ဘာရှိလဲ အာရုံခြောက်ပါးကိုပြန်ပြော၊ အာရုံခြောက်ပါးကဘာတွေလဲ၊ ကိုယ့်ဟာကိုယ် ပြန်ရွတ်ကြည့်။

ဒေါ်မြင့်မြင့် ။ ။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ ၊ကြံတွေးစရာ။

ကျွန်တော် ။ ။ အင်း ဘယ်ဟာကဓမ္မာရုံလဲ။

ဒေါ်မြင့်မြင့် ။ ။ ကြံတွေးစရာ။

ကျွန်တော် ။ ။ အဲ့ဒါက ရုပ်လား နာမ်လား။

ဒေါ်မြင့်မြင့် ။ ။ နာမ်တရား။

ကျွန်တော် ။ ။ နာမ်၊ ပညတ်ဟုတ်ပြီလား။ ဒါပေမဲ့ဥပမာဆိုပါဆို့ ပညတ်ဆိုတဲ့အခါကျတော့ သူတို့ကဘာပြဿနာ တက်သေးလဲဆိုတော့။ ဥပမာဆိုပါဆို ကျွန်တော်ဆို ထက်အောင် လို့ရေးထားတယ်။ အဲ့ဒါ ပညတ်မဟုတ်ဘူးလား။ အဲ့ဒီ ထက်အောင် ဆိုတဲ့စကားလုံးက ရုပ်လား နာမ်လား။ ဒီမှာ ဒီဟာကြည့်။ ရုပ်လားနာမ်လား။

ဒေါ်မြင့်မြင့် ။ ။ မြင်စိတ်ဆိုပေမဲ့ ။

ကျွန်တော် ။ ။ ဒါက ရုပ်ကြီးဖြစ်မနေဘူးလား။ စာလုံးစာရွက်ပေါ်မှာရေးထားတာ ရုပ်ကြီးပဲ မဟုတ်ဘူးလား။ စာရွက်က ရုပ်လေ။

ဒေါ်မြင့်မြင့် ။ ။ အဆင်းရုပ်။

ကျွန်တော် ။ ။ ဟမ်၊ အဲသူ့ပေါ်မှာရေးထားတဲ့စကားလုံးက ဘာဖြစ်နေတာလဲ။ စကားလုံးက။

ဒေါ်မြင့်မြင့် ။ ။ ရုပ်။

ကျွန်တော် ။ ။ ရုပ်ပဲပေါ့။ ဘာရုပ်လဲဆိုတော့ ဆေးတွေပေါ့။ ဆေး။ ဆေးတွေပေါ့။ ဆေးရုပ်တွေဘာတွေပြောမနေနဲ့ ဆေး။ ဟုတ်လား။ ဆေးချယ်ထားတာကို ဟုတ်တယ်မလား။ ဒီအရောင်ပါတဲ့ ဆေးပေါ့။ အဲ့ဆေးကလည်းရုပ်ပဲ မဟုတ် ဘူးလား။ အဲ့တော့ အဲ့ရုပ်ကပုံသဏ္ဌာန် ဖြစ်သွားတဲ့အခါကျတော့ ကျွန်တော်တို့မှာနားလည်မှုဖြစ်လာတာ မဟုတ်ဘူးလား။ ကျွန်တော်တို့ နားလည်တယ်။ ထက်အောင်စကားလုံးရှိတယ်ပေါ့။ ထက်အောင်ဆိုတဲ့စကားလုံး ပညတ် မဟုတ်ဘူးလား။ ပညတ်။ ဟုတ်လား၊ ဒီဟာကြီးကပညတ်လား။ ဒါကြီးကရုပ်ကြီး။ ဟုတ်လား။ အရောင်ကွာခြားနေတဲ့ဆေးတွေ၊ သဘောပေါက်လား၊ ကျွန်တော် ပြောတာ။

ဒေါ်မြင့်မြင့် ။ ။ ထက်အောင်ဖြစ်တာ ဒီဘက်ကဖြစ်တာ၊

ကျွန်တော် ။ ။ အေး ထက်အောင်ဆိုတာနားလည်မှုက ဘာဖြစ်တာလဲ။ စကားလုံးပေါ်မှာ နားလည်မှုဖြစ်တာ၊ အဲ့တာက သညာနဲ့ပေါင်းပြီး နားလည်မှုဖြစ်တာ၊ ဒီဟာကြီးကိုကျတော့ သွားပြီးတော့ပြောလို့မရဘူး။ အဲ့တော့ အဲ့မှာလည်းသူတို့က တစ်ခေါက်ထပ်ရောတယ်။ ပညတ်ဆိုတဲ့အခါကျတော့ ပညတ်ကြီးက ရှုလို့ရတယ်ဆိုပြီးဖြစ်သွားပြီးတော့ ဒါကြီးကို ဓမ္မာရုံပါဆိုတဲ့အခါကျတော့ ရှုပ်ကုန်ရော။ ဒါကြီးကဓမ္မာရုံလား မဟုတ်ဘူး။ အဆင်းအာရုံ။ သဘောပေါက်လား။ အဲ့မှာနားလည်မှုကကျတော့ ဘာဖြစ်လဲဓမ္မာရုံ။ သဘောပေါက်သွားပြီလား။ သူ့ကိုကြည့်လိုက်တယ် ကြည့်လိုက်တဲ့အခါကျတော့ ဒီလိုစကားလုံးအသံ ထွက်ရမယ်၊ ဒီလိုအဓိပ္ပာယ်ထွက်ရမယ် ဆိုတာကိုသိတာ မဖြစ်လာဘူးလား။ အဲ့အသိဉာဏ်က ဘာနဲ့ပေါင်းပြီးဖြစ်တာလဲ။ သညာနဲ့ပေါင်းပြီး ဖြစ်တာမဟုတ်ဘူးလား။ ပညာနဲ့ပေါင်းပြီး ဖြစ်လိုက်တယ်။ ဖြစ်လိုက်တဲ့အခါကျတော့ စကားလုံး ပေါ်မလာဘူးလား။ အဲ့စကားလုံး ထက်အောင် ဆိုတဲ့စကားလုံး ခေါင်းထဲရောက်မလာဘူးလား။ အဲ့စကားလုံးကကျတော့ ပညတ် မဟုတ်ဘူးလား။ အဲ့တော့ ကြံတွေးမှု ဖြစ်လာတာမဟုတ်ဘူးလား။ အဲ့တော့ အဲ့ဒါနာမ်တရားမဟုတ်ဘူးလား။ အဲ့တော့ဓမ္မာရုံသည် ရုပ်လားနာမ်လား။ နာမ်ပေါ့၊ သဘောပေါက်ပြီလား။ ဓမ္မာရုံမှာပေါ်ချင်တာပေါ် အဲ့ဒါနာမ်ပဲ။ ဟုတ်လား။ ဘုရားဆိုပြီးတော့ ကြံစည်လိုက်တယ်။ အဲ့ဒါလည်းဘာဖြစ်လဲ။ ဓမ္မာရုံပဲ။ ဒါဘာဖြစ်လဲ။ ပညတ်လေ။ ပညတ်မှန်သမျှ ဓမ္မာရုံပဲ။ သဘောပေါက်လား။ ကြံတွေးစရာဆိုတာဘာလဲ။ ပညတ်တွေလေ။ စကားလုံးပညတ်တွေပေါ့။ ဥပမာ ရေ ဘာဖြစ်လဲ။ ဓမ္မာရုံ ပဲ၊ ဒီ ဒါကြီးက ဓမ္မာရုံလို့ပြောတာမဟုတ်ဘူး။ ရေဆိုတဲ့ စကားလုံးက ဘာလဲ၊ ပညတ်။ ဟုတ်လား၊ အဲဒီစကားလုံးကိုပဲပြောတာ။ သူကရုပ်မဟုတ်ဘူး အရူပ။ သဘောပေါက်ပြီလား ။ ဟုတ်ပြီလား။

ဒေါ်မြင့်မြင့် ။ ။ ကြံတွေးလိုက်တာဆိုတော့ နာမ်ဖြစ်သွားတာ။ ရေလို့ တွေးလိုက်တာ နာမ်ဖြစ်သွားတာ။

(အပိုင်း ၂ ကို ဆက်ဖတ်ပေးပါ)


Leave a Reply

Your email address will not be published. Required fields are marked *