ဒီတစ်ပတ်လုံး ခံစားချက်တွေအပေါ်မှာ “ငါ” လို့ အထင်မှားနေတာတွေကို လေ့လာခဲ့ကြတယ်။
သောတာပန် ဖြစ်တယ်ဆိုတာ ခံစားချက်တွေ လုံးဝ မရှိတော့တာကို ပြောတာ မဟုတ်ပါဘူး။ ခံစားချက်တွေပေါ်မှာ “ငါ့ခံစားချက်” လို့ ဆုပ်ကိုင်ထားတဲ့ အမြင်မှားလေး ပြုတ်ကျသွားတာပါ။ အဲဒီလို အရှိတရားကို မှန်မှန်ကန်ကန် မြင်သွားတဲ့အခါ ဘဝက အလိုလို ငြိမ်းချမ်းသွားပါတယ်။
ဒီပိတ်ရက်မှာ ဘာကိုမှ အတင်းမပြုပြင်ဘဲ၊ ကိုယ့်ဆီ ဝင်လာတဲ့ ခံစားချက်လေးတွေကို အေးအေးဆေးဆေး သိရုံလေးပဲ သိနေပေးလိုက်ပါ။ ဖြစ်ပြီးပျက်နေတဲ့ သဘောသာရှိတယ်ဆိုတာကို သတိထား ဟုတ်မဟုတ် စစ်ဆေးပြီး၊ လက်ခံနားလည်လိုက်ပါ။
အရာရာကို ငါဆိုတာမရှိဘူးဆိုတာကို ဆင်ခြင်ရင်း၊ ငါ့အလိုကျ မဖြစ်စေချင်တော့တဲ့အခါ စိတ်က ဘယ်လောက်တောင် ပေါ့ပါးသွားသလဲ ဆိုတာ သတိထားမိပါသလား?


Leave a Reply