ဒီတစ်ပတ်လုံး နေ့စဉ်ဘဝမှာ အာရုံတွေနဲ့ ထိတွေ့တိုင်း “ငါ” “သူ” မဟုတ်တဲ့ သဘောကို လေ့လာခဲ့ကြတယ်။
သောတာပန် ဖြစ်တယ်ဆိုတာ အဝေးကြီးကို လှမ်းနေရတာ မဟုတ်ပါဘူး။ နေ့စဉ် ကြုံတွေ့နေရတဲ့ ထိတွေ့မှုတွေအပေါ်မှာ ငါဆိုတဲ့ အစွဲမပါဘဲ အရှိကို အရှိအတိုင်း မှန်မှန်ကန်ကန် မြင်သွားတာပါပဲ။ အဲဒီအမြင်မှားလေး ပြုတ်ကျသွားတာနဲ့ ဘဝကြီးက ထူးဆန်းစွာ ငြိမ်သက်သွားပါတယ်။
ကျနော်ရေးတဲ့ စာတွေရဲ့ ရည်မှန်းချက်ကတော့ လူ၊ ရဟန်း အရိယာတတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါ။ ဒီလမ်းကို သွားဖို့ဆိုတာ အခုလို မိမိခန္ဓာမှာ ဖြစ်ပျက်နေတာတွေကို ကိုယ်တိုင် မြင်အောင်ကြည့်ခြင်းကနေပဲ စတင်ရတာပါ။
ဒီပိတ်ရက်မှာ အထူးတလည် ဘာမှမလုပ်ဘဲ၊ ကိုယ့်ဆီ ဝင်လာတဲ့ ထိတွေ့မှုလေးတွေကို အေးအေးဆေးဆေး သိရုံလေးပဲ သိနေပေးလိုက်ပါ။
အရာရာကို မရှိတဲ့ “ငါ” ရဲ့ အလိုကျ ဖြစ်ရမယ်လို့ မသတ်မှတ်တော့ပဲ အရှိအတိုင်း လက်ခံလိုက်တဲ့အခါ၊ ဘာကိုမှ ကိုယ့်အလိုအတိုင်း ဖြစ်ဖို့ မမျှော်လင့်တော့တဲ့အခါ၊ အကြောင်းအကျိုးကိုသာ ဉာဏ်နဲ့ဆင်ခြင်ပြီး အကောင်းဆုံးစီမံမယ်လို့ သဘောထားလိုက်တဲ့အခါ စိတ်က ဘယ်လောက် ပေါ့ပါးသွားမလဲ ဆိုတာကို စဉ်းစားကြည့်ပါ။


Leave a Reply