တကယ်တော့ အတိတ်ဆိုတာ အခုချိန်မှာ လုံးဝ မရှိတော့ပါဘူး။ အဲဒီ အဖြစ်အပျက်တွေကို ပြန်မှတ်မိနေတယ်ဆိုတာ အခု ပစ္စုပ္ပန်တည့်တည့်မှာ ပေါ်လာတဲ့ သညာ ဖြစ်ပျက်လေး သက်သက်ပါ။
အဲဒီ မှတ်သားမှု သညာလေး ဖြစ်လာပြီး ပြန်ပျက်သွားတာကို မသိတဲ့အခါ “ငါ အမှားလုပ်မိတယ်” ဆိုပြီး မလိုလားအပ်တဲ့ နောင်တတွေ ပူလောင်မှုတွေ ဖြစ်လာရတာပါ။ ကိုယ့်ကို နှိပ်စက်နေတာ အတိတ်က အဖြစ်အပျက်မဟုတ်ဘဲ အခု ပေါ်လာတဲ့ သညာလေးပါလားလို့ သိလိုက်ရင် စိတ်ဟာ အများကြီး ပေါ့ပါးသွားပါလိမ့်မယ်။
ခေါင်းထဲမှာ နောင်တရစရာ အတွေးပေါ်လာတိုင်း ဒါဟာ သညာ ဖြစ်ပျက်လေး သက်သက်ပါလားလို့ လေ့လာကြည့်ရအောင်။


Leave a Reply