အရင်က လုပ်ခဲ့တဲ့ အမှားတွေအတွက် နောင်တရတာ၊ အပြစ်တင်တာတွေဟာ လက်ရှိမှာ တကယ်ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ သညာ (နာမ်တရား) ရဲ့ ဖြစ်ပျက်မှုကို ငါအတိတ်လို့ မှားယွင်းစွာ ယူဆမှုကြောင့် ဖြစ်နေရတာပါ။
အတိတ်က အဖြစ်အပျက်တွေကို ပြန်လည်မှတ်သားထားတဲ့ သညာ လေးတွေ ပစ္စုပ္ပန်မှာ ပြန်ပေါ်လာတာ သက်သက်ပါ။ အဲဒီ သညာဖြစ်ပျက်လေးကို ငါ့အတိတ် လို့ ငါ အမှန်တကယ်ပဲလို့ ထင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်စက်နေကြတာပါ။ ဒါဟာ ငါမဟုတ် ငါ့သညာ မဟုတ်ပဲ အကြောင်းအကျိုး ဖြစ်နေတဲ့သညာရဲ့ ဖြစ်ပျက်မှု နဲ့ ငါ ရှိတယ် ဆိုတဲ့အထင်ရဲ့ လှည့်စားမှုပဲလို့ အရှိကိုအရှိအတိုင်း သိလိုက်ရင် ပူလောင်မှုတွေ ချက်ချင်း ရပ်တန့်သွားပါလိမ့်မယ်။
စိတ်ထဲမှာ နောင်တ ဒါမှမဟုတ် ကြောက်စိတ် ပေါ်လာတိုင်း ဒါဟာ သညာဖြစ်ပျက်သက်သက်ပဲ သညာဟာ ငါမဟုတ်ဘူးလို့ နှလုံးသွင်းကြည့် ပြီး ပစ္စုပ္ပန် ကို ရုပ်နာမ် ဖြစ်ပျက်ကို ပြန်ဆွဲခေါ်ကြည့်ရအောင်ပါ။


Leave a Reply