ဗုဒ္ဓသာသနာမှာ မှန်ကန်ခြင်းက အရေးကြီးပါတယ်။ မှန်ကန်မှုက ဘယ်လောက် အရေးကြီးလဲ ဆိုတော့ မဂ္ဂင် ရှစ်ပါးမှာ ပထမဆုံး မဂ္ဂင် ဟာ သမ္မာဒိဋ္ဌိ ပါ။ မှန်ကန်သော အယူလို့ အဓိပ္ပါယ်ရပါတယ်။ မဂ္ဂင်မှာ ကျန်တဲ့ မဂ္ဂင်တွေဟာ သမ္မာဒိဋ္ဌိ မဂ္ဂင်ဖြစ်ဖို့ ကြိုးစားရာမှာ ဖြစ်လာတဲ့ မဂ္ဂင်တွေပါပဲ။
သောတာပန်ကနေ ရဟန္တာထိ သွားရာ လမ်းတလျှောက်လုံးဟာ အမှန်သိမြင်ခြင်း နဲ့ပဲ သွားရတာပါ။
ပထမဆုံး အနိစ္စ ဒုက္ခ အနတ္တကို သိရမယ် ပြီးရင် အသုဘကို သိရမယ် ပြီးရင် ဒုက္ခကို အဆုံးထိ သိရမှာပါပဲ။ အဲဒါကြောင့် အမှန်တရားဟာ ဗုဒ္ဓသာသနာမှာ အင်မတန်ပဲ အရေးကြီးပါတယ်။ စာပေနဲ့ ပါတ်သက်ပြီး စကားလုံး တွေ မှန်ကန်မှုကတော့ ဘုရား မဟောခဲ့တာကို ဘုရားဟောသယောင် စွပ်စွဲတဲ့ ဘေးက ကင်းစေဖို့ လိုအပ်ပါ တယ်။ ဒီလို မြတ်စွာဘုရား ဂုဏ်မပျက်မှသာ မြတ်စွာဘုရားရဲ့ သာသနာဟာ အဓွန့်ရှည်ကြာမှာပါ။ တရားတော် များရဲ့ ဂုဏ်ကျေးဇူး မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတွေဟာ အရေးကြီးပါတယ်။ ဒီအတွက် မှန်ကန်မှု လိုအပ် ပါတယ်။
နောက်တစ်ချက် ကျနော့်အနေနဲ့ ယုံကြည်တာက မြတ်စွာဘုရားတရားတော်တွေသာ သန့်စင်မယ် ဆိုရင် အရိယာ တွေလဲ အများကြီး ပေါ်လာမယ်လို့ ယုံကြည်မိပါတယ်။ အဲဒါကြောင့် မှားယွင်းတဲ့ ဥပါဒါန်ကိုတော့ ဖော်ထုတ် ရေးသား နေမှာ ဖြစ်တဲ့ ဆိုတဲ့ အကြောင်းလဲ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။


Leave a Reply