“ငါ” ရှိတယ်လို့ ထင်နေသရွေ့တော့ အတိတ်က အမှားတွေအတွက် နောင်တရနေမယ်၊ အနာဂတ်အတွက် ကြောက်နေဦးမှာပါပဲ။
တကယ်တော့ ဆင်းရဲဒုက္ခဆိုတာ လူဆိုးတွေမို့လို့ ခံစားရတာ မဟုတ်ပါဘူး။ သဘာဝတရားကို မသိမမြင်တဲ့ မောဟကြောင့်သာ ဖြစ်ရတာပါ။ အားလုံးဟာ ထိုစဉ်က အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေချည်းပါပဲ။
အဲဒီဖြစ်ရပ်တွေကို “ငါ” ဖန်တီးခဲ့တာ မဟုတ်ဘူး၊ “ငါ” ဆိုတဲ့ အကောင်အထည် မရှိဘူးလို့ မြင်လိုက်တာနဲ့ အပြစ်ရှိစိတ်တွေ၊ ကြောက်စိတ်တွေ အကုန်လုံး လွတ်ကျသွားပါတယ်။ ဝန်ထုပ်ဝန်ပိုးတွေ ချထားလိုက်ဖို့ အချိန်တန်ပါပြီ။
အပြစ်တင်နေစရာ ဘယ်သူမှ မရှိသလို၊ ကြောက်စရာလည်း မရှိပါဘူး။
ဒီနေ့အတွက် အမေး- မရှိတော့တဲ့ အတိတ်ကို ဆွဲထားမလား၊ အခု လက်ရှိ အချိန်လေးမှာပဲ လွတ်လွတ်လပ်လပ် နေမလား?


Leave a Reply

Your email address will not be published. Required fields are marked *