အရာရာဟာ အကြောင်းအကျိုးပဲ၊ “ငါ” မဟုတ်ဘူးလို့ ပြောရင် တချို့က လွဲမှားစွာ တွေးတတ်ကြတယ်။ “အနတ္တ” ဆိုတာဟာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒကို ရှောင်ကြဉ်ရပါမယ်။ အနတ္တကို သိလို့ အလုပ်မလုပ်ဘဲ လက်လွတ်စပယ် ထိုင်နေရမှာ မဟုတ်ပါဘူး။

လောကီကိစ္စတွေမှာ အဓိပတိတရားလေးပါး (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ) နဲ့ ပြည့်စုံရင် မိမိလိုတာ ပြည့်ပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကို အကြောင်းတရား ညီညွတ်အောင် အကောင်းဆုံး ကြိုးစား ဖန်တီးရပါမယ်။ ဒါပေမဲ့ ထွက်လာမယ့် အကျိုးတရားကိုတော့ “ငါ့အလိုကျ အတိအကျ ဖြစ်ရမယ်” လို့ သွားမချုပ်ကိုင်ပါနဲ့။

ကိုယ့်အလုပ်က အကြောင်းတရားကို ဖန်တီးဖို့ပါပဲ။ အကျိုးတရားကတော့ သူ့သဘောသူဆောင်ပြီး ပေါ်လာပါလိမ့်မယ်။ အဲဒီလို နားလည်ရင် စိတ်ဖိစီးမှုတွေ အများကြီး လျော့သွားပါမယ်။

ကိုယ့်ဘက်က အကောင်းဆုံး လုပ်ပြီးပြီဆိုရင် ငါရတာမဟုတ်တဲ့ ရလဒ်အပေါ် ကြောင့်ကြစိုက်မှုကို လွှတ်ချထားလိုက်ရင် မကောင်းဘူးလား?


Leave a Reply

Your email address will not be published. Required fields are marked *