“အနတ္တ” အကြောင်းပြောရင် “ငါမှ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒဖက်ကို ရောက်မသွားဖို့ အထူးလိုအပ်ပါတယ်။
အနတ္တကို သိလို့ အလုပ်မလုပ်ဘဲ ထိုင်နေရမှာ မဟုတ်ပါဘူး။ အဓိပတိတရားလေးပါး (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ) နဲ့ ပြည့်စုံအောင် ကြိုးစားရင် မိမိလိုတာ ပြည့်ပါတယ်။ ဒါပေမဲ့ ထွက်လာမယ့် ရလဒ်ကိုတော့ “ငါ့အလိုကျ အတိအကျ ဖြစ်ရမယ်” ဆိုပြီး သွားမချုပ်ကိုင်တော့တာကို ဆိုလိုတာပါ။
အကြောင်းတရားကို အကောင်းဆုံး ဖန်တီးမယ်။ အကျိုးတရားကတော့ သူ့သဘောသူဆောင်ပြီး ထွက်လာမယ်လို့ နားလည်ထားလိုက်ပါ။
အဲဒီလို နေတတ်ရင် နေ့စဉ်ဘဝမှာ အလုပ်လည်း ပိုတွင်ကျယ်သလို၊ ကိုယ်ထင်သလို ဖြစ်မလာတဲ့ အခါမျိုးမှာလည်း စိတ်က မပူလောင်တော့ပါဘူး။
ဒီနေ့အတွက် အမေး- အလုပ်ကို အကောင်းဆုံးကြိုးစားပြီး ရလဒ်အပေါ် ပူပန်မှုကိုတော့ ခဏလောက် လွှတ်ချကြည့်ရင် မကောင်းဘူးလား?


Leave a Reply