တကယ့် အရှိတရားကို ဉာဏ်နဲ့ ကြည့်လိုက်ရင် နာရီတွေ၊ ရက်တွေ၊ နှစ်တွေဆိုတာ သတ်မှတ်ချက်တွေ သက်သက်ပါပဲ။ တကယ်တမ်း ရှိနေတာက သတ္တလောက၊ ဩကာသလောကကြီးထဲက ရုပ်နာမ်တွေရဲ့ မရပ်မနား ဖြစ်ပေါ်နေမှုနဲ့ ပျက်စီးနေမှု အစဉ်တန်းကြီးပဲ ရှိပါတယ်။ အဲဒီလို ရုပ်နဲ့ နာမ်တွေ အသစ်တဖန် အစားထိုး ဖြစ်ပျက်နေတဲ့ အရေအတွက် တစ်ခုအပေါ်မှာ ကြည့်ပြီး အချိန်တစ်ခု ကြာသွားပြီလို့ နာမည်တပ်လိုက်ကြတာပါ။ အချိန်ဆိုတာ မရှိဘဲ ဖြစ်ပျက်နေတဲ့ သဘာဝသက်သက်ပဲလို့ သိလိုက်ရင် အချိန်ကို ဆုပ်ကိုင်ပြီး ပူလောင်နေတာတွေ လျော့ကျသွားပါလိမ့်မယ်။

အခု ကုန်ဆုံးသွားတဲ့ စက္ကန့်လေးဟာ အချိန်လား၊ ရုပ်နာမ် ဖြစ်ပျက်မှုသက်သက်လား ဆိုတာကို ကိုယ်တိုင် အကဲခတ်ကြည့်ပါဦး။


Leave a Reply

Your email address will not be published. Required fields are marked *