ဒီတစ်ပတ်လုံး မှတ်သားမှု (သညာ) လေးတွေအပေါ်မှာ “ငါ” လို့ အထင်မှားနေတာတွေကို ဖယ်ရှားနိုင်ဖို့ လေ့လာခဲ့ကြတယ်။
သောတာပန် ဖြစ်တယ်ဆိုတာ အတွေးတွေ၊ မှတ်သားမှုတွေ လုံးဝ မရှိတော့တာ မဟုတ်ပါဘူး။ ဒီအရာတွေပေါ်မှာ “ငါ့ဟာ” လို့ ဆုပ်ကိုင်ထားတဲ့ အမြင်မှား ပြုတ်ကျသွားတာပါ။
ကျွန်တော် ဒီစာတွေကို အချိန်ပေး ရေးသားနေရခြင်းရဲ့ အဓိက ရည်မှန်းချက်ကတော့ လူ၊ ရဟန်း အရိယာတတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါ။ ဒီပန်းတိုင်ကို သွားဖို့ဆိုတာ စာဖတ်ရုံနဲ့ မရဘဲ ကိုယ်တိုင် အမှန်ကို မြင်အောင်ကြည့်ခြင်းကနေပဲ ရနိုင်မှာပါ။
ဒီပိတ်ရက်မှာ အထူးတလည် ပြုပြင်မနေဘဲ၊ ခေါင်းထဲ ပေါ်လာသမျှ သညာလေးတွေကို အေးအေးဆေးဆေးလေး အသိသက်သက်နဲ့ပဲ ခံစားကြည့်ပါ။
အရာရာကို ငါ သိတယ်၊ ငါ မှတ်မိတယ် ဆိုတဲ့ စိတ်ကို လွှတ်ချလိုက်တဲ့အခါ ဘဝကြီးက ဘယ်လောက်တောင် အေးချမ်းသွားသလဲ?


Leave a Reply