သတ္တဝါဆိုတာ တကယ်တော့ သင်္ချာဖော်မြုလာ တခုပါပဲ။ အမြဲတွက်နေပြီး အမြဲ အဖြေထွက်နေတာပါ။
ရုပ်နဲ့ပါတ်သက်တဲ့ အဖြေတွေ (နေကောင်းမလား၊ ရောဂါဖြစ်မလား၊ ဘာရောဂါဖြစ်မလဲ၊ ပူမလား၊ အေးမလား၊ etc..)
စိတ်နဲ့ပါတ်သက်ပြီး (ဘာစိတ်ဖြစ်မလဲ၊ ဘာကိလေသာဖြစ်လဲ၊ etc)
မွေးကတည်းက သင်္ချာဖော်မြုလာနှစ်ခုက ထွက်တဲ့အဖြေတွေကြောင့် နောက်ထပ် သင်္ချာဖော်မြုလာတခု (ခင်ဗျား) ဆိုတာ ပေါ်ပေါက်လာတာပါပဲ။
ခင်ဗျားရဲ့ Input တွေ ဖြစ်တဲ့ မြင်၊ ကြား၊ နံ၊ စား၊ ထိတွေ့၊ ကြံတွေး ပေါ်ကနေပြီး Output ကာယကံ၊ ဝစီကံ၊ မနောကံ တွေ ဖြစ်နေတာပါပဲ။
တူညီတဲ့ ဂဏန်းတွေ တွဲစပ်မှုနည်းလမ်းတွေ သဘောတရားတွေ ပါနေတဲ့ အမြဲ အဖြေထုတ်ပေးနေတဲ့ သင်္ချာဖော်မြုလာတွေမို့ သင်္ချာဖော်မြုလာအပြင် ဘာမှ မရှိတာမို့ အတ္တ ဆိုတာမရှိပါဘူး။ သတ္တဝါဆိုတာ မရှိပါဘူး။
ဩကာသ လောကဆိုတာလဲ သင်္ချာဖော်မြုလာ ဖြစ်သလို၊ သတ္တလောက ကလဲ သင်္ချာဖော်မြုလာပါပဲ။
သောတာပန် နဲ့ သကဒါဂါမ် ဆိုတာ အနှုတ် ၁ မထွက်တော့တဲ့ သင်္ချာဖော်မြုလာဖြစ်ပြီး၊ အနာဂါမ်ကတော့ အနှုတ် ၂ မထွက်တော့တဲ့ သင်္ချာဖော်မြုလာပါ၊ ရဟန္တာကတော့ အနှုတ် လုံးဝ မထွက်တော့တဲ့ သင်္ချာဖော်မြုလာပါ။
အမြဲတွက်ချက်နေမှုတွေကနေ လွတ်ကင်းပြီး ဂဏန်းတခုတည်းဖြစ်သွားတာ ကိုတော့ နိဗ္ဗာန်လို့ခေါ်တာပါပဲ။


Leave a Reply